မနေ့က ရဟန်းတစ်ပါးရဲ့ ပို့စ်ပေါ်မှာ " အချက်အလက် ပဲ ပေးပါ။ အမှားအမှန်ကို စာဖတ်သူတွေက ဆုံးဖြတ်ပါစေ" ဆိုတဲ့အဓိပ္ပါယ်မျိုး လူတစ်ယောက်က ကွန်မင့်ပေးထားတာတွေ့လိုက်ရလို့ ပြုံးမိတယ်။
ဒါနဲ့ အနည်းငယ်ဆက်စပ်မှုရှိတဲ့ သိပ္ပံဆောင်းပါးတစ်ပုဒ် ဒီနေ့ ဖတ်လိုက်ရပါ တယ်။
ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ သုတေသနတွေ့ရှိမှုနဲ့ ဆက်စပ်လို့ပါ။
လူတွေဟာ ကိုယ့်ကိုယ်ကို အကဲဖြတ်ရာမှာ အကောင်းလွန်နေတတ်ပါသတဲ့။
"ခေါင်းဆောင်မှု စွမ်းရည်"
ကျောင်းသား ၇၀ ရာခိုင်နှုန်းက သူတို့ဟာ ကျန်သူတွေထက် သာတယ်လို့ ယုံကြည်ပါသတဲ့။
"ပေါင်းသင်းဆက်ဆံရေး"
ကျောင်းသား ၈၅ ရာခိုင်နှုန်းက သူတို့ဟာ ကျန်သူတွေထက် သာတယ်လို့ ယုံကြည်ကြပြန်ပါသတဲ့။
ငယ်သေးလို့ မိမိကိုမိမိ အထင်ကြီးတာလားဆိုတော့ မဟုတ်ပြန်ဘူး။
ပါမောက္ခ ၉၀ ရာခိုင်နှုန်းက သူတို့ဟာ အခြားပါမောက္ခတွေထက်သာတယ်လို့ မှတ်ထင်တတ်ကြပြန်ပါတယ်။
ဒါတွေတင်မကပါဘူး၊ မိမိရဲ့စကားပြောကောင်းမှု၊ ရယ်စရာပြောတတ်မှု၊ ရိုးသား မှု၊ ယုံကြည်စိတ်ချရမှု၊ ကိုယ်ချင်းစာနာတတ်မှု၊ ရက်ရောမှု.... စတာတွေအပေါ်မှာလည်း အမှတ်တွေ ပိုပေးမိတတ်ကြပါသတဲ့။
သူများရဲ့ အရည်အသွေးကို အကဲခတ်ရာမှာ မဆိုးသလောက် ကိုယ့်ကိုယ်ကို အကဲဖြတ်ရာမှာတော့ အများစုက သိပ်မစွံတတ်ကြဘူးလို့ ဆိုပါတယ်။
ဆောင်းပါးရှင် အကြံပြုတာကတော့ သီချင်းတစ်ပုဒ်ဆို၊ အသံသွင်းထား၊ ပြန် နားထောင်ကြည့်ပါတဲ့။
ဒီတွေ့ရှိမှုက ဗုဒ္ဓရဲ့ အတ္တဗဟိုပြုဝါဒ(Ego-centric)နဲ့ အသံထွက် မကွဲလှဘူး။
Post a Comment