အနာဂါမ်ရွာ



ရွာကိုရောက်ဖူးတဲ့ သူငယ်ချင်းတိုင်းက ရွာလေးကို အဲသလိုပဲ အမည်ပေး တတ်ကြတယ်။ ခရီးကြမ်း၊ နေပူ၊ ရေရှား၊ ဖုန်ထူ စတဲ့ ဂုဏ်ထူးဝိသေသတွေေ ကြာင့် တစ်ခေါက်ရောက်ပြီး ရင် နောက်တစ်ခေါက် မလာချင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ တကယ်ခေါ်ရင်လည်း မလိုက်ကြတော့ဘူး။
အခု အဲဒီရွာလေးမှာ ပရဟိတနှစ်ဖွဲ့၊ နိုင်ငံရေးပါတီနှစ်ခုရှိနေတယ်။

အရင်က အဲဒီရွာလေးကို နယ်စည်းခြားပေးထားတာက ကိုရင်ဝတ်၊ စာသင်တဲ့ ဘုန်းကြီးကျောင်း အမည်နဲ့ပါ။ တောရကျောင်းထွက်၊ ကံဦးကျောင်းထွက်၊ အလယ်ကျောင်းထွက် တဲ့။ အဲဒီ ကျောင်းထွက်ဆိုတဲ့ စီဗီလိုက်ဇေးရှင်း စည်း အရ ကျနော်တို့က တောရကျောင်းထွက်အုပ်စုပေါ့၊ ပိုကြီးတယ်။ ရွာအလိုက် လူစွာလေးတွေလည်း ထွက်တယ်။ မတည့်ကြဘူးလို့ ပြောမရသလို တည့်ပါ တယ်လို့လည်း ပြောမရဘူး။ အုပ်စုချင်း အမြဲအားပြိုင်နေတတ်တယ်။

အရာရာပြောင်းလဲခြင်းအရပေါ့။ ရွာကလေးဟာလည်း အရင်လိုကွဲနေတာမျိုး မဟုတ်တော့ဘဲ ပရဟိတနှစ်သင်းကိုအခြေခံပြီး နှစ်အုပ်စုကွဲသွားတယ်။ "ပန်မေတ္တာ" အုပ်စုနဲ့ နောက်တက် "ကိုးဆယ်ဆ" အုပ်စုတဲ့။ ကိုးဆယ်ဆ ဆိုတာက ရွှေသံလွင်ရဲ့ စပွန်ဆာအထိ ရယူထားနိုင်တဲ့ အဖွဲ့ကြီး။ ပန်မေတ္တာ ကတော့ မူးစုပဲစု အုပ်စုပေါ့လေ။ "ကိုးဆယ်ဆ"မှာ အကောင်းစား ကား ကြီး လေးငါးစင်းရှိပြီး ပန်မေတ္တာမှာတော့ ကားတစ်စီးပဲ ရှိတယ်။ ထူးခြားတာက "ကိုးဆယ်ဆ" ကားကြီးတွေဟာ အကူအညီလာတောင်းသူ မရှိလို့ ရပ်ထားနေရချိန်မှာ ပန်မေတ္တာက ကားလေးတစ်စီးကတော့ ရွာကသာ မက နယ်ကပါ အကူအညီတောင်းနေတော့ နားချိန်တောင် မရှိလှဘူး။

ရွာလေးရဲ့ နောက်ထပ်အမည်က "သူပုန်ရွာ" သို့ "အမည်းရောင်နယ်မြေ" တဲ့။ ဒါကလည်း အမျိုးသမီးကြီးတစ်ယောက်ရဲ့ အညာခရီးစဉ်နဲ့သွားပြီး တိုက်ဆိုင်နေပြန်တယ်။ ရွာသားလူငယ် ၆၀ လောက်ကို ကားနဲ့လာခေါ်ပြီး ရဲစခန်းမှာ ရိုက်နှက်ဆုံးမလိုက်ကြတယ်။ ထားပါတော့၊ "သူပုန်ရွာ" သို့ "အမည်းရောင်နယ်မြေ" လို့ ခေါ်ရတဲ့ နောက်ထပ်အကြောင်းတွေလည်း ရှိနေနိုင်တာပေါ့။ (ဒီအကြောင်းကို ဘကြီးမိုး (ဦးမိုးသူ) နဲ့တွေ့စဉ်မေးကြည့်တော့ သူတို့မှာ မှတ်တန်းရှိထားတယ်လို့ ပြောပါတယ်။)

ထားပါတော့။ အခု စဉ်းစားမိတာက "ကိုးဆယ်ဆ"မှာ ကားအကောင်းစား ကြီးတွေ ရှိလျက်နဲ့ ဘာကြောင့်များ ပန်မေတ္တာက ကားလေးကိုပဲ လူတွေက ပိုသုံးချင်ကြတာလဲ။

၁။ လုပ်ဆောင်ကူညီပုံ၊ စေတနာ စသည် မတူလို့လား။
၂။ ပရဟိတဆိုတဲ့ နယ်ပယ်ထဲမှာကိုပဲ နိုင်ငံရေးပါတီနှစ်ခုရဲ့ သဘောတရားတွေ စီးဝင်နေလို့လား။

"၁" နဲ့ပဲဆိုင်ပါစေလို့ ဆုတောင်းနေမိတယ်။

Post a Comment