စောနေသလား? နောက်တောင်ကျနေပြီ

စထရိတ်တိုင်းမှာပဲ မြန်မာနဲ့ပတ်သက်တဲ့ သတင်း၊ဆောင်းပါး လေး ပုဒ်ေ တာင်ဖော်ပြထားတယ်။ ဒီအထဲမှာ စိတ်ဝင်စားစရာကောင်းတာက တစ်ခုပေး၊ တစ်ခုယူပေါ်လစီအကြောင်း ရေးထားတဲ့ Nehginpao Kipgen ရဲ့ "Quid pro quo diplomacy in US-Myanmar relations" ဆိုတဲ့ဆောင်းပါးပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရန်သူတော်ကြီးတွေ အခုတော့ တစ်စားပွဲတည်း အတူထိုင်ပြီး စီးပွားရေး၊ နိုင်ငံရေးတွေ ဆွေးနွေးနေကြတာ ဟာ နိုင်ငံရေးေ လ့လာသူတွေအဖို့ ပဟေဠိ ဆန်နေမယ်တဲ့။ ဒါပေမဲ့ ဒါတွေဟာ အမေရိ က ရဲ့ ပေါ်လစီ လို့ ဖော်ပြထားတယ်။

၂၀၁၁ခု အောက်တိုဘာ ၁၁ ရက်မှာ နိုင်ငံရေး အကျဉ်းသား ၂၂၀ လွှတ်ပေး ခဲ့တယ်။ ဒီမှာ အမေရိကရဲ့ တုန့်ပြန်မှုက နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် သုံးရက်ကြာခရီး မြန်မာပြည်ကို သွားတယ်။

၂၀၁၂ခု လွတ်လပ်ရေးနေ့ နဲ အမျိုးသားနေ့တွေမှာ နိုင်ငံရေး အကျဉ်း သားေ ပါင်း ၆၀၀ ကျော် လွှတ်ပေးခဲ့တယ်။ ဒီနောက် အမေရိကန် သံတမန်ရေးရာ ကနေ စပြီး ဆက်ဆံရေး စလုပ်လာတယ်။ အဲဒါရဲ့ အကျိုးဆက်က စီးပွားရေး ပိတ်ဆို့ထားတာတွေ ရွှေ့ဆိုင်းခဲ့တယ်၊ အမေရိကန်ဘဏ်တွေ မြန်မာပြည်နဲ့ ဆက်ဆံမှု ခွင့်ပြုခဲ့တယ်။

လက်ရှိ ဦးသိန်းစိန်ရဲ့ အိမ်ဖြူတော်ခရီး မထွက်မီလေးမှာပဲ နိုင်ငံရေးအကျဉ်း သား ၂၀ ကျော်ကို လွှတ်ပေးခဲ့ပြန်တယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာအစိုးရက အကျဉ်းသားတွေကို အသုံးချနေတယ်ဆိုတဲ့ ဝေဖန်သံတွေတော့ ရှိတာပေါ့။

ဒီအတိုင်း ဆက်သွားရင် နှစ်နိုင်ငံ
၁။ စီးပွားရေး
၂။ နိုင်ငံရေး
၃။ မဟာဗျူဟာတွေမှာ အကျိုးရှိစေနိုင်မယ်။

အမေရိက ရတဲ့ အမြတ်
၁။ စီးပွားရေး ပိတ်ဆို့ထားတာတွေ ဖွင့်ပေးလိုက်ရင် မြန်မာအတွက်သာမက အမေရိကအတွက်လည်း အကျိုးအမြတ်ရှိမယ်။
၂။ နိုင်ငံရေးအရ အမေရိကန်တွေက ကမ္ဘာ့ခေါင်းဆောင်၊ ဒီမိုကရေစီ ချန်ပီယံ အနေနဲ့ ကမ္ဘာမှာ ရှိနေချင်တယ်။ ဦးသိန်းစိန်ကို အိမ်ဖြူတော်မှာ ဖိတ်ပြီး စကားပြောလိုက်တော့ မြန်မာရဲ့ ပြောင်းလဲလာမှုကို အသိအမှတ်ပြု ရာရော က် သလို အကူအညီ ပေးဖို့လည်း အဆင်သင့်ဆိုတာ ပြသရာရောက်တယ်။
၃။ မဟာဗျူဟာအရ မြန်မာနဲ့ဆက်ဆံနေရရင် အရှေ့တောင်အာရှနဲ့လည်း ပိုပြီးရင်းနှီး၊ နီးကပ်လာမယ်။ နောက်ပြီး ဒါဟာ တရုတ်ကို ယှဉ်ပြိုင်လိုက်တာ လည်း ဖြစ်တယ်။

မြန်မာရမယ့် အမြတ်
၁။ ရင်းနှီးမြှတ်နှံမှုတွေကို ဆွဲဆောင်နိုင်ရုံသာမက အပြန်အလှန် သွင်းကုန် ထုတ်ကုန် စီးပွားရေး အခွင့်အလမ်းတွေပါရမယ်။ အမေရိကနဲ့ ဆက်စပ်နေတဲ့ အခြားနိုင်ငံ၊ အဖွဲ့အစည်းတွေဆီက ချေးငွေ စတာတွေရမယ်။
၂။ လက်ရှိ မြန်မာ့အစိုးရထဲမှာ ခေါင်းမာမာနဲ့ ဗိုလ်ချုပ်ကြီးတွေရှိတယ်။ သူတို့ကို ဦးသိန်းစိန်က" ကြည့်၊ တို့ကပြောင်းလဲရင် ကမ္ဘာက အားပေးတယ်" ဆိုတာမျိုး ပြောနိုင်၊ စည်းရုံးနိုင်မယ်။
၃။ မဟာဗျူဟာ အရလည်းမြန်မာ နိုင်ငံရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေအတွက် အမေရိကရဲ့ အကူအညီတွေ အများကြီး ရလာနိုင်မယ် လို့ သုံးသပ်ထားတယ်။

အနည်းဆုံး မြန်မာအစိုးရလိုက်တာကတော့ အိုဗားမားပါးစပ်က " မြန်မာ" ဆိုတဲ့အသံပါပဲ။ အခြားနိုင်ငံတွေလည်း လိုက်လာကြလိမ့်မယ်။
ကြိုက်သလိုခေါ်ကြ။ ဘယ်လိုပဲခေါ်ခေါ် ငတ်မနေဖို့၊ တိုးတက်လာဖို့ပဲ အရေးကြီးတယ်။
ရီပတ်ဘလင်ကန် တချို့နဲ့ တရုတ်အဖို့ကတော့ အိုဗားမားရဲ့ အရွေ့ဟာ မြန် လွန်းနေမလားပေါ့။
ဒါပေမဲ့ ဦးသိန်းစိန်အတွက်၊ အိုဗားမားအတွက်၊ မြန်မာပြည်သူပြည်သားတွေ အတွက်ကတော့ နှေးတောင် နှေးနေသေးတယ်။ လိုက်ယူရမယ့် အကွာ အဝေးက မသေးလှဘူး။

နိုးထခြင်း ၊ ဥဒေါင်းမင်းဆက်၊ နီပွန် နှင့် အာရှယဉ်ကျေးမှု

စိတ်ထဲမှာ စွဲနေသော ဝေါဟာရလေးတစ်ခု ရှိသည်။ “ဗုဒ္ဓဘာသာ” ကို ဗုဒ္ဓဘာဟု မပြောဘဲ “နိုးထခြင်း” ဘာသာဟူသော ဝေါဟာရဖြစ်သည်။ “ဗုဒ္ဓ” ဟူသည်ကပင် သိမြင်ခြင်း ၊ နိုးထခြင်း ဟူသော အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် အနောက်တိုင်းသား ရဟန်းတော် တစ်ပါးက Buddhism ကို Awakenism ဟုပြန်ဆိုလိုက်သည်။ အိပ်မောကျမနေသူ ၊ နိုးကြားတက်ကြွနေသူများကို ဗုဒ္ဓဘာသာဟု ခေါ်ဆိုထိုက်လေတော့သည်။ ကံမကောင်း အကြောင်းမလှစွာ မိမိတို့လူမျိုးများ အိပ်မောကျနေခဲ့သည် (နေခဲ့ရသည်)မှာ ကာလ အတန်ကြာခဲ့လေပြီ။

ယနေ့ရေးလိုသည့် ကိစ္စသည် အရှေ့တိုင်းယဉ်ကျေးမှု အကြောင်းဖြစ်သည်။ အရှေ့ယဉ်ကျေးမှု၌ နေနှင့် လတို့ကလည်း အလွန် အရေးပါလှသည်။ အရေးပါတာခြင်းတူသော်လည်း ရဲရင့် ပြတ်သားခြင်း ၊ လူမျိုးရေးစိတ်ဓါတ် စသည့်ကိစ္စတို့ကို ဖော်ပြရာ၌ “နေ” ကိုဖော်ပြတတ်ကြသည်။ နေနှင့်တွဲစပ်ပြီး ဥဒေါင်း (ခွပ်ဒေါင်း) လည်းပါလာလေတော့သည်။


နေထဲ၌ ဥဒေါင်းအရုပ်ရှိသည်ဆိုသော အယူအဆကတော့ ဗြဟ္မဏဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရန် ပိုများပြီး ဗုဒ္ဓဘာသာ (နှောင်းပိုင်း) စာပေများတွင်လည်း နေနှင့် ဥဒေါင်းတူလျက်ရှိနေကြသည် ဆိုသော အယူအဆများ ထွန်းကားခဲ့ပြန်သည်။

          “ဥဒေတယံ ၊ စက္ခုမာ ဧကရာဇာ ဟရိဿဝဏ္ဏော” စသော မောရသုတ်ကိုတော့ အထင်အရှားတွေ့ရလေသည်။ ထို့ကြောင့် ဗြဟ္မဏတို့၌သာမက ဗုဒ္ဓဘာသာ၌လည်း နေနှင့်ဥဒေါင်းမင်း တွဲစပ် အသိအမှတ်ပြုထားသည်ကို တွေ့မြင်ကြရသည်။

အိန္ဒိယ၌ မောရိယအင်ပါယာကို တည်ထောင်ပြီး ကမ္ဘာကိုသာသနာပြုခဲ့သော အသောကမင်းကြီးကိုယ်တိုင်လည်း ဥဒေါင်း (သို့) နေကို အလွန်အလေးအမြတ်ထားကြောင်းသိရသည်။ မင်းဆက်၏ အမည်ကပင် မောရိယမင်းဆက် မဟုတ်တုံလော။ ထိုမောရိယမင်းဆက် စတင်ချိန်၌ ဗုဒ္ဓဘာသာ၏လွှမ်းမိုးမှု သိပ်မရှိဘဲ ဗြဟ္မဏအယူအဆ၏ လွှမ်းမိုးမှုသာ ဖြစ်နိုင်ကြောင်း သုံးသပ်စရာရှိသည်။ အဘယ်ကြောင့်ဆိုသော် အသောက အပေါ်၌ ကလိင်္ဂစစ်ပွဲ မတိုင်မီအထိ ဗုဒ္ဓ၏ အဆုံးအမ လွှမ်းမိုးမှု မရှိပေ။ “သဗ္ဗပါပဿ အကရဏံ” စသော “မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ၊ စိတ်ကိုဖြူအောင်ထား ” အဆုံးအမကိုပင် အံ့သြတကြီး နားလည်ခဲ့ရရှာသည်။ ထို့နောက် ကျောက်စာရေးထိုးပစ်လိုက်သည်။

          ရှေးဦးထဲက အာရှတိုက်သားတို့ နေကို မြတ်နိုး၏။ ကိုးကွယ်၏။

         ထိုနေကို ညွှန်းဆိုသည့် ဥဒေါင်းသည်လည်း မကင်းရာ မကင်းကြောင်း ပေါ်ပြူလာ ဖြစ်လာတော့သည်။

အသောက၏ ဥဒေါင်းစိတ်ဓါတ်က ပြင်းထန်၏ ၊ ရဲရင့်၏ ။ မှား၏ ၊ မှန်၏။ အသက်များစွာချွေခဲ့၏ ။ အသက်များစွာ ကယ်ခဲ့၏ ။ အမှားကို အမှားဟု သိသည်နှင့် တပြိုင်နက် အမှန်ကို ပြောင်းလဲ၏ ။ ဆိုလိုသည်မှာ လူ့အသက်များကို ချွေစဉ်ကလည်း ဥဒေါင်းစိတ်ဓါတ်ဖြင့် ချွေခဲ့ခြင်းဖြစ်ပြီး အသက်များစွာကို ကယ်သောအခါ၌လည်း ထိုဥဒေါင်းစိတ်ဓါတ်ပင် ဖြစ်လေတော့သည်။ မှားတတ် မှန်တတ်သော လူစွမ်းကောင်းတို့၏ ဘ၀ကောက်ကြောင်းများတွင် အသောကမင်းကြီးထက် ခိုင်လုံသော ဘ၀ကောက်ကြောင်း အတော်ပင် ရှားပေလိမ့်မည်။


ထို့နောက် နေမင်းစိတ်ဓါတ်(သို့) ဥဒေါင်းစိတ်ဓါတ်ဖြင့် ကမ္ဘာကို အဆိုးအကောင်းတို့ဖြင့်တုန်လှုပ်စေခဲ့သူများက ဂျပန်များ (သို့) နီပွန်များပင် ဖြစ်လေသည်။ မတုန်မလှုပ် ၊ မပွင့်တပွင့်ဖြင့် အလွန်ကြောက်စရာကောင်းသော စိတ်ဓါတ်ဖြစ်လေသည်။ ဂျပန်တို့က မဟာလူသားဝါဒ ဖြစ်သည်။ ဂျာမန်တို့နှင့်ဆင်သည်။ နေကိုပထမဆုံး မြင်ရသော မဟာလူသားဝါဒဖြင့် တည်ထောင်ခဲ့ရာ လူတိုင်းလိုလိုကလည်း ရဲဝံ့ကြ၊ ထက်မြက်ကြသည်။ အနောက်ကို တုန်လှုပ်စေနိုင်သူဆို၍ ဂျပန်သာရှိသည်။ အထည်ကြီးကြီး တရုပ်ပင် သိပ်မလှုပ်နိုင် ။

တိုက်လေယာဉ်မောင်းသူသည် (၂၃) နှစ်ထက်မကျော်စေရ ဟု ဒုတိယကမ္ဘာစစ်က ဥပဒေရှိခဲ့သည်ဟု ကြားဖူးသည်။ (မှားရင် ပြင်ကြပါ ပညာရှင်တို့)။ ကြီးလာသောအခါ တုန်းတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓါတ်လျော့နည်းကာ ကျိုးကြောင်းဆင်ခြင်မှုများဖြင့် ဆုံးဖြတ်ချက်နှေးဖင့်နေတတ်သောကြောင့်ဟု ဆိုသည်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ စစ်ပွဲကား လက်နှေး၍မရဟု ဆိုလိုဟန်တူပါသည်။ အမှားဖက်တွင် အသုံးချလိုက်သော်လည်း ဤသည်မှာ ဥဒေါင်းစိတ်ဓါတ်ပင် ဖြစ်သည်။

အကယ်၍ အိုင်းစတိုင်းသာ နောက်ငါးနှစ်လောက်ကြာမှ အနုမြူကို တွေ့မည်ဆိုလျှင် ထိုငါးနှစ်အတွင်း ဂျပန်သည် အသောက မဖြစ်ဟု မည်သူမျှ မဆိုနိုင်ပေ။ ဂျပန်ကြီးသေ ၊ ဂျပန်လေးဖြစ်သဖြင့် လူတိုင်း စစ်သားဖြစ်နေပြီး လူတိုင်းက ဂျပန်(သို့) နီပွန် အတွက် သေဖို့ အဆင်သင့်ဖြစ်နေသည်။

         ဤဥဒေါင်းစိတ်ဓါတ်နှစ်ခု (အသောကဥဒေါင်းနှင့် ဂျပန်တို့ဥဒေါင်း) ကိုပြန်ကြည့်သောအခါ တူညီနေ၏။

ဂျပန်တို့လည်း စစ်ဝါဒမှားသည်ဟု သိသည်နှင့် တပြိုင်နက် လက်လျှော့ကာ ထိုဥဒေါင်းစိတ်ဓါတ်ကို စီးပွားရေးဖက် ခေါင်းတည်ပေးလိုက်ကြသည်။ ထိုအခါ အနုမြူပြာထဲမှ လူသားများ ကုန်းထလာခဲ့တော့သည်။ နှစ် ၂၀ နှင့် ၃၀ အတွင်း ကမ္ဘာကို စီးပွားရေးဖြင့် ခြိမ်းခြောက်လာကြတော့သည်။

ထို့အပြင် စစ်လျော်ကြေးများပေးကြသည်။ စစ်လျော်ကြေးသာမက လူထုကယ်ဆယ်ရေးကိစ္စများကိုပါ အားတက်သရော ပါဝင်လာကြသည်။ လုမ္ဗိနီ တောအုပ်ကြီး လုမ္ဗိနီဖြစ်လာစေရန် အများဆုံး အလှူငွေထည့်ဝင်သူမှာ ဂျပန်ဖြစ်သည်။

          ကြည့်ပါ။
  • ၁။           အသောကလည်း စစ်တိုက်၏။ ဂျပန်တို့လည်း စစ်တိုက်၏ ။

  • ၂။           အသောကလည်း စစ်ကိုရပ်ပြီး ငြိမ်းချမ်းရေးဖြင့် နိုင်ငံကို ထူထောင်၏ ။ ထို့အတူ ဂျပန်တို့ကလည်း စစ်ပွဲအဆုံးသတ်ကာ ငြိမ်းချမ်းရေးအတွက် အားကျိုးမာန်တက် အလုပ်လုပ်ခဲ့ကြသည်။

  • ၃။           အသောကမင်းကြီးက ဘုရားမွေးဖွားရာ လုမ္ဗိနီကို တွေ့အောင်ရှာပြီး ကျောက်စာထူခဲ့၏။ သို့သော် အသောက၏ လုမ္ဗိနီကာ ဗြဟ္မဏများလွှမ်းမိုးမှုကြောင့် တောအုပ်ဖြစ်ကာ ပျောက်ဆုံးခဲ့၏။ ပျောက်ရှသွားခဲ့သော အသောက၏ လုမ္ဗိနီကို ဂျပန်တို့ကဦးဆောင်၍ ပြန်လည် အသက်သွင်းခဲ့၏။


ဤသည်မှာ မောရိယစိတ်ဓါတ်၊ နီပွန်စိတ်ဓါတ် ဖြစ်သည်။ မောရိယဖြစ်စေ ၊ နီပွန်ဖြစ်စေ ဥဒေါင်းသာဖြစ်၏။ အသောကလောက်မစွံ၊ ဂျပန်လောက်မစွံသော်လည်း မြန်မာတို့မှာ ဥဒေါင်းစိတ်ဓါတ်ရှိ၏ ။ ထိုဥဒေါင်းစိတ်ဓါတ် အမှာဒဖက်ကို ဦးတည်ခဲ့၏ ။ နိုင်ငံအပေါ် အနုမြူမကျဘဲ ပြာပုံဘ၀ ရောက်ခဲ့ရ၏


          ဥဒေါင်းသည် မှား၏ ။ မှန်၏ ။ သတ်၏ ။ ကယ်၏။ ထိုဥဒေါင်းသည် မောရသုတ်မှ လာ၏။ နေထဲ၌ ကဗ္ဗည်းတင်၏။ ရဲရင့်၏။ မှားမှန်းသိလျှင် အမှန်ကို ဦးတည်၏။ မြန်မာတို့ ဥဒေါင်းစိတ်ဓါတ် နိုးထချိန်ရောက်ပြီ။ အမှန်ကို ဦးတည်ဖို့ အချိန်ရောက်ပြီ။ အသောက ၊ ဂျပန်တို့ ခြေရာကို ကောက်သင့်ပြီဟု ထင်သည်

          ဥဒေါင်းမင်းတဖြစ်လဲ ဗုဒ္ဓသည်နိုးထသူဖြစ်သည်

          မြန်မာတို့ ဥဒေါင်းစိတ်ဓါတ် အမှားအယွင်းများ ၊ တယူသန်မှုများမှ နိုးထလာပါစေဟုသာ ဆုတောင်းရင်း….

          မောရိယ ၊ နီပွန် ၊ …. ။ ။

သီဟနာဒ

First record
14/04/2012 07:30
Singapore Time

အနာဂတ်ကို ကြိုဖတ်ခဲ့သူများ

၁။ မာ့က် တွင်း၊ ၁၈၉၈၊ (အင်တာနက်)
၁၉၀၄ ခုမှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ "From the 'London times' " ဆိုတဲ့ ဝတ္ထု တိုထဲမှာ အင်တာနက် ပေါ်ပေါက်လာမယ်ဆိုတာ ကြိုတင်နိမိတ်ဖတ်ခဲ့ပါ တယ်။
တကယ်တော့ ၁၉ ရာစုမှာ အင်တာနက်ဆိုတာ ကြားတောင် မကြားဖူး ကြသေးပါဘူး။ သူ့စကားနဲ့ပြောရရင်
"တယ်လီဖုန်းလိုင်းအပေါ် အခြေခံပြီး တစ်ကမ္ဘာလုံးကိုဆက်သွယ်လို့ရတဲ့ နက်(တ်)ဝါ့က် ပေါ်ပေါက်လာမယ်" ဆိုတာပါပဲ။

၂။ Jules Verne ၊ ၁၈၆၅ ( လကမ္ဘာပေါ် ခြေခြခြင်း)
သူက ပြင်သစ်လူမျိုး သိပ္ပံဝတ္ထု စာရေးဆရာပါ။ သူ့ရဲ "From the Earth to the Moon နဲ့ Around the moon" ဆိုတဲ့ ဝတ္ထုတွေထဲမှာ လူသားတွေ လကမ္ဘာပေါ် ခြေခြနိုင်လိမ့်မယ်ဆိုတဲ့အကြောင်း ရေးသားဖော်ပြခဲ့တယ်။ အမေရိက၊ ဖလော်ရီဒါကနေ "Columbiad" လို့ခေါ်တဲ့ အာကာယာဉ်ဟာ အက်စထရောနတ် သုံးယောက်ကို တင်ဆောင်ပြီး လကမ္ဘာကို ခရီးထွက် ခဲ့ တယ်။ အောင်မြင်စွာ လှည့်လည်ပြီး အဲဒီ အာကာယာဉ်ဟာ ပစိဖိတ် သမုဒ္ဒ ရာမှာ ပြန်လည်ဆင်းသက်နိုင်ခဲ့တယ် လို့ ရေးသားဖော်ပြခဲ့ပါတယ်။ သူ နိ မိတ်ဖတ်ပြီး နှစ်တစ်ရာကျော်တဲ့အခါမှာ အပိုလို ၈ ဟာ ၁၉၆၈ ခုမှာ လ ကမ္ဘာပေါ် ခရီးထွက်နိုင်ခဲ့ပါတယ်။
စိတ်ဝင်စားစရာ ပိုကောင်းတာက နာဆာဟာ အပိုလို ၂ ကို တည်ထွင်တော့ သူ့ရဲ့ မော်ဂျူးကိုယူပြီး "Columbia" လို့ ဂုဏ်ပြခေါ်ဆိုခဲ့ကြရတယ်။

၃။ John Elfreth Watkins၊ ၁၉၀၀၊ (တီဗွီ၊ ဒစ်ဂျစ်တယ် ဓာတ်ပုံ၊ ကျည်ဆန် ရထား၊ အဆင်သင့်ပါဆယ်ထုပ် အစားအစာ)
သူ့ရဲ "What may happen in the Next Hundred years" ဆိုတဲ့ ဆောင်းပါးထဲမှာ အထက်ပါပစ္စည်းတွေ ပေါ်ပေါက်လာစရာရှိတယ် လို့ ရေးသားခဲ့ပါတယ်။တီဗွီနဲ့ ပတ်သက်လို့
"ကမ္ဘာ့တစ်ဖက်ခြမ်းမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ကင်မရာကနေတဆင့် လျပ်စစ်ဝါယာဆက်ထားတဲ့ ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလို့ ရမယ်" လို့ဆိုခဲ့ပါတယ်။
ဒစ်ဂျစ်တယ် ဓာတ်ပုံနဲ့ ပတ်သက်လို့တော့ "ဖိုတိုဂရပ်ဖ်ဟာ တယ်လီဂ ရပ် ဖ်ဖြစ်လာမယ်။ စနပ်ရှော့တွေနဲ့ နှစ်ရာပေါင်းများစွာက တရုတ်ပြည်မှာဖြစ် ခဲ့တဲ့ စစ်ပွဲတွေအကြောင်းဓာတ်ပုံတွေ၊ လတ်တလော အရေးအခင်း ဓာတ်ပုံေ တွအားလုံးကို ကမ္ဘာအရပ်ရပ်က သတင်းစာစတာတွေပေါ်မှာ ဖော်ပြနိုင်လိမ့် မယ်" တဲ့။
ကျည်ဆန်ရထားနဲ့ ပတ်သက်လို့တော့ " ရထားတွေဟာ တင်မိနစ်ကို နှစ်မိုင် ခရီးပေါက်မယ်၊ ကျည်ဆန်ရထားကတော့ တစ်နာရီကို မိင် ၁၅၀ အထိ မြန် ဆန်လိမ့်မယ်" တဲ့။
အဆင်သင့်ပါဆယ်ထုပ် အစားအစာနဲ့ ပတ်သက်လို့လည်း
"အခု ကျနော်တို့ ချက်ပြုတ်စားနေကြတဲ့ အစားအစာတွေလိုပဲ အနာဂတ်မှ ချက်စရာမလိုဘဲ အသင့် ထုပ်ပိုးထားတဲ့ အစားအစာတွေ ထုပ်လုပ်လာကြ လိမ့်မယ်" တဲ့။
အခု မထူးဆန်းတော့ပေမဲ့ သူတို့ပြောစဉ်တုံးကတော့ ဒါတွေက "strange and almost impossible" ထူးဆန်းပြီး မဖြစ်နိုင်ဘူးလို့ ထင်စရာတွေချည်း ပါပဲ။

(ဆက်ရန်)
Ref: R.D, May,2013.

ညီမလေးကို ပြောမိတဲ့ ပန်း နဲ့ လူ ပုံပြင်

တစ်ခါက သူငယ်ချင်း စကားပုံလေး နှစ်ခု ရှိခဲ့တယ်။
သူတို့ကတော့ "ပန်းသတင်း လေညှင်းဆောင်" နဲ့ "လူ့သတင်း လူချင်းဆောင်" တို့ပဲ တဲ့ ညီမလေး ရေ။

တစ်နေ့မှာတော့ လူ့သတင်း လူချင်းဆောင် ကလေးဟာ တော်တော် စိတ်မကောင်း ဖြစ်နေရှာ သတဲ့။
ဒါနဲ့ ပန်းသတင်း လေညှင်းဆောင် က ဘာဖြစ်နေလို့လဲ လို့ မေးတာပေါ့ ကွယ်။
ဒီတော့ လူ့သတင်း လူချင်းဆောင်က


"မင်း သတင်းတွေကိုကျတော့ လေညှင်းကဆောင် ပြီး လူ့သတင်းကိုကျတော့ လူတွေက ဆောင်တာလေကွာ"
"အေးလေ ဒီတော့ ဘာဖြစ်လို့လဲ"
"ဘာမှ မဖြစ်ပါဘူး။ လူ့သတင်းကိုလည်း လေညှင်းကဆောင်ရင် ကောင်းမှာပဲ လို့ စဉ်းစားမိလို့ပါ"
"မင်း ကလည်းကွာ ကြံကြံ ဖန်ဖန်"

"ကြံကြံ ဖန်ဖန် မဟုတ်ပါဘူးကွာ။ လေညှင်းဆိုတာက သက်မဲ့ ဆိုတော့ ချစ်ခြင်း မုန်းခြင်း မရှိဘူး။ ဒီတော့ ရနံ့ အမှန်ကို ဆောင်သွားတယ် ကွ။ လူ ဆိုတဲ့ သတ္တဝါ ကတော့ ချစ်ခြင်း မုန်းခြင်း ခံစားချက်တွေကြောင့် သူတို့ ဆောင်သွားတဲ့ သတင်းတွေက မှန်လိုက်၊ မမှန်လိုက်၊ ပိုလိုက်၊ လိုလိုက် တွေပါကွာ။ ဒီတော့ လူဆောင်သွားတဲ့ သတင်းက သတင်းထက် ဆောင်သွားတဲ့ လူ့ငနဲ နဲ့ ပိုဆိုင်တယ်ဆိုတာ တွေးမိလို့ စိတ်မကောင်း ဖြစ်နေမိတာပါ"

"အေး မင်းပြောတာလည်း ဟုတ်တုတ်တုတ် ပဲ" ပန်းသတင်း လေညှင်းဆောင်ကလေးက ခေါင်းညိတ် သတဲ့။

ဒါပါပဲ ညီမလေးရယ်။ မော်ရယ်က ဘာညာ ဆိုပြီး ဆရာကြီးဂိုက် ဖမ်းမနေတော့ပါဘူး။
ဒီလိုနဲ့ လူဆောင်တဲ့ သတင်းတွေကတော့ မှန်လိုက်၊ မမှန်လိုက်၊ ပိုလိုက်၊ လိုလိုက်။

Posted on August 13, 2012

ဇင်ဝေသော်

ခင်ပွန်း၊ ဖခင်၊ အဘိုး၊ မိတ်ဆွေ ( ၁၁း ၃)


မေး ။ ။ မစ္စတာလီကိုယ်တိုင်က ဗုဒ္ဓဘာသာစိတ် အခြေခံရှိနေတော့ တရားထိုင်တဲ့နေရာမှာ ပိုပြီး လွယ်ကူသွားတာ မဖြစ်နိုင်ဘူးလား။ တစ်ခါက မစ္စတာလီ ပြောဖူးသလားလို့။ မစ္စတာလီက ဗုဒ္ဓဘာသာဆိုတာလေ။

ဖြေ ။ ။ ဟုတ်တယ်။ ငါ ဗုဒ္ဓဘာသာ အမည်ခံတယ်။ ဗုဒ္ဓဘာသာ ဘုန်း ကြီးကျောင်းတွေထဲက ရဟန်း၊ သီလရှင်တွေကို တွေ့ဖူးတယ်။ တင်ပလ္လင်ခွေ ထိုင်ပြီး တရားရှု့မှတ်နေကြတာမျိုးတွေ၊ သူတို့ မျက်စိတွေ ဖွင့်ထားတာတောင် သူတို့အမြင်အာရုံမှာ ဘာမှ မတွေ့ကြရဘူး။ တော်တော် ငြိမ်းချမ်းတာ။ ငါက အဲ့ဒီအဆင့်ထိ ဘယ်ရောက်မလဲ။ ငါက မျက်စိမှိတ်ပြီးမှ တရားမှတ်လို့ ရတာ။ ရဟန်းတွေလောက် အကျိုးများများ မရပေမဲ့ ငါ့အတွက်လည်း အကျိုး တော်တော်များများရပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း Yasuhiro Nakasone နဲ့အတူ သွားပြီး တရား ထိုင်နေတဲ့ ရဟန်းတွေကို တစ်နာရီလောက် လေ့လာဖူးတယ်။ စင်္ကာပူ မှာ တွေ့တုန်းကလည်း သူက ပုံမှန် တရားထိုင်တဲ့အကြောင်း ငါ့ကို ပြောဖူး တယ်။ သူက “လောကကြီးနဲ့ အဆက်ဖြတ်ပြီး တရားမှတ်ရင်း အေးအေး ချမ်းချမ်း နေလို့ရတယ်” တဲ့။
ငါက သူတို့လို တင်ပလ္လင်ခွေပြီး မထိုင်နိုင်ဘူးကွ။ အဲ့သလိုထိုင်ပြီးရင် တင်ပါး ဆုံတွေ နာကျင်ပြီး နေရစ်တော့တာ။

မေး ။ ။ တရားထိုင်တာအပြင် စိတ်အပန်းဖြေဖို့ ဘာတွေ လုပ်သေးသလဲ။ အထူးသဖြင့် စောစောပိုင်း နှစ်တွေမှာပေါ့။
ဖြေ ။ ။ ငါ့ကလေးတွေနဲ့ ချက်(စ်) ကစားတယ်။

မေး ။ ။ ကောင်းတာပေါ့။ သူတို့ကို အရှုံးပေးသလား။
ဖြေ ။ ။ အရှုံးမပေးဘူး။ အကောင်တော့ “ချ” ပေးတယ်။ သူတို့ အရွယ်ရောက်လာတော့ အကောင် “ချ” ပေးစရာ မလိုတော့ဘူး။ ဒါနဲ့ အိုကေ၊ ချက်(စ်) ကစားတာ ရပ်ကြစို့လို့ ငါပြောလိုက်တယ် (ရီလျက်)။

မေး ။ ။ ကလေးတွေ ကြီးပြင်းလာချိန်မှာ သူတို့နဲ့ အချိန်ယူနိုင်ခဲ့ရဲ့လား။
ဖြေ ။ ။ တစ်နှစ်ကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်လောက် သူတို့နဲ့ ရက် ရှည် အတူနေနိုင်ဖို့ ကြိုးစားပါတယ်။ Comeron Highlands ဒါမှမဟုတ် Frasher’s Hill တို့လို နေရာတွေသွားပြီး အတူ ဂေါက်တွေဘာတွေ ရိုက် ကြပေါ့။ ဂေါက်ကွင်းထဲမှာ ငါတို့ ဇနီးမောင်နှံရယ်၊ ကလေးတွေရယ် လမ်းလျှောက်ကြပေါ့။ အဲ့သလို အခါတွေမှာ
“မင်းတို့ ငါ့လို နိုင်ငံရေး လုပ် ကြမလား” လို့မေးတော့ ငါ့သားကြီးက လုပ်မယ် လို့ ဖြေတတ်တယ်။
ဒါ့ကြောင့် မဲဆန္ဒနယ်တွေ ငါဆင်းတဲ့အခါ သူက ငါ့နောက်မှာ အမြဲလိုလို လိုက်လိုက်လာတတ်တယ်။ ၁၉၆၄ - ခု ဂျူလိုင်လမှာ ဖြစ်တဲ့ အရေးအခင်း ဆိုရင် သူကောင်းကောင်း မှတ်မိနိုင်လောက်တဲ့ အရွယ်ကို ရောက်နေပြီ။

မေး ။ ။ လက်ရှိဝန်ကြီးချုပ်က နိုင်ငံရေးထဲ ဝင်မယ်။ သားအငယ် ကေ တာ့ နိုင်ငံရေးလောကထဲ ဝင်မယ် မဟုတ်ဘူးလို့ ဘာ့ကြောင့် ထင်ခဲ့ ရတာလဲ။
ဖြေ ။ ။ သားအငယ်က ၅၇ - ခုနှစ်မှာ မွေးတာ။ သားကြီးထက် ခြောက်နှစ် ငယ်တယ်။

မေး ။ ။ သူ့ကိုပါ ခေါ်သွားရင် သူလည်း အတွေ့အကြုံတချို့တော့ ရနိုင် တာပေါ့။ အကြီးလောက် မမှတ်မိဘူးဆိုရင်တောင် …
ဖြေ ။ ။ သူက ငါနဲ့ အတူမလိုက်နိုင်ဘူး။ သိပ်ငယ်လွန်းသေးတယ်။

မေး ။ ။ ၁၉၇၀ - ခုတွေမှာဆို အရွယ်ရောက်နေပါပြီ။
ဖြေ ။ ။ အဲ့ဒီအချိန်မှာ သူက အေလယ်ဘယ် စာမေးပွဲအတွက် ပြင် ဆင်နေရပြီ။

မေး ။ ။ မစ္စတာလီ ဆိုလိုတာက သားအငယ် နိုင်ငံရေးထဲ ရောက်မလာ တာက သူ့ခံယူချက်ကြောင့် မဟုတ်ဘဲ အမြင်အတွေ့ မရှိခဲ့လိုသာ စိတ်မဝင်စားတာလို့ ဆိုလိုတာလား။
ဖြေ ။ ။ ၆၄ - ခု အရေးအခင်း ဖြစ်တော့ သားကြီးက လမ်းမှာ ပိတ်မိနေခဲ့တယ်။ အဲ့ဒီအချိန်မှာ သားငယ်နဲ့ သမီးက နန်ယန်းမူလတန်းကျောင်းမှာပဲ ရှိသေးတယ်။ သူတို့ကို သွားကြိုရတာ လွယ်တယ်။ ရှင်လွန်းက ကက်သိုလစ် အထက်တန်းကျောင်းမှာ။ အဲ့ဒီအချိန်မှာ ယာယီဝန်ကြီးချုပ် တိုချင်ချိုင်က ချက်ချင်းကြီး ကာဖျူးအမိန့် ထုတ်လိုက်တော့ ကျောင်းသားတွေ အား လုံးကျောင်းထဲကနေ ထွက်ပြေးလာကြပြီး ကားလမ်းတွေလည်း ပိတ်ကုန်ရော။ အဲ့ဒီအဖြစ်အပျက်က သူ့စိတ်ထဲ နက်နက်နဲနဲကြီး ဝင်သွားတာ။ အားလုံး ကမောက်ကမ ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးကိုး။

မေး ။ ။ ဝန်ကြီးချုပ် နိုင်ငံရေးထဲ ဝင်လာလိမ့်လို့ ဘယ်အချိန်မှာ အကဲခက် လို့ ရခဲ့တာလဲ။
ဖြေ ။ ။ ပထမဆုံးအကြိမ်ကတော့ ကိန်းဘရေ့ဂ်ျက Trinity ကောလိပ်က သူ့ကို သင်္ချာပညာရှင် အဖွဲ့ထဲဝင်ပြီး သူတို့ဆီမှာပဲ သင်္ချာဆက်သင်ပေးဖို့ ကမ်းလှမ်းတုန်းက။ သူ့ကို ကမ်းလှမ်းတဲ့ဆရာကြီးဆီကို သူက စာပြန်ရေးတယ်။
“ကျွန်တော် စင်္ကာပူပြန်ရမယ်။ စစ်မှုလည်း ထမ်းရမယ်။ ကျနော့်အဖေက ဝန်ကြီးချုပ်။ စင်္ကာပူမပြန်ဘဲ ဒီမှာပဲ နေမယ်ဆိုရင် စင်္ကာပူအတွက်ရော၊ ကျွန်တော့အတွက်ပါ မကောင်းလှဘူး” တဲ့။

ဆက်ရန် -


 ဇင်ဝေသော်