ေတာင္ေျပာင္းေျမာက္ေျပာင္း


စကၤာပူကိုအလည္ေရာက္ရင္း ေရးထားဟန္တူတဲ႔ဆရာတစ္ေယာက္ရဲ႕ ေဆာင္းပါး တစ္ပုဒ္ ေရႊျမန္မာမဂၢဇင္းမွာ ဖတ္ရဖူးတယ္၊ သူ႔အႀကံျပဳခ်က္က လက္ရွိ အေျခအေနနဲ႔အညီ Burmese Buddhist Temple ကို Myanmar Buddhist Temple လို႔ အမည္ေျပာင္းလဲသတ္မွတ္သင္႔ေၾကာင္းပါ။ သူက ျမန္မာျပည္လို ေျပာင္းခ်င္သလို ေျပာင္းလို႔ရတယ္ထင္ေနပုံရတယ္။
စကၤာပူမွာ အမည္ေတြကို မွတ္ပုံတင္ရတယ္။ ေျပာင္းခ်င္ရင္ေတာင္ ေျပာင္းလို႔ရဖိ႔ု ပရိုစီဂ်ာေတြလုပ္ရတယ္၊ ထင္သေလာက္ မလြယ္လွဘူးဆိုတာ သိဟန္မတူဘူး။

ေနာက္ၿပီးအမည္တစ္ခု မွတ္ပုံတင္ရာမွာ ဒီအမည္ဟာ ဘယ္သူ႔ကိုမွ ထိပါးေစာ္ ကားျခင္း မရွိဘူးဆိုတဲ႔ ေထာက္ခံခ်က္ေတြ အရင္ယူရတယ္။ အရင္က ဒီဥပေဒကို မသိခဲ႔ပါဘူး။ အခုဆိုရင္ ကုမၸဏီအသစ္ေတြဆီက စာေတြေရာက္ေရာက္ လာ တတ္တယ္။ သူတို႔ေပးထားတဲ႔အမည္ဟာ ဗုဒၶဘာသာကို ထိပါး၊ ေစာ္ကား၊ သေရာ္ဟန္ မရွိဘူးဆိုတာ လက္မွတ္နဲ႔တကြ ေထာက္ခံေပးရပါတယ္။
အဲဒီ ေထာက္ခံစာအတြက္လည္း ဥာဏ္ပူေဇာ္ခ ေပးကိုေပးရတယ္။ တစ္ခုခု ဆိုရင္လည္း ကိုယ္႔တာဝန္ပဲ။ အဲသလိုေတြပါ။

ဒါနဲ႔ဆက္စပ္ေတြးမိေတာ႔ အင္း Burmese Buddhist Temple ကို Myanmar Buddhist Temple လို႔ အမည္ေျပာင္းတယ္ဆိုပါေတာ႔၊ ကဲ ဒါဆို ေမာ္လမိန္း လမ္းတို႔၊ ရန္ဂြန္းလမ္းတို႔ကို ဘယ္လိုလုပ္ၾကမလဲ။
ျမန္မာအစိုးရ ေတာင္ေျပာင္းေျမာက္ေျပာင္း ေျပာင္းတိုင္း စကၤာပူ အစိုးရက လိုက္ေျပာင္းေနမွာ မဟုတ္ဘူး။
ဘာမွမဟုတ္ပါ။ ေခါင္းထဲ ေပၚလာလို႔။
****************************************************************************
စင်္ကာပူကို အလည်ရောက်ရင်း ရေးထားဟန်တူတဲ့ဆရာတစ်ယောက်ရဲ့ ဆောင်းပါးတစ်ပုဒ် ရွှေမြန်မာမဂ္ဂဇင်းမှာ ဖတ်ရဖူးတယ်၊ သူ့အကြံပြုချက်က လက်ရှိအခြေအနေနဲ့အညီ Burmese Buddhist Temple ကို Myanmar Buddhist Temple လို့ အမည်ပြောင်းလဲသတ်မှတ်သင့်ကြောင်းပါ။ သူက မြန်မာပြည်လို ပြောင်းချင်သလို ပြောင်းလို့ရတယ်ထင်နေပုံရတယ်။
စင်္ကာပူမှာ အမည်တွေကို မှတ်ပုံတင်ရတယ်။ ပြောင်းချင်ရင်တောင် ပြောင်းလို့ရဖို့ ပရိုစီဂျာတွေလုပ်ရတယ်၊ ထင်သလောက် မလွယ်လှဘူးဆိုတာ သိဟန်မတူဘူး။
နောက်ပြီးအမည်တစ်ခု မှတ်ပုံတင်ရာမှာ ဒီအမည်ဟာ ဘယ်သူ့ကိုမှ ထိပါးစော်ကားခြင်း မရှိဘူးဆိုတဲ့ ထောက်ခံချက်တွေ အရင်ယူရတယ်။ အရင်က ဒီဥပဒေကို မသိခဲ့ပါဘူး။ အခုဆိုရင် ကုမ္ပဏီအသစ်တွေဆီက စာတွေရောက်ရောက်လာတတ်တယ်။ သူတို့ပေးထားတဲ့အမည်ဟာ ဗုဒ္ဓဘာသာကို ထိပါး၊ စော်ကား၊ သရော်ဟန် မရှိဘူးဆိုတာ လက်မှတ်နဲ့တကွ ထောက်ခံပေးရပါတယ်။ အဲဒီ ထောက်ခံစာအတွက်လည်း ဉာဏ်ပူဇော်ခ ပေးကိုပေးရတယ်။ တစ်ခုခုဆိုရင်လည်း ကိုယ့်တာဝန်ပဲ။ အဲသလိုတွေပါ။
ဒါနဲ့ဆက်စပ်တွေးမိတော့ အင်း Burmese Buddhist Temple ကို Myanmar Buddhist Temple လို့ အမည်ပြောင်းတယ်ဆိုပါတော့၊ ကဲ ဒါဆို မော်လမိန်း လမ်းတို့၊ ရန်ဂွန်းလမ်းတို့ကို ဘယ်လိုလုပ်ကြမလဲ။ မြန်မာအစိုးရ တောင်ပြောင်းပြောင်းတိုင်း စင်္ကာပူအစိုးရက လိုက်ပြောင်းနေမှာ မဟုတ်ဘူး။ ဘာမှမဟုတ်ပါ။ ခေါင်းထဲ ပေါ်လာလို့။


ဥာတကာနဥၥ သဂၤေဟာ


အနာထပိဏ္သူေဌးက သူ႔ေငြကို သူႀကိဳက္ရာလႉခြင္႔ရွိတယ္။
ဗိမၺိသာရမင္းမွာ ဒီအခြင္႔အေရးမ်ိဳးမရွိဘူး။ အေၾကာင္းက
၁။ သူ႔ေငြမဟုတ္ဘူး၊ ျပည္သူ႔ဘ႑ာေတြျဖစ္ေနတယ္။
၂။ ႏိုင္ငံအဆင္႔တာဝန္ရွိသူဟာ ႏိုင္ငံကို အစုအစည္းတစ္ခုအေနနဲ႔ပဲ ရႈျမင္ထားရ မယ္။ မခြဲျခားရဘူး။
ဥာတကာနဥၥ သဂၤေဟာဟာ မြန္ျမတ္ပါလ်က္ တရုတ္၊ ျမန္မာ အက်င္႔ပ်က္ေတြေၾကာင္႔ ကမၻာ႔အျမင္မွာ အိုးမည္းအသုတ္ခံေနရရွာတယ္။
ဟစ္တလာ နာမည္မေကာင္းေပမဲ႔ ေဆြမ်ိဳးေကာင္းစားေရးသမား၊ လူယုတ္မာလို႔ စြပ္စြဲရင္ေတာ႔ မမွန္ႏိုင္ဘူး
(ေရွးေဟာင္းမဂၤလာနဲ႔ ေခတ္သစ္လူမႈဒိုင္မင္းရွင္းကို မုခမဂၢဇင္းက လစဥ္ေဖာ္ျပေပးမယ္လို႔ဆိုပါတယ္)
*****************************************************************************
အနာထပိဏ်သူဌေးက သူ့ငွေကို သူကြိုက်ရာလှူခွင့်ရှိတယ်။
ဗိမ္ဗိသာရမင်းမှာ ဒီအခွင့်အရေးမျိုးမရှိဘူး။ အကြောင်းက
၁။ သူ့ငွေမဟုတ်ဘူး၊ ပြည်သူ့ဘဏ္ဍာတွေဖြစ်နေတယ်။
၂။ နိုင်ငံအဆင့်တာဝန်ရှိသူဟာ နိုင်ငံကို အစုအစည်းတစ်ခုအနေနဲ့ပဲ ရှုမြင်ထားရ မယ်။ မခွဲခြားရဘူး။
ဉာတကာနဥ္စ သင်္ဂဟောဟာ မွန်မြတ်ပါလျက် တရုတ်၊ မြန်မာ အကျင့်ပျက်တွေကြောင့် ကမ္ဘာ့အမြင်မှာ အိုးမည်းအသုတ်ခံနေရရှာတယ်။
ဟစ်တလာဟာ နာမည်မကောင်းပေမဲ့ ဆွေမျိုးကောင်းစားရေးသမား၊ လူယုတ်မာ လို့ စွပ်စွဲရင်တော့ မမှန်နိုင်ဘူး
(ရှေးဟောင်းမင်္ဂလာနဲ့ ခေတ်သစ်လူမှုဒိုင်မင်းရှင်းကို မုခမဂ္ဂဇင်းက လစဉ်ဖော်ပြပေးမယ်လို့ဆိုပါတယ်)

ဂရိဝန္ႀကီးခ်ဳပ္အသစ္ Alexis Tsipras


ဂရိဝန္ႀကီးခ်ဳပ္အသစ္ Alexis Tsipras က စိတ္ဝင္စားစရာေကာင္းတယ္။
အသက္ ၄၀ ပဲရွိေသးၿပီး ႏွစ္ေပါင္း ၁၅၀ မွာ အသက္အငယ္ဆုံး ဂရိဝန္ႀကီးခ်ဳပ္။
၁၉၉၀ ေက်ာင္းသားအေရးအခင္းမွာ ေက်ာင္းသားနဲ႔အစိုးရအၾကား ေဆြးေႏြးညွိႏႈိင္းေပးႏိုင္သူ။
ကြန္ျမဴနစ္ပါတီ၊ လူလတ္တန္းစားမိဘေတြက ေမြး။ လူထုေရွ႕ အဂၤလိပ္စကား မေျပာ။ နက္ကတိုင္ မစည္း။
ႏွိမ္႔ခ်၊ ရိုသား၊ ရုပ္ရည္သန္႔ျပန္႔လို႔ လူႀကိဳက္မ်ားသတဲ႔။
ေက်ာင္းသားအေရးအခင္းမွာ ေတြ႔ခဲ႔တဲ႔ Peristera Batziana နဲ႔ လက္မထပ္ဘဲ အတူေန။ (သား) ကေလးႏွစ္ေယာက္ရွိ။
ဇႏၷဝါရီ ၂၆၊ ၂၀၁၅ ကေနစၿပီး ဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္။
ေဘးကေတာ႔ အေတြ႔အႀကဳံႏုနယ္၊ ႏိုင္ငံရဲ႕ျပသနာက ထူထပ္။ ဘယ္လိုခရီးဆက္မလဲ ေဝဖန္ေနၾကတယ္ေပါ႔။

ေပါက္တတ္ကရ အင္တာဗ်ဴး (၉)




    ေမး။ ။ ဘုန္းဘုန္း ရန္ကုန္မွာတုန္းက ပိန္ပိန္ေလးေနာ္။ အခု ေတာ္ေတာ္ ဝ, လာ တယ္။ စကၤာပူက အစားအစာေၾကာင္႔လား မသိဘူး။ ေပါက္ေပါက္႐ွာ႐ွာ ေမး တယ္ မထင္ပါနဲ႔ ဘုရား။
    ေျဖ။ ။ စကၤာပူက အစားအစာေၾကာင္႔ မဟုတ္ပါဘူး။ ဘုန္းဘုန္းမွ မဟုတ္ဘူး၊ တျခား ဘုန္းဘုန္းေတြ ဝလာတာလည္း အစားအစာနဲ႔ မဆိုင္ပါဘူး။ သကၤန္းေၾကာင္႔ပါ။
    ေမး။ ။ သကၤန္းနဲ႔ ဘယ္လိုပတ္သက္ေနလို႔လဲဘုရား
    ေျဖ။ ။ လူေတြက အက်ႌေဘာင္းဘီေတြ ဝတ္ၾကေတာ႔ နည္းနည္းေလး ဝ, လာတယ္ဆိုရင္ပဲ အက်ႌေတြ က်ပ္၊ ေဘာင္းဘီေတြ က်ပ္ ဆိုေတာ႔ တန္းသိတယ္။ ရဟန္းေတာ္ေတြမွာေတာ႔ သကၤန္းႀကီးက ျပန္႔ႀကီးဆိုေတာ႔ နည္းနည္းေလး ဝ, လာလည္းမသိ၊ မ်ားမ်ားႀကီးဝ, လာလည္းမသိ။ က်ပ္တယ္ဆိုတာလည္း မ႐ိွ။ ဒါေၾကာင႔္ပါ။
    ဘုန္းဘုန္းေတြ ဝ,လာရင္ ဘုရားေပးတဲ႔ သကၤန္းႀကီးေၾကာင္႔လို႔သာ မွတ္လိုက္ပါ။
    ****************************************************************************

    ပေါက်တတ်ကရ အင်တာဗျူး (၉)

    မေး။ ။ ဘုန်းဘုန်း ရန်ကုန်မှာတုန်းက ပိန်ပိန်လေးနော်။ အခု တော်တော်ဝလာတယ်။ စင်္ကာပူက အစားအစာကြောင့်လား မသိဘူး။ ပေါက်ပေါက်ရှာရှာ မေးတယ် မထင်ပါနဲ့ ဘုရား။
    ဖြေ။ ။ စင်္ကာပူက အစားအစာကြောင့် မဟုတ်ပါဘူး။ ဘုန်းဘုန်းမှ မဟုတ်ဘူး၊ တခြား ဘုန်းဘုန်းတွေ ဝလာတာလည်း အစားအစာနဲ့ မဆိုင်ပါဘူး။ သင်္ကန်းကြောင့်ပါ။
    မေး။ ။ သင်္ကန်းနဲ့ ဘယ်လိုပတ်သက်နေလို့လဲဘုရား
    ဖြေ။ ။ လူတွေက အကျႌဘောင်းဘီတွေ ဝတ်ကြတော့ နည်းနည်းလေး ဝ လာတယ်ဆိုရင်ပဲ အကျႌတွေ ကျပ်၊ ဘောင်းဘီတွေ ကျပ် ဆိုတော့ တန်းသိတယ်။ ရဟန်းတော်တွေမှာတော့ သင်္ကန်းကြီးက ပြန့်ကြီးဆိုတော့ နည်းနည်းလေး ဝ လာလည်းမသိ၊ များများကြီးဝ လာလည်းမသိ။ ကျပ်တယ်ဆိုတာလည်း မရှိ။ ဒါကြောင့်ပါ။
    ဘုန်းဘုန်းတွေ ဝလာရင် ဘုရားပေးတဲ့ သင်္ကန်းကြီးကြောင့်လို့သာ မှတ်လိုက်ပါ။

ကမၻာ႔ ပထမဦးဆုံး ဘေလာ႔ဂ္ဂါ



ေဖ႔စ္ဘုတ္ေပၚ၊ ဘေလာ႔ဂ္ေပၚေရးတဲ႔စာ ဆိုတာ ဘယ္လိုစာမ်ိဳးလည္းဆိုေတာ႔ (ပညာရွင္တို႔ အဆိုအရ)
၁ ။ ကိုယ္နဲ႔ပတ္သက္တဲ႔ (ကိုယ္႔အာေဘာ္၊ ကိုယ္တိုင္ႂကြား၊ ကိုယ္တိုင္ ရင္ ဖြင္႔၊ ရန္လုပ္၊ ဆဲ) ပုဂၢလိက ဒိုင္ယာရီ (သာဓကေတြမ်ားလို႔ ထုတ္ မျပေတာ႔ဘူး)
၂ ။ နားလည္ရခက္တဲ႔ စာလုံးေပါင္း၊ ေဝါဟာရ အထူး အဆန္းေတြနဲ႔ ေရးတဲ႔ စာ မ်ိဳး ျဖစ္ေနရမယ္။
ဒီႏွစ္ခ်က္နဲ႔ ညွိလိုက္ေတာ႔ ကမၻာမွာ ပထမဦးဆုံး ဘေလာ႔ဂ္ဂါ က အေသာက မင္ႀကီး ျဖစ္ေနတယ္။

၁ ။ သူ႕ကိုယ္သူ ေဒဝါနံ ပိယဒသီ=နတ္တို႔ အထူးခ်စ္ျမတ္ႏိုးတဲ႔ဘုရင္ တဲ႔၊ သူကိုယ္တိုင္ အဲသလိုေရးတာ၊ သူမ်ား ေရးတာမဟုတ္ဘူး (ကိုယ္တိုင္ႂကြား)။ ၿပီးေတာ႔ ေရးတဲ႔စာေတြက ဘုရားစာလို႔ ဆိုေပမယ္႔ သူ႕အာေဘာ္ေတြနဲ႔သူ ေရး တယ္ (ကိုယ္႔အာေဘာ္) ကလိဂၤစစ္ပြဲ အၿပီး ဘယ္ေလာက္ ရင္နာရ ပုံ (ကိုယ္တိုင္ ရင္ဖြင္႔) ဓမၼနဲ႔ေအာင္ႏိုင္ခ်င္တယ္ ဆိုေပမဲ့ ရန္လာစရင္ေတာ႔ အေသာကတို႔က ငုံ႔ခံေနမွာ မဟုတ္ တဲ႔။

၂ ။ ႏွစ္ ကေတာ႔ ေျပာမေနနဲ႔ သူ႕ စာလုံးေပါင္းေတြကို တစ္ကမၻာလုံးက ပညာရွင္ေတြ အဓိပၸါယ္ဝိုင္းေဖာ္ေနတာ မသိတာေတြ အမ်ားႀကီး က်န္ေနေသး တယ္။

အစ ဖုန္းမက္ေဆ႔ဂ်္ေတြ၊ ၿပီးေတာ႔ အြန္လိုင္း ေရးဟန္ေတြ၊ အခု ေဖ႔စ္ဘုတ္ေရး ဟန္ကို ၾကည္႔ၿပီး အဂၤလိပ္ေတြကလည္း သူတို႔စာေတာ႔ ပ်က္ပါၿပီ၊ ျမန္မာေတြက လည္း ျမန္ မာစာေတာ႔ ပ်က္ပါၿပီ (က်န္တဲ႔ဘာသာေတြလည္း အတူတူေနမွာပဲ) လုပ္ေနၾကတာ ၾကာပါၿပီ။ ပ်က္ေတာ႔ မပ်က္ပါဘူး၊ အြန္လိုင္းက အြန္လိုင္း ဟန္နဲ႔ပဲ ရွိေနမွာပါ။

တကယ္ေတာ႔ ဒီလိုေခတ္မီတဲ႔ ေရးဟန္က အေသာကႀကီး စ ခဲ႔တာပါ။ ကြန္ဆာေဗးတစ္ေတြ အျပစ္ေျပာခ်င္ရင္ အေသာက ေရးဟန္ကိုၾကည္႔ၾက လို႔ ေျပာရမယ္။
ဟုတ္တယ္။ ဝိုင္ဖိုင္ မေပၚေသးတာကလြဲရင္ အေသာကဟာ ဘေလာ႔ဂ္ဂါ အစစ္ပဲ။ ခပ္ႂကြားႂကြား နားလည္ရခက္တဲ႔ ေရးဟန္ေရး ထုံးေတြနဲ႔။
ဘာျဖစ္ျဖစ္ နားေတာ႔မယ္။ ။
*************************************************************************

ကမ္ဘာ့ ပထမဦးဆုံး ဘလော့ဂ်ဂါ

ဖေ့စ်ဘုတ်ပေါ်၊ ဘလော့ဂ်ပေါ်ရေးတဲ့ စာ ဆိုတာ ဘယ်လိုစာမျိုးလည်းဆိုတော့ ( ပညာရှင်တို့ အဆိုအရ )

၁ ။ ကိုယ်နဲ့ပတ်သက်တဲ့ ( ကိုယ့်အာဘော်၊ ကိုယ်တိုင်ကြွား၊ ကိုယ်တိုင် ရင် ဖွင့်၊ ရန်လုပ်၊ ဆဲ ) ပုဂ္ဂလိက ဒိုင်ယာရီ ( သာဓကတွေများလို့ ထုတ် မပြတော့ ဘူး )

၂ ။ နားလည်ရခက်တဲ့ စကားလုံးပေါင်း၊ ဝေါဟာရ အထူး အဆန်းတွေ နဲ့ ရေးတဲ့စာ မျိုး ဖြစ်နေရမယ်။

ဒီနှစ်ချက်နဲ့ ညှိလိုက်တော့ ကမ္ဘာမှာ ပထမဦးဆုံး ဘလော့ဂ်ဂါ က အသောက မင်ကြီး ဖြစ်နေတယ်။

၁ ။ သူ့ကိုယ်သူ ဒေဝါနံ ပိယဒသီ နတ်တို့ အထူးချစ်မြတ်နိုးတဲ့ဘုရင် တဲ့၊ သူကိုယ်တိုင် အဲသလိုရေးတာ၊ သူများ ရေးတာမဟုတ်ဘူး ( ကိုယ်တိုင်ကြွား )။ ပြီးတော့ ရေးတဲ့စာတွေက ဘုရားစာလို့ ဆိုပေမယ့် သူ့အာဘော်တွေနဲ့ သူ ရေးတယ် ( ကိုယ့်အာဘော် ) ကလိင်္ဂစစ်ပွဲ အပြီး ဘယ်လောက် ရင်နာရ ပုံ ( ကိုယ်တိုင် ရင်ဖွင့် ) ဓမ္မနဲ့အောင်နိုင်ချင်တယ် ဆိုပေမဲ့ ရန်လာစရင်တော့ အသောကတို့က ငုံ့ခံနေမှာ မဟုတ် တဲ့။

၂ ။ နှစ် ကတော့ ပြောမနေနဲ့ သူ့ စာလုံးပေါင်းတွေကို တစ်ကမ္ဘာလုံးက ပညာရှင်တွေ အဓိပ္ပါယ် ဝိုင်းဖော်နေတာ မသိတာတွေ အများကြီး ကျန်နေသေးတယ်။

အစ ဖုန်းမက်ဆေ့ဂျ်တွေ၊ ပြီးတော့ အွန်လိုင်း ရေးဟန်တွေ၊ အခု ဖေ့စ်ဘုတ်ရေးဟန်ကို ကြည့်ပြီး အင်္ဂလိပ်တွေကလည်း သူတို့စာတော့ ပျက်ပါပြီ၊ မြန် မာတွေကလည်း မြန် မာစာတော့ ပျက်ပါပြီ ( ကျန်တဲ့ဘာသာတွေလည်း အတူတူနေမှာပဲ ) လုပ်နေကြတာ ကြာပါပြီ။ ပျက်တော့ မပျက်ပါဘူး၊ အွန်လိုင်းက အွန်လိုင်း ဟန်နဲ့ပဲ ရှိနေမှာပါ။

တကယ်တော့ ဒီလိုခေတ်မီတဲ့ ရေးဟန်က အသောကကြီး စ ခဲ့တာပါ။ ကွန်ဆာဗေးတစ်တွေ အပြစ်ပြောချင်ရင် အသောက ရေးဟန်ကိုကြည့်ကြ လို့ ပြောရမယ်။ ဟုတ်တယ်။ ဝိုင်ဖိုင် မပေါ်သေးတာကလွဲရင် အသောက ဟာ ဘလော့ဂ်ဂါအစစ်ပဲ။ ခပ်ကြွားကြွား နားလည်ရခက်တဲ့ ရေးဟန်ရေး ထုံးတွေနဲ့။
ဘာဖြစ်ဖြစ် နားတော့မယ်။ ။