Home » All posts
ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကို အမြည်း
in
ပြန်လည်မျှဝေခြင်း
- on 2/06/2015
- No comments
ကမ်းလက် shared သက်နှင်း သုန္ဒရီ's video.
သက်နှင်း သုန္ဒရီဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကို အမြည်းသဘောလေး ကြည့်စေချင်တယ်…
တကယ်ကောင်းပါတယ်…
ဗိုလ်ချုပ်နေရာက သရုပ်ဆောင်သူရော ဒေါ်ခင်ကြည်အဖြစ်သရုပ်ဆောင်သူရော ပီပြင်ပါတယ်…
ရုပ်ရှင်ကြည့်နေရတယ်လို့ မထင်ရအောင် အသက်ဝင်တဲ့ ဇာတ်ကားပါ…
Post by သက်နှင်း သုန္ဒရီ.
ဘာဝနာ ရုပ်ကြွင်း?
in
3D ဘာသာရေး
- on 2/06/2015
- No comments
တရားထိုင်နေဟန် ဘုန်းတော်ကြီးတစ်ပါးရဲ့ ရုပ်ကြွင်းက အွန်လိုင်းသတင်းကနေ သတင်းစာသတင်း ဖြစ်လာပါတယ်။ ဘယ်သူရဲ့ ရုပ်အလောင်းဖြစ်မယ်ဆိုတာ တိတိကျကျမဆိုနိုင်ပေမဲ့ လားမားဂိုဏ်းဝင် နာမည်ကြီး ရုရှား ဘုန်းတော် ကြီးဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ နှစ်ပေါင်း ၂၀၀ ခန်းရှိတဲ့ ရုပ်ကြွင်းလို့ ဆိုကြ ပါတယ်။
ဆရာဝန်လည်းဖြစ်သူ တိဗက်ဘုန်းတော်ကြီး Dr Barry Kerzin ရဲ့ အဆိုအရ ဒီအခြေအနေဟာ တရားဘာဝနာပွားများမှုမှာ အမြင့်ဆုံးနီးပါးကိုရောက်နေပြီး ဗုဒ္ဓဖြစ်ဖို့ပင် နီးကပ်နေပြီ၊ ဒီအတိုင်း ဆက်လက်ရှိနေမယ်ဆိုရင် သုံးပတ် အတွင်း မှာ ခန္ဓာကိုယ် သေးငယ်သွားပြီး အမြင့်ဆုံးကိုရောက်ရှိသွားတယ်၊ ဝန်ကျင်ရှိ လူတွေကိုလည်း ငြိမ်းချမ်းမှုကိုရစေတယ်လို့ ဆိုပါတယ်။
ဒီရုပ်ကြွင်းကို မှောင်ခိုဈေးနဲ့ရောင်းဖို့ ကြိုးစားနေစဉ် ရဲကတွေ့ရှိခဲ့တာဖြစ်တယ်လို့ the Siberian Time သတင်းစာက ဖော်ပြထားပါတယ်။
နောက်ပြီး တိဗက်ဘုန်းတော်ကြီးတွေနဲ့ဆက်စပ်တဲ့ ဒီလိုဖြစ်စဉ်မျိုး နှစ် ၅၀ အတွင်းမှာ အကြိမ် ၄၀ လောက် ရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
ဒုက္ခပဲ
in
ဇင်ဝေသော်,
တို့တိ တို့တိ
- on 2/05/2015
- No comments
အစိုးရကတော့ ဟောင်ကောင်ကျောင်းသားသပိတ် ကိုင်တွယ်ပုံကို အတုယူပြီ ထင်တယ်။ လျှောက်ကြစမ်းပေါ့။ (လေရှီးမြို့ကို ခြေလျင်တက်ဖူးတယ်၊ မိုင် ၄၀ ခန့်၊ တောင်တက်ခရီး၊ နှစ်ညအိပ် သုံးရက်။ တကယ် မလွယ်ဘူး။ မိုးဖွဲထဲလျှောက် တာတောင် ချွေးထွက်မရပ်ဘူး)
ဟိုကလေးတွေက မြို့ထဲမှာ ထီးအဝါနဲ့။ တို့ကလေးတွေက တောလမ်းမှာ နေပူ ကျဲကျဲ။ နောက်ပြီး ဟောင်ကောင်ကျောင်းသားတွေနောက်မှ
မောနင်း ပို့စ်
in
ဇင်ဝေသော်,
သူတို့ဆီကသတင်း
- on 2/05/2015
- No comments
၁။ ဆယ်ဖီရောဂါ
တလောလေးကပဲ ရထားလာနေစဉ် ဆယ်ဖီရိုက်၊ အချိန်မှီထွက်မပြေးနိုင်လို့ အိန္ဒိယ အမျိုးသမီး သုံးဦး ရထားကြိတ်လို့ သေဆုံးရတဲ့အကြောင်း ဖတ်လိုက်ရတယ်။ အခု အမေရိကန် ပိုင်းလော့ ကလည်း ဒီ ဆယ်ဖီနဲ့ပဲ လေယာဉ်ထိုးကျခဲ့ရပါသတဲ့။ ဒါနဲ့များ ရောဂါဆိုးတွေအကြောင်း ရေးနေကြသေးတယ်။ လူဆိုတာ ဆယ်ဖီရိုက်ရင်းလည်း သေ သွားနိုင်တာပဲ။ သတင်း ရှု။
၂။ အော်စကာကြိမ်စာ
အစကတော့ အော်စကာဆုရတဲ့ မင်းသမီးတွေ အဲဒီရတဲ့နှစ်မှာပဲ အိမ်ထောင်ကွဲတတ်တယ်လို့ ဆိုကြပါတယ်။ အခု စနစ်တကျသုတေသနကပြောတာကတော့ အော်စကာကြိမ်စာက မင်းသမီးတွေထက် မင်းသားတွေကို ပိုအထိများပါသတဲ့။ တကယ်က အော်စကာဆုမရရင်နေ ဆန်ကာတင် အရွေးခံရပြီဆိုရင်ပဲ ဒီ အော်စကာကြိမ်စာကနေ မလွတ်တတ်ဘူး တဲ့။ နာမည် ထွက်ပြီး မရလိုက်တဲ့အခါမှာ အမျိုးသားတွေက အမျိုးသမီးတွေလောက် ဖြေပြီးမတွေးတတ်ကြလို့ ပါတဲ့။ ဘာရယ်မဟုတ်ပါဘူး။ အော်စကာ နော်မီနိတ်ကိုများ ရည်းစားတော်ထားမိရင် (သို့) ကိုသစ္စာနဲ့ ဝင့်ဝါတို့ သတိထားမိအောင်လို့ပါ။


