အဲ့လောက်မဟုတ်ရင်တောင် အဲ့လိုတော့ မလုပ်ကြပါနဲ့


ဂျပန်ဝန်ကြီးချုပ်က သူ့ပါတီဝင်တစ်ယောက်ရဲ့ အမှားအတွက် တရားဝင် တောင်း ပန်သတဲ့။
ကဲ လုပ်ကြပါအုံး ဆရာကြီးတို့ရယ်။
အမျိုးသမီးတွေ လုပ်ငန်းခွင်ထဲ ပါဝင်မှုနဲ့ ကလေးယူကြဖို့ဆွေးနွေးကြရာမှာ သူ့ပါတီဝင်အရာရှိ ဦးအာခီဟီရို စူဇူကီက အတိုက်အခံပါတီရဲ့ ဥပဒေပြု အမတ် ဒေါ်အယာကာ ရှီအိုမူရာကို
"နင်ကော ဘာလို့ ယောက်ျားမယူတာလဲ၊ နင်ကရော ကလေးယူလို့ မရဘူး လား"မေးလိုက်မိလို့တဲ့။
ဦးအာခီဟီရို စူဇူကီ တောင်းပန်နေပုံ၊ ဂျပန်ဝန်ကြီးချုပ်က သူ့လူရဲ့နှုတ်ထွက် အမှားအပေါ် တာဝန်ယူပုံတွေက သမ္မတကြီးတို့အတွက် လေ့လာစရာ။ (လူငယ်လေသံနဲ့ ခွိခွိ)
ထားပါ။ အဲ့လောက်ကြီးတော့ အဆင်သင့် မဖြစ်သေးဘူးကွာ။



(လူငယ်လေသံနဲ့) အာ့ဆိုလည်း ဆွာရက်ဇ်လိုတော့ ဂိုးသွင်းမရလို့ဆိုပြီး နောက် တန်းလူရဲ့ ပခုံးကို ဝင်မကိုက်သင့်ဘူးနော်။
တကယ်ကိုက်တာ ဗျာ။ အဲ့ကိုကြည့်ပြီး ရယ်ချင်လွန်းလို့ ညက အိပ်ရေးပျက်တယ်။
ချယ်လ်ဆီးနောက်တန်းလူကို ကိုက်တုံးကလည်း အဲလိုပဲ။





ကမ္ဘာကလည်း ပြသနာ။ ကုန်းနေအောင်တောင်းပန်တဲ့ပုံက ကမ္ဘာမကျော်ဘဲ ငုံ့ကိုက်တဲ့ပုံက ကမ္ဘာကျော်တယ်။
ဘာဖြစ်ဖြစ် ငုံ့တော့ မကိုက်ကြေး ဗျာ။

Post a Comment