အသည်းကွဲပေါ်လစီကို အိုဘားမား ရွေးလိမ့်မယ်


NLD တွေအတွက် သတင်းကောင်းမဟုတ်ဘူး။
"မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ အမေရိကန်က အကောင်းမြင်နေခဲ့တာတွေရှိပါတယ်။ မနှစ်က နှစ်ဦးပိုင်းကတည်းကစပြီး ပြုပြင်ပြောင်းလဲမှုလမ်းစဉ်ဟာ အီလည် လည်ဖြစ်နေခဲ့ပါပြီး လွန်ခဲ့တဲ့ ၂၄ လအတွင်း ထင်ရှားတဲ့ပြောင်းလဲမှုရယ်လို့ ပြ စရာ ဘာရှိပါသလဲ။"
ဒါက အိုဘားမား ဒီလထဲမလာခင် လှမ်းပို့လိုက်တဲ့ ဒေါ်စုရဲ့ "သက်ဆိုင်သူ သို့" မက့်ဆ့ဂ်ျပါပဲ။
ဒါပေမဲ့ အိုဗားမားရဲ့ အကြီးတန်းအရာရှိတစ်ယောက်ရဲ့စကားကို နားစွင့်ကြည့် ပါဦး။
" ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိကို ဘယ်သူဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတယ်၊ ဘယ်သူတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရဘူးဆိုတာလောက်နဲ့ တိုင်းတာ သတ် မှတ်နေမှာမဟုတ်ပါဘူး၊ လူထုက ဘယ်လို ဒီမိုကရေစီမျိုးကိုလိုချင်တာလဲ၊ သူတို့ ရသွားတဲ့ ဒီမိုကရေစီက ဘယ်လိုဟာလဲဆိုတာနဲ့ တိုင်းတာသတ်မှတ်ရမှာပါ" သူက လို့ ဆိုခဲ့ပါတယ်။





ဒီစကားတွေရယ်၊ အမေရိကန်ရဲ့ လမ်းကြောင်းပြောင်းလာတဲ့ ကမ္ဘာ့နိုင်ငံရေးပေါ် လစီရယ်ကိုထောက်ဆကြည့်ရယ် ဒေါ်စုနဲ့အဖွဲ့ချုပ်အတွက် အမေရိကန်ဆီ က ထောက်ခံအားပေးမှု သိပ်မရနိုင်ဘူးလို့ အလွယ်တကူ ကောက်ချက် ချနိုင်ပါ တယ်။
ဒါကြောင့် အမေရိကန်က ဒေါ်စုကို မကြိုက်တော့ဘူး၊ မထောက်ခံတော့ဘူးလို့ ဆိုလိုရာမရောက်ပါဘူး။
လူထုအကြိုက်ထက် သူတို့အကြိုက် လစ်ဘရယ်ဒီမိုကရေစီခေါင်းဆောင်ကို အတင်းထိုးတင်မိတဲ့အတွက် အမေရိကန်တွေပြန်ဆပ်ရတဲ့ လျော်ကြေးက မနည်း လှပါဘူး။ သူတို့ထင်တဲ့ခေါင်းဆောင်တွေလည်း မမြဲဘူး၊ သူတို့လည်းနာမည်ပျက်၊ လူမုန်းများတယ်။
ဒါတွေကို သူတို့ ကျေကျေညက်ညက်လေ့လာပြီးပြီလို့ဆိုနိုင်ပါတယ်။ အမေရိ ကန်တွေရဲ့ အမြင်မှာ မြန်မာဟာ တူရကီနဲ့တူတာထက် အီဂျစ်နဲ့ပိုတူနေနိုင်ပါ တယ်။
သဘောမတူရင် ခွင့်လွှတ်ပါ။
ကိုယ့်ဖက်ကကြည့်ရင်တော့ အီဂျစ်နဲ့မြန်မာရဲ့ ဘာသာရေးလှုပ်ရှားမှုတွေဟာ မတူဘူးပေါ့။ ဒါပေမဲ့ အမေရိကန်ပညာရှင်တွေနဲ့မီဒီယာရဲ့အမြင်မှာတော့ ဘာသာအမည်ကွဲနေတာကလွဲလို့ သိသာတဲ့ထူးခြားမှု ရှိနေမယ်မဟုတ်ပါဘူး။

ကဲ ဒါဆို ကျနော် ဘာပြောချင်တာလဲ။
ကစ်ဆင်းဂျားနဲ့ဟန်တင်တန် မမှားခဲ့ဘူးဆိုရင်...
ရင်ထဲက (လစ်ဘရယ်) အချစ်ကို မြိုသိပ်ရင်း....
နိုင်ငံရေးသမားအပြုံးနဲ့ ချွေးသိပ်ရင်း....
မချစ်သော်လည်း အောင့်ကာနမ်းပေါ်လစီကို အိုဘားမား ကျင့်သုံးသွားလိမ့်ယ်။

လွန်ခဲ့တဲ့ နှစ် (၁၁၁) နှစ်က အမေရိက.... တဲ့


ဇင်ဝေသော်, ဘာသာပြန် - 6/27/2013

၁။ ပျမ်းမျှလူ့သက်တန်း ၄၇ နှစ်
၂။ ၈ ရာခိုင်နှုံးသောမိသားစုအိမ်မှာသာ တယ်လီဖုန်း ရှိ၊ ဒန်ဗာကနေ နယူးယောက်ခေါ်ရင် သုံးမိနစ် ၁၁ ဒေါ်လာကျ။
၃။ တစ်နိုင်ငံလုံး ကားစီးရေ ၈,၀၀၀ သာရှိပြီး ကားလမ်းကလည်း ၂၃၀ ကီလိုမီတာသာ အရှည်ရှိ။
၎။ အမြန်နှုန်းက တစ်နာရီမှာ ၁၆ ကီလိုမီတာသာ မောင်းခွင့်ရှိ။
၅။ သာမန်လူတစ်ယောက်ရဲ့ တစ်နှစ် လုပ်အားခက ဒေါ်လာ ၂၀၀ ကနေ ၄၀၀။
၆။ အရည်အချင်းမီ စာရင်းစစ် တစ်ယောက်ရဲ့ တစ်နှစ် လုပ်အားခ က ဒေါ်လာ ၂,၀၀၀၊ သွားဆရာဝန်က ဒေါ်လာ ၂,၅၀၀၊ တိရစ္ဆာန်ဆေးကု ဆရာဝန်က ၁,၅၀၀ ကနေ ၄၀၀၀၊ စက်မှုအင်ဂျင်နီယာက ၅,၀၀၀။
၇။ ၉၅ ရာခိုင်နှုံးမိခင်တွေက အိမ်မှာပဲ ကလေးမီးဖွားကြတယ်။ ဆရာဝန် ၉၀ ရာခိုင်နှုံးက တက္ကသိုလ်ဘွဲ့ရတွေ မဟုတ်ကြ။
၈။ သကြားတစ်ပေါင် ၄ ဆင့်၊ ကြက်ဥတစ်ဒါဇင် ၁၄ ဆင့်၊ ကော်ဖီတစ်ပေါင် ၁၅ ဆင့်။
၉။ အမျိုးသမီးအများစုက တစ်လ တစ်ခါသာ ခေါင်းလျှော်။
၁၀။ လူ အသေအပျောက် အများဆုံးရောဂါတွေက နမိုးနီးယား၊ တုပ်ကွေး၊ တီဘီ၊ ဝမ်းလျှောဝမ်းပျက်၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါ။
၁၁။ Las Vegas ရဲ့ လူဦးရေက ၃၀။
၁၂။ ဆယ်ယောက်မှာ တစ်ယောက်က စာ မရေးတတ် မဖတ်တတ်။
၁၃။ ၆ ရာခိုင်နှုံးသာ အထက်တန်းကျောင်း ပညာရေးရှိ။
၁၄။ တစ်နိုင်ငံလုံး လူသတ်မှု ၂၃၀ သာရှိခဲ့။
**********************************************************
လွန်ခဲ့တဲ့ (၁၁၁) နှစ်ကမြန်မာ?
ကိုလိုနီလက်အောက်။
ယနေ့ မြန်မာ?
စင်္ကာပူမီဖို့ လပိုင်းပဲလိုတော့တယ်။ ၂၀၁၅ ဆို မှီပြီတဲ့။ ဝမ်းသာစရာကြီး။

အစ္စလာမ်ကြေငြာချက် စာအုပ်ထဲမှာ


၁၉၇၀- ခုနှစ်က အီဇက်ဘီ ဂိုဘစ် (Izetbegovic)ထုတ်ဝေဖြန့်ချီခဲ့တဲ့ “The Islamic Declaration” အစ္စလာမ်ကြေငြာချက် စာအုပ်ထဲမှာ
“အစ္စလာမ်နဲ့ အစ္စလာမ်မဟုတ်တဲ့ စနစ်တွေရဲ့ သဟဇာတမဖြစ်ပုံ၊"
“အစ္စလာမ်ကိုးကွယ်မှုနဲ့ အစ္စလာမ်မဟုတ်တဲ့ လူမှုရေး၊ နိုင်ငံရေးစနစ်တွေကြားမှာ ငြိမ်းချမ်းရေးဆိုတာ မရှနိုင်သလို အတူတကွ လက်တွဲနေထိုင်ဖို့လည်း မရှိနိုင်ကြောင်း” ရေးသားထားခဲ့ပါတယ်။ "အစ္စလာမ်မစ်အစိုးရအားကောင်းလာတဲ့အခါ အာဏာရအောင်ယူပြီး အစ္စလာမ်နိုင်ငံတော် တည်ထောင်ရမယ်။ အစ္စလာမ်နိုင်ငံတော်အသစ်မှာ အထူးအရေးကြီးတဲ့ အချက်က 'ပညာရေးနဲ့ မီဒီယာဟာ အငြင်းပွါးဖွယ်မရှိ အစ္စလာမ်မစ်ကိုယ်ကျင့်တရားနဲ့ပြည့်စုံ၊ အစ္စလာမ်မစ် အသိဥာဏ်ဆိုင်ရာ ဥပဒေသတွေနဲ့ ပြည့်စုံတဲ့ လူတွေရဲ့ လက်ထဲမှာပဲ ရှိနေရမယ်' " လို့ ရေးသားထားပါတယ်။။ (Note-7)
(The Clash of Civilizations. Chap 11)

ခွေးချစ်သူတွေအတွက်


စာဖတ်သူတွေကိုတော့ လိုအပ်ရင်တောင်းပန်ရပါလိမ့်ဦးမယ်။ ဒီနေ့လည်း ခွေး ပို့စ်ဖြစ်နေပြန်ပါတယ်။ တိုက်ဆိုင်မှုလား၊ ရေစက်လား၊ သတင်းစာ လှန်လိုက်တာ နဲ့ ခွေးဟော်တယ်ကို သွားတွေ့ရပါတယ်။ ခွေးချစ်သူတွေအတွက်ပေါ့။
Waginton Luxury Pet Hotels and Resortတဲ့။ ကော်ဇောရှည်ကြိုဆိုမှု၊ အီဂျစ် စတိုင် မီးဆိုင်းတွေနဲ့။ မသိရင် ဖိုက်စတားဟော်တယ်ထဲ ရောက်သွားသလား ထင်ရပါတယ် တဲ့။
သူတို့အတွက် အပျင်းပြေလမ်းလျှောက်ဖို့ ဥယာဉ်ရှိတယ်၊ ခြေညောင်း လက်ဆန့်ရေကူးဖို့ အရိုးပုံ ရေကူးကန်ရှိတယ်။ အသုံးအဆောင်တွေအားလုံးဟာ ဖိုက်စတား စတန်းဒတ်အတိုင်းပဲ။
၃၂ လက်မ တီဗွီရှိတယ်၊ သူတို့ရဲ့ ဖေးဘရိတ် "Hotel for dogs" လို ဟောလီးဝုဒ် ဇာတ်ကားတွေကြည့်ရင်း အနားယူလို့ရတယ်။
ဒါပေမဲ့ လူကြီးမင်းတို့ရဲ့ခွေဟာ ခွေးကြီးခွေးကောင်းဆန်ဖို့တော့လိုမယ်နော်။ "No-aggressive-dogs policy" တဲ့။
တစ်ခုပဲပြောစရာရှိတယ်၊ တစ်ညကို ဆင်းဒေါ်လာ ၁၁၅ ကနေ ၃၅၀ အထိ ရှိတယ်တဲ့။
ဒီဈေးက မြန်မာပြည်က လူဟော်တယ် အမျာစုထက် ပိုနေတယ်နော်။ ဒါကတော့ ခွေးချစ်သူတွေ ခွေးအပေါ်ဘယ်လောက်ချစ်တယ်၊ ဘယ်လောက် သုံးစွဲနိုင်တယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။

စင်္ကာပူကို ဖိတ်ခေါ်ပါတယ်။ အဲ ခွေးသာတည်းလို့ရပြီး လူကိုတော့ ဟော်တယ်က လက်မခံဘူးနော်။ ပတ်ဝန်းကျင် ညစ်ပတ်မှာ စိုးလို့လားတော့ မသိဘူးပေါ့။



ဘာကြောင့်အမျိုးသမီးတွေက အသက်ပိုရှည်ပါလိမ့်


မနေ့ကဆွမ်းစားရင်း ဒကာမကြီးတွေနဲ့ စကားပြောဖြစ်တော့ ရန်ကုန်က ဒကာမ ကြီးက သူ့အမေ ၈၈ နှစ်ရှိပြီဖြစ်ပြီး ရောဂါကြီးကြီးမားမားမရှိကြောင်းဆိုသည်။
ဒါနဲ့ ဦးဇင်းတို့လည်း ဒီနေ့ည တရုတ်ဒကာမကြီးတစ်ယောက်ရဲ့ အသုဘကို သွား ရမယ်၊ ၉၇ နှစ်မှာဆုံးသွားတာလို့ပြောမိတော့ မန္တလေးဒကာမကြီးက တပည့်တော်အမေက ၉၉ နှစ် တဲ့။
အားလုံးက ဒကာမကြီးတွေချည်းဖြစ်နေသည်။ ဘာကြောင့်အမျိုးသမီးတွေက အသက်ပိုရှည်ပါလိမ့်ဟု စဉ်းစားနေစဉ် ဆွမ်းစားအပြီး ကွမ်းဝါးချင်သဖြင့် ချဉ် လာသောခံတွင်းက ခပ်ပြုံးပြုံးလေး သတိပေးသွားလေသည်။
အသက် ဉာဏ်စောင့်ဟူလေ၏။