Home » All posts
ကျွန်ုပ်သိခဲ့သည့် မော်ဒန်က ယနေ့ ဓမ္မဂင်္ဂါ ဖြစ်နေပါပြ
in
သီဟနာဒ,
အမှတ်တရ
- on 6/17/2015
- No comments
တစ်
၁၉၉၄ ၁၉၉၅ ၀န်းကျင်က ဖြစ်မည်ထင်ပါသည်။ ထိုကာလတွေတုန်းက ကျွန်ုပ်တို့ ရဟန်းငယ် အုပ်စုလေးထဲမှာ တာရာမင်းဝေနှင့် လေးဖြူတို့ကလည်း သင်ခန်းစာများလို ထူထူထဲထဲ လွမ်းမိုးမှု ရှိခဲ့သည်။ တစ်ညနေမှာတော့ (ညနေဟုထင်သည်) စိတ်ထဲမှာပဲ ညည်းလိုက်မိသည်ထင်သည့် သီချင်းတစ်ပုဒ် ပါးစပ်းထဲမှ ထွက်ကျသွားခဲ့သည်။"ဘ၀အသစ်တစ်ခု ရှိနေတယ်. လျှို့ဝှက်ချက်တို့ ဆန်းကြယ်တယ်
အတိအကျ မသိနိုင်လည်း ရည်ရွယ်ရာသို့ ရောက်နိုင်တယ်"
ထို့နောက် ရှက်နိုးစွာ ဘေးဘီလှည့်ကြည့်
မည်သူမှတော့ မရှိ။ တော်သေးသည်။ ဘယ်သူမှ မကြားလိုက်မိဘူး ထင်သော်လည်း အနည်းဆုံး နှစ်ယောက်ကတော့ ကြားသွားခဲ့သည်။
သူတို့က မော်ဒန်နှင့် သကျ။
နှစ်
အမြဲလိုလို ဘုရားရှိခိုးနောက်ကျသူအတွက် ထိုနေ့ကလည်း စောမရောက်ခဲ့ပါ။ နောက်ကျနေသဖြင့် ခပ်သုတ်သုတ် ခန်းမထဲအ၀င် ရှေ့တည့်တည့်မှာထိုင်ပြီး ဒေသနာကြားနေသည့် ရဟန်းနှစ်ပါးကို တွေ့ရသဖြင့် အံ့သြတကြီး လှည့်ကြည့် ရပ်ကြည့်ခဲ့ရသေးသည်။သူတို့ ဒေသနာကြားနေသည့် ဘာသာစကားက အင်္ဂလိပ်လို။
သူတို့နှစ်ပါးကလည်း သကျနှင့် မော်ဒန်
သုံး
ထို့နောက် သူနဲ့ မဟာသန္တိသုခမှာအိန်ဒိယမှာ
စင်္ကာပူမှာ
ယနေ့ သူ့ပါဠိကောလိပ်မှာ
ကျွန်ုပ်သိခဲ့သည့် မော်ဒန်က ယနေ့ ဓမ္မဂင်္ဂါ ဖြစ်နေပါပြီ။
သီဟနာဒ
ငွေတံဆိပ် ဆုရ ယူ ၂၃ နဲ့ပတ်သက်လို့ ဒီလို မြင်ပါတယ်
in
ဇင်ဝေသော်,
ဘောလုံး
- on 6/16/2015
- No comments
၁။ ဆီမီးတက်လာတဲ့ လေးသင်းမှာ လူကောင် အသေးဆုံး၊ ( နိုင်ငံ့ စီးပွားရေး က အဓိကအကြောင်း)
၂။ လူကောင်သေးပေမဲ့ စိတ်ဓာတ် အမာဆုံး၊ (လူမျိုးရေးစိတ်က အဓိက အကြောင်း)
၃။ ယူ ၂၃ ကို ဝန်းရံထားတဲ့ ပြည်တွင်းပြည်အားပေးမှုက ဘယ်နိုင်ငံနဲ့မဆို ယှဉ်နိုင်တယ် (လူထု၊ စစ်တပ်၊ ခရိုနီ မကွဲတော့ဘူး၊ အားလုံးတစ်သားထဲ။ ဒီအတိုင်း ဖြစ်နေရမယ်)
၎။ ရှက်စရာအကောင်းဆုံးက လက်မှတ်ဦးအောင်ဝယ်၊ မှောင်ခိုဈေးနဲ့ ပြန်ရောင်းတဲ့ လူတစ်စု (တကယ်မှန်ရင် ကောက်ကျစ်၊ ယုတ်မာလွန်းတယ်၊ မြန်မာ လူလတ်တန်စား အများဆုံးရှိတဲ့ စင်္ကာပူရောက် မြန်မာတွေက ဒါကို စံပြ တော်လှန်ပြမှရမယ်။ ပြီးပြီးရော မထားသင့်ဘူး၊ လက်ဆုပ်လက်ကိုင် မိရင် ရဲလက် အပ်သင့်တယ်။ အဲဒီစိတ်ဓာတ်က လူမှုရေး ကင်ဆာပဲ)
၅။ ဦးသိန်းစိန် တီဗွီကနေ အားပေးစကားပြောတာမျိုးက အပြုသဘောဆောင်တယ်။ (ဒါပေမဲ့ မျက်နှာ၊ ကိုယ်အမူအယာ၊ လေသံက မိုနိုတုန်းဖြစ်နေပြီး အသက်မဝင်ဘူး။ ထိုင်ပြောနေတော့ အားမပါဘူး။ အားပေးစကားပြောတာနဲ့ မဟာဗျူဟာရှင်းပြတာက လေသံ၊ မျက်နှာထား တူနေလို့ကို မရဘူး။ အသက် ကြီးပြီဆိုပေမဲ့ ရသလောက် ပြင်ယူသင့်တယ်)
မှတ်ချက်။ ဒီနေ့ သတင်းစာကို ကောက်မကိုင်တာ၊ ရှင်းတယ်။
ညီလေးတို့ရေ
in
ကဗျာ,
ဇင်ဝေသော်,
ဘောလုံး
- on 6/15/2015
- No comments
ညီလေးတို့ရေ
ရင်ဘတ်နဲ့ကန်တဲ့ ငါတို့လည်း
ခြေကုန်လက်ပန်း ကျသကွဲ့
လူတွေက သွေးနဲ့သားနဲ့ကိုး။
ကွင်းထဲက ပရိသတ်ရေ
လက်ခုပ်မတီးရလို့
ငါတို့လည်း ရင်နာသကွဲ့ "မြန်မာ မြန်မာ"
လူတွေက သွေးနဲ့သားနဲ့ကိုး။
လီကွမ်းယုကို စိန်ခေါ်ဖူးရဲ့
၁၀ နှစ် အချိန်ပေးပါ
"မင်္ဂလာပါ" ချတ်တင်းရုန်းမ်က နှုတ်ဆက်ခွင့်ပြုပါ
ခင်ဗျား မွေးနေ့မှာ အိုင်ပက် လက်ဆောင်ပေးခွင့်ပြုပါ။
ဟုတ်ကဲ့
အဲဒီအချိန်မှာ ကျနော်တို့
ရာနှုန်းပြည့် နိုးထနေစေရမယ်
လူကြီးမင်း ခန့်မှန်းချက်တွေ ရာနှုန်းပြည့် လွဲနေစေရမယ်။
ဇင်ဝေသော်


