တကယ်က ကိုယ်လုပ်သည့်အလုပ်ကို ပိုင်နိင်ဖို့၊ ပရော်ဖက်ရှင်နယ်အဆင့်အထိ ရှိနေဖို့သာ


အနာဂါမ် ဆရာသက်ကြီး တရားပြလာခဲ့ဖူးသည်။
ထိုမှနောက် လူပုဂ္ဂိုလ်မျာ ဆက်တိုက်လိုလို တရားပြလာခဲ့ကြသည်။
ကမ္ဘာအထိတရားခြေဆန့်သွားသူက ဆရာကြီး ဦးဂိုအင်ကာ
မျက်မှောက်ခေတ် ဒေါက်တာမင်းတင်မွန်ကအစ များစွာ တရားပြသူပြ၊ အဘိဓမ္မာ ပို့ချသူ ပို့ချ။

မနေ့က သူများတက်သဖြင့် ဖတ်လိုက်ရသည့် စတေးတပ်တစ်ခုမှာ လူအလုပ်ကို ဘုန်းကြီးလုပ်လို့ရပေမဲ့ ဘုန်းကြီးအလုပ် လူလုပ်လို့ မရဟန် ရေးထားတာကို ဖတ်လိုက်ရသည်။
တကယ်က ခေတ်အဆက်ဆက်မှာ ရောထွေးယှက်တင်ဖြစ်မှု ရှိပါသည်။
တကယ်က ကိုယ်လုပ်သည့်အလုပ်ကို ပိုင်နိင်ဖို့၊ ပရော်ဖက်ရှင်နယ်အဆင့်အထိ ရှိနေဖို့သာ အရေးကြီးသည်။

ဒါက မြန်မာ့ ယဉ်ကျေးမှု အောက်မှာပဲ ရှိသေးသည်။

ကြက်သား ကာလသားချက်နဲ့ ပုံမပျက် ကိတ်မုန့် တစ်ပွဲ


ရွာကိုမရောက်ဖြစ်ခဲ့ပေမဲ့ တစ်အိမ်လုံးစာ ကြက်သားကာလသားဟင်း ချက်ထားဖို့ မှာခဲ့သည်။
ရွာမရောက်ဘဲ ရန်ကုန်ပြန်ရောက်လာခဲ့သည်။

နောက်နေ့မနက် အသိတစ်ယောက်က ဘာစားချင်သလဲ မေးလို့ အလွမ်းပြေ ဒါပဲစားမယ် ဖြေခဲ့မိ၏။ သူမက ကိုယ်တိုင်မလာ၊ ကလေးတွေကို အပို့ခိုင်းလိုက်သည်။ ဘာဖြစ်ဖြစ် ထိုဟင်း ရောက်လာသည်ပေါ့။ စားကောင်းပါသည်။ ထိုဟင်းကိုစားပြီး ဘာမှ မစားဖြစ်တော့။

တစ်ယောက်ကလည်း ကိတ်မုန့် စီစဉ်ထားသည်၊ လက်ရှိ ကျန်းမာရေးနဲ့အညီ ဖြစ်ပါလိမ့်မည်။ သို့သော် မစားဖြစ်။
မိတ်ဆွေတွေ ရောက်လာတိုင်း ထိုကိတ်မုန့်ကို ချကျွေးမိသည်။ အများအားဖြင့် မစားကြ။လူမမာစာဟု ထင်သောကြောင့်လား၊ သူတို့ကိုယ်တိုင် မကြိုက်သောကြောင့်လားတော့ မသိပါ။

မနေ့က ပထမဆုံး ဆရာ သစ္စ္စာနီနဲ့ ကိုကျော်သာလာသည်၊ ထို့နောက် ဆရာ မောင်စိမ်းနီလာသည်။ ပြသနာက မောင်စိမ်းနီနှင့် ရိုက်လိုက်သောပုံမှာ ထိုကိတ်မုန့်ပွဲပါသွားသည်။

ထိုစဉ် မိန်းကလေးတစ်ယောက်က တို့ကို ချကျွေးတဲ့ ကိတ်မုန့်က ပန်းကန်းကအစ အတူတူပဲ ပြောရင်း ဖုန်းဆက်သည့်အခါ စဉ်းစားရင်း ရယ်မောလိုက်ရသည့်အဖြစ်က ဗိုက်ကြောတွေ နာသည်အထိပင်။ ဒီနေ့ လာချင်လို့ လိပ်စာတောင်းသူများ ထိုကိတ်မုန့်ကို အရင် သတိရစေချင်ပါသည်။ ထိုကိတ်မုန့် မကုန်သေးပါ။ ရေခဲသေတ္တာထဲမှာ ရှိသေးသည်။

ဆရာကြီး ဦးတင်ဦး (ကျူရှင်)


၁၉ ရက်နေ့က ထူးထူးခြားခြား တက်ရောက်လာသူများတွင် ဆရာကြီး ဦးတင်ဦး ကျူရှင်လည်းပါဝင်သည်။ ဆရာကြီးကတော့ အရွယ်လည်းရှိ၊ မျက်စိလည်းကောင်း အခုလို စာအုပ်တွေကို ဖတ်ရုံမက ဘာသာပြန်ဖို့အထိပါ စိတ်ဝင်စားလို့ ၀မ်သာကြောင်း၊ သူ့အနေနဲ့ မျက်စိကို တော်တော် ညှာနေရကြောင်း ပြောသွားသည်။ စကား ဒီထက်ကြာကြာ ပြောလိုသေးသော်လည်း နှစ်ဖက်စလုံးက ရှုပ်နေသဖြင့် ခဏသာပြောခွင့်ရခဲ့သည်။ သို့သော် ထိုက်သင့်သလောက် ပြည့်စုံသည်။ လေးစားရသည့် ဘာသာပြန် ကျွမ်းကျင်လှသော ဆရာကြီးတွေထဲမှ တစ်ယောက် လို့တော့ အနည်းဆုံး ပြောနိုင်ပါသည်။
ကိုယ်တိုင်ကလည်း ဆရာကြီးနှင့် တွေ့လိုက်ရသဖြင့် အလွန်ဝမ်းသာမိပါသည်။


စုဋီကာရှိပြီးဖြစ်သူများအနေနဲ့ ဆရာကြီး ဦးတင်ဦး ကျူရှင်၏ ဆောင်းပါးကို သေသေချာချာဖတ်မိကြဖို့ တိုက်တွန်းချင်ပါသည်။ အတိတ်၊ ပစ္စ္စုပ္ပန်မှတဆင့် အနာဂတ်ကို မျှော်ခေါ်ရေးထားသဖြင့် သုံးသပ်စရာတွေ များစွာပါဝင်ပါသည်။







ပြောမယ်ဆိုလည်း ပြောစရာပဲ


ဟန်တင်တင် ဒုတွဲထွက်လာတော့ ပတွဲပါ အော်ဒါလိုက်လာတယ်။
ရဟန်းနဲ့နိုင်ငံရေးက ပြောစရာ ရှိပေမဲ့ ရဟန်းနဲ့ နိုင်ငံရေးစာပေကတော့ မကင်းပါဘူး။ ရာဇောဝါဒသုတ်က နိင်ငံရေးပုံစံဖြစ်ပြီး အဂ်ဂညသုတ်က စီဗီလိုက်ဇေးရှင်းအကြောင်း ဟောထားတာပါ။
စပ်မိလို့ မနှစ်က ထွက်တဲ့ ကစ်ဆင်းဂျားရဲ့ world order နဲ့ ဖူကူယားမားရဲ့ political Order and Political Decay မြန်မာပြန် ရှိနေပြီလားဆိုတော့ မရှိသေး၊ တချို့က ကြားကို မကြားဖူးသေးတာ။
နောက်ပြီး ဟန်တင်တန်လို စာမျက်နှာ ၈၀၀ ၀န်းကျင်ကို ၀ယ်မ၀ယ်မသိဘဲ ရိုက်ထုတ်ဖို့က အရဲစွန့်စရာတွေ အများကြီးပဲ။ ဘာကိုမှ ဂရုမစိုက်မှ ဒါမျိုးတွေ စာအုပ်ဖြစ်လာမှာထင်တယ်။ ငွေအကြောင်း စဉ်းစားရင် သို့ မြတ်ဖို့၊ မရှုံးဖို့ဆိုရင် ဒါမျိုးတွေ စဉ်းစားစရာကို မလိုတော့ဘူး။

ဒီက စောင့်နေသူ


တစ်

လေယာဉ်ပေါ်မှ အဆင်း ခပ်ဝေးဝေးမှ လက်ပြနေသည့်ရဟန်းတစ်ပါးကိုတွေ့နေရသည်။ မည်သူမှန်း အတိအကျ မသိရသေး။ သို့သော် လက်ပြခြင်း၊ ပြုံးပြခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ပို့စ်တင်ခြင်း လေးမျိုးစလုံး တပြိုင်နက်လိုလို လုပ်နေနိုင်သဖြင့် ဓမဂင်္ဂါသာဖြစ်ရမည်ဆိုပြီး ပြန်လည်လက်ပြလိုက်၏။ မှားနိုင်ခြေ နည်းသည်။



နှစ်

ပါဠိကောလိပ်ရောက်ပြီး ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲ ၀င်လိုက်သည်။
ထိုစဉ် အမြင့် ငါးပေ ခြောက်လက်မအထက်မှာရှိသည့် ပိုးမျှင်လေးတစ်ခုက နဖူးကို လာနှုတ်ဆက်သည်။ တကယ်တော့ ရေချိုးခန်းက သန့်ရှင်းနေပါသည်။

သုံး

ထို့နောက် ကိုယ်တိုင်က စောင့်နေသူ ဖြစ်ခဲ့ရသည်။
ဘိက်ခု ဥာဏိန်
ဘစံ
နှစ်းပါးစလုံး နောက်ကျသည်။ နှစ်ပါးစလုံးကလည်း ကားကြပ်နေလို့ဟု ပြောကြသည်။

"အတော် အဆင်ပြေပါတယ်။ ရန်ကုန်မှာက ဘာကြောင့်ပဲ နောက်ကျနောက်ကျ၊ ကားကြပ်နေလို့ဆိုရင် အိုကေသွားတာပဲ" ဓမဂင်္ဂါက ဆိုသည်။

သူစကားကိုတော့ ဟိုနှစ်ပါးကို ပြန်မပြောဖြစ်ခဲ့ပါ။

ဆက်ရန်
(ဆက်ရန်ဆိုသော်လည်း ဆက်ဖို့က မသေချာလှပါ)