မူးဗင်း ဖော်ဝါ့ဒ်


မူးဗင်း ဖော်ဝါ့ဒ်တို့၊ ကက်ပစီတီတို့၊ နေးရှင်း ဗဲလဒင်းတို့ ပြောတတ်တဲ့ ဦးအောင်မင်းတို့ ဆရာတပည့်တွေ ရှက်တတ်ရင် သေနိုင်တယ်။
ဒီလိုလေ။ ဒီနေ့ NUS မှာ ခဏလာနေတဲ့ "မစန္ဒာ" ဆိုတဲ့ ဂျပန်မကြီးရယ်၊ သူမ အမျိုးသား မစ္စတာ စာတိုရယ် (နှစ်ယောက်စလုံးက ပါမောက္ခတွေ) ရောက် လာပြီး နည်းနည်းဗျူးတယ်။
စင်္ကာပူရောက်မြန်မာတွေရဲ့ ဘဝနဲ့ပတ်သက်လို့ပေါ့။ ပြောချင်တာက အဲဒီ မစန္ဒာရဲ့ မြန်မာစကားက အီး မကူလိုက်ရဘူး။ သာမန်စကားဆိုရင်ထားပါတော့။ ဗေဒင်၊ ယတြာ၊ ပရဟိတ၊ ဝေယျာဝစ္စ စတဲ့ ခဲရာခဲစစ်တွေကိုပဲ ထပ်မပြောရဘူး။ တန်းကနဲသိတယ်။ လန့်သွားတယ်။ သုတေသနအတွက် ဗျူးတာ အီးမကူဘဲ ကိစ္စပြီးခဲတယ်လေ။

Post a Comment