သမ္မတကြီး ပိုင်သွားတဲ့ ဒီ စနေ


"ဒေါ် အောင်ဆန်းစုကြည် ဆိုရင်လည်း သူမ ရခဲ့သမျှ လက်ခုပ်သံတွေ အားလုံးနဲ့ ထိုက်တန်ခဲ့တာပါပဲ။ ဒါပေမယ့် သူမတစ်ယောက်တည်းနဲ့တော့ မြန်မာ့ပြောင်းလဲရေး ဖြစ်မလာနိုင်ပါဘူး။ စစ်တပ်ကလည်း အပေအယူ လုပ်ခဲ့လို့ပါ၊ အနောက် နိုင်ငံတွေက ဖြစ်နိုင်ခြေ လုံးဝနီးပါး မရှိဘူးထင်ထားတဲ့  အပြောင်းအလဲတွေ မထင်မှတ်ဘဲ ဖြစ်လာခဲ့တယ်။ အဲဒါ ဦးသိန်းစိန်ရဲ့ အမျှော်အမြင်နဲ့ စွမ်းဆောင်ရည် ကြောင့်ပါပဲ။ မဖြစ်နိုင်ဘူးထင်ရတဲ့ ပန်းတိုင်ကို လက်ကိုင်မိသွားတာပါ။ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ စစ်တပ်ကို နားချ၊ "ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး၊ သူလုပ်နိုင်ခဲ့တယ်။ အခု ကမ္ဘာက  ဦးသိန်းစိန်ရဲ့ အောင်မြင်မှုကို ထောက်ခံလာနေရပါပြီ။ Foreign Policy မဂ္ဂဇင်းက ၂၀၁၂ ခုအတွက် ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင် ၁၀၀ ထဲက  ဦးသိန်းစိန်ကို နံပတ် တစ် ရွေးထားတယ်။ The International Crisis Group ကလည်း သူ့လုပ်ဆောင်မှုတွေ အတွက် ငြိမ်းချမ်းရေးဆု ချီးမြှင့်ပါဦးမယ်။ ဦးသိန်းစိန်ဟာ ဒီဆု အားလုံးနဲ့ ထိုက်တန်ပါတယ်။ အထူးသဖြင့် စထရိတ်တိုင်းမ်က ချီးမြှင့်တဲ့ The Asian of the Year ဆုနဲ့ မလွဲမသွေ ထိုက်တန်ပါတယ်။ သူ့ထက်ပိုပြီး ထိုက်တန်သူ မရှိပါဘူး။
ပရော်ဖက်ဆာ၊ ကီရှော မဘုဘန်နီ
Professor Kishore Mahbubani
Dean of the Lee Kuan Yew School of Public Policy at the National University of Singapore.

တစ်ဦးချင်း စွမ်းရည်နဲ့ နိုင်ငံရေးကို ပြောင်းလဲပေးတဲ့ အာရှနိုင်ငံခေါင်းဆောင်တွေထဲမှာ  ဦးသိန်းစိန်ဟာ အပြုသဘော  ပြောင်းလဲမှု အများဆုံးလုပ်ဆောင်ပေးနိုင်သူပါ။ အတိတ်က အရိပ်မည်းကြောင့် ရသင့်ရထိုက်တဲ့ အသိအမှတ်ပြုခံရမှုတချို့ မရခဲ့ရှာပါဘူး။
Professor David Steinberg,
Distinguished Professor of Asian Studies at Georgetown University.

မြန်မာ နိုင်ငံကို အထီးကျန်နိုင်ငံ တစ်နိုင်ငံကနေ ကမ္ဘာ့ဇာတ်ခုံအလယ် ရောက်လာအောင် ဦးသိန်းစိန်က ဖန်တီးပေးခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေနဲ့ ဆက်စပ်ပြီး အကျိုးခံစားနေရတဲ့ လူတွေနဲ့ အတိုက်အခံလုပ်နေရလေတော့ သူ့တာဝန်ဟာ တော်ရုံသတ္တိနဲ့ မရနိုင်ပါဘူး။
Mr Barry Desker,
dean of Rajaratanam School of International Studies.

(စထရိတ်တိုင်းမ် မှာ တခမ်းတနားဖော်ပြထားတဲ့ Nirmal Ghosh ရဲ့ " Childhood poverty inspired success "  ဘာသာပြန်ကို ဖော်ပြပေးပါဦးမယ်။)



 ကမ်းလက် 

Breaking News "Thein Sein is ST's Asian of the Year"


မြန်မာ သမ္မတကြီး ဦးသိန်းစိန် ( သို့ ) ၂၀၁၂ ခု စထရိတ်တိုင်း သတင်းစာရဲ့ အာစီယံ ခေါင်းဆောင်မှု စွမ်းရည် ဆုရှင်။

၁၈၄၅ ခု နှစ်မှာ စတင် ထုတ်ဝေခဲ့တဲ့ စထရိတ်တိုင်း သတင်းစာဟာ ဒေသ တွင်းရှိ ခေါင်းဆောင်များမှ တစ်နှစ် တစ်ဦး ရွေးချယ်ပြီး ဒီ ဆုပေးခဲ့ပါတယ်။ ဆုပေးရာမှာ သူ့နိုင်ငံအတွင်း ( သို့ ) အာစီယံ ဒေသအတွင်း သူတို့ရဲ့ အကျိုးပြုလုပ်ငန်းတွေကို ကြည့်ပြီး ပေးတယ်လို့ သိရပါတယ်။

စစ်တပ်အစိုးရမှ အရပ်သား အစိုးရအသွင်ကူးပြောင်းခြင်း၊ ဒီမိုကရေစီစနစ် စတင်ကျင့်သုံးခြင်း၊ တံခါးဖွင့် စီးပွားရေး စနစ်ကို စတင်ကျင့်သုံးပြီး အနောက်နိုင်ငံတို့ ပိတ်ထားခဲသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးနိုင်ခြင်း၊ နိုဘယ်လ် ဆုရုရှင် ဒီမိုကရေစီ မိခင် ဒေါ်အောင်ဆန်းစု ကြည်ကို ပါလီမန်ထဲ ဝင်လာအောင် ဆွေးနွေး စည်းရုံးနိုင်ခြင်း စသော သူ၏ ရဲဝန့် ပြောင်မြောက်သော စွမ်းဆောင်ချက်များကြောင့် စထရိတ်တိုင်း သ တင်းစာ အယ်ဒီတာများအဖွဲ့က ၂၀၁၂ ခု အတွက် " Asian of the Year " ဆုကို မြန်မာ သမ္မတကြီး ဦးသိန်းစိန်အား ချီးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ယနေ့ ထုတ် စထရိတ်တိုင်း သတင်းစာအရ သိရပါသည်။

Original news By: Ravi Velloor. Foreign Editor.
S.T, Saturday, Dec, 15, 2012.


 ကမ်းလက် 

ဂျက်ကီချန်း ကြီး ဒုက္ခရောက်နေပြီ ( လွတ်လပ်စွာ ပြောဆိုခွင့် ) တဲ့

ဂျက်ကီချန်းက ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ များလွန်းတယ်၊ တချို့ ထိန်း ချူပ် ကန့်သတ်သင့်တယ် ပြောလို့တဲ့။
ဒါနဲ့ သူ့ကို ဝိုင်းတွယ်ကြတယ်။
" ဟိုတုန်းက ကမ္ဘာက သိထားတာက ဆန္ဒပြပြီဆို တောင်ကိုရီးယားတွေပဲ၊ အခု ဟောင်ကောင်သားတွေ ဖြစ်နေပြီ၊ ဘယ်ကိစ္စမျိုးဆို ဆန္ဒပြလို့ရ၊ ဘယ် ကိစ္စမျိုးဆို ဆန္ဒပြလို့မရ စတဲ့ ကန့်သတ်ချက်တွေ ရှိနေသင့်တယ် " လို့ ပြောလို့ပါ။

သူ့ကို အဓိက ဆော်တာကတော့ နိုင်ငံရေးနဲ့ လူ့ အခွင့်အရေး လောကထဲက လူတွေပါ။ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ရိုက်ကူး ခွင့်တွေကြောင့် ဂျက်ကီ ချန်းဆိုတာ ဖြစ်လာတာ၊ ဒီလို မပြောသင့်ဘူး။ ဒီ စကားဟာ လက်ခံနိုင်စရာ မရှိဘူး စသဖြင့်ပေါ့။

အရင်ဆုံး ဆန္ဒပြမှုတွေ က သူ့နိုင်ငံနဲ့သူတော့ များတယ် ထင်နေတတ်ကြပါ လား လို့ တွေး မိလို့ပါ။
နားလည်လို့ မရတဲ့ ကိစ္စက လွတ်လပ်စွာ ပြောဆိုခွင့်ပါ။ သူယုံကြည်တာကို သူပြောတဲ့ကိစ္စကို မပြောရဘူးဆိုရင်တော့ ဘယ်ဟုတ်မလဲ။

ကျန်သူတွေက ပြောရင် တော်သေးတယ်၊ အခု လွတ်လပ်စွာ ပြောဆို ခွင့် ကြွေးကြော်နေသူတွေက ဒီလိုပြောတော့ သူတို့ အခွင့်အရေးက ဂျက်ကီ ချန်းမှာ မရှိတော့ဘူး ဖြစ်သွားတယ်။ ဂျက်ကီချန်းက ကွန်ဖူးမင်းသား၊ ဩဇာရှိသူ ဖြစ်ပေမယ့် အစိုးရ အဖွဲ့ထဲမှာ ရာ ထူးကြီးကြီးမှ ယူမထားတာ၊ သာမန် အရပ်သားလို သူပြောချင်ရာ၊ သူယုံ ကြည်ရာ သူ ပြောမှာပေါ့၊

လူ့အခွင့်အရေးက အူတူတူ ဦးနှောက်နဲ့တွေ့ရင် သူလည်း အူလည်လည်ဖြစ် သွားတော့တာပဲ။
လူ့အခွင့်အရေးစကားလုံးကို ရှေ့ကထာပြီး ကိုယ်လိုရာကောက်ချက်တွေ ဆွဲကြတော့တာ။

(အူတူတူ နဲ့ အူလည်လည် ကြားမှာ မအူမလည် တွေ....
ဘာဖြစ်မလဲတော့ မသိဘူး :P )
ကွင်းစကွင်းပိတ်က အက်ဒမင်ရဲ့ မှတ်ချက်ပါ။


 ဇင်ဝေသော်

ကျနော်တို့နဲ့ ဦးပေါ်ဦး


( ၁ )
" တံခါးလာခေါက်တာ ဘယ်သူလဲ "
" ငါ ပါဟ ပေါ်ဦးရ၊ ဦးဝိုင်းပါ။ တံခါးဖွင့်ပါအုံး "
" ဘယ်က ငါလဲ၊ ဦးဝိုင်းက ဥပုသ်ဆောင်မှာ "
" မနောက်ပါနဲ့ ပေါ်ဦးရာ၊ ငါ့ အသံကို မှတ်မိသားနဲ့၊ ငဝိုင်း အစစ်ပါ "
ငါဆိုတိုင်း ငဝိုင်းဆိုတိုင်း တံခါးဖွင့်ပေးရမယ်ဆိုရင် မြို့ရိုးတံခါး ပိတ်ဖို့ မ လိုတော့ဘူး "
ဘိုးတော် ဦးဝိုင်းကြီး တော်တော် ကြေကွဲသွားတယ်။

( ၂ )
" တံခါးလာခေါက်တာ ဘယ်သူလဲ "
" ကျနော်ပါ ဦး ပေါ်ဦး၊ ပြောစရာ ရှိလို့ပါ "
" ကျနော်ဆိုတိုင်း တံခါးဖွင့်ပေးရမယ်ဆိုရင် မြို့ရိုးတံခါး ပိတ်ဖို့ မလိုတော့ ဘူး၊ ပြောစရာရှိရင် ပြော "
" ကျေးဇူးပါ။ ကျနော် ရန်ကုန်ပြန်မလို့ ပါ "
" ရန်ကုန်ကိုသွားပြီး နင်က ဥပုသ် သွားစောင့်မလို့လား "
" ကျနော်က ဘိုးတော် ဦးဝိုင်းမှ မဟုတ်တာ၊ ဥပုသ်ကို စောင့်စရာ မလိုပါ ဘူး၊ ဥပုသ် က ကျနော့်ကို စောင့်နေတာပါ "
" သီလမရှိ၊ ဘာဝနာမရှိ၊ မိစ္ဆာဒိဋ္ဌိကောင်၊ ရန်ကုန်ကိုသွားပြီး နင်က ဘာလုပ် မှာလဲ "
" ဘိုးတော် ဦးဝိုင်းနဲ့ ရှယ်ယာလုပ်ပြီး ဘိုးဘိုးအောင်ဆီက " ဝ " လုံးတွေ အ ကုန် ကန်ထရိုက် စာချပ်နဲ့ ဝယ်ထားမလို့ပါ၊ ဒေါ်လာရှိရင် ချေးပါဦး "
" မရှိဘူး မချေးဘူး၊တံခါးဖွင့်ပေးမယ်၊ ဝင်ခဲ့၊ ငါပြောစရာ ရှိလို့ "
" ဥပုသ်ကျိုးမှာမို့ မဝင်တော့ဘူး၊ သွားပြီဗျာ။ ဘိုးတော် ဦးဝိုင်းက စောင့်နေလို့ "

" ဟေ့ကောင် နေဦး၊ ငါ ပြောစရာရှိလို့၊ ဦး ပေါ်ဦးဖြတ်ထုံးစာအုပ် ငါထုတ် ချင် လို့၊ နင် ပတ်ဘလစ်ရှာ ရှာပေးနိုင်မလား၊ ကော်မရှင်ခ ပေးမယ် "
" ခင်ဗျားစာအုပ်က ဝယ်မယ့် လူရော ရှိမှာ မို့လား၊ ကဲပါလေ၊ ပတ်ဘလစ်ရှာ ရှာခဲ့ပါ့မယ်၊ သွားပြီဗျာ "
" ရှိမှာပါကွာ၊ ငါ့ခေတ်နဲ့ ငါတော့ ပေါ်ဦး တစ်ဦးတည်း ရှိခဲ့တာပါ။ ဒါနဲ့ " ဝ " လုံးတွေနဲ့ နင်တို့က ဘာလုပ်မှာလဲ "
" ဘာမှ မလုပ်ဘူး၊ ဝယ်ပြီး သိမ်းထားမှာ၊ " ဝ " လုံးတွေရှားပါးတော့မှ ထုတ်ရောင်းမှာ "
" နှစ်ယောက်စလုံး အရူးတွေကွာ "

( ၃ )
နှစ်ပတ်ကြာတော့ ခေါင်းငိုက်စိုက် ချထားတဲ့ ဘိုးတော် ဦးဝိုင်း နဲ့ ကျနော့် ကို တွေ့ရတယ်။
" ဟေ့ အရူးနှစ်ယောက်၊ မင်းတို့ " ဝ "လုံး ကုမ္ဖဏီ ကိစ္စက ဘယ်လိုလဲ "
" မမီလိုက်ဘူ ဗျာ။ တရုတ်က အကုန်ဝယ်သွားပြီ။ " ဝ " လုံးတင် မကဘူး၊ ဆိတ်မျက်လုံး နွားမျက်လုံးတွေပါ အကုန် ဝယ်သွားလို့ "
ဉာဏ်ပြေးတဲ့ ဦး ပေါ်ဦးက ချက် ဆို နားကက်က မီးတောက်တဲ့ အမျိုးပဲ။
" ဟိုက်။ ဒါဆို ရှင်အဇ္ဇဂေါဏ တော့ ဒုက္ခရောက် ပြီ "
" အဲဒါပေါ့ဗျာ၊ ကိုယ့်ပြည်တွင်းက ဆိတ်မျက်လုံး နွားမျက်လုံးတွေကို တ ရုတ်ပြည်ကနေ ပြန်မှာယူနေရလို့ ဈေး အဆမတန်ကြီးပြီး မဝယ်နိုင် ဖြစ်နေ ရှာတာ "
" ဒါဆို သူ့ မျက်လုံး တွေ "
" မဝယ်နိုင်လို့ မျက်လုံးမတတ်ရသေးဘူး "

" မင်းတို့ အစိုးရက ဘာဖြစ်လို့များ ရှိ ရှိ သမျှ တရုတ်ကို အကုန် ရောင်းရ တာလဲ "
" ဘိုးဘိုးအောင် ရှိရင် " ဝ "လုံး ရှိတယ် ဆိုပြီး ရောင်းတာ တဲ့။ တရုတ်က ဘိုးဘိုးအောင်ကိုပါ သူတို့ပါမစ် မရဘဲ " ဝလုံး " မရေးရလို့ ကန်ထရိုက် တစ် ခါတည်း ချုပ်ထားတာ တဲ့ ဗျာ "

" ဒါဆို ရှင်အဇ္ဇဂေါဏ ကိစ္စကိုရော တရုတ်က ဘာပြောသေး သလဲ၊ သူ့ ရွှေဖြစ် ငွေဖြစ်နည်းတွေ့နေပြီ ဆိုတာ သူတို့သိလောက်တယ် "
" ဟုတ်တယ်၊ သိတယ်။ သိလို့ ဈေးကိုင်နေတာ။ ဆိတ်မျက်လုံး နွားမျက် လုံးတွေကို ပေးမယ်။ ဒါပေမယ့် နှစ် ၃၀ အတွင်း သူတို့ အတွက်ပဲ လုပ်ပေးရ မယ်၊ ဘွန်း ထိုးထားရမယ် တဲ့ "
" ဒါနဲ့ ရှင်အဇ္ဇဂေါဏက အခု အသက် ဘယ်လောက် ရှိပြီလဲ "
" ၆၅ နှစ် "
ဒီတစ်ခါ ခေါင်းငိုက်စိုက်ကျသွားတာက " ဦး ပေါ်ဦးဖြတ်ထုံး " စာအုပ်ထုတ် ချင်တဲ့ ဦး ပေါ်ဦး ပဲ။
" ဦး ပေါ်ဦးဖြတ်ထုံးတွေ ဘာတွေ လုပ်မနေကြပါနဲ့တော့ကွာ။ တရုတ်ဖြတ် ထုံး အတိုင်းသာ ထားလိုက်ပါတော့ " တဲ့။


 ဇင်ဝေသော်

သက်ရှိ လက်သုပ်ပုဝါ


ဟောလီးဝုဒ်မှာ ရှိတဲ့ သူ့ရဲ့ အိမ်မှာ ဧည့်သည်တွေကို ဖိတ်ပြီး Harpo Marx က ညစာဗူဖေး ဖိတ်ကျွေးတယ်။ စားပွဲပေါ်မှာ လက်သုပ်ပုဝါ မထားတော့ ဧည့်သည်တွေ ဘာသုပ်ရမှန်း မသိ ဖြစ်နေကြတယ်။

အဲဒီ အချိန်မှာ Marx မိတ်ဆွေ Oscar Levant က သူငယ်ချင်း မျက်နှာ မပျက်ရအောင် ဧည့်သည်တွေကို ဝင်တောင်းပန်၊ အကြံပေးစ ကား ပြော လိုက်တယ်
" စီးပွားရေး ကျပ်တည်းနေတဲ့ ကာလမို့ ချွေတာတဲ့ အနေနဲ့ လက်သုပ်ပုဝါ ချပေးမထားတာပါ၊ ဒါပေမယ့် စားသောက်စားပွဲတွေကြား မကြာ မကြာ မွှေး ပွခွေးတစ်ကောင် လွှတ် ပေးထားပါတယ် " တဲ့။








 


By: Ottile Aks,RD. July, 1941


(: ဇင်ဝေသော်