ဗျည်းသုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ ပြင်ရမည်(New Version)


"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်" ဆိုသည့် အသံများ မကြာခဏ ကြားနေရပါသည်။ ပြင်ကြပါ။ ပြင်သင့်ပါသည် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးလျှင် အခြားပြင်စရာ များ စွာရှိနေသေးကြောင်းတော့ သတိပေးချင်ပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြီး လျှင် ဒုတိယ အရေးအကြီးဆုံးက ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ ဖြစ်ပါသည်။ အက္ခရာအခွင့်အရေးနှင့် လုံးဝ မညီညွ တ်ပါ။ ပြင်ကို ပြင်ရပါမည်။ စိတ်ကူးပေါက် ခိုက် အနည်းငယ် တင်ပြချင်ပါ သည်။

"က" ကြီး။
သူက ဗျည်းသုံးဆယ့်သုံးလုံး၏ ခေါင်းဆောင်ဖြစ်ပါသည်။ ပြသနာက "က" ငယ် ဆိုတာမရှိဘဲ သူတစ်ယောက်ထဲ အလိုလို ကြီးနေခြင်းဖြစ်ပါ သည်။ "က" ငယ်ရှိလျှင် "က" ကြီးကို လက်ခံလို့ရပါသည်။ ရှေ့ဆုံးကမို့ ကြီး တာလား၊ အဓိပ္ပါယ် မရှိပါ။ သူ့ထက်ကြီးကျယ်၊ သူ့ထက်ခန်းနား၊ သူ့ထက် အရေး ခက်သော ဗျည်း များစွာရှိသည်။
ဥပမာ ဃ၊ ဋ၊ ဍ၊ ဏ၊ ဠ တို့ဖြစ်ပါသည်။ တော်ရုံတန်ရုံလူ မှန်အောင် မရေးတတ်ပါ။

"ခ" ကွေး
"ခ" ကွေးကလည်း အဆင်မပြေလှပါ။ မြန်မာစာမှာ ကွေးနေအောင် "က" တယ်လို့သာရှိပါသည်။ ပြသနာက "ခ" ကွေး ကြောင့် ကွေးနေအောင် "ခ" သူများ ပေါ်ပေါက်လာရသည်။ နိမိတ်မကောင်းသော အက္ခရာ ဖြစ်သည်။ "က" ကြီးနောက်လိုက်တို့သည် ကွေးနေအောင် "ခ" တတ်သည့် နောက်လိုက် ဒုတိယတန်းစား၊ အချောင်စားများဖြစ်နေသည်ကို တွေ့ရပါသည်။

"ဂ" ငယ်
"ဂ" ငယ်ကလည်း မစွံလှပါ။ "ဃ" ကြီးကြောင့် ငယ်လိုက်ရတာဟု ဆိုရန် ရှိသော်လည်း ရေးထုံးအရ "ဃ" ကြီးနဲ့ "ဂ" ငယ် လုံးဝဆက်စပ်ဖို့ ခက် ပါသည်။ တည်နေပုံအားဖြင့်လည်း ပက်လက်နဲ မှောက်ရက် ဖြစ်သည်။ သူနှင့် ပုံစံတူသည်က "က" ကြီးသာ ဖြစ်သည်။ "ဂ" ငယ်ဟူသည် "က" ကြီးတစ်ခြမ်းပဲ့သာဖြစ်သည်။ တက္ကနီကယ်တန်းဖြင့် စမော "က" (သို့ ) "က" ငယ် ဟုဆိုနိုင်သည်။ ယခု ဤသို့မဟုတ်ဘဲ သူနဲ့ မိသားစုချင်းမတူသည့် "ဃ" ကြီး လက်အောက်ခံလုပ်ကာ "ဂ" ငယ် ဖြစ်နေရသည်။

"ဃ"
"ဃ"၏ ဖြစ်သင့်သောအမည်က "ယ" ပျက်ဖြစ်သည်။ ပုံစံ ပျက်နေသော "ယ" သာဖြစ်ပါသည်။ ယ ကို ခေါင်းပေါင်းစတပ်ပေးလျှင် "ဃ" ဖြစ်ပါသည်၊ အစစ်မဟုတ်ပါ။

"င"
သူတစ်ယောက်ထဲ အလိုလို ကြီးနေသော "က" ကြီး၊ ကွေးနေအောင် "ခ" သော "ခ" ကွေး တို့ အုပ်စု အဆုံးသတ်က "င" ဖြစ်နေသည်။ အတ္တသံပါသည်။ သူတပါးဆိုတာ မပါတော့ဘဲ "င" (ငါ့) ဖြစ်နေသည်။

"စ" လုံး
"စ" လုံး ကိုတော့ ထောက်ခံပါသည်။ အဓိပ္ပါယ်လည်း လှပါသည်။ အစမှာ လုံးလုံးလေး (သို့) စတင်ချိန်မှာ စည်းစည်းလုံးလုံး ရှိကြသည် ဟုအဓိပ္ပါ ယ် ကောက်ယူနိုင်ပါသည်။ သို့သော် ပုံစံကို သေသေချာချာကြည့်မိတော့ မျက်စောင်းထိုးနေဟန်ရှိသည်ကို စတင်တွေ့ရသည်။

"ဆ" လိမ်
သိပ်သဘောမတွေ့မိတော့ပါ။ စ လို့မှ ဘာမှ မကြာသေးခင် မုန်းကြိုးလိမ်လို့ လိမ်လိမ်ကောက်ကောက်ဖြစ်လာသည်။ ထိုသို့ မဖြစ်သင့်ဟု ထင်ပါသည်။ "လုံး" နေရာမှာ "လိမ်" သွားသောကာလက ဘာမှ မကြာလိုက်ပါ။ ရေးဟန် အနေနဲ့လည်း ကွေးနေအောင် "ခ" သော "ခ" ကွေးနှင့် တော်တော်တူနေ သည်။
ထူးသည်က "ဆ" လိမ်က ကျောပိုးအိပ်ကြီး ပါနေခြင်းသာဖြစ်သည်။ ဘာတွေ ထည့်ထားမှန်း မသိပါ။ "ခ" သူများ "ကျောပိုးအိပ်ကြီး" ဖြစ်သွားတတ်ပါသလား။

"ဇ" ကွဲ
လိမ် သွားပြီဆိုလျှင် အခြေအနေကို အကဲခတ်လို့ ရသွားပြီဖြစ်ပါသည်။ လိမ်ပြီး မကြာမီ သူသူ ငါငါ "ဇ" များ ကွဲကြတော့သည်။ ရေးဟန်အားဖြင့် လည်း "ဇ" ကွဲသည် ပုရွက်ဆိတ် အကိုက်ခံထားရသော "ဂ" ငယ် နဲ့ တော်တော်တူနေပါသည်။ မဖြစ်သင့်ပါ။

"ဈ" မျဉ်းဆွဲ
မကောင်းတော့ပါ။ ကွဲကြ ပြဲကြပြီး မျဉ်းများ "စွဲ"လာကြ၊ "ဆွဲ"လာကြသည်။ သူ့မျဉ်း ကိုယ့်မျဉ်းစသည်တို့ဖြင့် သူသူငါငါ အတ္တလည်း ကဲလာကြတော့ သည်။
ဗျည်းတစ်လုံးရေးရာမှာ ပေတံလိုနေသလိုလည်း ခံစားရပါသည်။ လုံးဝ မဖြစ်သင့်ပါ။

"ည"
ဤမျှဆို စာရှူသူတို့ သဘောပေါက်ပြီဟု ယူဆမိပါသည်။
"စ" လုံး။ အစမှာ စည်းစည်းလုံးလုံး ရှိကြသည်။
"ဆ" လိမ်။ စ လို့ မကြာမီ မုန်းကြိုးလိမ်လို့ လိမ်လိမ်ကောက်ကောက်ဖြစ် လာသည်။
"ဇ" ကွဲ။ လိမ်ပြီး မကြာမီ သူသူ ငါငါ "ဇ" များ ကွဲကြတော့သည်။
ထို့နောက် "ဈ" မျဉ်းဆွဲ။ ကွဲကြ ပြဲကြပြီး သူ့မျဉ်း ကိုယ့်မျဉ်း ဆွဲလာကြသည်။
ဒီနောက် ဘာရှိသေးသနည်း။
"ည" ရောက်သွားပါတော့သည်။
မီးကလည်း ပျက်နေသည် ဆိုပါတော့......?????




"ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ" အုပ်စုကတော့ ကျနော့် ဉာဏ်မမီလောက်အောင် ရှုပ်ေ ထွးသော အုပ်စုဖြစ်နေသဖြင့် လက်ရှောင်လိုက်ပါသည်။ အပြင်မှာ ချရေးပါ ဆိုလျှင် ဤအုပ်စုကို မှန်အောင်ပင် မရေးတတ်ပါ။ ကိုယ်မပိုင်သော ဘာသာ ရပ်ကို လူလယ်၊ လူတတ် ဝင်မလုပ်တာက စိတ် မချမ်းမြေ့ဖွယ် ကွန်မင့်များ အန္တရာယ်မှ ကင်းဝေးစေနိုင်ပါသည်။ စိတ်ကူးပေါက်ရင် ဆက်ပါမည်၊ မပေါက်ရင် မဆက်ပါ။ ဤမျှဖြင့်ပင် ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ကို ပြင်မှရ မည် ဆိုသည်က တောင်ကြီးတစ်တောင် လုံး နေ့ချင်းညချင်း မြေပြင် ညီဖြစ်သွား သလို သိသာလှပြီ ဖြစ်ပါသည်။

တိုးတက်ပွင့်လင်းတဲ့ မွတ်စလင် နိုင်ငံဆိုတာ


မေး။ ။ နောက်ပြီးလတ်တလော လူမျိုးရေး ရောနှောမှုနဲ့ပတ်သတ်တာက မလေးရှားဟာ အစ္စလာမ်ဘာသာရေးဖက်ကို ပိုပိုပြီးယိုင်လာနေတဲ့အချက်ပါ။
ဖြေ။ ။ အဲဒါ အရှေ့အလယ်ပိုင်းရဲ့လွှမ်းမိုးမှု။

မေး။ ။ဒါဆိုရင် တိုးတက်ပွင့်လင်းတဲ့မွတ်စလင် နိုင်ငံဖြစ်လာနိုင်ဦးမလား။
ဖြေ။ ။ဒါကိုမင်းတို့က ယုံကြည်သလား။ ဒါနဲ့တိုးတက်ပွင့်လင်းတဲ့ မွတ်စလင် နိုင်ငံဆိုတာ ဘာကိုပြောတာလဲ။

မေး။ ။ ကမ္ဘာကြီးနဲ့ ဆက်သွယ်တာ၊ အိုင်ဒီယာအသစ်တွေကိုလမ်းဖွင့်ပေးတာ။
ဖြေ။ ။ မင်းဆိုလိုတာက သူတို့ခေါင်းစွပ်တွေကို ချွတ်လာကြမယ်၊ အမျိုးသားနဲ့ အမျိုးသမီး လက်ဆွဲနှုတ်ဆက်၊ စားသောက်ဆိုင်မှာ အတူထိုင်၊ မွတ်စလင် မဟုတ် သူက ဘီယာသောက်၊ မွတ်စလင်က သူနဲ့အတူတူထိုင်ပြီး ကော်ဖီသောက်၊ ဒီလိုလား။

မေး။ ။ ဒီလိုမဟုတ်ပေမဲ့ ဆော်ဒီအာရေးဗျထက် တူရကီနဲ့တော့ ပိုတူလာနိုင် တယ် မဟုတ်လား။ အထိုက်အလျောက် ပွင့်လင်းလွတ်လပ်၊ နိုင်ငံတကာ တန်း ဖိုးတွေကို အသိအမှတ်ပြု၊
ဖြေ။ ။ မဖြစ်နိုင်ပါဘူး။ မလေးရှားဟာ မလေးမွတ်စလင်နိုင်ငံပဲဖြစ်မယ်။ အရင်တုန်းက ဒီလောက်တင်းတင်းကျပ်ကျပ်ကြီး မဟုတ်ဘူး။ အခု အရှေ့ အလယ်ပိုင်းနိုင်ငံတွေရဲ့လွှမ်းမိုးမှုကြောင့်ပိုပြီးတင်းကျပ်လာနေတယ်။ အရင်က ညစာစားပွဲတွေမှာ အသောက်အစားတွေ ဘာတွေနဲ့ဧည့်ခံတယ်။ ငါ မလေးရှား ကို ရောက်တယ်ဆိုရင် တန်ကုက သူ့မိတ်ဆွေတွေကိုပါ ဖိတ်ပြီး ၀ီစကီတို့ ဘရန် ဒီတို့နဲ့ဧည့်ခံတယ်။ အခုဆိုရင် အချိုရည်ထည့်ပြီး ဖန်ခွက်ချင်း တိုက်နေကြတယ်။

အစ္စလမ်အကြမ်းဖက်မှု နောက်ခံ


၁။ ယူနီဗာဆယ်လစ်ဇင်နဲ့ အစစသာလွန်နေတဲ့ ခရစ်ယန်နယ်ချဲ့မှုကြောင့် မွတ်စလင်ဘာသာရေးအဖွဲ့တွေ စုစည်း၊ အားကောင်းလာ။
၂။ အင်္ဂလိပ်တတ် ပြည်ပမွတ်စလင်ပညာရှင်တွေက ပြည်တွင်းမွတ်စလင်ပညာ ရှင်တွေကို အစွန်းရောက်နေပြီလို့ပြော။
၃။ ပြည်တွင်းမွတ်စလင်ပညာရှင်တွေက အင်္ဂလိပ်တတ် ပြည်ပ မွတ်စလင်ပညာ ရှင်တွေကို လူဖြူရဲ့ ကပ္ပလီလို့ခေါ်။
၎။ ကိုရန်ကျမ်းတတ်တွေက ဦးဆောင်တော့ လူငယ်ထုကြီး အုံနဲ့ကျင်းနဲ့ပါလာ။
၅။ သေရတာက လူငယ်တွေ၊ ခေါင်းဆောင်စည်းရုံးသူ ပညာတတ်တွေက အသေ မခံ၊ (အမေရိကန်တွေ ရှာသတ်မှသေ)
၆။ အစတော့ ကိုယ့်ယဉ်ကျေးမှုကို ကာကွယ်ဖို့၊ တဖြည်းဖြည်းနဲ့ သူများ ယဉ်ကျေးမှုကို တိုက်ခိုက်ချေမှုန်းဖို့။
၇။ နောက်ဆုံး ဘာသာရေးအတွက် အသက်ပေးရတာကို ဂုဏ်ယူပြီး အသေခံ အကြမ်းဖက်သမားတွေဖြစ်။
၈။ သူတို့ကို မထောက်ခံတဲ့ ကျန်တဲ့မွတ်စလင်တွေကိုပဲ သူတို့က ရန်သူသတ်မှတ်။

မြန်မာပြည်ရော ဘယ်လိုလဲ။ ၁ ကနေ ၈ အထိ ဘယ်လောက် ကွဲနေမလဲ။
နံပါတ် ၈ က ကြောက်စရာအကောင်းဆုံး၊ ညီညွတ်ရေးကို အန္တရာယ်ပေးတယ်။

သင်ပုန်းကြီးသင်ရင်


မဆလ
မထသ
မယက
မဘသ
ကလေးတွေ သင်ပုန်းကြီးသင်ရင် အသုံးကျတယ်။ စာလုံးပေါင်းရတာ လွယ်တယ်။

နိုင်ငံရေး နဲ့ ဘာသာရေး


အရှင်ဘုရားတစ်ပါးက နိုင်ငံရေးလုပ်တတ်တယ်။
နောက် အရှင်ဘုရားတစ်ပါးက နိုင်ငံရေးမလုပ်တတ်ဘူး။
ဒါနဲ့........
အရှင်ဘုရားတစ်ပါးစကားက နိုင်ငံရေးဖြစ်ပြီး ဘာသာရေးလိုလို..........
နောက် အရှင်ဘုရားတစ်ပါးစကားက ဘာသာရေးဖြစ်ပေမဲ့ နိုင်ငံရေးဖြစ်သွားရော............။