လူနာပြက္ခဒိန်က ဒီနေ့ လပြည့်လို့ သတ်မှတ်တယ်။


ဒီနှစ် မိတ်ဆက်လိုက်တဲ့ ဘာသာရေးဝတ်ရွတ်စဉ်ကတော့ လပြည့်တွေနဲ့ ဘုရားဟောတဲ့ သုတ်တွေကို ညှိပြီး ရွတ်ဖတ်သရဇ္ဈာယ်မှုပါ။ ဒီလပြည့်မှာ ကျရောက်တာက ရာဟုလောဝါဒသုတ်ဖြစ်လို့ ဒီည ဒီသုတ်ကို ရွတ်ဖတ် သရဇ္ဈာယ်ကြမယ်ပေါ့။
သုတ်တော်ရဲ့ အနှစ်ချုပ်ကတော့ ကုသိုလ်၊ အကုသိုလ်ကို အရိုးရှင်းဆုံး ခွဲခြားပြခြင်းပါ။
ကိုယ့်အတွက်၊ သူ့အတွက်၊ နှစ်ဦးသားအတွက် မကောင်း။ အကုသိုလ်။
ကိုယ့်အတွက်၊ သူ့အတွက်၊ နှစ်ဦးသားအတွက် ကောင်း။ ကုသိုလ်။
မပြု၊ မပြော၊ မကြံမီ အရင်စဉ်းစားဖို့ ရှင်ရာဟုလာကို ပေးတဲ့ ဩဝါဒ ပါပဲ။

မိုက်စမ်းတာဆိုတော့လည်း မိုက်စမ်းတာပါ့လေ


Posted by Zin Wai Thaw · 9 hrs · 
ဟွင်း ဟွင်း ဘကြီးဘုန်းကြီးနော်
--------------- ==============
သံဃာ့အဖွဲ့အစည်းပေါင်းစုံက အမျိုးသားပညာရေးနဲ့ ပတ်သက်ပြီး အကြံပြုစာတွေ ပေးပို့ကြတယ်။ ကိုယ်နဲ့ဆိုင်တဲ
ပရိယတ္တိပညာရေးအတွက် ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီးခေါ်ပြီး ငွေသိန်းပေါင်း သောင်းနဲ့ချီအကုန်အကျခံဆွေးနွေးခဲ့ကြပေမယ့် ဟုတ္တိပတ္တိအဖြေမထွက်ခဲ့ကြတာ သတိရမိတယ်။

တကယ်တော့ အမျိုးသားပညာရေးနဲ့ပတ်သက်ပြီး ကျောင်းသားလေးတွေ ဆန္ဒပြချီတက်နေတာကို ဘကြီးဘုန်းကြီးကိုယ်တိုင်က သဘောမတူပါဘူး။
ဘယ့်နှယ်ကွယ် မင်းတို့ လုပ်စရာလား။
အနာဂတ်မြော်မြင်ပြီး ရေရှည်ကြည့်တတ်တဲ့ အစိုးရကိုယ်တိုင်က တိုင်းပြည်ကို ခခယယ ကျနော်တို့ ပြောင်းကြပါစို့ လို့ စင်ကာပူတည်ထောင်စ မစ္စ္စတာလီလို မျက်ရည်လည်ရွဲလေးနဲ့
ကြေငြာရမှာ--။ ခုတော့ကွယ် မင်းတို့က ပြောင်းချင် --။ အဘတို့ ပြောင်ချင် --။ အယ် ဂျောက်ဂျက်
ထူးခြားတာက ကျောင်းသားလေးတွေကိုမေတ္တာရပ်ခံချက်အစောင်စောင် ထုတ်ပြန်ကြတာပါပဲ။
အစိုးရသတင်းစာတွေကလည်း မင်းတို့လွန်လာပြီနော် ဟွင်းဟွင်းဆိုတဲ့ အသံမျိုးထွက်ပြနေပါတယ်။
ရွှေပြည်ကြီးမှာ ဖြစ်ခဲ့သမျှသွေးသံရဲရဲကိစ္စ္စတွေမှာ ပုပ်တို့ ဒလိုင်လားမားတို့ဆီက မှတ်ချက်စကားလေးတွေ ထွက်လာခဲ့ဖူးပေမယ့်---။
ဟွင်း ဟွင်း ဘကြီးဘုန်းကြီးနော် ---။
------=---------
စာမရေးနိုင်သေးလို့ မိုက်စမ်းနေတာ
ဟလို ဟယို ---။
 
 
 

အစိုးရလည်းပါတယ်၊ အစိုးရချည်းလည်း မဟုတ်


(လူငယ်နဲ့ စာဖတ်ခြင်းပါ၊ ကျောင်းသားသပိတ်အကြောင်း မဟုတ်)
ဆရာတစ်ယောက်ရဲ့ စာပေဟောပြောပွဲ ယူကျုမှာပါ။ လူငယ်တွေ စာဖတ်နည်းခြင်းနဲ့ပတ်သက်လို့ အစိုးရအဆက်ဆက်ကို တရားခံချပြီး အင်တာ နက်၊ ဂိမ်း စသည်ရဲ့ အရေးပါမှုကို ဆရာက အလေးအနက်မထားခဲ့ပါဘူး။
အင်တာနက်၊ ဂိမ်း စတာတွေနဲ့ပတ်သက်တဲ့ ဆရာ့ကောက်ချက်က ခေတ်သစ် မီဒီယာ ဒီထက် ဖွံ့ဖြိုးပေမဲ့ လူငယ်တွေ စာဖတ်ကြတယ်လို့ အမေရိကန်၊ အင်္ဂ လန်က လူငယ်တွေကို ထောက်ပြဆွေးနွေးပါတယ်။

ဒါပေမဲ့ "အသစ်အဆန်းအပေါ် စိတ်ဝင်စားခြင်း" သီအိုရီကို ဆရာက မဆွေးနွေးခဲ့ပါဘူး။ ဆိုလိုတာက အင်တာနက်ရဲ့ ရိုက်ခတ်မှုကို ဖွံ့ဖြိုးပြီးနိုင်ငံေ တွထက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အခု ပိုခံနေကြရပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဒါက အသစ်အဆန်းဖြစ် ဆဲမို့ပါ။



ဥပမာ အင်တာနက်လိုင်းမကောင်းတဲ့နေရာကလာသူဟာ အင်တာနက် လိုင်း ကောင်းတဲ့နေရာလည်း ရောက်ရော အင်တာနက်ပိုပြီး သုံးနေတတ်ပါ တယ်။ အင်တာနက်လိုင်း ကောင်းတဲ့နေရာမှာ သူ အနေကြာသွားရင် အသား ကျသွားပြီး ပုံမှန်ပဲ သုံးပါတော့မယ်။ ဒီသဘောပါ။

နောက်ပြီး လူငယ်တွေ စာဖတ်နည်းခြင်းဟာ
အစိုးရကြောင့်
အသုံးမကျတဲ့ ပညာရေးစနစ်ကြောင့်ဆိုတဲ့ ကောက်ချက်ကလည်း မှန်ပေမဲ့ ရာနှုန်းပြည့် မမှန်ပါဘူး(ရာနှုန်းပြည့် အမှန်တရားကို ဘယ်သူမှလည်း ရှာမတွေ့ ကြပါဘူး)။ ဘာကြောင့်လဲဆိုရင် စင်္ကာပူလူငယ်တွေ စာဖတ်အားနည်းလာတဲ့ အချက်ကို ဒါ ( အစိုးရ၊ အသုံးမကျတဲ့ ပညာရေးစနစ်) နဲ့ ရှင်းပြ မရလို့ပါ။ စင်္ကာပူလူငယ်တွေ စာဖတ်အားနည်းကြပါတယ်။ အစိုးရ၊ မိဘ၊ ဆရာ သမားတွေက ဒါကို သိကြသလို အဖြေလည်း ရှာနေကြပါတယ်။

ဒီမှာ အစိုးရကို အပြစ်တင်ချင်ရင် အဖြေ မရှာခြင်းကြောင့်သာ အပြစ်တင်လို့ ရပါမယ်။ တကယ်က အင်တာနက်ရိုက်ခတ်မှုဟာ အကြောင်းလေးမဟုတ်၊ အကြောင်းကြီးလို့ ထင်ပါတယ် ဆရာ။

လေးစားလျက်
ဇင်ဝေသော်

ဆုပေးပါ


ကောင်မလေးတစ်ယောက်က မက်ဆေ့ထဲကနေ ပြောတယ်
"ညညဆို ဘုန်းဘုန်းတွေကို ကန့်တော့ပြီးမှ အိပ်တယ်၊ ဆုပေးပါ" တဲ့။
ဒါနဲ့ တိုတိုတုတ်တုတ် မက်ဆေ့ထဲကနေပဲ
"အာယု ဝဏ္ဏော သုခံ ဗလံ" လို့ ပြန်လိုက်တော့ သူက
"အာဋာနာဋိယ သုတ္တံ နိဋ္ဌိတံ" တဲ့ ဗျာ။

ခမ်းနားတဲ့အတိတ်တွေမို့ မမေ့လျော့စေချင်


(Home and Services ဂျာနယ်မှာ ဆရာ နေသစ်နီ(ဆရာတစ်ယောက်ရဲ့ ကလောင်ခွဲဖြစ်ဟန်တူ) ရေးထားတဲ့ ဆောင်းပါးကို ဖေ့စ်ဘုတ်မူနဲ့ညီအောင် အကျဉ်းချုံးပြီး တင်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင် ဖွင့်ပြောမှုနည်းတဲ့ ဇင်ဝေသော်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ချုံ့ထားသည်ဆိုစေ အတန်ငယ် ရှည်လျားဆဲပါ၊ ဒါ့ကြောင့် နှစ်ပိုင်း ခွဲတင်ပေးလိုက်ပါတယ်။)

ရန်ကုန်မှာရှိစဉ် ဘာသာသွေးမဂ္ဂဇင်းမှာ ဆရာတော်ရော မိမိပါ ရေးဖူးပေမယ့် မသိခဲ့ကြပါ။ ထိုကတည်းက ဆရာတော့် အတွေးတွေက ထူးခြားနေရာ ဆ ရာတော့်ကို လေးစားသွားခဲ့မိသည်။ နောက်တော့ ဆရာတော် သီတင်းသုံး ရာ စင်္ကာပူနိုင်ငံ၊ Eunos ဘူတာအနီး၊ မင်္ဂလာဝိဟာရကျောင်းမှာ ဘာသာရေးနှင့် ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ခဲ့ရာ ထိုသင်တန်းမှာ ယဉ်ကျေးမှုဘာသာရပ်ကို သင်ပေးဖို့ တာဝန်ယူဖြစ်ခဲ့သည်။ ဆရာတော့်သင်တန်းကပင် ”အနာဂတ်ကို သဲကြီးမဲကြီးလိုက်ရင်း ပစ္စုပ္ပန်ကို လျှောက်လှမ်းနေရာမှ ကြီးကျယ် ခမ်းနားခဲ့ သည့် အတိတ်က အဖြစ်တွေကို လက်လွှတ်ဆုံးရှုံးလိုက်ရမှာ စိုးလို့ ဒီသင်တန်းကို ဖွင့်ခဲ့ပါတယ်“
(မူရင်းဆောင်ပုဒ်က "ပစ္စုန်ကို မကျေနပ်လို့ အနာဂတ်နောက်ကိုလိုက်ရင်း ခမ်းနားတဲ့ အတိတ်က အမွေအနှစ်တွေ မေ့ ကျန်ခဲ့မှာစိုးလို့ ဒီ သင်တန်းကို စခဲ့ပါတယ်" ဖြစ်ပါတယ်)
ဟု ကြွေးးကြော်ခဲ့ရာအတိတ်က ကြီးကျယ်ခမ်းနားခဲ့သည့် ကျွန်တော်တို့ နိုင်ငံ ၏ သမိုင်းတွေကို တူးဆွဖော်ထုတ်ရတာ့မည်ဖြစ်ကြောင်း သဘောပေါက် လိုက်မိပါသည်။

စင်ကာပူရောက်ကလေးတွေ၊ တစ်နည်းအားဖြင့် ပြည်ပနိုင်ငံမှာ အခြေချနေ သည့် ကလေးတွေဟာ အမိနိုင်ငံ၏ အတိတ်က ကြီးကျယ်ခမ်းခဲ့ပုံတွေကို မသိနိုင်သူများ ဖြစ်နေကြသည်။ ထိုသို့မသိခဲ့သည့်အတွက် အမိနိုင်ငံနှင့် ပတ်သက်ပြီး အထင်ကြီးစိတ်တွေလည်း ဝေးလွင့်နည်းပါးခဲ့ရသည်။ ဒါဟာ ယေဘုယျသဘောသာ ဖြစ်ပြီး တစ်ချို့ကလေးမိဘတွေကိုယ်၌က ကိုယ့်နိုင်ငံအပေါ် အထင်ကြီးမှုတွေ ပျောက်ကွယ်ခဲ့ကို တွေ့နေရပါသည်။ တချို့ကလည်း သည်နိုင်ငံကဘွဲ့နှင့် အလုပ်လုပ်စားလို့ မရဘူးဟု ကျေးဇူး ကန်းပေမယ့် တကယ်တမ်းမှာ ထိုဘွဲ့လက်မှတ်နှင့်ပင် စင်ကာပူမှာ အလုပ် လုပ်နေရခြင်း ဖြစ်သည်။ အလုပ်၏ သဘောသဘာဝကို နားလည်သွားလျှင် အလုပ်ဖြစ်သွားပြီး အင်္ဂလိပ်စာတော့ ပိုကောင်းဖို့လိုပါသည်။ ဟိုမှာသန်တန်းေ တွ ထပ်တက်နိုင်ပြီး အင်္ဂလိပ်စကားပြောလေး အဆင်ပြေလျှင် စင်ကာပူ လိုနေရာမှာ အလုပ်လုပ်လို့ ပိုပြီးနေရာရသည်။ အမေရိကန်လိုနေရာမှာတော့ မပြောတတ်ပါ။

ဘာပဲဖြစ်ဖြစ်ဆရာတော့်သင်တန်းမှာ ကလေးတွေကို ကျွန်တော်တို့ ဘာသာရေးနှင့် ယဉ်ကျေးမှုသင်တန်းပေးခဲ့ကြသည်။ သင်တန်းက တနင်္ဂနွေ တစ်ရက်သာရှိပြီး ညနေငါးနာရီမှ ခုနစ်နာရီအထိဖြစ်သဖြင့် အချိန်ကတော့ နည်းလွန်းလှ၏။ သံဃာတွေက ဘာသာရေးသင်ပြီး ကျွန်တော်တို့က ယဉ်ကျေးမှုကိုသင်ရသည်။



ဆရာဖြစ်သူ ဒေါက်တာခင်မောင်လတ်၊ ကိုအောင်ခိုင်ဆွေ၊ ဖြူဖြူလှိုင်၊ ယဉ် မင်းသူ၊ မနီနီတင်ကနှင့် မိမိတိုက မြန်မာ့သမိုင်း၊ မြန်မာ့ဂီတ၊ မြန်မာ့ရာသီ ဥတု၊ မြန်မာ့ကျောက်မျက်၊ မြန်မာ့ပွဲတော်၊ ၁၂ လ ရာသီ ပန်းဖွဲ့၊ ပန်းဆယ်မျိုး စသည်တို့ကို မိတ်ဆက်သင်ကြားပေးခဲ့ကြသည်။
နောက်ပိုင်း ဆရာမ ဒေါ်အေးအေးခိုင် ရောက်လာပြီး အငယ်တန်းတွေ အတွက် မြန်မာစာကိုမောင်းရတော့သည်။ တစ်လမှ လေးရက်သာရပြီး အချိန်ကလည်းတိုလွန်းဖြစ်ရာ မိဘတွေကိုပါ အိမ်မှာ ဝိုင်းကူခိုင်းရတော့ သည်။ နောက်ပိုင်း စင်ကာပူက ပြန်လာသည့်အခါ ဘာသာရေးနှင့်ယဉ်ကျေးမှု သင်တန်းလည်း ကျန်ဆရာတွေနှင့် ဆက်လက် မောင်းနှင်ခဲ့ကြသည်။


ဤသည်မှာ မိမိနှင့်ဆရာတော်ဦးစိတ္တရတို့ ရေစက်ဆုံခဲ့ပုံဖြစ်၏။ ထိုရေစက်မှာ ထိုမျှနှင့်မပြီးပါ။ မြန်မာပြည် ပြန်ရောက်အပြီး ဆရာတော်ရေးသည့် လီကွမ်ယု၏ “နားဝင်မချိုသော အမှန်တရား” စာအုပ်တွေ၊ ဟန်တင်တန် ၏”လူ့ယဉ်ကျေးမှုပဋိပက္ခနှင့် ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း” စာအုပ်မိတ် ဆက်ပွဲအပြီးမှာပဲ ဆရာတော်စင်ကာပူကို ပြန်ကြွသွားခဲ့သည်။

သူ၏လီကွမ်ယုစာအုပ်သည် ပြုပြင်ပြောင်လဲနေသည့် မြန်မာပြည်အတွက် အလွန်လိုအပ်သော စာအုပ်ဖြစ်ပြီး မကြာမကြာ ထပ်ရိုက်ရသော စာအုပ်လည်းဖြစ်လာခဲ့သည် (၇ ကြိမ်မြောက်ပါပြီ)။ “လူ့ယဉ်ကျေးမှုပဋိပက္ခ” စာအုပ်ကပို၍ လေးနက်သော်လည်း ဒုတိယပိုင်းမထွက်သေးသည့်အတွက် ဝယ်လိုအားနည်းနေခဲ့သေးသည်။

(ဆက်ရန်)