အဲဒါ သစ္စာနီ တဲ့။ စင်္ကပူ၊ ၂၂ ရက်နေ့ တွေ့ရအောင်။


ကမ်းလက် shared Thitsarni Poet's post.
Thitsarni Poet

ပြည်သူ့ ဥဒါန်း

အောင်ဆန်းကို....
မြေမှာမြှုတ်ထား ပတ္တမြားဖြစ်၏
မီးနဲ့ရောမွှေ ရွှေဖြစ်၏။

အောင်ဆန်းကို....
ထက်ခြမ်းခွဲချ နေ,လ ဖြစ်၏
ကောင်းကင်မှာကြဲ ကြယ်ရဲဖြစ်၏။

အောင်ဆန်းကို....
ပင်လယ်ထဲပစ် ပန်းလှေဖြစ်၏
လေထဲမှာဖြန့် ချစ်ရနံ့ဖြစ်၏
တစ်နိုင်ငံလုံး သင်းမဆုံး။

သစ္စာနီ

(ဖေဖေါ်ဝါရီ12,13,14 ပြည်သူ့ဥယျာဉ်တွင် ခင်းကျင်းပြသ
မည့် ဗိုလ်ချုပ်အနှစ်တစ်ရာပြည့်အမှတ်တရ ART SHOW
ကဗျာ ပန်းချီ ကာတွန်းနှင့်ဓာတ်ပုံပြပွဲ ကဗျာပြခန်းတွင်
ဤကဗျာကိုပြသထားပါမည်။)

Post a Comment