တေလာရဲ့ ဂျင်နရယ်နေဝင်း စာအုပ်ထဲက မြန်မာ စကားပ


တလောကထွက်တဲ့ တေလာရဲ့ ဂျင်နရယ်နေဝင်း စာအုပ်ထဲကပါ၊ မြန်မာ စကားပုံတွေကို အင်္ဂလိပ်လို ပြန်ရေးထားတာ။
အဲဒါတွေကို စွတ်ပြီးဘာသာပြန်ရင်တော့ ရယ်စရာဖြစ်ကုန်မှာ သေချာတယ်။

အမေကျော် ဒွေးဒေါ်လွမ်းကို "Those who seek to love the Aunty outside rather than the mother of their own." လို့ ရေးထားပြီး
ဒီယုန်မြင်လို ဒီခြုံထွင်ကို "They create the bush (to catch it) as they see the rabbit." လို့ သူနားလည်သလို ရေးထားတာ တွေ့ရတယ်။

ဖတ်ရင်း ရယ်ချင်လို့ တင်လိုက်တာပါ။ မျဉ်းတားထားတာလေးတွေ ဖတ်ကြည့်ပါ။

အစိတ်သား

တရုတ်ပြည် အိပ်ပျော်နေပါစေ


“တရုတ်ပြည် အိပ်ပျော်နေပါစေ။ သူနိုးလာရင် တစ်ကမ္ဘာလုံး လှုပ်ခတ်သွားလိမ့်မယ်”
(နပိုလီယံ)

အေဒီ ၂၁ ရာစု


လူ လွှတ်တော်၌ တင်သွင်း ဆွေးနွေးရသည့် အရေးတကြီး ကိစ္စနှစ်ရပ်
၁။ စစ်အကြောင်း နားလည်ရမည် (သို့) ကာကွယ်ရေးအကြောင်း နားလည်ရမည်။
၂။ ချွေးမ၊ သားမက် ဖယ်ရေး၊ မဖယ်ရေး။
********************************************************************************
ဘီစီ ၆ ရာစု

လွှတ်တော် ဥက္ကဋ္ဌ ရှင်ဒေဝဒတ်။
လွှတ်တော်အမတ်။ လင်းနို့သား ငါးရာဖြစ်ဖူးသော ရဟန်း ၅၀၀။

ဗုဒ္ဓဇင်လွှတ်တော်၌ တင်သွင်း ဆွေးနွေးမည့် အရေးတကြီး ကိစ္စနှစ်ရပ်
၁။ ဗုဒ္ဓဇင်ကို နှံ့စပ်ရမည် (သို့) ပိဋကတ်တော်ကို ကျွမ်းကျင်လိမ္မာရမည်။
၂။ အဖိတ်နေ့ညနေမှာ ခေါင်းရိတ်ရမည် (သို့) ဥပုသ်နေ့ မနက်မှာ ခေါင်းရိတ်ရမည်။

ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းနှင့်အထက်မှာရှိမှ ဆုံးဖြတ်ချက် အတည်ပြုနိုင် သည်။

မှတ်ချက်။ ဘုရားလည်း "ဒုအင်္ဂုလံ၊ ဒွေမာသံ" ဖြင့် ရောမချရ။ ဆန္ဒရှိလျှင် ဘုရားလည်း ထောက်ခံ (သို့) ကန့်ကွက် တစ်မဲထည့်ခွင့်ရှိသည်။ မဲခွဲဆုံးဖြတ်ခြင်းမပြီးမှီ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန်တို့ကို ရဟန်းငယ် ၅၀၀ ထံ စည်းရုံးရေး မလွှတ်ရ။

ပရမတ္ထနီးပါးမှန်တဲ့ အမှန်တရား


ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်တာပဲ ဖြစ်ဖြစ်
အိုလံပစ်မြို့တော်အတွက် မဲခွဲဆုံးဖြတ်တာပဲ ဖြစ်ဖြစ်
(အပြင်မှာ ဘယ်လိုပဲပြောပြော)
နောက်ဆုံးအဖြေက စီဗီလိုက်ဇေးရှင်းအတိုင်းပဲ ရှိတယ်။
ဒါက ပရမတ္ထနီးပါးမှန်တဲ့ အမှန်တရား။
တဖြည်းဖြည်း ကိုယ်အားကောင်းအောင် လုပ်ယူဖို့ပဲ ရှိတယ်။

Ref: The Clash of Civilizations