ဝှိုက်ကပ်ကိစ္စရဲ့ သဲလွန်စလို့ ယူဆရင်




ဒါကတော့ ဒီနေ့ စထရိတ်တိုင်းမ်းဆောင်းပါးပါ။ ရိုဟိန်ဂျာပြသနာကို အခြေခံေ ရးသားပြီး ဘယ်နိုင်ငံက(မြန်မာ၊ ဘင်္ဂလားဒေ့ရှ်) မှ အလိုမရှိတဲ့ အတွက် သူတို့ ရဲ့ ထွက်ပေါက်က အခြားနိုင်ငံကို ထွက်ပြေးခြင်းလို့အဆုံးသတ် ထားတယ်။
အံ့ဩစရာက နောက်ဆုံးအပိုင်းမှာ မြန်မာအထက်တန်းအရာရှိ ပြောထားတဲ့စကားပါ။ ပုံ ၂ ကို ဖတ်ကြည့်ပါ။ သူတို့သဘောအရ တိုင်းရင်းသား အိုင်ဒင်တတီတွေကို ပယ်ပြီး (ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်း၊ ရိုဟိန်ဂျာ စသည်) မြန် မာ ဆိုတဲ့အမည်တစ်ခုအောက်မှာပဲ ရှိနေဖို့ ဆက်လက်လုပ်ဆောင်သွားမယ် ဆိုတဲ့ စကားပါပဲ။ ဘယ်လောက် မောက်မာလိုက်သလဲ၊ ဘယ်လောက် ကမ္ဘာ့ ဗဟုသုတ ခေါင်းပါးသလဲဆိုတာ သိသာလှပါတယ်။
ရုပ်ပိုင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အဖွံ့ဖြိုးဆုံးပါဆိုတဲ့ အမေရိကန်ပြည်ထောင်စု မှာတောင် ဂျူး အမေရိကန်၊ အာဖရိကန် အမေရိကန်၊ အာရှ အမေရိကန် စတဲ့ ကိုယ်ပိုင်အိုင်ဒင်တတီတွေနဲ့ တွဲနေတာကို သတိထားမိပုံ မရဘူး။
တိုင်းရင်းသားတွေကို စည်းရုံးနိုင်မှာက နိုင်ငံသားစိတ်ပဲ။ မြန်မာနိုင်ငံသားဖြစ် ရတာကို ဂုဏ်ယူလိုစိတ်ပဲ။ သူတို့ရဲ့ ရှိရင်းစွဲ ကိုယ်ပိုင်အိုင်ဒင်တတီတွေကို သတ်ပစ်လို့မရသလို ရခဲ့ရင်လည်း မလုပ်အပ်ပါဘူး။

ရှမ်းမြန်မာ၊ ရခိုင်မြန်မာ၊ ချင်းမြန်မာ စသည် ရှိနေနိုင်တယ်။ သူဟာ ရှမ်းက ရှမ်း၊ ရခိုင်ကရခိုင်ပဲ ရှိနေရမယ်။ သူ့ကို ရှမ်းမဟုတ်၊ ရခိုင်မဟုတ် လုပ်လို့ မရဘူး။ မလုပ်အပ်ဘူး။ တိုင်းရင်းသားအမည်တွေထဲ မသိမသာ ရိုဟိန်ဂျာ ပါထည့်လိုက်တဲ့စကားက အခု ဝှိုက်ကပ်ကိစ္စရဲ့ သဲလွန်စလို့ ယူဆရင် ရသွားတယ်။
အင်္ဂလိပ်လိုက မပြောနိုင်၊ သူကပဲ လွဲနေတာလား၊ ဘာသာပြန်က လွဲပြန်တာ လား။ ဘာဖြစ်ဖြစ် ကမောက်ကမတော့ အတော်နိုင်တဲ့ အစိုးရပါပဲ။

Post a Comment