အစၥလာမ္ဘာသာမွာ သွေးချောင်းစီး နယ်စည်းများ ရှိတယ် (၂)


(Islam's Bloody Borders)

"အစ္စလာမ်ဘာသာရဲ့ သမိုင်းတလျောက်လုံးကို ပြန်ကြည့်မိတိုင်း မွတ်စလင်ေ တွဟာ အိမ်နီးချင်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ပြဿနာတွေ အမြဲရှိနေတတ် တယ်ဆိုတာ တွေ့ရပါမယ်"
(ဟန်တင်တန်)

(၁၉) ရာစုတလျောက်လုံး ရုရှားတွေဟာ အာရှအလယ်ပိုင်းမှာရှိတဲ့ မွတ်စ လင်တွေကို ထိမ်းချုပ်နိုင်ဖို့ စစ်အင်အားသုံးပြီး ဖြေရှင်းလာခဲ့တယ်။ ၁၉၈၀ - ခုနှစ်တွေအတွင်းမှာ အာဖဂန်နဲ့ ရရှားတွေအကြား စစ်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပြီး ရုရှားတွေ တပ်ဆုတ်ခဲ့ရတယ်။ အဲဒီနောက် တာဂျစ်ကစ္စတန်မှာ လက်ရှိအစိုးရ ကို တော်လှန်နေတဲ့ အစ္စလာမ်မစ်သူပုန်တွေအကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ ရုရှားတပ်က အစိုးရကို စစ်ရေးအကူအညီတွေ ပေးခဲ့ပါတယ်။

တရုတ်ပြည် ရှင်ကျန်း (Xinjiang) မှာလည်း ဝီဂါး (Uighur) နဲ့ အခြားမွတ်စ လင်တွေဟာ တရုတ်တွေနဲ့ ပဋိပက္ခတွေဖြစ်ပြီး ဆိုဗီယက်ကနေ ခွဲထွက်လာ တဲ့ သူတို့နဲ့ လူမျိုးစုတူ၊ ဘာသာတူ အခြားလူမျိုးတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့ ကြပါတယ်။
အိန္ဒိယကျွန်းဆွယ်မှာလည်း ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား သုံးကြိမ်တိုင်တိုင် စစ်ပွဲ ဖြစ်ခဲ့ပြီးပါပြီ။ အစ္စလာမ်ဘာသာဝင်တွေက ကက်ရှ်မီးယားအစိုးရကို အာ ခံတယ်။ နောက်မှ ဝင်ရောက်နေထိုင်လာတဲ့ မွတ်စလင်တွေက အာသံမှာ ရှိ တဲ့ ဒေသခံလူထုနဲ့ လူမျိုးစုတိုက်ပွဲ ဆင်နွဲတယ်။ အိန္ဒိယတစ်ပြည်လုံးမှာ မွတ် စလင်နဲ့ ဟိန္ဒူတွေကြားက အကြမ်းဖတ်မှုတွေဟာ မကြာမကြာ ဖြစ်ပွားလေ့ ရှိတယ်။ အဲဒီပဋိပက္ခတွေကိုလည်း အိန္ဒိယထဲမှာရှိတဲ့ ဘာသာနှစ်ခုစလုံးရဲ့ ဘာသာရေးအစွန်းရောက်တွေက သွေးထိုးလှုံ့ဆော် ပေးနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ လူနည်းစု ဗုဒ္ဓဘာသာတွေက အဆင့်အတန်း ခွဲခြားလို့ ဆိုပြီး အများစု မွတ်စလင်တွေကို ဆန္ဒပြနေကြတယ်။ တချိန်းတည်းမှာပဲ မြန်မာပြည်ထဲမှာတော့ လူနည်းစု မွတ်စလင်တွေက အများ စု ဗုဒ္ဓဘာသာဝင်တွေဟာ အဆင့်အတန်းခွဲတယ်ဆိုပြီး ဆန္ဒပြနေကြပြန်ပါ တယ်။
မလေးရှားနဲ့ အင်ဒိုနီးရှားမှာတော့ စီးပွားရေး လက်ဝါးကြီးအုပ်လို့ဆိုပြီး အဲဒီမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေကို အများစု မွတ်စလင်တွေက အကြမ်းဖတ်မှုတွေ မကြာမကြာ ပြုလုပ်နေကြ ပြန်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း ဗုဒ္ဓ ဘာသာအစိုးရကို မွတ်စလင် အကြမ်းဖတ်သမားတွေက ခွဲထွက်ရေး တောင်း ဆိုနေကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဖီလစ်ပိုင်တောင်ပိုင်းမှာ ကက်သိုလစ်ပြည်သူနဲ့ ကက်သို လစ်အစိုးရဆီက လွတ်လပ်ရေးဆိုပြီး မွတ်စလင်တွေက တောင်းဆိုနေကြပြန် ပါတယ်။
အင်ဒိုနီးရှားမှာတော့ လူနည်းစု ကက်သိုလစ်ဘာသာဝင် အရှေ့တီမော လူမျိုးတွေဟာ မွတ်စလင်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ ရုန်းကန်နေကြရပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဂျူးနိုင်ငံ တည်ထောင်လိုက်တဲ့အချိန်ကစလို့ အာ ရပ်တွေနဲ့ ဂျူးတွေအကြား ပဋိပက္ခတွေ ဆက်တိုက် ဖြစ်နေခဲ့ပြီး စစ်ပွဲလေး ကြိမ် ဖြစ်ပွားခဲ့တယ်။ ပါလက်စတိုင်းတွေက အစ္စရေးဥပဒေကို မလိုက်နာဘူး။ လက်ဘနွန်မှာလည်း မရွန်နိုင် (Maronite) ခရစ်ယန်တွေဟာ ရှီယစ်နဲ့ အခြားမွတ်စလင်တွေအကြားမှာ နိုင်ခြေမရှိတဲ့ တိုက်ပွဲတွေ ဆင်နေရတယ်။

အီသီယိုပီးယားမှာ အော်သိုဒေါက် အမ်ဟာရ (Amhara) လူမျိုးတွေက မွတ်စ လင်တွေကို ဖိနှိပ်ခဲ့လို့ဆိုပြီး အိုရိုမို (Oromo) မွတ်စလင်တွေက အီသီယို ပီး ယားနဲ့ တိုက်ပွဲဝင်နေကြတယ်။
အာဖရိက တစ်တိုက်လုံးကို ခြုံကြည့်ရင် မြောက်ပိုင်းမှာ အာရပ်တွေနဲ့ မွတ်စ လင်တွေကြားမှာ ပဋိပက္ခမျိုးစုံ ဖြစ်နေခဲ့သလို တောင်ပိုင်းမှာလည်း ခရစ်ယန် လူမည်းတွေအကြား ပဋိပက္ခတွေ ဖြစ်နေခဲ့တယ်။ သွေးထွက်သံယို အများဆုံး မွတ်စလင်နဲ့ ခရစ်ယာန်တွေကြားက စစ်ပွဲကတော့ ဆူဒန် မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပါ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီး သေဆုံးဒဏ်ရာ ရမှုတွေကလည်း သိန်းချီ ရှိပါတယ်။

နိုင်ဂျီးရီးယားရဲ့ နိုင်ငံရေးကလည်း မြောက်ပိုင်းမှာရှိတဲ့ ဖူလာနီ ဟောစာ (Fulani-Hausa) မွတ်စလင်တွေနဲ့ တောင်ပိုင်းရှိ ခရစ်ယာန် မျိုးနွယ်စုတွေ အကြား ပဋိပက္ခတွေက လွှမ်းမိုးထားပါတယ်။ တစ်ခါတစ်ခါ အကြမ်းဖတ်မှု၊ တစ်ခါတစ်ခါ စစ်တပ်က ဝင်ထိန်းမှုတွေ ရှိခဲ့ပြီး စစ်ပွဲတစ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ချက် (Chad) နိုင်ငံ၊ ကင်ညာနိုင်ငံနဲ့ တန်ဇန်းနီးယားနိုင်ငံတွေမှာလည်း အလား တူ မွတ်စလင် ခရစ်ယာန်စစ်ပွဲတွေ ရှိနေခဲ့ပါတယ်။
မွတ်စလင်တွေနဲ့ အခြား ကက်သိုလစ်၊ ပရိုတက်စတင့်၊ အော်သိုဒေါက်၊ ဟိန္ဒူ၊ တရုတ်၊ ဗုဒ္ဓဘာသာနဲ့ ဂျူးလူမျိုးတွေရဲ့ ဆက်ဆံရေးဟာ နေရာတိုင်းမှာပဲ အဆင်မပြေမှုတွေ ဖြစ်ပွားနေလေ့ ရှိပါတယ်။

အတိတ်ကို ပြန်ကြည့်ရင် အဲသလို အဆင်မပြေမှုတွေကတဆင့် အကြမ်းဖက် မှုတွေအထိ ဖြစ်သွားခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ ၁၉၉၀ - ခုနှစ်တွေမှာ အ ကြမ်းဖက်မှုပေါင်းများစွာ ဖြစ်ပွားခဲ့ပါတယ်။
အစ္စလာမ်ဘာသာရဲ့ သမိုင်းတလျောက်လုံးကို ပြန်ကြည့်မိတိုင်း မွတ်စလင်ေ တွဟာ အိမ်နီးချင်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ပြဿနာတွေ အမြဲရှိနေတတ် တယ်ဆိုတာ တွေ့ရပါမယ်။
ဒီမှာ စောဒကတက်လာနိုင်တာက အခု မွတ်စလင်နဲ့ မွတ်စလင် မဟုတ်သူတွေကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားနေသလို အခြား စီဗီလိုက်ဇေး ရှင်းတွေ ကြားမှာလည်း ဖြစ်နေတာပဲဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီစောဒက,က မမှန်ပါဘူး။ မွတ်စလင်တွေဟာ ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတစ်ပုံပဲ ရှိပါတယ်။ ဒါပေမဲ့ ၁၉၉၀ - ခုတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေထဲမှာ မွတ်စလင် စီဗီလိုက်ဇေးရှင်းက အခြား စီဗီလိုက်ဇေးရှင်းက လူတွေထက် အများကြီး ပိုလွန်နေပါတယ်။

ဆက်ရန်
ဇင်ဝေသော်

Post a Comment