ဘာဝနာ ရုပ်ကြွင်း?



တရားထိုင်နေဟန် ဘုန်းတော်ကြီးတစ်ပါးရဲ့ ရုပ်ကြွင်းက အွန်လိုင်းသတင်းကနေ သတင်းစာသတင်း ဖြစ်လာပါတယ်။ ဘယ်သူရဲ့ ရုပ်အလောင်းဖြစ်မယ်ဆိုတာ တိတိကျကျမဆိုနိုင်ပေမဲ့ လားမားဂိုဏ်းဝင် နာမည်ကြီး ရုရှား ဘုန်းတော် ကြီးဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ နှစ်ပေါင်း ၂၀၀ ခန်းရှိတဲ့ ရုပ်ကြွင်းလို့ ဆိုကြ ပါတယ်။

ဆရာဝန်လည်းဖြစ်သူ တိဗက်ဘုန်းတော်ကြီး Dr Barry Kerzin ရဲ့ အဆိုအရ ဒီအခြေအနေဟာ တရားဘာဝနာပွားများမှုမှာ အမြင့်ဆုံးနီးပါးကိုရောက်နေပြီး ဗုဒ္ဓဖြစ်ဖို့ပင် နီးကပ်နေပြီ၊ ဒီအတိုင်း ဆက်လက်ရှိနေမယ်ဆိုရင် သုံးပတ် အတွင်း မှာ ခန္ဓာကိုယ် သေးငယ်သွားပြီး အမြင့်ဆုံးကိုရောက်ရှိသွားတယ်၊ ဝန်ကျင်ရှိ လူတွေကိုလည်း ငြိမ်းချမ်းမှုကိုရစေတယ်လို့ ဆိုပါတယ်။

ဒီရုပ်ကြွင်းကို မှောင်ခိုဈေးနဲ့ရောင်းဖို့ ကြိုးစားနေစဉ် ရဲကတွေ့ရှိခဲ့တာဖြစ်တယ်လို့ the Siberian Time သတင်းစာက ဖော်ပြထားပါတယ်။
နောက်ပြီး တိဗက်ဘုန်းတော်ကြီးတွေနဲ့ဆက်စပ်တဲ့ ဒီလိုဖြစ်စဉ်မျိုး နှစ် ၅၀ အတွင်းမှာ အကြိမ် ၄၀ လောက် ရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

Post a Comment