ဘယ်ဟာက ပိုရယ်စရာကောင်းသလဲ (မောနင်းပို့စ်)

အစိုးရတိုင်းမှာ ရယ်စရာကောင်းတဲ့ လူကြီးတွေ ပါပါလာတတ်တယ်။
စုမတ္တရားက ပညာရေး ဥပဒေအသစ်ကို ဖတ်မိလို့ပါ။
အထက်တန်းကျောင်းသူတွေ ကျောင်းဝင်ခွင့်အတွက် အပျို စစ် မစစ်ပါ စစ်ဆေးရမယ် တဲ့။
အမေရိကန်တွေက တိုဖယ်။ သူတို့က တိုဖယ် မဟုတ်တော့ဘူး။ မပျိုဖယ်။

ဒါပြီးရင် Tommy Cooper ရဲ့ ဟာသကို ဖတ်ကြည့်ကြပါအုံး။ ဘယ်ဟာက ပိုရယ်ရသလဲ လို့။
Apparently, 1 in 5 people in the world are Chinese. There are 5 people in my family, so it must be one of them. It's either my mum or my Dad, or my older brother Colin, or my younger brother Ho-Cha-Chu. But I think it's Colin.

သေမင်း - ခင်ဗျားကြီးကိုတင်းနေတာကြာပြီ (ဒဂုန်တာရာ အတွက်)

တိုင်းပြည်အဝှမ်းပျော်မယ့်
နေပူတော်ကျွဲက မသေ
စောင်းတီးသူတွေ သေကြ
သေမင်း ခင်ဗျားကြီးကိုတင်းနေတာကြာပြီ။

( ကဗျာဆရာ-စောဝေ )

ဆဲဆိုခြင်း သမိုင်းနဲ့ တန်ဖိုး သတ်မှတ်ချက်

စိတ်ဝင်စားစရာ စာအုပ်တစ်အုပ် အောက်စ်ဖို့ တက္ကသိုလ်က ထွက်လာပါ တယ်။ ဆဲဆိုခြင်း သမိုင်းအကျဉ်း တဲ့။
ဆဲဆိုခြင်းဟာ မယဉ်ကျေးဘူး၊ ကိုယ့်ရဲ့ လူမှုရေးအဆင့်ကို ထိခိုက်စေတယ် ဆိုတဲ့ အချက်ကို သမိုင်းအဆက်ဆက်က လူတွေ လက်ခံသလို သမိုင်း အ ဆက်ဆက်မှာလည်း ဆဲဆိုတဲ့ ဝေါဟာရတွေ ရှိနေခဲ့တယ်။ လူတွေဘာကြောင့် ဆဲဆိုကြသလဲဆိုရင်တော့ စိတ်တင်းကျပ်မှုကို ပြေေ လျာ့စေလို့၊ တခါတခါ စိတ်ကျေနပ်မှုကိုတောင် ရစေလို့လို့ ဆိုပါတယ်။

ပါမောက္ခက သူမရဲ့ ဆဲဆိုခြင်း သမိုင်းအကျဉ်းကို နှစ်ပေါင်း နှစ်ထောင်ကျော် က ရောမခေတ် လက်တင်လို ဆဲသံဆိုသတွေနဲ့ စတင်ချီလာခဲ့တယ်။
လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေဟာ အလွန် ရိုင်းစိုင်းတဲ့ ဝေါဟာရတွေအဖြစ် ရောမခေတ်မှာ လက်ခံကြပါသတဲ့။ ဒါပေမဲ့ ဒီ ဝေါဟာရတွေဟာ ဒီခေတ်မှာ မရိုင်းဆိုင်းတော့ပါဘူး။ အထူးသဖြင့် ဆေးပညာရပ် သင်္ခန်းစာ၊ ကျန်းမာရေးသင်တန်းတွေမှာ ဆို ဖော်မယ် ဖြစ်နေကြပါပြီ။ ရောမခေတ်မှာဆို အမျိုးသား၊ အမျိုးသမီး အင်္ဂါတွေရဲ့ အမည်ကို ဘယ်လိုနေရာမျိုးမှာမှ သုံးစွဲဖို့ မအပ် တဲ့ ဝေါဟာရေ တွပါ။

နောက်ပြီး God နဲ့ ဆက်စပ်တဲ့ ဝေါဟာရတိုင်းဟာ ဘာသာရေး စော်ကားမှု တစ်ခုလို့ ယူဆကြပါသတဲ့။ ဥပမာ Oh,my God လို စကားမျိုးပါ။ ဒါပေမဲ့ ဒီခေတ်မှာ ဒီဝေါဟာရ ဘယ်လောက်တွင်ကျယ်ပြီး ဘယ်လောက် ယဉ်ကျေး တယ်ဆိုတာ လူတိုင်းသိနိုင်ပါတယ်။
၁၉ ရာစုနဲ့ ၂၁ ရာစု ဝေါဟာရ သတ်မှတ်ချက်ကတော့ အင်တာနက် မပေါ် ခင်အထိ ထူးထူးခြားခြား ကွာဟမှု မရှိခဲ့ပါဘူး။ လူ့ခန္ဓာကိုယ် အစိတ် အ ပိုင်းတွေရဲ့ ပြုမူဆောင်ရွက်ပုံတွေကို ပုံဖော်ပြတဲ့ စကားတွေဟာ ရိုင်ဆိုင်း ဆဲပါ။ "F**k " လို ဝေါဟာရတွေကို ထောက်ပြတယ်။ ဒါပေမဲ့ အင်္ဂလိပ် စကားပြောနိုင်ငံတွေမှာ (အထူးသဖြင့် အမေရိကန်တွေ) "Sh*t" "D**k" "Holly D**k" "P**s" စတဲ့ ဝောဟာရတွေဟာ ပုံမှန် ဝေါဟာရတွေဖြစ်ေ န တာကြာပါပြီ။
အင်တာနက်က တဆင့် ဒီ စကားလုံးတွေ ပြန့်သွားလိုက်တာ တစ်ကမ္ဘာလုံး က ချတ်တင်း ရုမ်းတွေထဲမှာ ဒီ စကားလုံးတွေမြင်လို့ အံ့ဩတကြီး မဖြစ်ကြ ရတော့ဘူး တဲ့။

ဒီခေတ်မှာ လူထုလက်မခံနိုင်တဲ့ အဆိုးဆုံးဝေါဟာတွေက "nigger" "retards" "cripple" "black people" "monkey" စတာတွေ ဖြစ်လာခဲ့ ပါပြီ။ နိုင်ငံရေးသမားတစ်ယောက်က F**k ဆိုတဲ့ စကားလုံးကို လူထုေ ရှ့သုံးလို့ ဘာမှ မဖြစ်ပေမဲ့ "nigger" "retards" "cripple" "black people" စတဲ့ စကားလုံးတွေကို လူထုရှေ့မှာ သုံးလိုက်ရင်တော့ သူ့ရဲ့ ဘဝနဲ့ အလုပ်ပါ ကမောက်ကမ ဖြစ်သွားနိုင်တယ်လို့ ဆွေးနွေးပြထားပါတယ်။

သူပြောမှ ငယ်ငယ်က ရွာက လူကြီးတချို့ ပုံပြောသံကို ကြားယောင်မိ ပါ တယ်။
"ခွေးမသားလေးတွေ၊ နင်တို့က ပြောရင်ယုံမှာတောင် မဟုတ်ဘူး။ ဟိုတုံးက တို့ရွာမှာ ကမျင်းမ မိအေးဆိုတဲ့ ကောင်မ ရှိဖူးတယ်။ သူ့ကို သေနာကောင် ငမူးက မရ ပန်းသေ အရူးအမူးကို ကြိုက်နေတာ။ ပြဿနာက လူလွန်မသား၊ သူကြီးသား ငထွားပဲ "
ကျနော်တို့က ဆဲနေတယ်လို့ကို မခံစားရဘူး။ အားလုံး ပျော်လို့ ရွှင်လို့ပဲ။

စိတ်ဝင်စားရင်
Brief History of Swearing
Mellisa Mohr, Oxford University Press, 2013

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်းယု)

အရှေ့အလယ်ပိုင်း၊ နွေ ရောက်မလာတဲ့ နွေဦး

မေး။ ။ အရှေ့အလယ်ပိုင်း ဒီမိုကရေစီနဲ့ ပတ်သက်လို့ မစ္စတာလီမှာ အကောင်းမြင်ဝါဒ မရှိဘူး နော်။ တူရကီဆိုရင် ဘယ်လိုပြောမလဲ၊ အစ္စလမ်နဲ့ ဒီမိုကရေစီ နှစ်ခုစလုံး ထွန်းကားနေတာပဲ။

ဖြေ။ ။ အစ္စလမ်နိုင်ငံတွေက နိုင်ငံကို မအုပ်ချုပ်နိုင်ဘူးလို့ ပြောနေတာ မဟုတ်ဘူး။ အော့တိုမန် (Ottoman) အင်ပါယာဆို တကယ်အောင်မြင်ခဲ့တာ ပဲ။ ဒါပေမဲ့ တူရကီက အာရပ်နိုင်ငံတွေထဲ မပါဘူး။ သူတို့က တူရကီတွေ၊ တခြားစီပဲ။ တူရကီတွေက သူတို့ဟာ အာရပ်ကမ္ဘာကို အောင်နိုင်ခဲ့တဲ့ အော့ တိုမန် မျိုးဆက်တွေလို့ သူတို့ကို သူတို့ ယုံကြည်ကြတယ်။ သူတို့ အခြား အစ္စလမ်ဘာသာဝင်တွေထက် သာနေတဲ့ အဓိကအချက်က ပညာအများကြီး ပိုတတ်နေလို့။

မေး။ ။ အာရပ်နွေဦး လှုပ်ရှားမှုဟာ အရေးပါတဲ့ ပထဝီနိုင်ငံရေး လှုပ်ရှားမှု တစ်ခုပဲ။ ဝေဖန်သူတချို့ ပြောနေတာက အီဂျစ်က မူဘာရက်ကို အမေရိကန်တွေ လက်လွတ်ခံလိုက်တာ စောသွားတယ်၊ သူဆို အမေရိကန်တွေ နဲ့ တော်တော် ရင်းရင်းနှီးနှီးရှိတယ်။ ဒီတော့ သူတို့ သုံးသပ်တာက အရေး ရယ် အကြောင်းရယ်ဆို မဟာမိတ် ဖွဲ့ထားလည်း အမေရိကန်တွေကို အားကိုးလို့ မရဘူး တဲ့။

ဖြေ။ ။ မူဘာရက်ကို အမေရိကန်တွေက ဘယ်လိုလုပ် ကယ်တင်လို့ ရမှာ လဲ၊ အမေရိကန်စစ်သားတွေ အီဂျစ်ကို လွှတ်မှာလား။ ဒါက ပြည်တွင်းရေး သက်သက်လေ။ အမေရိကန်တွေ ကြားဝင်လည်း အမေရိကန် အလံတွေ မီးရှို့ခံရတာပဲ ရှိမယ်။ အမေရိကန်တွေနဲ့ပေါင်းလို့၊ သူတို့က ထောက်ခံလို့ အန္တရာယ်မရှိတော့ဘူး တွက်ထားလို့ မရဘူး။ အင်း ထိုင်ဝမ်ကတော့ ချွင်း ချက်ပေါ့။ တရုတ်က ပြန်သိမ်းချင်နေတာ။ အမေရိကန်ရဲ့ သတ္တမ ရေတပ်က ထိုင်ဝမ်ရေလက်ကြားမှာ ကျောက်ချထားတယ်။ ဒါတောင် ထာဝရတော့ မဖြစ်နိုင်ဘူး။

မေး။ ။ အာရပ်နွေဦး ပထဝီနိုင်ငံရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ အမေရိကန်တွေဟာ အောင်မြင်သူတွေလား ဒါမှမဟုတ် အရှုံးသမားတွေ လား။

ဖြေ။ ။ ဒီကိစ္စက ဘာမှပြောလို့မရဘူး။ သူတို့ ထောက်ခံထားတဲ့ အစိုးရ ရဲ့ ခြေလက်တွေ အဖြတ်ခံလိုက်ရတော့ သူတို့ဩဇာလည်း ဘယ် ရှိနိုင် ပါတော့မလဲ။ အမေရိကန်ဆီက ဘီလီယံချီတဲ့ ဒေါ်လာတွေ အကူအညီ ယူပြီး နိုင်ငံကို လည်ပတ်မယ့် လူစွမ်းကောင်းခေါင်ဆောင်တစ်ယောက်ပေါ် လာရင် သူတို့ ပြန်ဝင်လာကြဦးမှာပဲ။ အကူအညီဆိုတာ တကယ်တော့ အလွန် အရေးပါတဲ့ ကိစ္စပဲ။

*သင်္ချာတော်ရင် အပျိုကြီး ဖြစ်တတ်တယ်*

အရင်တပတ် အင်္ဂါနေ့က တရုတ် ဘယ်လင်တိုင်းနေ့ပါ။ Qixi ပွဲတော်လို့ ခေါ် တယ်။ အခုတော့ အိမ်ထောင်ဖက်ရှာကြတဲ့ ပွဲလို့ ခေါ်ရင်ရနေပါပြီ။ ပညာ တတ် အပျိုကြီးတွေ ပိုများတယ် တဲ့။
များပြီပေါ့။ သူတို့ အိမ်ထောင်ဖက်ရွေးတဲ့ ဖော်မြူလာကိုလည်း ကြည့်ပါအုံး။

စတိတ်မင့်။ ။ အမျိုးသားသည် ဘယ်အရာမှာမဆို အမျိုးသမီးထက် တစ် ဆင့်မြင့်နေရမည်။ အရပ်၊ အသက်၊ အရည်အချင်း၊ လစာ စသည်တို့ ပါဝင် သည်။

ဒီ စတိတ်မင့်အတိုင်း ပြဿနာရဲ့ ဆိုလူးရှင်းကို ရှာကြည့်တော့ ဒီလိုရတယ်။
Grade A+ Grade B
Grade B + Grade C
Grade C + Grade D

အရပ်စကားနဲ့ ပြောတော့ ....
(က) အဆင့် A ရှိ အမျိုးသားနဲ့ အဆင့် B ရှိ အမျိုးသမီး
(ခ) အဆင့် B ရှိ အမျိုးသားနဲ့ အဆင့် C ရှိ အမျိုးသမီး
(ဂ) အဆင့် C ရှိ အမျိုးသားနဲ့ အဆင့် D ရှိ အမျိုးသမီး

ဒီတော့ အဆင့် A ရှိ အမျိုးသမီးနဲ့ အဆင့် D ရှိ အမျိုးသားက ဖော်မြူလာထဲ မဝင်တော့ဘူး။ သွားကရော။
ပြီးတော့ မြို့ကြီးတွေက အဆင့် A ရှိ အမျိုးသမီးတွေကလည်း လယ်တော ထဲက အဆင့် D ရှိ အမျိုးသားကို စိတ်မဝင်စားတော့ဘူး။



ဒီတော့ Shengnu နဲ့ Shengnan တွေ ဖြစ်ကုန်ရော။
Shengnu က Leftover women။
Shengnan က Leftover men။