ပြန်ချင်တဲ့ ကွန်မင့်များ ( ၁၁ ) ဂျပန်ကမြန်မာကိုပေးနေတဲ့ ခံစားချက်လျော်ကြေး


" လေးစားဖို့တော့ ကောင်းပါတယ်.. ဒါပေမယ့် အဖြူကောင်နေရာ မှာ အေး ရှန်း တစ်ယောက် ဆိုရင်ရော.. ဂျပန်က အားနာပါမလား မသိဘူးနော်.." ဆိုတဲ့
နန်းဖြူဖြူရဲ့ လေးစားစရာ သံယက ဂျပန်နဲ့ မြန်မာအကြောင်း ဆောင်းပါးတို တစ်ပုဒ် ရေးဖြစ်စေခဲ့ပြန်ပါတယ်။

ဒုတိယကမ္ဘာစစ်ဖြစ်တော့ နေမဝင်အင်ပါယာထောင်ချင်တဲ့ ဗြိတိသျှတွေ လည်း အသက်ပေါင်းများစွာပေးခဲ့ရတယ်။ ဒါပေမဲ့ ပေးခဲ့ရတဲ့အသက်တွေက သာမန်စစ်သားတွေနဲ့ ဆင်းရဲသားလူတန်းစားတွေ များနေတယ်။ စစ်ကြီးပြီးတော့ အရာရှိကြီးပိုင်းနဲ့ လူချမ်းသာ အသိုင်းအဝိုင်းက ဒီအတွက် အပြစ်ရှိသလိုလို ခံစားကြရတယ်။ သာမန်လူတန်းစား ကို ပြန်ပေးရ မယ့်ေ လျှာ်ကြေးတွေလည်း ရှိတယ်ပေါ့။ ဒီ ခံစားချက်ကပဲ လေဘာပါတီကို အား သစ်သွေးပေးခဲ့တယ်လို့ ဖတ်ရဖူးပါတယ်။ ဖြစ်လည်း ဖြစ်နိုင်ပါတယ်။

အဲသလိုပါပဲ မြန်မာတွေနဲ့ ပတ်သက်ရင် ဂျပန်အများစုက ကမ္ဘာစစ်အတွင်းက သူတို့ ပြစ်မှုတွေအတွက် ပေးဆပ်စရာရှိတယ်လို့ ခံယူကြဆဲပါ။ ကျနော်လက် လှမ်းမီသလောက်တော့ ဂျပန်နဲ့ပေါင်းရင် မရှုံးဘူးဆိုတာ သတိထားမိပါတယ်။
ဒီအမြင်က တစ်ဦးချင်းနဲ့ဆိုင်သလို အစိုးရအဆင့်အထိလည်း ပါဝင်ပါတယ်။

အရင်ဆုံး အစိုးရအဆင့်ကို ကြည့်ရအောင်။ ကျနော်တို့ နိုင်ငံပေါ် တင်နေတဲ့ အကြွေးတွေထဲမှာ ဂျပန်တွေ လျှော်ပစ်လိုက်တဲ့အကြွေးတွေ မနည်းဘူး။ ဘယ် အာရှနိုင်ငံက ဒီလောက် စိတ်ကောင်းရှိလို့လဲ။ ( ကမ္ဘာစစ်အတွင်းက သူတို့ ပြစ်မှုတွေအတွက် ပေးဆပ်စရာရှိတယ်လို့ ခံယူကြဆဲပါ )

ယဉ်ကျေးမှုနဲ့ အနုပညာကဏ္ဍ ( စာပေနဲ့ ရုပ်ရှင် ) မှာလည်း ဂျာနယ်ကျော်ဒေါ်မမလေးတို့ခေတ်ကတည်းက ရင်းရင်းနှီးနှီး နီးစပ်မှုခဲ့ကြရှိ တယ်။ မြန်မာတွေ ဂျပန်တွေလောက် ကြိုးစားသလား၊ ဂျပန်တွေလောက် တော်သလား ကလွဲရင် စိတ် ခံစားမှုမှာ တော်တော် ဆင်ကြပါတယ်။ အားနာတတ်တာ၊ " နိုး " ပြောဖို့ ဝန်လေးတတ်တာမျိုးတွေ ပါ။
၁၉၉၀ ခုတွေတုန်းက ကျနော်ကိုယ်တိုင် ဂျပန်တွေနဲ့ ရင်းနီးခဲ့ရဖူးတယ်။ အများစုက ယဉ်ကျေးကြ၊ အားနာတတ်ကြတယ်။ကျနော့် သူငယ်ချင်းတစ်ယောက် ဂျပန်မနောက် ပါသွားတယ်။ သိရသလောက် သမီးလေးတစ်ယောက်နဲ့ သူတို့အိမ်ထောင်ရေးဟာ သာသာယာယာပဲ။

နောက်ပြီး ဂျပန်က တိုကျိုတက္ကသိုလ်မှာ ဒေါက်တာဘွဲ့ယူခဲတဲ့ ( ရွှေမြန်မာ အယ်ဒီတာချုပ်၊ စာ ရေးဖော်ရေးဖက် ) ဒေါက်တာခင်မောင်လတ်ရဲ့ " တော်တော် ခွကျတဲ့လူ " စာအုပ်ထဲမှာလည်း ဂျပန်ပါမောက္ခ ဘယ်လောက် စိတ်ဓာတ်ကောင်းကြောင်း ထပ်တွေ့ရပြန်တယ်။

ပြီးတော့ ကိုရီးယားမှာ ဒေါ်စုကိုယ်တိုင် တကယ်ပဲပြောခဲ့သလား၊ မီဒီယာ ဖွ ချက်လားတော့ မသိဘူး။စစ်အတွင်းက ဂျပန်ရဲ့ အနာဟောင်းကို ဒုတ်နဲ့ဆွ တဲ့ကိစ္စလေ။ ဒါကို မခံမရပ်နိုင်တဲ့ ကျောင်းသားတစ်ယောက်က ယူကျုကနေ ဝမ်းမင်းရှိုး ရင်ဖွင့်ပါလေရော။ အားလုံးသိကြပါတယ်။

ဂျာမန်တွေဟာ နာဇီရောဂါကို ကုစားဖို့ ( သို့ ) မေ့ပျောက်ဖို့ ကြိုးစားနေ ကြသလို ဂျပန်တွေကလည်း ဖက်စစ်ဝါဒကို ကုစားဖို့ ( သို့ ) မေ့ပျောက်ဖို့ ကြိုးစားနေကြပါတယ်။ ဂျာမန်တစ်ယောက်ဟာ ဟစ်တလာဆိုတဲ့အသံ တစ်ယောက်ယောက်ဆီက ကြားလိုက်တာနဲ့ အဲဒီလူဘေးကနေ ထွက် သွားတော့တယ်။ ဥရောပတစ်တိုက်လုံး ဒီလောက် ဒုက္ခရောက်နေချိန်မှာ ဂျာမန်တွေက ဘာကြောင့်ဒီလောက် ကောင်းပြနေရတာလဲ၊ " ဥရောပ က ဖြုန်း၊ ဂျာမန်တွေကလျော် " လို့တောင် ဆိုစမှတ်ပြုကြတယ်။ အခြား အကြောင်းတရားတွေလည်းပါမှာပေါ့၊ ဒါပေမဲ့ နာဇီရဲ့သမိုင်းကြွေးကို တနည်း နည်းနဲ့ ပြန်ပေးနေတာမဟုတ်ဘူးဆိုတာ ( ဝမ်းနည်းစရာမို့ ဖွင့်မပြောကြပေမဲ့ ) ငြင်းဖို့တော့ ခက်မယ်။

ဂျပန်တွေလည်း အဲသလိုပါပဲ၊ သူတို့ကို ကိုယ်ချင်းစာရင် ( သို့ ) သူတို့နဲ့ ဆက်ဆံရမယ်ဆိုရင် အဲဒီ အနာဟောင်းကို ဒုတ်နဲ့မဆွတာက အပြုသေ ဘာဆောင်နိုင်တယ် ထင်ပါတယ်။ အမေရိက၊ ဥရောပ၊ တောင် ကိုရီယား တို့ဆီ ခရီးစဉ်တွေဆွဲခဲ့ကြတဲ့ ကျနော်တို့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ တိုကျိုကို ဘာလို့များ မရောက်ကြသေးပါလိမ့်လို့ ( အမှတ်မှားရင် ထောက်ပြကြပါ ) တွေးမိရင်း ယူကျုကနေ ဝမ်းမင်းရှိုး ရင်ဖွင့်သွားတဲ့ ကျောင်းသားလေးကို အားနာနေမိတော့တယ်။

တွေ့ကြုံသိ၊ ကြားသိ၊ မြင်သိအရ ကမ္ဘာ့စစ်နောက်ပိုင်း အာရှမှာ မိတ်ဆွေရင်း ပီသတာ ဂျပန်ပဲလို့ ခံစားမိလို့ ဒီလောက်အရှည်ကြီးပြန်မိတာ နားလည်ပေးပါ မနန်းဖြူဖြူ ရေ။

ဒါကတော့ ကျနော်ဖတ်မိတဲ့ ဂျပန်အကြောင်းလေးပါ။

THE EPIDEMIC of extreme politeness in Japan is spreading. Armed robbers are now acting super-nice, to the detriment of their professional standards. Consider two recent cases, forwarded to me by a reader called Hiroto.
1) A man with a knife walked into a bank in Fukuoka Prefecture, and gently asked the teller to hand over all the money. “Certainly, sir,” the teller replied. “Please take a seat.”
The villain sat politely with his knife for ten minutes until police arrived and carted him off. I’m sure all stages of the raid and arrest happened quietly, with voices not rising above a murmur, and everyone bowing to each other the whole time and saying things like: “Our bank is honored to be the site of your esteemed robbery attempt.”

2) In the town of Noto, a woman walked into a store with a bread knife and asked the cashier to hand over the cash. The cashier politely declined. The woman then put the knife away and told the cashier that the police should now be summoned. They waited quietly together until cops arrived, Rocketnews24 reported.
The growing level of politeness in Japan is a problem for officers as well as robbers. When villains don’t threaten staff or take anything, no one knows what to charge them with. “Being a total wacko” is not a crime, as Michael Jackson proved.
ဒါက အင်တာနေရှင်နယ် အသိအမှတ်ပြုမှုလို့ ဆိုရမှာပါ။


ဇင်ဝေသော်
 

သင်္ခန်းစာ


အလုပ်ခန့်ဖို့အတွက် ခေါ်တွေ့တဲ့ အင်တာဗျူးတစ်ခုမှာပါ

အလုပ်ရှင် ။ ။ ဒီအလုပ်ကိုမလျှောက်ခင် အရင်အလုပ်မှာတုန်းက ခင်ဗျား မှားခဲ့တဲ့အမှားတစ်ခုနဲ့ အဲဒီအမှားကို ဘယ်လို ပြုပြင်ယူခဲ့ရတယ် ဆိုတာ တစ်ခုလောက် ပြောပြပေးပါလား။

အလုပ်လျှောက်သူ။ ။ ကျနော့်အမှားကတော့ ကုမ္ပဏီပိုင်ပစ္စည်းကို ခိုးယူ ခဲ့မိတာပါပဲ။

အလုပ်ရှင် ။ ။ ဒီ အမှားကို ဘယ်လိုများ ပြုပြင်ယူခဲ့ပါသလဲ။

အလုပ်လျှောက်သူ။ ။ ဟုတ်တယ်၊ ကျနော်လည်း နောက်မှ သဘောပေါက် သွားတာ။ ဒါကြောင့် ပြန်လျော်ပေးခဲ့ပါတယ်။

အလုပ်ရှင် ။ ။ ကိုယ့်အမှားကို မလွန်ခင် သဘောပေါက်မိတာ ကောင်း တာပေါ့ဗျာ။ လူတိုင်း အမှားနဲ့ မကင်းကြပါဘူး။ ဒါနဲ့ ဘာကြောင့်များ အမြင် မှန်ရသွားတာလဲ ပြောပြပါဦး။

အလုပ်လျှောက်သူ။ ။ ကျနော့်ဘေးက ငနဲက ဘော့စ် မသိခင် ကျနော်ခိုး တယ်ဆိုတာ သိသွားလို့ပါ။

Ref: R.D, Oct, 2010


ဇင်ဝေသော် 

သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ခံစားခြင်း ( ၆ )


Robert Frost (1874-1963)



ဒီနေ့ စာအုပ်ကိုကောက်လှန်မိတော့ အမေရိကန် ကဗျာဆရာကြီး ရောဘတ် ဖရော့စ်တ် ရဲ့ အသွင်ကွဲ ရင်ခုန်သံကို ကြားလိုက်ရတယ်။ သူ့စကားလုံးတွေနဲ့ သူ့အယူအဆ တွေဟာ ဘယ်လိုဘာသာပြန်ရမှန်း မသိအောင် ထိလိုက်တိုင်း ထိရှနေတော့တယ်။ ကြည့်ပါ။

Not All There (1936)

I turned to speak to God
About the world's despair,
But to make bad matters worse
I found God was not there.

ဘယ်သူမှ မရှိကြဘူး

ဘုရားရှင်ကို တိုင်ကြားဖို့ လှမ်းကြည်
ကမ္ဘာမြေရဲ့ ကြေကွဲဖွယ်အတိ အကြောင်း
ရှိရင်းစွဲအခြေအနေထက် ပိုဆိုးစေတာက
ထာဝရဘုရားတောင် အဲဒီမှာ မရှိ။


သူ့ရဲ့ ဘာသာရေး အစာမကျေမှုက Not All There မှာ မပြီးသေးတော့ သူ့ရဲ့ကဗျာ " သန့်စင်ခြင်း " ဆီကို ဆွဲခေါ်လာခဲ့ပြန်တယ်။

"To the Clearing "(1962)

Forgive , O Lord,my little joke on Thee
And I'll forgive Thy great big one on me.


သန့်စင်ခြင်း

ခွင့်လွှတ်ပါ ဘုရားသခင် ကျနော်မျိုးရဲ့ သေးငယ်တဲ့ အရှင့်အပါ် သရော်မှုကို
ကျနော်မျိုးကလည်း ခွင့်လွှတ်ပါမည် အရှင်ရဲ့ မဟာ ပျက်လုံးကို တဲ့။


" လူမလိုက်တဲ့လမ်း " ကတော့ သူဟာ အသွင်ကွဲတစ်ယောက်ဖြစ်ကြောင်း သိုသိပ်သိပ် ရင်ဖွင့်ထားခဲ့ဟန် တူပါရဲ့။

The Road Not Taken (1916)

Two roads diverged in a wood, and I
I took the one less traveled by,
And that has made all the difference.


လူမလိုက်တဲ့လမ်း

တောထဲမှာ လမ်းနှစ်သွယ် ဖြန့် ကွဲ.. ပြီးတော့ ကျနော်
လူလိုက်နည်းတဲ့ လမ်းကို ရွေးမိတယ်
ဒါကပဲ ခြားနားခြင်းတွေကို ဖြစ်စေခဲ့ပြီ။


" ခြံစည်းရိုး ပြန်ခတ်ခြင်း " ကဗျာမှာတော့ လူ့စာရိတ္တကို ကဗျာဆရာကြီးက ရယ်သံ အုပ်အုပ်နဲ့ သရော်သွားသံကို ကြားလိုက်ရတယ်။
ဒီကဗျာလေးကိုတော့ မထိရက်လို့ ဘာသာတောင် မပြန်ဖြစ်ခဲ့ပါဘူး။ တစိမ့်စမ့်တွေးရင်း ခံစားကြည့်ကြပါလား။

Mending Wall ( 1914 )

Something there is that doesn't love a wall
He only says,"Good fences make good neighbors


ဇင်ဝေသော်

လီကွမ်းယုပြောပြတဲ့ မြို့တော်အင်္ဂါရပ် ခြောက်ခု ( ၂ )


" ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင် တွေးထားရတယ်။ ငါဆိုလိုတာက လူတွေ ကားတွေ သိပ် မဝယ်နိုင်ခင်ကတည်းက ကားပိုင်ဆိုင်မှုနဲ့ ပတ်သက် တဲ့ ဥပဒေတွေ ကြိုတင်ထုတ်ခဲ့ကြရတယ်၊ အဲဒီအချိန်တုန်းက မထုတ်ခဲ့ဘဲ အခုမှသာ ဒီဥပဒေကို ကောက်ထုတ်မယ်ဆိုရင် လူထုနဲ့ ပြဿနာ အကြီး အ ကျယ် မဖြစ်ဘဲ ဒီကားပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေ ဖြစ်ကို မဖြစ်နိုင်ဘူး။ လူထုက သူတို့ကားတွေကို အသိမ်းခံမှာ မဟုတ်ဘူး။ အဲဒီ ဥပဒေသာ မရှိခဲ့ ရင် တို့လမ်းတွေပေါ်မှာ ကားတွေနဲ့ ပြည့်နေမယ်။ ဒီဥပဒေက အရင်ကတည်း က ရှိခဲ့တာဆိုတော့ မကျေနပ်လည်း သူတို့ဘာမှ ပြောလို့ မရတော့ဘူး ” လီကွမ်းယု။

၅။ ကူးသန်းဆက်သွယ်ရေးကောင်းမွန်မှု

စင်္ကာပူက အခု စိတ်လက်ချမ်းသာတဲ့ နေရာတစ်ခု ဖြစ်နေတယ် ။ လေ ယာဉ်တွေကို ကြည့်၊ ငါတို့လေဆိပ်က ထိရောက်မြန်ဆန်အောင်လည်း လုပ်ပေးနိုင်တယ်။ ကမ္ဘာ့နိုင်ငံကြီးတွေက မြို့တွေနဲ့လည်း ဆက်သွယ် မိနေအောင် စီစဉ်ထားတော့ သူတို့လည်း စိတ်လက်ချမ်းသာကြတယ်။ လေ ယာဉ်ခရီးသည်တွေများ ခရီးတစ်ထောက် နားစရာ ကြုံလာရင် စင်္ကာပူမှာ နားဖို့ ဆုံးဖြတ်ကြတယ်။ တို့လေဆိပ်က သူတို့ မြို့ထဲကို လည်ကြည့်လို့ ရအောင် အထူးဘက်စ်တွေ အလကား စီစဉ်ပေးတယ်။ မြို့နဲ့ မဝေးတဲ့နေ ရာတွေမှာ ရှိတဲ့ ဟော်တယ်တွေမှာလည်း တစ်ည၊ နှစ်ညတန်သည် တည်းခို လို့ ရတယ်။ ခရီးသည်တိုင်း သက်သောင့်သက်သာ ဖြစ်အောင် တို့က စီစဉ်ပေးထားတာ၊ လေယာဉ်ကွင်းထဲမှာ ရေးချိုးချင်သလား၊ ရသေးတယ်။

အဓိက အရေးအကြီးဆုံး အချက်ကတော့ ဆက်သွယ်ရေးပဲ။ အဲယားလိုင်း အများကြီးဟာ သူတို့ မြို့တော်ကြီးတွေဆီကနေ စင်္ကာပူကို ပျံသန်း လာကြ တယ်။ အဲဒါဟာ ငါတို့ရဲ့ အဓိက အားသာချက်ပဲ။ အဲဒီအဲယားလိုင်းတွေ ကွာ လာလမ်ပူမှာ ဒါမှမဟုတ် ဂျကာတာမှာ သွားပြီး ဆင်းသက်ကြည့်၊ သူတို့ ဌာန ချုပ်တွေကလည်း အဲဒီမြို့တွေကို လိုက်ပြောင်းသွားကြမှာ။ သူတို့ ရွှေ့မသွားအောင် ငါတို့ လေဆိပ်ကိုလည်း သူများလေဆိပ်တွေထက် စွဲဆောင်မှု ရှိနေအောင် ကြိုးစားနေကြမှ ဖြစ်မယ်။

၆။ သာတူညီမျှ ရှိမှု

လူတိုင်းမှာ သာတူညီမျှမှု ရှိတယ်ဆိုတဲ့ ခံစားမှုမျိုးလည်း ရှိနေရမယ်။ မြို့ထဲ က လူတိုင်းဟာ တစ်ခုမဟုတ် တစ်ခု ပိုင်ဆိုင်မှု ရှိနေရမယ်။ ထိုင်ပေတို့ တောင်ကိုရီးယားတို့က လခစားတွေဆို အိမ်မဝယ်နိုင်ကြဘူး။ ငွေ အများကြီးပေးပြီး ငှါးနေကြရတာ။ ငါ့ရည်ရွယ်ချက်က မိသားစုတိုင်း အိမ် ရှိနေရမယ်။ ဒါမှ သူတို့ လစာတွေထဲက ငွေတွေ ထုတ်ပြီး အိမ်ငှါးခ ပေးရတဲ့ ဘဝက လွတ်မှာ။
သူတို့မှာ အိမ်ပိုင် ရှိတယ်။ ဒါဆို မြို့တော်ရဲ့ အိမ်ယာဈေးတွေ တက်လာတာ နဲ့အမျှ သူတို့ အိမ်ဈေးတွေလည်း တက်လာလိမ့်မယ်။ အိမ်ပိုင် ရှိတဲ့လူက သူ့ အိမ်ဘေးက ပတ်ဝန်းကျင် သန့်ရှင်းနေအောင်လည်း ဂရုစိုက်တယ်။ အိမ်ငှါးပြီး နေတဲ့လူက ပတ်ဝန်းကျင် ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။ သူတို့နေတဲ့ အိမ်ခန်းလေးကိုပဲ ဂရုစိုက်တယ်။
ဒါကြောင့် မိသားစုတိုင်း အိမ်ပိုင် ရှိနေရမယ်လို့ ငါပြောခဲ့တာ။ သူတို့အိမ်နဲ့ ပတ်ဝန်းကျင်က သန့်ရှင်းလှပနေမယ်ဆိုရင် သူတို့အိမ်ဈေးတွေလည်း တက် လာတယ်။
သူတို့ သားတွေကို စစ်မှုထမ်းဖို့ ငါတို့က ခေါ်ယူကြတယ်။ နိုင်ငံတော်ကို ကာကွယ်ဖို့ သင်တန်းပေးဖို့ပေါ့။ သူတို့ကိုယ်ပိုင်အိမ်မှ မရှိတဲ့လူက ဒီနိုင်ငံကို ကာကွယ်ဖို့ ဘယ် ကြိုးစားတိုက်နေမလဲ။

ဖေဖော်ဝါရီ (၁၆) ရက်၊ ၂၀၁၃၊ စနေနေ့က ဆရာကြီး လီကွမ်းယုရဲ့ အင်တာ ဗျူးကို အကျဉ်း ပြန်ဆိုထားတာပါ။
သူက မြို့တော်တွေရဲ့ အားနည်းချက်တွေကို ကြည့်ပြီး စင်္ကာပူ အဲသလို မဖြစ်အောင်ဆိုပြီး တည်ဆောက်ယူခဲ့တာလို့ ပြောတယ်။ ဒါနဲ့ ဆက်စပ်ပြီး ကပ်သီးကပ်သက် ပြန်တွေးမိသေးတယ်။

နိုင်ငံသေးသေးလေးမှာမို့ ဒီလိုလုပ်နိုင်တာပါ ဆိုတဲ့ အဆိုက လက်ခံလို့ ရ သလို လက်မခံလိုလည်း ရပါတယ်။ နိုင်ငံကြီးတွေမှာ ဒီလို ကိုင်တွယ်ဖို့ ခက်ပေမဲ့ နိုင်ငံသေးတိုင်း သန့်ရှင်းရောလား။ သေးခြင်း၊ သန့်ရှင်းခြင်းဟာ အီးကွဲဖြစ်နေတဲ့ ဖော်မြူလာတော့ မဟုတ်တန်ကောင်းပါဘူး။ တကယ်တော့လည်း ဒီအချက်တွေဟာ ကြီးခြင်း သေးခြင်းထက် ကာရိုက် တာနဲ့ ပိုဆိုင်ပါတယ်၊ လူတိုင်းမှာ ပမာဏ အကြီး အသေး သိပ်မကွာတဲ့ ခန္ဓာကိုယ်တွေရှိပေမဲ့ အဲဒီ ခန္ဓာကိုယ်ကို ဘယ်လိုထားကြတယ်ဆိုတာတော့ မတူကြပါဘူး။

မြို့တော်ရန်ကုန်ရဲ့ လုံခြုံစိတ်ချရမှု။ ( ကိုယ်တိုင်မေး၊ ကိုယ်တိုင်ဖြေကြည့်ပါ )
ဆင်ခြေဖုံးရပ်ကွက်က အိမ်တွေရဲ့ ဓနိမိုးချင်း ဆက်နေမှု။ ( ကိုယ်တိုင်မေး၊ ကိုယ်တိုင်ဖြေကြည့်ပါ )
ဘန်ကောက်ရဲ့ လမ်းပိတ်ဆို့မှုကို အကြီးအကျယ် စိတ်ခေါ်နေနိုင်ပြီး ဖြစ်တဲ့ မြို့တော်ရန်ကုန်ရဲ့ လမ်းကျဉ်းကျဉ်း၊ ကားအရေအတွက်များမှု၊ အဆင့်လုံးဝ မရှိသေးတဲ့ လူထုသုံး ကား၊ ရထားစနစ် (Mobility)။ ( ကိုယ်တိုင်မေး၊ ကိုယ်တိုင်ဖြေကြည့်ပါ )
မြို့တော်ရဲ့ သန့်ရှင်းမှု။ အစိုးရရော လူထုပါ ကြိုးစာရဦးမယ်။ အမှိုက်ပုံး ထားတဲ့ စနစ်တောင် ရှုပ်တယ်လို့ ထင်နေကြဆဲ။
မြို့တော်ရဲ့ ပြတ်တောင်းပြတ်ဆောင်း ဆက်သွယ်ရေးစနစ်။ ( ကိုယ်တိုင်မေး၊ ကိုယ်တိုင်ဖြေကြည့်ပါ )
နောက်ဆုံး မြို့တော်ရဲ့ အိမ်ပိုင်ဆိုင်မှု ရာခိုင်နှုန်း။ ( ကိုယ်တိုင်မေး၊ ကိုယ်တိုင်ဖြေကြည့်ပါ )

မရောက်ဖူးလို့လား မသိဘူး။ လီကွမ်းယုကြီး ရန်ုကုန်အကြောင်းဘာမှ ပြော မသွားဘူး။
ရန်ကုန်ရဲ့ ကားလမ်းပိတ်ဆို့မှုအတွက် လီကွမ်းယု ပြောသွားတဲ့စကားက အစိုးရပိုင်းက လူကြီးတွေ မှတ်သားထားသင့်တယ် ထင်တယ်။

“ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင် တွေးထားရတယ်။ ငါဆိုလိုတာက လူတွေ ကားတွေ သိပ် မဝယ်နိုင်ခင်ကတည်းက ကားပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ကြိုတင်ထုတ်ခဲ့ကြရတယ်၊ အဲဒီအချိန်တုန်းက မထုတ်ခဲ့ဘဲ အခုမှသာ ဒီဥပဒေကို ကောက်ထုတ်မယ်ဆိုရင် လူထုနဲ့ ပြဿနာ အကြီးအကျယ် မဖြစ်ဘဲ ဒီကားပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေ ဖြစ်ကို မဖြစ်နိုင်ဘူး။ လူထုက သူတို့ကားတွေကို အသိမ်းခံမှာ မဟုတ်ဘူး။ အဲဒီ ဥပဒေသာ မရှိခဲ့ရင် တို့လမ်းတွေပေါ်မှာ ကားတွေနဲ့ ပြည့်နေမယ်။ ဒီဥပဒေက အရင်ကတည်းက ရှိခဲ့တာဆိုတော့ မကျေနပ်လည်း သူတို့ဘာမှ ပြောလို့ မရတော့ဘူး” တဲ့။


ဇင်ဝေသော်

ရာထူးတက်သွားတဲ့ စကားပုံ


" ဟိုတုန်းကတော့ ဖောင်စီးရင်း ရေငတ် " ပေါ့။
အခု ဘယ်လိုပြောကြမလဲ၊ ရေနံနဲ့ ဓာတ်ငွေ့တွေပေါ်က မှောင်နေတဲ့ နိုင်ငံ တစ်ခု။
ကြာတော့ ကြာပြီ၊ ပင်လယ်ငါးဖမ်း သင်္ဘောသားတစ်ယောက်ပြောတာ ကြားရဖူးတယ်။ ငါးတွေက ထိုင်းရေပိုင်နက်ထဲမှာထက် မြန်မာရေပိုင်နက် ထဲမှာ ပိုများတယ် တဲ့။ သဘာဝအရများတာဖြစ်နိုင်သလို ခေတ်မီ နည်း စနစ်တွေနဲ့ ထိထိရောက်ရောက် မဖမ်းနိုင်လို့ ငါးတွေပေါနေတာလည်း ဖြစ်နိုင် ပါတယ်။ ထိုင်း ငါးဖမ်းသင်္ဘောတွေဆို မြန်မာရေပိုင်နက်ထဲက ငါးတွေကို ကြည့်ပြီး အသည်းကို ယားနေတာပဲလို့ ဆိုပါတယ်။ ဒါတင်မကဘူး။ သူတို ကပြောတယ်။ မြန်မာတွေက ခေတ်မီနည်းစနစ်တွေနဲ့ ထိထိရောက်ရောက် မဖမ်းနိုင်တော့ ပင်လယ်ထဲက ငါးတချို့ အသက်ကြီးပြီး သူ့အလိုလို သေ သွားကြတယ်၊ နှမြောစရာတဲ့။ မဟုတ်ဘူး ငြင်းဖို့တော့ ခက်လိမ့်မယ်။

ဒီနေ့ထုတ် စထရိတ်တိုင်းမှာ ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီ အကြီးစား ကြီးတွေ မြန်မာ့ ရေနံနဲ့ ဓာတ်ငွေ့အပေါ် စိတ်ဝင်တစားနဲ့ ပြေးဝင်လာကြတဲ့ အကြောင်းဖော်ပြထားတယ်။ တော်တော်များများထွက်မယ့်ပုံ ရှိတယ်လို့ ခန့်မှန်းနိုင်ပေမဲ့ စနစ်တကျ ခေတ်မီပညာရပ်နဲ့ လေ့လာထားတာ မဟုတ်လေတော့ ဘာမှလည်း တိတိကျကျ မဖော်ပြနိုင်သေးဘူး။ မြန် မာ့ ကျောက်မျက်က ခန့်မှန်းချက်နဲ့ စင်ထရယ် အေဂျင်စီရဲ့ ခန့်မှန်းချက် ကလည်း တော်တော်ကွာတယ်။
ရွာက ဘကြီးစကားငှားရရင်တော့ " အေးလေ၊ မြေကြီးအောက်ကပစ္စည်း ဘယ်သူ အတိအကျပြောနိုင်မှာလဲ " ပေါ့။

ဖြစ်ပုံကတော့ အထက်က ငါးတွေလိုပဲ။ ခေတ်မီနည်းပညာ မရှိတော့ ကိုယ့်မြေထဲရှိတာ ကိုယ်မသုံးရ ဖြစ်နေတာ။ မျောက်အုန်းသီးရထားသလို လို့ပြောရအောင်ကလည်း အားနာစရာ။ အမှန်က ဒီစကားပုံနဲ့က အလိုက် ဖက်ဆုံး။ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေ ဝင်လာရင်တော့ အုန်ံး ရေလေးသောက်ကြရ၊ အုန်းဆံလေး စားကြရ ကောင်းပါရဲ့။ နို့ မိုတော့ ရေနံတွေ ရှိတယ်ကွ၊ ဓာတ်ငွေ့တွေ အလျံအပယ်ရှိတယ်ကွ နဲ့ပဲ အမှောင်ထဲမှာ အုန်းသီးပေါ်ဖင်ခုထိုင်ပြီး
ဗြိတိသျှခေတ်က " ရေနံမြေအလုပ်သမား " ပြဇာတ် ကို ခင်းနေကြရတယ်။
" တို့မှာလည်း ရေနံမြေအလုပ်သမားလုပ်နေရပြီး သားလေးနဲ့ သမီးလေး စာကြည့်ဖို့တောင် ရေနံ ............ "

အခုကော ဘာထူးနေလို့တုန်း။ ထူးတာက
အဲ... ဒီခေတ် ဖောင်သမားမှာ ရေသန့်ဗူး ပါတယ်။


ဇင်ဝေသော်