ဖလားဆိုလို့သာ ဖလားရတယ်နဲ့ အုပ်စု (ဂ) ပွတ်တိုက်မှု


(ဘာသာပြန်နည်း)

ကမ္ဘာ့ခွက်လုပွဲ မကြည့်ဖြစ်ပေမဲ့ နည်းနည်းတော့ ရေးဦးမှ။
ရွာက ကိုရင်ကြီးသင်ပေးလိုက်တဲ့ အင်္ဂလိပ်ထဲမှာ "cup" က ခွက်။ "gas" က ထည့်သည် ပါ။
ဒါနဲ့ ပုံကြည့်ပြန်တော့လည်း မြန်မာတွေ သိတဲ့ ရေဖလား၊ ရွှေဖလား၊ ငွေဖလား
မျိုးလည်း မဟုတ်ဘူး။ ရှည်ရှည်ကြီး။
ဒါပေမဲ့ ကမ္ဘာ့ခွက်လုပွဲကြီးလို့ဆိုရင်းလည်း ကျောင်းလုတာလောက်ပဲ သိတဲ့ လူတွေက လက်ခံမှာ မဟုတ်။
ဒီတော့ ဖလားဆိုလည်း ဖလားပေါ့။ ထားတော့ ဒါနဲ့
သတင်းစာကောက်လှန်တော့ Group C clash ဆိုတာကိုတွေ့တယ်။
သမ္မကြီးလေသံအတိုင်း ဘာသာပြန်ကြည့်လိုက်တော့ အုပ်စု (ဂ) ပွတ်တိုက်မှု။ မိုက်တယ်။
ပြည်တွင်းမှာတော့ အုပ်စု (ဃ) ပွတ်တိုက်မှုဖြစ်နေတယ်။ အရှေ့တိုင်းမို့ တစ်ရက်စောတာနေမှာ။

Post a Comment