ဝင္စတန္ ခ်ာခ်ီအေၾကာင္း (ၿပဳံးစိစိ)


င္စတန္ ခ်ာခ်ီအေၾကာင္း (ၿပဳံးစိစိ)

စထရိတ္တိုင္းမ္က လူႀကီးေတြနဲ႔ စကားေျပာခြင္႔ရတိုင္း ဖတ္ဖို႔ သူတို႔တိုက္တြန္း တာက ဝင္စတန္ ခ်ာခ်ီရဲ႕ ဘဝအေၾကာင္းနဲ႔ သူ႔မိန္႔ခြန္းေတြပဲျဖစ္ေနပါတယ္။ မလုပ္ႏိုင္ေသးဘူး။ ဒီေန႔မနက္ေတာ႔ ဒီေဆာင္းပါးေတြ႔လို႔ ေကာက္ဖတ္လိုက္ တယ္။ ဖတ္ၾကည့္ပါ။ ၿပဳံးရတယ္။

သူဟာ အရက္သိပ္ႀကိဳက္တယ္၊ ကိုယ္႔ကိုယ္ကို ယုံၾကည္မႈအားႀကီးတယ္၊ စာဖတ္ နာတယ္၊ စကားေျပာေကာင္းတယ္၊ ေခတ္ၿပိဳင္ေတြက သူ႔ကို သေဘာမက် လွဘူး။
သူ အရက္ေသာက္တာနဲ႔ပတ္သက္လို႔
"က်ေနာ္႔ဆီက အရက္ယူသြားတာနဲ႔စာရင္ အရက္ဆီက က်ေနာ္ရလိုက္တာက ပိုမ်ားပါတယ္" တဲ႔။
ကဲ စကားေျပာေကာင္းတာ လက္ခံတယ္ မဟုတ္လား။ လူေနာက္ႀကီး။

ဟစ္တလာနဲ႔သေဘာတူခဲ႔တဲ႔ ျမဴးနစ္သေဘာတူစာခ်ဳပ္အတြက္ ခ်ိန္းဘာလိန္ကို ခ်ာခ်ီေျပာလိုက္တာက
"ေရြးခ်ယ္စရာ စစ္ပြဲနဲ႔ မရိုးသားမႈႏွစ္ခုထဲက မရိုးသားမႈကို ခင္ဗ်ားေရြးခဲ႔တယ္၊ ဒီေတာ႔ စစ္ပြဲလည္း ဆက္တိုက္ေနရလိမ္႔မယ္ (ေၾကာက္တတ္ေတာ႔ ႏွစ္ခါေသ)" တဲ႔။
သူမွန္တယ္ေလ။ ဟစ္တလာကို အေလ်ွာ႔ေပးလိုက္ေပမဲ႔ စစ္ပြဲက ေရွာင္မရခဲ႔ဘူး။

သူကခ်ည္းပဲ ေျပာေနလို႔ေတာ႔ ဘယ္ဟုတ္မလဲ၊ သူ႔ကိုေျပာသူလည္း ရွိဦးမွေပါ႔။ အဲဒီပုဂၢိဳလ္ကေတာ႔ အေမရိကန္သမၼတ ဖရင္ကလင္ ထရူးမင္းပါပဲ။
"တစ္ေန႔ တစ္ေန႔ ခ်ာခ်ီဆီမွာ ေထာင္ခ်ီတဲ႔ အႀကံဉာဏ္ေတြရွိေနတတ္တယ္၊ အဲဒီအထဲက ေလးခုကေတာ႔ ေကာင္းတယ္" တဲ႔။
ခ်ာခ်ီ ခံလိုက္ရတယ္။

ဇင္ေဝေသာ္
*****************************************************************************

ဝင်စတန် ချာချီအကြောင်း (ပြုံးစိစိ)

စထရိတ်တိုင်းမ်က လူကြီးတွေနဲ့ စကားပြောခွင့်ရတိုင်း ဖတ်ဖို့ သူတို့တိုက်တွန်းတာက ဝင်စတန် ချာချီရဲ့ ဘဝအကြောင်းနဲ့ သူ့မိန့်ခွန်းတွေပဲဖြစ်နေပါတယ်။ မလုပ်နိုင်သေးဘူး။ ဒီနေ့မနက်တော့ ဒီဆောင်းပါးတွေ့လို့ ကောက်ဖတ်လိုက်တယ်။ ဖတ်ကြည့်ပါ။ ပြုံးရတယ်။

သူဟာ အရက်သိပ်ကြိုက်တယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားကြီးတယ်၊ စာဖတ်နာတယ်၊ စကားပြောကောင်းတယ်၊ ခေတ်ပြိုင်တွေက သူ့ကို သဘောမကျလှဘူး။
သူ အရက်သောက်တာနဲ့ပတ်သက်လို့
"ကျနော့်ဆီက အရက်ယူသွားတာနဲ့စာရင် အရက်ဆီက ကျနော်ရလိုက်တာက ပိုများပါတယ်" တဲ့။
ကဲ စကားပြောကောင်းတာ လက်ခံတယ် မဟုတ်လား။ လူနောက်ကြီး။

ဟစ်တလာနဲ့သဘောတူခဲ့တဲ့ မြူးနစ်သဘောတူစာချုပ်အတွက် ချိန်းဘာလိန်ကို ချာချီပြောလိုက်တာက
"ရွေးချယ်စရာ စစ်ပွဲနဲ့ မရိုးသားမှုနှစ်ခုထဲက မရိုးသားမှုကို ခင်ဗျားရွေးခဲ့တယ်၊ ဒီတော့ စစ်ပွဲလည်း ဆက်တိုက်နေရလိမ့်မယ် (ကြောက်တတ်တော့ နှစ်ခါသေ)" တဲ့။
သူမှန်တယ်လေ။ ဟစ်တလာကို အလျှော့ပေးလိုက်ပေမဲ့ စစ်ပွဲက ရှောင်မရခဲ့ဘူး။

သူကချည်းပဲ ပြောနေလို့တော့ ဘယ်ဟုတ်မလဲ၊ သူ့ကိုပြောသူလည်း ရှိဦးမှပေါ့။ အဲဒီပုဂ္ဂိုလ်ကတော့ အမေရိကန်သမ္မတ ဖရင်ကလင် ထရူးမင်းပါပဲ။
"တစ်နေ့ တစ်နေ့ ချာချီဆီမှာ ထောင်ချီတဲ့ အကြံဉာဏ်တွေရှိနေတတ်တယ်၊ အဲဒီအထဲက လေးခုကတော့ ကောင်းတယ်" တဲ့။
ချာချီ ခံလိုက်ရတယ်။

ဇင်ဝေသော်

Power


Power does not corrupt. Fear corrupts, perhaps the fear of a loss of power.
( John Steinbeck)

When power corrupts, poetry cleanses.
(John F. Kennedy)

ပါဝါက ကိုယ္က်င့္ကို မပ်က္ေစဘူး။ ေၾကာက္ရြံ႕မႈကသာ ပ်က္ေစတယ္၊ ျဖစ္ႏိုင္တာကေတာ့ ရွိေနတဲ့ ပါဝါ ဆုံးရႈံးမွာ ေၾကာက္ရြံ႕မႈမ်ိဳးေပါ့။

ပါဝါေၾကာင့္ ကိုယ္က်င့္ပ်က္ရင္ ကဗ်ာက သန္႔စင္ေပးတယ္။

My lecture note




ဓမၼစကၠပဝတၱနသုတ္လာ ဒုကၡသစၥာကို ပညာရွင္ေတြနဲ႔က်မ္းစာက ဒီလိုခြဲပါတယ္။

(က) ဇာတိ၊ ဇရာ၊ မရဏ (Birth, aging/sickness and death)
(ခ) ပိေယဟိ ဝိပၸေယာဂ ( Separation from who/ what one loves)၊ အပၸိေယဟိ သမၸေယာဂ (Association with who/ what one dislikes)၊
ယမၸစၧံ နလဘတိ (Not getting what one wants or dreams do not come truth)။
(ဂ) သံခိေတၱန ပဥၥဳပါဒါနကၡႏၶာ (The five aggregates of grasping)
****************************************************************************

(က) ကို ရုပ္ပိုင္းဆိုင္ရာဒုကၡ (Physiological suffering)
(ခ) ကို နာမ္ပိုင္းဆိုင္ရာဒုကၡ (Psychological suffering)
(ဂ) ကို က်မ္းစာအလာ ဒုကၡ (Doctrinal suffering)

(က) ကိုပဲ သဘာဝ ဒုကၡ (Natural suffering)
(ခ) ကို စိတ္ေၾကာင္႔ျဖစ္ရတဲ႔ ဒုကၡ (Mind-made suffering)

အလားတူ
(က) ကို ေရွာင္လႊဲမရ ဒုကၡ (Unavoidable suffering)
(ခ) ကို ေရွာင္လႊဲလို႔ရ ဒုကၡ (Avoidable suffering)လို႔ က်မ္းစာက ဆိုပါတယ္။
*****************************************************************************************

My lecture note

ဓမ္မစက္ကပဝတ္တနသုတ်လာ ဒုက္ခသစ္စာကို ပညာရှင်တွေနဲ့ကျမ်းစာက ဒီလိုခွဲပါတယ်။

(က) ဇာတိ၊ ဇရာ၊ မရဏ (Aging, sickness and death)
(ခ) ပိယေဟိ ဝိပ္ပယောဂ ( Separation from who/ what one loves)၊ အပ္ပိယေဟိ သမ္ပယောဂ (Association with who/ what one dislikes)၊
ယမ္ပစ္ဆံ နလဘတိ (Not getting what one wants or dreams do not come truth)။
(ဂ) သံခိတ္တေန ပဥ္စုပါဒါနက္ခန္ဓာ (The five aggregates of grasping)
****************************************************************************

(က) ကို ရုပ်ပိုင်းဆိုင်ရာဒုက္ခ (Physiological suffering)
(ခ) ကို နာမ်ပိုင်းဆိုင်ရာဒုက္ခ (Psychological suffering)
(ဂ) ကို ကျမ်းစာအလာ ဒုက္ခ (Doctrinal suffering)

(က) ကိုပဲ သဘာဝ ဒုက္ခ (Natural suffering)
(ခ) ကို စိတ်ကြောင့်ဖြစ်ရတဲ့ ဒုက္ခ (Mind-made suffering)

အလားတူ
(က) ကို ရှောင်လွှဲမရ ဒုက္ခ (Unavoidable suffering)
(ခ) ကို ရှောင်လွှဲလို့ရ ဒုက္ခ (Avoidable suffering)လို့ ကျမ်းစာက ဆိုပါတယ်။
555 people reached

ဆုေတာင္းေလ ဆုေတာင္း


၅ ႏွစ္အတြင္း စကၤာပူကို အမွီလိုက္မယ္ဆိုတဲ႔ ဆရာတပည့္ကိုေျပာပါတယ္။
စကၤာပူရဲေတြရဲ႕ ယူနီေဖာင္းမွာ ကင္မရာမွာ ပါေတာ႔မွာတဲ႔၊ အသံကိုလည္း သြင္းထားမွာတဲ႔။
လိင္ကိစၥနဲ႔ဆိုင္တဲ႔ အမႈအခင္းဆိုရင္ ကင္မရာကို ရပ္ထားလို႔ရတယ္ တဲ႔။
ရဲတစ္ေယာက္ တာဝန္ စဝင္ၿပီဆိုတာနဲ႔ ကင္မရာလည္း စၿပီးအလုပ္လုပ္မွာတဲ႔။
လိုက္လို႔မွီႏိုင္တယ္၊ ဟဲ ဟဲ။

လူစြမ္းေကာင္းဝါဒနဲ႔ ဒီမိုကေရစီ



ျမန္မာ႔လူစြမ္းေကာင္း (ကိုးကြယ္မႈ) ဝါဒ တဲ႔။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းမိသားစုနဲ႔ ပတ္သက္ၿပီး ထြက္ထြက္လာတတ္တဲ႔ ေဝဖန္သံပါ။
အတိတ္ကေတာ႔ မွန္ခဲ႔ပါတယ္၊ ဒါေပမဲ႔ ဒီစကားအတြက္ တန္ျပန္ေမးခြန္းႏွစ္ခုက
"ေဒၚစုအေပၚ လူထုရဲ႕ေထာက္ခံမႈ အၿမဲ ျမင္႔မားေနခဲ႔သလား"
"ဦးသိန္းစိန္အေပၚ လူထုရဲ႕ေထာက္ခံမႈ အၿမဲ နိမ္႔ပါးေနခဲ႔သလား"
ႏွစ္ခုစလုံးရဲ႕အေျဖက "ႏိုး" ပါ။ တက္လိုက္၊ က်လိုက္ပါပဲ။ လူထုအသံကို ေသေသ ခ်ာခ်ာ နားေထာင္ၾကည့္ပါ။ ဒါဟာ ဒီမိုကေရစီရဲ႕ လကၡဏာ တစ္ရပ္ပါ။

ေနာက္ထပ္ ဒီမိုကေရစီရဲ႕ အေရးပါတဲ႔အခ်က္က အာဏာကို ကန္႔သတ္ျခင္း၊ အၾကြင္းမဲ႔ အာဏာပိုင္ဆိုင္ေရးဝါဒ (ဒါက အာဏာရွင္စနစ္နဲ႔ မတူလွဘူး) ကို ေတာ္လွန္ျခင္းပါ။ ဒီ သီအိုရီက အၿမဲမွန္ပါတယ္။
စစ္တပ္ရဲ႕ အာဏာပိုင္ဆိုင္ထားမႈ၊ ခ်ဳပ္ကိုင္ထားမႈက သိပ္မ်ားလြန္းေနေသးတယ္။ ဒါဆို ဆက္လက္ကန္႔သတ္ဖို႔ လိုတယ္။
စစ္တပ္ရဲ႕ အာဏာပိုင္ဆိုင္ထားမႈကို ကန္႔သတ္ဖို႔ အဓိက အတိုက္အခံ လုပ္ႏိုင္ တာ ဘယ္သူလဲ၊ သူ႔ကို ေရွ႕တင္ၿပီး ရည္ရြယ္ခ်က္အထေျမာက္ေအာင္ လုပ္ရပါ တယ္။
လတ္တေလာမွာ သူဟာ ေဒၚစုျဖစ္ေနတယ္။ ဒီေတာ႔ ေဒၚစုကို ဝန္းရံေပးၾက တယ္။ ဒါဟာ ဟီရိုးအစ္ဇင္ (လူစြမ္းေကာင္း (ကိုးကြယ္မႈ) ဝါဒ) မဟုတ္ပါဘူး။ ဒီမိုကေရစီကို ပုံေဖာ္တာပါ။
ဟုတ္ၿပီ၊ ေဒၚစု အာဏာရသြားၿပီ၊ သူရထားတဲ႔အာဏာကလည္း မ်ားေနတယ္ ဆိုရင္ ဒီလိုပဲ ကန္႔သတ္ရမွာပါပဲ။ (ဟုတ္၊ မဟုတ္ ေစာင္႔ၾကည့္ရမွာပဲ ဆိုတဲ႔ ကြန္မင္႔မ်ိဳး တက္လာႏိုင္။ ေစာင္႔မၾကည့္ပါနဲ႔၊ ေနာက္လွည့္ၾကည့္ပါ၊ ေဝဖန္သံေတြ ၾကားရပါမယ္)။

ေပၚလစီကို ျပန္လည္သုံးသပ္ ျပင္ဆင္ျခင္း။ ဒါကလည္း သံတူေၾကာင္းကြဲ ဒီမို ကေရစီရဲ႕ အေရးပါတဲ႔အခ်က္ပါပဲ။ အခု ေဒၚစုေနာက္ကလူေတြဟာ ေဒၚစုကို ရာႏႈန္းျပည့္ေထာက္ခံသလား။
တခ်ိဳ႕က ဟုတ္မယ္၊ တခ်ိဳ႕က မဟုတ္ဘူး။
ဒါေပမဲ႔ ဘုံအက်ိဳးစီးပြား (အာဏာပိုင္ဆိုင္ထားမႈကို ကန္႔သတ္ဖို႔) အတြက္ ေဒၚစု နဲ႔ ေပါင္းမယ္(သို႔)ေထာက္ခံမယ္။ ကင္းေပါက္ႏိုင္ေျခရွိတဲ႔ ပြန္းကို ဝန္းရံေပးတာမ်ိဳး ပါ။
ဘုံအက်ိဳးစီးပြားရၿပီဆိုတဲ႔ေနာက္ဒီဝိုင္းဝန္းမႈေတြဆက္ရေနဖို႔ဆိုရင္ ေဒၚစုကိုယ္တိုင္ ေပၚလစီ ကို ျပန္လည္ သုံးသပ္ရဦးမယ္။ မလြယ္လွဘူး။

ဒီမိုကေရစီက ဘာ႔ေၾကာင္႔တန္ဖိုးႀကီးေနတာလဲ။
ဘယ္႔သူ႔ အခန္းက႑မွ မလြယ္လို႔။ အာဏာရသြားတာနဲ႔ သူ႔အာဏာကို ကန္႔ သတ္ဖို႔ လုပ္လာၾကမွာ။ လုပ္လာသူေတြကိုလည္း ပစ္သတ္လို႔ မရဘူး။
ေခါင္းေဆာင္တက္လုပ္ၿပီး ေခါင္းကုတ္ၿငီးျငဴေနလို႔ရတာမ်ိဳးမဟုတ္ဘူး၊ ဒါက ေခါင္းေဆာင္တစ္ေယာက္ လုပ္ကိုလုပ္ရမယ္႔အလုပ္။
ငွက္ေျပာသီး အခြံႏႊာဖို႔ေတာ႔ က်ေနာ္တို႔ ေခါင္းေဆာင္မတင္ၾကဘူး။

ဇင္ေဝေသာ္
****************************************************************************

လူစွမ်းကောင်းဝါဒနဲ့ ဒီမိုကရေစီ

မြန်မာ့လူစွမ်းကောင်း (ကိုးကွယ်မှု) ဝါဒ တဲ့။ အောင်ဆန်းမိသားစုနဲ့ ပတ်သက်ပြီး ထွက်ထွက်လာတတ်တဲ့ ဝေဖန်သံပါ။
အတိတ်ကတော့ မှန်ခဲ့ပါတယ်၊ ဒါပေမဲ့ ဒီစကားအတွက် တန်ပြန်မေးခွန်းနှစ်ခုက
"ဒေါ်စုအပေါ် လူထုရဲ့ထောက်ခံမှု အမြဲ မြင့်မားနေခဲ့သလား"
"ဦးသိန်းစိန်အပေါ် လူထုရဲ့ထောက်ခံမှု အမြဲ နိမ့်ပါးနေခဲ့သလား"
နှစ်ခုစလုံးရဲ့အဖြေက "နိုး" ပါ။ တက်လိုက်၊ ကျလိုက်ပါပဲ။ လူထုအသံကို သေသေချာချာ နားထောင်ကြည့်ပါ။
ဒါဟာ ဒီမိုကရေစီရဲ့ လက္ခဏာ တစ်ရပ်ပါ။

နောက်ထပ် ဒီမိုကရေစီရဲ့ အရေးပါတဲ့အချက်က အာဏာကို ကန့်သတ်ခြင်း၊ အကြွင်းမဲ့ အာဏာပိုင်ဆိုင်ရေးဝါဒ (ဒါက အာဏာရှင်စနစ်နဲ့ မတူလှဘူး) ကို တော်လှန်ခြင်းပါ။ ဒီ သီအိုရီက အမြဲမှန်ပါတယ်။
စစ်တပ်ရဲ့ အာဏာပိုင်ဆိုင်ထားမှု၊ ချုပ်ကိုင်ထားမှုက သိပ်များလွန်းနေသေးတယ်။ ဒါဆို ဆက်လက်ကန့်သတ်ဖို့ လိုတယ်။
စစ်တပ်ရဲ့ အာဏာပိုင်ဆိုင်ထားမှုကို ကန့်သတ်ဖို့ အဓိက အတိုက်အခံလုပ်နိုင်တာ ဘယ်သူလဲ၊ သူ့ကို ရှေ့တင်ပြီး ရည်ရွယ်ချက်အထမြောက်အောင် လုပ်ရပါတယ်။
လတ်တလောမှာ သူဟာ ဒေါ်စုဖြစ်နေတယ်။ ဒီတော့ ဒေါ်စုကို ဝန်းရံပေးကြတယ်။ ဒါဟာ ဟီရိုးအစ်ဇင် (လူစွမ်းကောင်း (ကိုးကွယ်မှု) ဝါဒ) မဟုတ်ပါဘူး။ ဒီမိုကရေစီကို ပုံဖော်တာပါ။
ဟုတ်ပြီ၊ ဒေါ်စု အာဏာရသွားပြီ၊ သူရထားတဲ့အာဏာကလည်း များနေတယ်ဆိုရင် ဒီလိုပဲ ကန့်သတ်ရမှာပါပဲ။ (ဟုတ်၊ မဟုတ် စောင့်ကြည့်ရမှာပဲ ဆိုတဲ့ ကွန်မင့်မျိုး တက်လာနိုင်။ စောင့်မကြည့်ပါနဲ့၊ နောက်လှည့်ကြည့်ပါ၊ ဝေဖန်သံတွေ ကြားရပါမယ်)။

ပေါ်လစီကို ပြန်လည်သုံးသပ် ပြင်ဆင်ခြင်း။ ဒါကလည်း သံတူကြောင်းကွဲ ဒီမိုကရေစီရဲ့ အရေးပါတဲ့အချက်ပါပဲ။ အခု ဒေါ်စုနောက်ကလူတွေဟာ ဒေါ်စုကို ရာနှုန်းပြည့်ထောက်ခံသလား။
တချို့က ဟုတ်မယ်၊ တချို့က မဟုတ်ဘူး။ ဒါပေမဲ့ ဘုံအကျိုးစီးပွား (အာဏာပိုင်ဆိုင်ထားမှုကို ကန့်သတ်ဖို့) အတွက် ဒေါ်စုနဲ့ ပေါင်းမယ်(သို့)ထောက်ခံမယ်။ ကင်းပေါက်နိုင်ခြေရှိတဲ့ ပွန်းကို ဝန်းရံပေးတာမျိုးပါ။
ဘုံအကျိုးစီးပွားရပြီဆိုတဲ့နောက် ဒီဝိုင်းဝန်းမှုတွေဆက်ရနေဖို့ဆိုရင် ဒေါ်စုကိုယ်တိုင် ပေါ်လစီကို ပြန်လည်သုံးသပ်ရဦးမယ်။ မလွယ်လှဘူး။

ဒီမိုကရေစီက ဘာ့ကြောင့်တန်ဖိုးကြီးနေတာလဲ။
ဘယ့်သူ့ အခန်းကဏ္ဍမှ မလွယ်လို့။ အာဏာရသွားတာနဲ့ သူ့အာဏာကို ကန့်သတ်ဖို့ လုပ်လာကြမှာ။
ခေါင်းဆောင်တက်လုပ်ပြီး ခေါင်းကုတ်ညီးညူနေလို့ရတာမျိုးမဟုတ်ဘူး၊ ဒါက ခေါင်းဆောင်တစ်ယောက် လုပ်ကိုလုပ်ရမယ့်အလုပ်။
ငှက်ပြောသီး အခွံနွှာဖို့တော့ ကျနော်တို့ ခေါင်းဆောင်မတင်ကြဘူး။

ဇင်ဝေသော်