ချွင်းချက်နဲ့ "စံ"၊ ဘာကြောင့် ဆွေးနွေးပွဲ ရပ်သွားရသလဲ



အခုတလော ပညာရေးအကြောင်း အမြင်ကွဲနေကြတဲ့အထဲ ခပ်တိုတို လက် ဝင်လျှိုကြည့်ချင်မိပါတယ်။
တစ်ဖက်က "တော်သူက တော်တာပဲ၊ စနစ်ကိုချည်း အပြစ်မတင်နဲ့" (ကိုယ် မစွံ တာကို စနစ် လွှဲမချနဲ့)။
ယေဘုယျလူအများစုကတော့ "စနစ်ကြောင့်" ဆိုတာမျိုးပါ။
စနစ်တကျ သုတေသနဆန်ဆန်အဖြေတစ်ခုကို ရှာယူရင် (သို့) "စံ" တစ်ခုကို ကြည့်မယ်ဆိုရင် ချွင်းချက်ကို ကြည့်လို့မရပါဘူး။ ယေဘုယျ စံနှုန်းကို ကြည့်ရ ပါတယ်။
ဥပမာ
(က) အမေရိကန်ပညာရေးစနစ်ဟာ ကောင်းတယ်၊ ဒါပေမဲ့ သုံးမရတဲ့ ချာတူး လန်ကျောင်းသားလည်း ရှိနေနိုင်တယ်။
(ခ) မြန်မာပညာရေးစနစ်ဟာ ညံ့တယ်၊ ဒါပေမဲ့ ညံ့လှတဲ့ပညာရေးထဲ ကနေ ဖောက်ထွက်ပြီး ချွန်ထွက်လာတဲ့ကျောင်းသားလည်း ရှိနေနိုင်တယ်။
(က) နဲ့(ခ) ကျောင်းသားတွေဟာ ချွင်းချက်ပါ၊ "စံ" မဟုတ်ပါဘူး။
ဆိုလိုတာ က ကျောင်းစာမစွံတဲ့ အိုင်းစတိုင်း၊ တက္ကသိုလ်ကျ ဘီးလ်ဂိတ်တို့ေ အာင်မြင်ခြင်းတွေဟာ ချွင်းချက်ပါ၊ ဒီအဖြေနဲ့ ယေဘုယျကျောင်းသားတွေကို တိုင်းတာလို့ လုံးဝ မမှန်နိုင်ပါဘူး။ အိုင်းစတိုင်းနဲ့ဘီးလ်ဂိတ်ဟာ ယေဘုယျ "စံ" မဟုတ်ပါဘူး။
ဒါဖြင့် "စံ" က ဘာလဲ။
၉၀ ရာခိုင်နှုန်းကျော်ကျောင်းသားရဲ့ အရည်အသွေးကို ဖော်ပြနိုင်ခြင်းသည်သာ "စံ" ဖြစ်ပါတယ်။
ဥပမာ
(က) အထက်တန်းပညာရေးပြီးတဲ့ နီပေါလ်ကျောင်းသားတိုင်းလိုလိုဟာ အင်္ဂလိပ်စကားကို လိပ်ပတ်လည်အောင် ပြောနိုင်တယ်။
(ခ) မြန်မာပြည်က ဘွဲ့ရကျောင်းသားအများစုပင် အင်္ဂလိပ်စကားပြောဖို့ ယုံကြည်မှု မရှိကြဘူး၊ နိုင်ငံခြားသားနဲ့ မဆက်ဆံနိုင်ဘူး။
ဒါက ယေဘုယျကိုဖော်ပြနိုင်လို့ ပညာရေးစနစ်တစ်ခုရဲ့ "စံ" ဖြစ်သွားပါတယ်။
ဒါကိုထောက်ရင် အမေရိကန်ရောက် မြန်မာဆရာဝန် ဘယ်လောက်ပဲတော်တော် မြန်မာပြည်ရဲ့ ပညာရေးကို မဖော်ညွှန်းနိုင်တော့ပါဘူး။
နောက် ကြည့်လို့ရတဲ့အမြင်တစ်ခုက ကျောင်းသားကို နှစ်ခြမ်းခွဲကြည့်ခြင်းပါ။
၁။ သမားရိုးကျ ပညာရေးမှာ (Formal Education) ထူးချွန်တဲ့ကျောင်းသား
၂။ သမားရိုးကျ မဆန်တဲ့ပညာရေးမှာ (Informal Education) ထူးချွန်တဲ့ကျောင်းသား လို့ ဖြစ်ပါတယ်။
Informal Education မှာ ပိုတော်တဲ့ကျောင်းသားတွေအပေါ် ပညာရေးစနစ်ရဲ့ အကျိုးသက်ရောက်မှုဟာ Formal Education မှာ ပိုတော်တဲ့ကျောင်းသားေ တွလောက် မများနိုင်ပါဘူး။ စနစ်ညံ့ထဲကနေ တော်သွားတဲ့ ကျောင်းသားတွေဟာ Informal Education သမားတွေ ဖြစ်နေဖို့ များနေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာလည်း လူနည်း စုတွေပါ။ ဒါကိုလည်း စံအဖြစ် သတ်မှတ်ဖို့ ခက်သွားပြန်ပါတယ်။ ဒီတော့ ဆောင်းပါးရဲ့ ပထမပိုင်းကို ချုပ်ကြည့်ရင် ပညာရေးစနစ်ဟာ အကြီးအကျယ် ပြောင်းလဲဖို့ လိုနေပြီဆိုတာပါပဲ။
**************************************************************************
ဟုတ်ပြီ။ ပြောင်းမယ်၊ ဘယ်လိုပြောင်းကြမှာလဲ။
ဒီကိစ္စက ဆောင်းပါးတစ်ပုဒ်ရေးရုံနဲ့ မလုံလောက်သလို ကျနော်ဉာဏ်မှီတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဒါကို လက်ရှောင်ပါတယ်၊ (မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီသော၊ ဘာသော ညာသော ဆိုတာလောက်တော့ ခပ်တည်တည် ဝင်ဖြီးလို့ရတာပေါ့) အားလုံးစုပေါင်းဆွေးနွေးမှ ရပါလိမ့်မယ်။ ပြသနာက ဒီဆွေးနွေးပွဲ ရပ်သွားတယ်။
ဘာကြောင့်လဲ။
ဒါကိုတော့ နည်းနည်းရေးကြည့်ချင်ပါတယ်။
***********************************************************************
အစိုးရက ဒီဆွေးနွေးပွဲကို ဘာကြောင့်ရပ်လိုက်ရတာလဲ။ ဒါတွေက ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေလို့ ယူဆပါတယ်။ မှားနိုင် မှန်နိုင် ပါတယ်။ ကြည့်ရအောင်
၁။ အစိုးရက ဆူပူမှုဖြစ်အောင် တမင်ရည်ရွယ်ခြင်း။ (ကျနော် မထင်ပါဘူး၊ ဆက်ဖတ်ပါ)
၂။ သမဂ္ဂဆိုတဲ့ဝေါဟာရဟာ အစိုးရ လုံးဝအလျှော့မပေးနိုင်တဲ့ ခံစစ်စည်း လိုင်း ဖြစ်နေခြင်း (နည်းနည်းတော့ အူကြောင်ကြောင်နိုင်တာပေါ့၊ ဘယ်နာ မည်နဲ့ ရှိရှိ၊ ဒီအဖွဲ့က ဒီအဖွဲ့ပဲ)
၃။ ဆွေးနွေးဖို့ အဆင်သင့် ဖြစ်မနေခြင်း။ (အဓိက တာဝန်အပေးခံရသူ ကိုယ် တိုင် မရေမရာ၊ ဖုန်းဆက်လိုက်၊ ရှူးရှူးပေါက်ထွက်လိုက် ဆိုပဲ၊ မရပ်ရင် အိုးနင်း ခွက်နင်းဖြစ်တော့မယ်)
၎။ အဆင်သင့် ဖြစ်နေပြီထင်ထားတဲ့ကြားက တကယ်ဆွေးနွေးတော့ ဘက် မညီဖြစ်နေခြင်း (အဓိကပါဝင်သူတွေဖြစ်ကြတဲ့ ကျောင်းသားနဲ့ အစိုးရ ကိုယ် စားလှယ်ခေါင်းဆောင်တွေရဲ့ အရည်အသွေး သိပ်ကွာနေတယ်၊ ဆိုလိုတာက ဦးအောင်မင်းဟာ လွတ်လပ်ပွင့်လင်း တွေ့ဆုံပွဲမှာ မဖြူကို လုံးဝ မယှဉ်နိုင်ဘူး)
၅။ ဆွေးနွေးပွဲ မစခင်ကတည်းက ဒီမှာအပြတ်မဆွေးနွေးပဲ လွှတ်တော်မှာခေါ် တွယ်မယ်ဆိုတဲ့ အကြံ ရှိနေပြီး ဖြစ်ခြင်း (ဘောလုံးစကားနဲ့ဆိုရင် အဝေးကွင်း မှာ သရေခံ၊ အိမ်ကွင်းကိုခေါ်၊ အပိုင် ဆော်မယ်ပေါ့) တို့ ဖြစ်ပါတယ်။
ဒါတွေက ဖြစ်နိုင်ခြေအရှိဆုံးလို့ယူဆတဲ့ အကြောင်းတွေပါ။ ဆက်ပြီး ဆွေးနွေးကြသေးတာပေါ့။
ဇင်ဝေသော်

Post a Comment