မလိုအပ်တာဆို မလုပ်တာက ပိုကောင်းမလား လို့


လမ်းမှာ ကားအရှိန်သတ်မှတ်မှုအတွက် ဆင်ထားတဲ့ စီစီတီဗွီကင်မရာကို အမေရိကန် ကားသမားက သေနတ်နဲ့ပစ်ထည့်လိုက်ရော။ ဒီတော့ သေနတ် နဲ့ပစ်သူကိုတွေ့နိုင်ဖို့ နောက်ထပ်ကင်မရာ တစ်လုံး လိုလာပြန်ရော။ ဒီမှာ ဆွေးနွေးစရာက သေနတ်နဲ့ပစ်မယ့်သူကိုချိန်ထားတဲ့ ကင်မရာကို အရင် ပစ်ပြီးမှ စပိဒ်ကင်မရာကိုပစ်ရင် ဘိုလုပ်မဲ။ ဟဲဟဲ ကင်မရာတွေ ဆင်လို့ မပြီးတော့ဘူး။

မြန်မာပြည်လည်း အဲလိုဖြစ်နေပြီ။ ကျောင်းသားတွေ သူ့သဘောနဲ့သူ ဆန္ဒ ထုတ်ဖော်တာ မှန်ကန်ကြောင်း မိဘတွေအဖွဲ့က ဆန္ဒပြ။ အဲဒီ မိဘတွေကိုရော ဘယ်သူက ကြိုးကိုင်ထားမှန်းမှမသိတာလို့ အစိုးရကကောက်ပြော။ အဲဒေါ့ နောက်တစ်ဖွဲ့က သူတို့ကို ဘယ်သူမှကြိုးကိုင်မထားကြောင်း ဆန္နထပ် ထုတ်ဖော်။
သရော်တာမဟုတ်ပါဘူး။ မလိုအပ်တာဆို မလုပ်တာက ပိုကောင်းမလား လို့လေ။

Post a Comment