Home » All posts
လှပတဲ့ တွေ့ဆုံဆွေးနွေးမှု
in
3D ဘာသာရေး,
သီဟနာဒ
- on 12/24/2014
- No comments
"အချို့ပညာရှင်တွေက အရှင်အာနန္ဒာသည် "More democratic than the Buddha" (ဘုရားရှင်ထက်ပင် ဒီမိုကရေစီဆန်သေးသည်) ဟု ဆိုတတ်ကြပါ သည်။ သဘောမတူလှပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဒီမိုကရေစီကို ရာနှုန်းပြည့်ကျင့်သုံးပါသည်"
ပထမ ပေါ်လစီအကြမ်း(Proposal)
ဗုဒ္ဓ။ ။ အဒသနေ အာနန္ဒ။
အရှင်အာနန္ဒာ။ ။ မဖြစ်သင့်ပါ အရှင်၊ ဘာသာရေးပွဲလမ်းတွေမှာ အမျိုးသမီးတွေ က ရှေ့ဆုံး၊ အမျိုးသမီးတွေက အများစုပါ။ အမျိုးသမီးတွေကို မကြည့်နဲ့ဆိုတဲ့ပေါ် လစီဟာ ရေရှည်အနာဂတ်အကျိုးစီးပွားအတွက် အလုပ်မဖြစ်နိုင်ပါ အရှင်။ တစ်ဆင့် လျှော့တော်မူပါဦး။
(မှန်လှပါ အရှင်အာနန္ဒာဘုရား၊ ထောက်ခံပါတယ်။ တပည့်တော်တို့နေ့စဉ် ၆ နာရီ ၄၅ ဝတ်ပြုချိန်၊ တနင်္ဂနွေမနက်ဝတ်ပြုချိန်တွေမှာ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ သုံးပုံနှစ်ပုံကျော်ပါတယ်ဘုရား)
ဒုတိယ ပေါ်လစီအလတ် (In that case)
ဗုဒ္ဓ။ ။ အနာလာပေါ အာနန္ဒ။
အရှင်အာနန္ဒာ။ ။ မဖြစ်သင့်သေးပါ အရှင်၊ သူတို့နဲ့ စကားမပြောဘဲနေလို့ ရလိမ့် မည် မဟုတ်ပါ။ အချို့ပြောဖွယ်ဆိုရာတွေဟာ သူတို့နဲ့ပြောမှ ပိုအဆင်ပြေပါတယ်၊ ဒီပေါ်လစီကို လက်တွေ့ကျင့်သုံးဖို့ အနာဂတ်မှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ရဖွယ်ရှိပါတယ်အရှင်"
(မှန်လှပါ အရှင်အာနန္ဒာဘုရား၊ ထောက်ခံပါတယ်။ တပည့်တော် ဒကာကြီး တစ်ယောက်ဆိုရင် ဖုန်းဆက်လို့သူဖြေတာတောင် "ရော့ နင်ဖြေလိုက်၊ ငါ စကား မပြောတတ်ဘူးဆိုပြီး" သူ့ဇနီးကို ထိုးပေးတတ်ပါတယ်၊ သူနဲ့တပည့်တော်ကြား ဘာပြသနာမှ မရှိပါ။ သူကိုယ်တိုင်ဆွမ်းလာပို့တတ်တဲ့ ရှားရှားပါးပါး ဒကာကြီး တစ်ယောက်ပါ)
တတိယပေါ်လစီ အနု(အတည်ပြု)
ဗုဒ္ဓ။ ။ Be mindful အာနန္ဒ။
အရှင်အာနန္ဒာ။ ။ သင့်တော်ကောင်းမြတ်ပါ၏၊ အပ်ပလီကေဘယ်ဖြစ်ပါ၏အရှင်၊ ညီတော်များသည် အမျိုးသမီးများအပေါ် အမေစိတ်၊ အမ၊ ညီမစိတ်တို့ဖြင့် ကြည့်စေရ၊ ပြောဆိုစေရပါမည်။
(မှန်လှပါ အရှင်အာနန္ဒာဘုရား၊ ထောက်ခံပါတယ်။ တပည့်တော်တို့ခေတ်မှာ အပြင်မှာသာမက အွန်လိုင်းမှာပါ အမေ၊ အမ၊ နှမတွေရှိနေကြရပါတယ် ဘုရား။ အရှင်ဘုရား အဆိုပြုချက်တွေကို စူပါလိုက်ခ်၊ စူပါထောက်ခံပါတယ်။ You got my vote ပါဘုရား)
ဗုဒ္ဓက ဓမ္မသာမိ၊ တရားအရှင်။
အရှင်အာနန္ဒာက ဓမ္မဘဏ္ဍာဂါရိက၊ တရားဘဏ္ဍာစိုး။
ဘုရားက ထည့်စေဆိုတိုင်း အရှင်အာနန္ဒာက ထည့်လိုက်မှာမဟုတ်သလို ထုတ်ခဲ့ လို့ မိန့်မှာတိုင်း သော့တွဲကိုင်ထုတ်ယူလာမည်မဟုတ်ပါ။ သူ့စည်းကိုယ့်စည်း ရှိတော်မူကြ၏။ အရှင်အာနန္ဒာမှာ ပြန်လည်လျှောက်ထားတင်ပြခွင့် ရှိကိုရှိ၏။
အချို့ပညာရှင်တွေက အရှင်အာနန္ဒာသည် "More democratic than the Buddha" (ဘုရားရှင်ထက်ပင် ဒီမိုကရေစီဆန်သေးသည်)ဟု ဆိုတတ်ကြပါ သည်။ သဘောမတူလှပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဒီမိုကရေစီကို ရာနှုန်းပြည့်ကျင့်သုံးပါသည်။ အထက်ပါ ပေါ်လစီနှစ်ခု လျှော့ပေါ့ပြဌာန်းခြင်းကို သာဓကအဖြစ် ကြည့်နိုင်ပါသည်။
ကောင်းလိုက်တာဆရာ (သစ္စာနီ)ရယ်။ ကဗျာကို ရိုးရိုးလေးရေးရတယ်ဆိုတဲ့
in
ကဗျာ,
ပြန်လည်မျှဝေခြင်း
- on 12/23/2014
- No comments
ကဗျာကို ရိုးရိုးလေးရေးရတယ်ဆိုတဲ့ ကဗျာဆရာရဲ့
(မပြီးသေးတဲ့ကဗျာ) တဲ့။
ကယ်တင်ရှင်တွေရေးတဲ့သမိုင်းဟာ
သွေးတစ်စက် မှင်တစ်စက်။
မုဆိုးစိုင်သင်နိုင်ငံရေးတဲ့
တော်လှန်ရေးကိုဗိုက်ခွဲမွေးခဲ့
ဟွန့် အငြိုးငြိုးဘဲ
in
ဇင်ဝေသော်,
ပေါ့ပေါ့ပါးပါး
- on 12/23/2014
- No comments
လွန်ခဲ့တဲ့ငါးနှစ်က စင်္ကာပူမှာ...........
"အရှင်ဘုရားလည်း စာရေးနေတာဆိုတော့ နိုင်ငံရေးလေးဘာလေး နည်းနည်း ပါးပါးသိရင် ကောင်းတာပေါ့ဘုရား"
"ဟုတ်ကဲ့ ဒကာကြီး၊ လက်လှမ်းမှီသလောက် ဖတ်ကြည့်ပါဦးမယ်"
ဒါနဲ့ ဆရာကြီးသုံးယောက်ဖြစ်တဲ့ လီကွမ်းယု၊ ဆမ်မြူယယ် ဟန်တင်တန်၊ ဟင်နရီ ကစ်ဆင်းဂျားတို့ရဲ့ နံမည်ကြီးစာအုပ်တွေ ဆက်တိုက်ဖတ်လိုက်တယ်။ နည်းနည်း ပါးပါးသိသွားရော။
အခု............
"တောင်ရေးမြောက်ရေးနဲ့ ဂရုစိုက်" တဲ့။
"အော် ကိုယ်သိလိုက်တဲ့နိုင်ငံရေးက သူတို့သိစေချင်တဲ့နိုင်ငံရေး ဟုတ်ပုံမရဘူး" လို့သာ။
(ဟောလီးဒေး မုဒ်မို့ ပို့စ်တွေတက်တာများတယ်၊ စိတ်မရှိကြပါနဲ့။)
ဦးအောင်မင်း ဖွင့်ဆိုတဲ့ ရဲဘော်စိတ် (လိုတိုးပိုလျှော့) အက်သစ် (တဲ့)
in
ဇင်ဝေသော်,
ပြုံးစိစိ
- on 12/23/2014
- No comments
၁။ သစ်တုံးကြီးတစ်တုံးကို ရွာသားနှစ်ယောက်ထမ်းလာတယ်၊ ဘေးက ဝင် မထမ်းရင် သူတို့ဆက်လေးနေမယ်။ ဝင်ထမ်းလိုက်ရင် ပေါ့သွားတယ်။ (ရှင်းတယ် ဝန်ကြီးရာ)
၂။ လှေက လူသုံးယောက်ပဲဆန့်တယ်၊ ရေပေါ်မှာ လက်တစ်လုံးပဲပေါ်တော့ တယ်။ အဲဒီအချိန် နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကလည်း လိုက်လိုတယ်။ ဒါဆိုတစ်ယောက်ဆင်းပေးရမယ်။ (ဒါလည်း ရှင်းတာပဲ ဝန်ကြီးရေ)
