ပြန်ချင်တဲ့ ကွန်မင့်များ ( ၁၀ )


" hard truths ဆိုတဲ့အတိုင်းသူပြောသမျတွေဟာ နားဝင်ဆိုး နိုင်ပေမယ့် အမှန်တွေကြီး ပဲ၊" မမေဇင်ရဲ့ ကွန်မင့်တစ်ပိုင်းပါ။

" ဒီစာက " Hard Truths " ထဲက မဟုတ်ပါဘူး။ တစ်ပတ်ကျော် သူ ဆေးရုံ မတက်ခင် စနေနေ့က အင်တာဗျူးပါ။ " ( ကမ်းလက် )

စိတ်မကောင်း ဖြစ်မိပါတယ်။ ကြိုတင် အသိမပေးတော့ Hard Truths လို့ပဲ ထင်သွားစရာ ရှိပါတယ်။

ပုံနှိပ်ထုတ်ဝေခွင့်ကိစ္စနဲ့ ပတ်သက်ပြီး " Hard Truths " နားဝင်မချို အင်တာ ဗျူး မတင်ဖြစ်တာ နှစ်ပတ်ကျော်သွားပါပြီ။ စောင့်ဖတ်သူတွေ သတိထားမိနိုင် မယ် ထင်ပါတယ်။

ဒီအကြောင်း ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ခဲ့ဘူး။ ကျနော် သိရသလောက် မြန် မာပြည်တွင်းထဲမှာတော့ စာအုပ်ကောင်းရင် ကောက် ဘာသာပြန်ပြီး ထုတ် လိုက်ကြတာပဲ။ မူရင်း စာရေးသူ၊ ထုတ်ဝေသူတွေဆီက ခွင့်ပြုချက်တွေ လည်း အများအားဖြင့် ( အများအားဖြင့် ဆိုတာ အားနာလို့ပြောတာပါ ) ယူ မနေကြပါဘူး။ အယ်ဒီတာ တစ်ယောက်ကတောင် ပြည်တွင်းမှာထုတ်ဝေတာ ဘယ်သူ့ဆီကမှ ဖြန့်ချီခွင့်တောင်းစရာ မလိုဘူး ပြောနေပါသေးတယ်။

ဒါပေမဲ့ ကျနော့်ပုံစံက တစ်မျိုးပါ။ ကိုယ်ကလည်း စင်္ကာပူမှာ ရှိနေတယ်၊ ခွင့်ပြုချက်တောင်းဖို့လည်း လက်လှမ်းမီတယ်၊ အက်သစ်ကယ်လည်း ပိုဖြစ် တယ်ဆိုပြီး လီကွမ်းယုဆီရယ်၊ မူပိုင်ဖြစ်တဲ့ SPH ( Singapore Press Holding ) ဆီရယ်ကို ပုံနှိပ်ထုတ်ဝေခွင့် တောင်းခဲ့ပါတယ်။ တစ်ခုခုဆို ကိုယ့် ပတ်ဝန်းကျင်က စလုံးတွေပါ အရှက်ရစရာ ခိုးယူမှုဖြစ်နေလို့လည်း ပါဝင် ပါ တယ်၊ ပြည်တွင်းမှာဆိုရင်တော့ လုပ်မနေပါဘူး၊ အက်သစ်ပြောပြော ဘာပြောပြော။ လီကွမ်းယုရုံးက မီးစိမ်း ချက်ချင်းပြပေမဲ့ SPH ( Singapore Press Holding ) ကတော့ သူတို့လိုချင်တဲ့ ပုံစံနဲ့ ကျနော့်စိတ်ကူး ထပ်တူ မကျလို့ ဆက်ညှိရမယ့်သဘော ရှိနေဆဲပါ။

ဒီလထဲမှာ
၁ ။ ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည် ( စင်္ကာပူလာသင့် မလာသင့် အပါအဝင် )
၂ ။ လီကွမ်းယုရဲ့ နားဝင်မချိုတဲ့ အမှန်တရားတချို့
၃ ။ ဆရာ မောင်စိမ်းနီ ( ပိတောက်ပွင့်သစ် အယ်ဒီတာချုပ် )၊ ဆရာသစ္စာနီ တို့ ကဗျာရှည်နှစ်ပုဒ်နဲ့ ကျနော့်ရဲ့ သစ္စာနယ်အဝင် ခရီးကြမ်း ကဗျာ ရှည်ပေါင်းပြီး ကဗျာရှည်သုံးပုဒ် စုစည်းမှု ကဗျာစာအုပ်ရယ် ထွက်နိုင်ဖို့ ကြိုး စားခဲပေမဲ့ လီကွမ်းယုရဲ့ နားဝင်မချိုတဲ့ အမှန်တရားတချို့ကြောင့် အား လုံး နှောင့်နှေးခဲ့ရပါတယ်။

အထက်က ကိစ္စ ပြန်ဆက်ရရင် ဒီ စာအုပ်ထုတ်ဝေရာမှာ စာရေးသူ ရသင့်တဲ့ စာမူခ ထည့်မတွက်ဘဲ ဖြန့်ချီမယ်ဆိုတဲ့စကားဟာ အင်တာနေရှင်နယ်ဘောင် နဲ့ နည်းနည်း ကွဲလွဲနေပါတယ်။ ယုံကြည်ဖို့ ခက်နေတာလည်း ပါပါလိမ့်မယ် ။ မြန်မာတစ်ယောက် အနေနဲ့ကတော့ လွယ်လွယ်လေးပေါ့။ စာရေးသူက ၁၅ သို့၂၀ ရာခိုင်နှုံးဆိုပါတော့။ ၂၀၀၀ ကျပ်တန် စာအုပ် တစ်ထောင်ကုန် လို့ လေယာဉ်စရိတ်၊ သွားလာစရိတ်တောင် မကျေပါဘူး။ အဲဒီကိစ္စ ရှင်းနိုင် ရင်တော့ အဆင်ပြေကောင်းပါရဲ့လို့ စိတ်ကူးမိချိန်........

တရုတ်နဲ့ ရုရှားတို့က ဒီ Hard Truths ကို ဘာသာပြန်ခွင့်ပြုဖို့ သံရုံးကနေတောင် တဆင့် တောင်းဆိုကြတယ်လို့ သိလာရပြန်ပါတယ်။ အဲဒါကျတော့ ကိုယ်မလုပ်နိုင်၊ မလုပ်ချင်တဲ့ကိစ္စဖြစ်သွားတယ်။
ဒါနဲ့ပဲ Hard Truths နဲ့ ကျနော်နဲ့လည်း " ရွှေပြည်တော် မျှော်လေတိုင်းဝေး " ဖြစ်ရပြန်ပါရော။ အဆင်တော့ ပြေသွားကောင်းပါရဲ့။

ဒါ့ကြောင့် အသိတချို့ကပြောတယ်။ "အရစ်ရှည်တာ၊ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ရိုက်ထုတ်လိုက်ရင် စာအုပ်ဖြစ်နေ ပြီ " တဲ့။
သူတို့ပြောတာလည်း ဟုတ်သလိုလို။
ဒီ Hard Truths နားဝင်မချိုကို အွန်လိုင်းပေါ်မှတော့ ဆက်တင်သွားမှာပါ


ဇင်ဝေသော် 

ကိုရွှေဂျပန်ရဲ့ အားနာတတ်မှု


ကားဂိတ်ထဲကနေ အမောတကော ထွက်လာပြီး နာရီကို ကြည့်မိတော့ရထား ထွက်ဖို့က မိနစ်ပိုင်းပဲလိုတော့တယ်ဆိုတာ သိရတော့တယ်။ အပြေးအလွှား လှမ်းကြည့်မိတော့ စီးရမယ့် ဘတ်စ်ကားလည် မမြင်၊ တက္ကစီကိုလည်း မတွေ့ ရဘူး။ ဒါနဲ့ ကားပါကင်ထဲမှာ ရှေတိုးနောက်ဆုတ်လုပ်နေတဲ့ မာစီးဒီး အနက်ရောင် ကားတစ်စီးကိုတွေ့ရလို့ အကူအညီတောင်းမိတယ်။

" ဘူတာဖက်များလမ်းကြုံရင် လိုက်ခဲ့ပါရစေ၊ ရထားမီဖို့ အမြန်လိုနေလို့ပါ "

ကားမောင်သူက ဂျပန်လူမျိုးပါ။ ကျနော့်စကားကိုကြားပြီး သူတုန့်ပြန်မှုက ဇဝေဇဝါမို့ ကျနော့်အင်္ဂလိပ်ကိုနားမလည်ဘူး ထင်လို့ ဖြည်းဖြည်း ထပ်ရှင်းပြမိ တယ်။
ပြီးတော့မှ သူက "တက်" ဆိုတဲ့ အမူအယာပြလို့ သူ့ကားပေါ်တက်လိုက်မိ တယ်။ ကံကောင်းလို့သာပေါ့။ စီရမယ့်ရထားက မီတယ်ဆိုရုံလေး။ ဒါနဲ့ သူ့ကို ကျေးဇူးစကားပြောလိုက်တယ်။

" ကျေးဇူးအများကြီး တင်ပါတယ်၊ ခင်ဗျားသွားမယ့်လမ်းနဲ့ ဒီဘူတာက ဆန့် ကျင် ဖက်ကြီး ဖြစ်မနေပါစေနဲ့လို့ မျှော်လင့်မိပါတယ် "

ဒီတော့မှ ပါဖက်ဖြစ်တဲ့ အင်္ဂလိပ်အသံထွက်နဲ့ ကျနော့်ကို ပြန်ပြောတယ်။
" မဖြစ်ပါဘူး၊ စိတ်မကောင်းမဖြစ်ပါနဲ့။ ကျနော်က ကား ပါကင်ထိုးမလို့ လုပ်နေတာပါ " တဲ့။
( အဖြူကောင် အမေရိကန်တစ်ယောက်က ရေးထားတာမို့ ဂျပန်တွေ အားနာ တတ်တယ်ဆိုတဲ့စကားကို ထပ်ပြီး အားဖြည့်ပေးနေသလိုပဲ )
Ref: R.D, Oct, 2011.


 ဇင်ဝေသော်

လီကွမ်းယုပြောပြတဲ့ မြို့တော်အင်္ဂါရပ် ခြောက်ခု ( ၁ )


( ဒီ အင်တာဗျူးကလည်း သူတို့ပြောနေကြတဲ့ စက္ကူဖြူစီမံကိန်းနဲ့ ဆက် စပ်နေပုံတော့ရပါတယ်။ နိုင်ငံရေးဝါရင့်ဆရာကြီးဆိုတော့ ခပ်ပါးပါး ပဲ ထောက်ပြသွားခဲ့တာလို့ မြင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ မြို့တော်အင်္ဂါရပ် ကိုတော့ သဘောကျလို့ တင်ပေးလိုက်ပါတယ် )

၁။ လုံခြုံစိတ်ချရမှု
မြို့တွင်းထဲမှာ ဘယ်သွားသွား၊ ဘယ်အချိန်သွားသွား စိတ်ထဲမှာ လုံခြုံစိတ် ချ နေရမယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ လှပနေနေ လုံခြုံမှုမရှိရင် အဓိပ္ပါယ် မရှိဘူး။ နယူးယောက် စင်ထရယ်ပါ့က် (Central Park) ကို ငါ ရောက်ခဲ့တယ်။ စိတ်ထဲမှာ လုံခြုံတယ်လို့ မခံစားခဲ့ရဘူး။
ပြည်ထဲရေးကိစ္စမှာ ရဲတွေက ထိထိရောက်ရောက် အလုပ် လုပ်နိုင်ရမယ်။ ဒါပေမဲ့ ရဲတွေကို နေရာတိုင်းမှာ မမြင်စေရဘူး။ စင်္ကာပူမှာ ရဲစခန်းတွေ ရှိ တယ်။ အဲဒီစခန်းက ရဲဝန်ထမ်းတွေဟာ သူတို့ ပတ်ဝန်းကျင်က လူထုကို သိနေရမယ်။ လူစိမ်းဝင်လာရင်လည်း ဝင်လာမှန်း သိနေရမယ်။ ဒါဆိုရင် ရာဇဝတ်မှုတွေကနေ ကာကွယ်ရာမှာ ပိုပြီး လွယ်ကူသွားမယ်။ မင်းက ဒီရပ် ကွက်က လူ မဟုတ်ဘူးဆိုရင် ရဲဝန်ထမ်းတွေက ဒီရပ်ကွက်က မဟုတ်မှန်း တန်းပြီး သိတယ်။
ဒီနေ့ အမျိုးသမီးတစ်ယောက်ထဲ မနက် (၃) နာရီ ထပြီး အပြေးလေ့ကျင့်ခန်း လုပ်လို့ရတယ်။ သူ့ကို ဘယ်သူကမှ မဟားဒယား မလုပ်ရဲဘူး။ အဲဒါ မြို့တော်တစ်ခုရဲ့ အဓိက လိုအပ်ချက်ပဲ။

၂။ ကျယ်ကျယ်ပြန့်ပြန့် ရှိမှု

အရင်ဆုံး ဟောင်ကောင်ကို ကြည့်၊ လူဦးရေက ထူထပ်ပြီး အဆောက် အ အုံ မြင့်မြင့်ကြီးတွေနဲ့၊ လမ်းပေါ်မှာလည်း နေရောင် မရ၊ မြတ်ခင်းစိမ်းတွေ လည်း မရှိ။ ဒါနဲ့ စင်္ကာပူမြို့တော် စီမံကိန်းစတော့ အရင် တစ်မြို့လုံးက အဆောက်အအုံတွေ အားလုံး ဖြိုချပြီး အသစ် ပြန်ဆောက်ကြတယ် ။ ဟောင်ကောင် လို မဟုတ်ဘူး။ တို့က အိမ်တွေကို ဖြန့်ပြီး ဆောက်တယ်။ အိမ်တွေကြားမှာ မြက်ခင်းစိမ်း (သို့မဟုတ်) ကစားကွင်းတွေ ရှိနေတယ်။ ဥပမာ East Cost က Parkway ဆောက်ထားတာကို ကြည့်။ အဲဒီဘေးမှာ သစ်ပင်၊ မြက်ပင်တွေ စိုက်ဖို့ နေရာအလွတ်တွေ ချန်ထားတယ်။ ဒီမူကို စင်္ကာ ပူက ဆက်ထိန်းထားရမယ်။ တို့လည်းအဆောက်အအုံ မြင့်မြင့်တွေတော့ေ ဆာက်ရမှာပဲ။ ဒါပေမဲ့ သိပ် ကပ်ပြီး ဆောက်လို့တော့ မရဘူး။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ကစားကွင်းတွေ၊ အပန်းဖြေစရာ နေရာ လွတ်တွေ ရှိနေမှ ရမယ်။ ဘယ်လောက်ပဲ တိုးတက်ခေတ်မီတဲ့ မြို့တော် ဖြစ် ပါစေ ဒါမျိုးတွေ ရှိနေမှ ရမယ်။ လက်ရှိ အစိုးရ ရင်ဆိုင်ရမယ့် ပြဿနာက ဒီပြဿနာပဲ။

၃။ သက်ဝင်လှုပ်ရှားမှု

မြို့တော်တစ်ခုဟာ သက်ဝင်လှုပ်ရှားနေရမယ်။ အဓိက ကူးသန်းသွားလာရေး ပဲ။ ကားလမ်းတွေ ပိတ်ကြပ်နေရင် ဘာမှ လုပ်လို့ မရတော့ဘူး။ သက်သေ သာဓကအနေနဲ့ ဘန်ကောက်ကို ကြည့်။ ကားလမ်း ပိတ်မိနေပြီဆိုရင် နာရီပေါင်းများစွာ ကြာတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းကတော့ ကားတင်သွင်းမှု အရေအတွက် ကန့်သတ်ထားဖို့ပဲ။ ဒါဆိုရင် တစ်နာရီကို အနည်းဆုံး (၂၅) မိုင်တော့ မောင်းလို့ ရမယ်။ ပြီးတော့ လူထုသုံး ဘက်စ် ကားတွေ၊ ရထားတွေရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးရမယ်။

ဘက်စ်ကားတွေကို သုံးမလား၊ မြေအောက်ရထားတွေကို သုံးမလားနဲ့ ပတ် သက်လို့ ငါတို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရဖူးတယ်။ ငါကတော့ ဈေးသက် သာလို့ ဘက်စ်ကားကို ပို သဘောကျတယ်။ နောက်ဆုံး ငါတို့ယုံကြည် သဘောတူညီမှု ရလိုက်တာကတော့ မြေအောက်ရထားက အကုန်အကျ များပေမဲ့ လမ်းပေါ်က ကားရှုတ်ထွေးမှု ပြဿနာကို လျော့ပါးသွားစေနိုင်လို့ ဒါကို အသုံးပြုကြဖို့ပဲ။

၎။ သန့်ရှင်းမှု

မလေးရှားဘက် ရောက်ရင် ခြုံပုတ်တွေပေါ် စွဲနေတဲ့ ကြက်ခိုးလို၊ စက်ဆီချေး လိုဟာတွေကို တွေ့ရတယ်။ ဒါကြောင့် ငါတို့ကားတွေ အားလုံးကို ဥရောပ စံချိန် အတိုင်း မီနေအောင်ထားဖို့ ဆုံးဖြတ်ခဲ့ကြတာ။ မလေးရှားဘက်က အိတ်ဇောတွေ သိပ်ထွက်နေတဲ့ကားတွေဆို စင်္ကာပူထဲ အဝင်မခံဘူး။
ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း စာနာ နားလည်ရမယ်။ ဆူညံတာတွေ၊ အမွှေးတိုင် ထွန်းတာတွေ၊ ပြီးတော့ ပြာမှုန့်တွေ သာမန်တလင်းပေါ် လွင့်ပျံ့ နေတာမျိုးတွေကို ရှောင်ကြည်ရမယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အမြဲစာနာ တတ်ရမယ်။

ငါ အိုဆာကာကို သွားတော့ စက်ရုံတွေဆီကလာတဲ့ စက်ဆီနံ့တွေ လှိုင်နေ တာပဲ။ ဒါနဲ့ ငါလည်း မဖြစ်ဘူး။ စင်္ကာပူလို ကျွန်းပေါက်စပေါ်မှာ ဒါမျိုးတွေ အဖြစ် မခံနိုင်ဘူးလို့ တွေးလိုက်မိတယ်။ ဒါကြောင့် စက်ရုံတွေဆိုရင် စက် ရုံတွေရှိရမဲ့ နေရာတွေမှာပဲ စည်းကမ်းတကျ ရှိနေရမယ်။ ဒါမှ လေထုသန့်ရှင်း မှု့ ရှိနေမယ်။ လေထုကအစ ညစ်ညမ်းနေရင် နေချင်စရာ မြို့တော်တစ် ခု ဖြစ်မလာနိုင်ဘူး။
( ဆက်ရန် )


ဇင်ဝေသော်

ဝိဉာင်များနှင့် ကခုန်ခြင်း


" ဒီကွန်ပြူတာနဲ့ ဟိုဟိုဒီဒီ ဝက်ဘ်ဆိုက်တွေ ဝင်မကြည့်ရင် အင်တီ ဗိုင်းရပ်စ် လည်း ထည့်စရာ မလိုပါဘူး "
" ဘာကြောင့်လဲ "
" အင်တီဗိုင်းရပ်စ် ထည့်လိုက်မှ ဗိုင်းရပ်စ်ကို လမ်းပြခေါ်မိသလိုဖြစ်နေဦးမယ် " ဟု ဆင်းတဲလ်ကနည်းပညာရှင် သောကြာနေ့ က ရောက်လာပြီး ပြောပြ သည်။

အိုင်တီကို သိပ် မသိသည့်အတွက် ပုံသေးကားချတော့ မဆိုဝန့်၊ ယုတ္တိတော့ ရှိသည်ဟုထင်သည်။ စိုးရိမ်လွန်ပြီး ဗိုင်းရပ်စ်ကို ကာကွယ်လိုက်မိမှ ထိုမှ တဆင့် ဗိုင်းရပ်စ်လမ်းပေါက်သွားနိုင်သည်။
ကြုံတွေ့နေရသော ဘာသာရေးနယ်မှာတော့ ဤ အတိုင်းဖြစ်နေသည်။ ဘေး အန္တရာယ် ကာကွယ်ဖို့ဆိုပြီး ဟိုအဆောင်၊ ဒီအဆောင်၊ ဟိုအင်း၊ ဒီအင်း စသဖြင့် ဆောင်ထားတတ်ကြသည်။ အမှန်တကယ် သဘာဝလွန်ပြဿနာ များ ကြုံတွေ့ရတတ်သည်ကလည်း ထိုပုဂ္ဂိုလ်များသာ ဖြစ်နေတတ်သည်။ ထူးဆန်းတာ မြင်ရ၊ ကြားရ ရှုပ်လှသည်။ သာမန် ဘုရား၊ တရားနဲ့နေသူ များ မှာ ဤ အဖြစ်မျိုး မကြုံရတတ်။

ဤ အကျင့်က တရုတ်၊ မြန်မာ၊ ထိုင်း အာရှသားတိုင်းမှာလိုလိုရှိသည်။
တလောက တရုတ် ဒကာမတစ်ယောက်အိမ်မှာ အရိပ်လိုလိုတွေ မြင်ရ၊ ကြားရသည်ဟုဆိုသဖြင့် သူ့အိမ်သို့ သွားရာ ရှုပ်ထွေးလှသော ဘုရားစင် ကိုတွေ့ရသည်။
ဘယ်နိုင်ငံကမှန်းမသိသော ဘုန်းကြီးပုံ၊ လူပုံများလည်းရှိ၏။ လက်ဖွဲ့များ၊ အဆောင်များလည်းရှိ၏။ ဘုရားဘေးမှာ ရှုပ်လှသည်။
သူမကိုမေးရာ အန္တရာယ်ကင်းအောင်ဆိုပြီး အသိမိတ်ဆွေများက လက်ဆောင်ပေးထားသည်ဟု ဆိုချေ၏။

ဘာဖြစ်ဖြစ် ဘုရားဆင်းတုတော်ကလွဲရင် လွှင့်ပစ်လိုက်ဟု ဆိုရာ ကြောက်၍ မလုပ်ရဲပါဟု ဆိုလာ၏။ ဘာကိုကြောက်တာလဲဟု ဆက်မေးရာ အရုပ်စောင့် ဝိဉာင်တွေက တစ်ခုခုလုပ်မှာကို ကြောက်တာဟု ဖြေပြန်၏။

ဒါနဲ့များ ဘုရားစဉ်ပေါ်တင်ထားရသလားဟု တွေးမိသေးသည်။ ဒါနဲ့
" လွှင့်ပစ်တဲ့အခါ ဒီဘုန်းကြီးက ခိုင်းလို့ပစ်ရတာပါ၊ မကြေနပ်လို့ တစ်ခုခု လုပ်မယ်ဆို အဲ့ဒီဘုန်းကြီးပဲ သွားလုပ်ပါ၊ လိပ်စာပါ ရွတ်ပေးပါမယ်။ ကျမကိုတော့ ဘာမှ မလုပ်ပါနဲ့ ဆိုပြီး လွင့်ပစ် " ဟု ခပ်သောသော ပြောလိုက်ရာ
" တကယ်လား၊ အဲသလိုဆိုလုပ်ရဲတယ် " ဆိုပြီး ရှိသမျှ အားလုံး အမှိုက်ပုံးထဲ ထည့်လေတော့သည်။ ဘေးက သီရိလင်္ကာရဟန်းငယ်ကတော့ ပြုံးလို့ သာနေ၏။

သူမကို အရင်တပတ်ကတွေ့လို့ မြင်သေး၊ ကြားသေးလားဟု မေးရာ မမြင်၊ မကြားတော့ပါဟုဆိုသည်။ ထိုမှ သီဟနာဒလည်း သက်ပျင်းချနိုင်တော့သည်။
မည်သည့် ဝိဉာင်ကမှ ကျောင်းလာပြီး ကွန်ပလိန်းမတက်သည့်အတွက် သူတို့လည်း ကျေနပ်ပုံတော့ရသည်ဟု ယူဆမိသည်။ ပျော်ရွှင်သူထံမှာ ကွန် ပလိန်းမရှိ၊ မပျော်ရွှင်သူထံမှာသာ ကွန်ပလိန်းရှိတတ်သည် မဟုတ် ပါလော။


သီဟနာဒ

သား သမီး ရတနာ


တစ်ရက်တည်းမှာပဲ Germany: A land without children? ဆိုတဲ့ ဆောင်း ပါးနဲ့ အမေရိကန် မိခင်တစ်ယောက်က ကလေးအမွှာပူး နှစ်ပူး မွေးတဲ့သတင်း အပြိုင်ပါလာတယ်။ လေးယောက်မွေးတာတောင်မဟုတ်ဘဲ ပုံစံတူ နှစ်မွှာမို့ သန်း ၇၀ မှာ တစ်ကြိမ်သာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။
မနေ့က ဟောင်ကောင်ရဲ့ လူဦးရေပြဿနာ အကြောင်း ပါမောက္ခ တစ်ယောက်က စင်္ကာပူရဲ့ စက္စူဖြူစီမံကိန်းနဲ့ နှိုင်းယှဉ် ရေးသားထားတာ လည်း ဖတ်လိုက်ရတယ်။ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေက လူတွေဟာ ကလေး မယူချင်ကြတော့ဘူးထင်ပါရဲ့။

ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေ ရှုံးခဲ့ရသလို အခု စိုးရိမ်နေရတဲ့ လူဦးရေထိမ်း သိမ်းမှု စနစ်မှာလည်း အမေရိကန်တွေကပဲ နိုင်မယ့်သဘောရှိနေတယ်။
သူများက တစ်ကြိမ်တစ် ယောက်ပဲ မွေးနေချိန် သူတို့က တစ်ကြိမ်ထဲ လေးေ ယာက်မွေးလိုက်တော့ သူများတွေ တော်တော်လိုက်ယူရမယ့် သဘော။ ဟို ဘေဘီဘုန်းမားခေတ်မှာ မထူးဆန်းပေမယ့် နိုင်ငံတိုင်း လူဦးရေပြဿနာ ကြုံတွေ့နေရချိန် လေးယောက်မွေးလိုက်တာဆိုတော့ တော်တော်တန်ဖိုးရှိမယ်။

အနာဂတ် ဒီမိုဂရပ်ဖစ် ပြဿနာနဲ့ ပတ်သက်လို့လည်း ကံဇာတာက အမေရိ ကန်တွေဖက်မှာ ရှိနေပုံ ရပါရဲ့။
ဒီကြားထဲ သူများကလေးတွေကို မွေး စားတဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး ဂျိုးလီရဲ့ ဝါသနာက သိပ် မသေးလှဘူး။ လာမယ့် အနှစ် ၂၀မှာ ဂျာမဏီ မလွယ် ဘူး။ ကိုယ်က ကလေးမယူချင်ရင်နေ ဂျိုးလီလို သူများကလေးတွေ ကို မွေး စားတဲ့ဝါသနာပါတဲ့ ရုပ်ရှင်မင်းသမီးရှိရင် ခံသာဦးမယ်။


ဇင်ဝေသော်