Love & Marriage


Love ဆိုတာ "blind" ဖြစ်ပြီး Marriage က "eye opener" ပါ

Love ဆိုတာ လမ်းပေါ်မှာ လက်တွဲလျှောက်တာဖြစ်ပြီး
Marriage ကတော့ လမ်းပေါ်မှာ အငြင်းပွားရမှုပါ။

Love ဆိုတာ စိတ်ကြိုက်စားသောက်ဆိုင်မှာ နှစ်ယောက်အတူတူဖြစ်ပြီး
Marriage ကတော့ အိမ်ကို အထုပ်ဆွဲလာခြင်း ဖြစ်ပါတယ်။

Love ဆိုတာ ဆိုဖာပေါ် ကစားကျီစယ်ခြင်းဖြစ်ပြီး
Marriage ကတော့ ဆိုဖာပေါ်ရောက်တာနဲ့" ခေါ" ကနဲ အိပ်ပျော်ခြင်းပါ။

Love က ကလေးယူဖို့အကြောင်း ဆွေးနွေးတာဖြစ်ပြီး
Marriage ကတော့ ကလေးတွေနဲ့ဝေးရာ (ခဏပဲ ဖြစ်ဖြစ်) ထွက်ပြေးလိုမှု တစ်ခုပါ။

Love ဆို စောစော အိပ်ယာဝင်ခြင်းဖြစ်ပြီး
Marriage ကတော့ စောစောအိပ်ပျော်သွားခြင်းပါ။

love မှာ တီဗွီအတွက် နေရာမရှိပေမဲ့
Marriage ကတော့ ရီမုတ် ကွန်ထရိုး လုနေရခြင်းပါ။

Love ဆိုတာ ဖျော်ရည်တစ်ခွက် ပိုက်နှစ်ချောင်းစိုက်တာဖြစ်ပြီး
Marriage ကတော့ "နင့်ဗိုက်က မပြည့်နိုင်တော့ဘူးလား" ပဲ ဖြစ်ပါတယ်။

အနှစ်ချပ်တော့
"Love ဆိုတာ "blind" ဖြစ်ပြီး Marriage က "eye opener" ပါ။

အီးမေးပါ။ မူရင်း လင့်ခ် လာမမေးပါနဲ့၊ မသိဘူး။

ငွေနဲ့ အရင်းအမြစ်


"ကုန်သလောက်ပဲမှာပါ၊ မှာသလောက် ခင်ဗျားတို့ပေးတယ်ဆိုပေမဲ့ ငွေကသာ ခင်ဗျားတို့ငွေဖြစ်ပြီး ခင်ဗျားတို့ ဖြုန်းတီးတဲ့အရင်းအမြစ်တွေက လူသားတစ်ရပ်လုံး နဲ့ ဆိုင်ပါတယ်" (ဂျာမန်အရာရှိ)

အလုပ်ကိစ္စနဲ့ ဂျာမဏီနိုင်ငံ၊ ဟမ်းဘတ်မြို့ကိုရောက်စဉ်ကပါ။ ကျနော်နဲ့ ကျနော့် မိတ်ဆွေ စားသောက်ဆိုင်ထဲ ရောက်ချိန်မှာ ဟင်းတစ်ခွက်စီ၊ ဘီယာတစ်လုံးစီနဲ့ ညစာစားနေကြတဲ့ လူငယ်အတွဲတစ်တွဲကို တွေ့ရတယ်။ ကျနော့်စိတ်ထဲမှာတော့ ဒီလောက် အစားအသောက်လေးနဲ့ ဘယ်လိုလုပ် ရိုမက်တစ်ဆန်နိုင်မလဲ ဆိုတာ ရှိနေပါတယ်။ အခြားစားပွဲတစ်လုံးမှာလည်း စားစရာအနည်းငယ်နဲ့ အဘွားကြီး အုပ်စုကို တွေ့ရပါတယ်။




ကျနော့်မိတ်ဆွေက စားစရာတွေမှာတယ်၊ မကြာဘူး၊ စားစရာတွေရောက်လာ တယ်။ သွားစရာကရှိနေတော့ အကုန်မစားတော့ပဲ စားပွဲထိုးကို ခေါ်၊ ငွေရှင်းပြီး ထွက်ခဲ့ကြတယ်။
ကျနော်တို့ဆိုင်ကထွက်တော့ အင်္ဂလိပ်လို နောက်ကနေ လှမ်းခေါ်သံ ကြားလိုက် ရတယ်။ အဘွားကြီးတွေက လှမ်းခေါ်တာ။ စားစရာတွေ မှာပြီး ကုန်အောင်မစား လို့ တဲ့။
ကျနော့်မိတ်ဆွေက တော်တော်စိတ်တိုသွားတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်မှာတာ မကုန်တော့ ဘာဖြစ်သေးလဲ လို့လည်း ပြန်ပြောတယ်။
ဒီမှာပဲ သူတို့အထဲက တစ်ယောက်က တစ်နေရာရာကို ဖုန်းလှမ်းဆက်တယ်။
မကြာမီမှာပဲ လူမှုလုံခြုံရေးအရာရှိရောက်လာပြီး ကျနော့်မိတ်ဆွေကို ဒဏ်ငွေ ငါးဆယ် အဆောင်ခိုင်းပါတယ်။
သူရှင်းပြတာက
"နောက်ဆို ကုန်သလောက်ပဲမှာပါ၊ မှာသလောက် ခင်ဗျားတို့ပေးတယ်ဆိုပေ မဲ့ ငွေကသာ ခင်ဗျားတို့ငွေဖြစ်ပြီး ခင်ဗျားတို့ ဖြုန်းတီးတဲ့အရင်းအမြစ်တွေက လူသားတစ်ရပ်လုံးနဲ့ ဆိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ရိက္ခာပြတ်လပ်ပြီး စားရာမဲ့ သောက်ရာမဲ့လူတွေ အများကြီးရှိနေတယ်ဆိုတာ သတိရပါ" တဲ့။

ဒါဟာ ကမ္ဘာမှာ အချမ်းသာဆုံးစာရင်းဝင် ဂျာမဏီရဲ့ စာနာထောက်ထားမှုပါပဲ။ ကျနော့်မိတ်ဆွေဆိုရင် အမြင်မှန်ရသွားပြီး အရာရှိကိုရော အဘွားကြီးတွေကို ပါ တောင်းပန်စကား ပြောမဆုံးပေါင် ဖြစ်နေရှာတယ်လေ။
ဒီစာဖတ်သူတိုင်း ဒီအမြင်လေးရသွားရင် ကျနော်တို့ ကမ္ဘာ့ရိက္ခာတွေ အများကြီး ချွေတာပြီးသားဖြစ်သွားမှာပါ။

(အီးမေးကို အဆင်ပြေသလို ဘာသာပြန်ထားတာပါ)

MONEY IS YOURS BUT RESOURCES BELONG TO THE SOCIETY.

Germany is a highly industrialized country. It produces top brands like Benz, BMW, Siemens etc. The nuclear reactor pump is made in a small town in this country. In such a country, many will think its people lead a luxurious life. At least that was my impression before my study trip.

When I arrived at Hamburg, my colleagues who work in Hamburg arranged a welcome party for me in a restaurant. As we walked into the restaurant, we noticed that a lot of tables were empty. There was a table where a young couple was having their meal. There were only two dishes and two cans of beer on the table. I wondered if such simple meal could be romantic, and whether the girl will leave this stingy guy.

There were a few old ladies on another table. When a dish is served, the waiter would distribute the food for them, and they would finish every bit of the food on their plates.

We did not pay much attention to them, as we were looking forward to the dishes we ordered. As we were hungry, our local colleague ordered more food for us.

As the restaurant was quiet, the food came quite fast. Since there were other activities arranged for us, we did not spend much time dining. When we left, there was still about one third of unconsumed food on the table.

When we were leaving the restaurant, we heard someone calling us. We noticed the old ladies in the restaurant were talking about us to the restaurant owner. When they spoke to us in English, we understood that they were unhappy about us wasting so much food. We immediately felt that they were really being too busybody.

"We paid for our food, it is none of your business how much food we left behind," my colleague Gui told the old ladies.

The old ladies were furious. One of them immediately took her hand phone out and made a call to someone. After a while, a man in uniform claimed to be an officer from the Social Security organization arrived. Upon knowing what the dispute was, he issued us a 50 Mark fine. We all kept quiet. The local colleague took out a 50 Mark note and repeatedly apologized to the officer.

The officer told us in a stern voice, "ORDER WHAT YOU CAN CONSUME, MONEY IS YOURS BUT RESOURCES BELONG TO THE SOCIETY. THERE ARE MANY OTHERS IN THE WORLD WHO ARE FACING SHORTAGE OF RESOURCES. YOU HAVE NO REASON TO WASTE RESOURCES.”

Our face turned red. We all agreed with him in our hearts. The mindset of people of this rich country put all of us to shame. WE REALLY NEED TO REFLECT ON THIS. We are from a country which is not very rich in resources. To save face, we order large quantity and also waste food when we give others a treat.

THIS LESSON TAUGHT US A LESSON TO THINK SERIOUSLY ABOUT CHANGING OUR BAD HABITS.

My colleague photostated the fine ticket and gave a copy to each of us as a souvenir. All of us kept it and pasted on our wall to remind us that we shall never be wasteful.

Please circulate so that our society would be enriched.


ဆူးလေစေတီတော်ကို ဖူးတွေ့ရတိုင်း


(အီးမေးစာ)

ဦးချန်ထွန်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေစလွယ်ရ သူဌေးကြီး ဦးရဲကျော် သူ၊ ဒေါ်သံဒါဖြူတို့မိဘနှစ်ပါးမှ မွေးဖွားသန့်စင်ပြီး၊ အဖေ့ခြေရာနင်းခဲ့၍ ထိုခေတ် ထိုအချိန်က မြန်မာနိုင်ငံသာမက ဥရောပနိုင်ငံများ တလွားအထိပင် သူ၏အရှိန်အ၀ါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေပါရဂူတစ်ဦး ဖြစ်ပါသည်။

ဦးချန်ထွန်းသည် ဥပဒေဘွဲ့ နောက်ဆုံးနှစ်ဖြစ်သော (၁၈၈၁) ခုနှစ်တွင် ရော မဥပဒေဘာသာရပ်၊ ဥပဒေအတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ်လူမျိုးတို့ ၏ ရှေးဟောင်းထုံးတမ်းစဉ်လာဘာသာရပ်များ အားလုံးမှာ အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်ခဲ့၍ ၀ိတိုရိယ ဘုရင်မကြီးကိုယ်တိုင် ၀ိတိုရိယရွှေတံ ဆိပ်ဆုကို ချီးမြင့်ခဲ့သည်။ ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု(ဂုဏ်ထူး)ရရှိခဲ့၍ ဘာသာရပ်တစ်ခုလျှင် ထိုခေတ်က ပေါင်စတာလင် (၁၀၀)စီ ချီးမြင့်ခြင်း ခံရသူဖြစ်သည်။ ဦးချွန်ထွန်း ရရှိခဲ့သော ဂုဏ်ထူးဆောင် အမှတ်မျိုးကို ဒုတိ ယ ကမ္ဘာစစ်ဖြစ်ခဲ့သောအချိန်ထိ နောက်ထပ် ထိုဆုမျိုးရရှိသူ လုံးဝ(လုံးဝ) မရှိခဲ့ဟုသိရသည်။
ရန်ကုန်သို့ပြန်လာပြီး ၀ိတိုရိယဘုရင်မဆုကို လည်ပင်းတွင် ဆွဲ၍သွားလျှင် ဦးချန်ထွန်းနှင့် မျက်နှာချင်းဆိုင်ဆုံမိသောလူတိုင်းသူ့ကို အလေးပြုကြရ သည်။ စက်ဘီးစီးလာသူ ဖြစ်နေလျှင် စက်ဘီးမှဆင်းပြီး ရပ်၍ အလေးပြုကြ ရသည်။

ဝိတိုရိယ ဘုရင်မကြီးက သူတို့အုပ်စိုးသော ကိုလိုနီနိုင်ငံများထဲမှ ဤမျှေ လာက် ပညာတော်သော ကလေးမျိုး ရှိသည်ကို တအံတသြ ဖြစ်မိသည်ဟု သိရသည်။ တွေ့ချင်လွန်း၍ အခေါ်ခံရသော မောင်ချန်ထွန်း ကို ဘုရင်မ ကြီး က လက်ဆွဲနုတ်ဆက်ပြီး လက်ဖက်ရည် ဧည့်ခံပွဲနှင့် ဧည့်ခံခဲ့သည်။ ၀ိတိုရိ ယ ဘုရင်မကြီးဆုကို သူကိုယ်တိုင် ချီးမြှင့်ပြီးဘုရင်မကြီး၏ သားတော်နှင့် တော် ၀င်နန်းသုံး မြင်းရထားကို အတူစီးခွင့်ရသော ဆုလည်း ပါဝင်သည့်အပြင် နန်းတော်ထဲ အချိန်မရွေး ၀င်ထွက်သွားလာနိုင်ခွင့် အခွင့် အရေးကိုပင် ဘုရင်မက ပေးအပ်ခဲ့သည်ဟု သိရပါသည်။ ဦးချန်ထွန်းသည် အင်္ဂလန်တွင်နေစဉ် The Nature and Value of Jurisprudence စာအုပ်ကို Messrs Sweet And Maswell စာအုပ်တိုက်မှ ထုတ်ဝေခဲ့သေးသည်။ ယင်း စာအုပ်သည်အလွန်လူကြိုက်များခဲ့၍ တတိယအကြိမ်ထိပင် ထုတ်ဝေခဲ့ရ သည်ဟု သိရပါသည်။ ဦးချန်ထွန်း ရန်ကုန်ပြန်ရောက်သောအခါ Leading Cases in Burmese Law စာအုပ်နှင့် BurmeseBuddhist Law စာအုပ်(၂) အုပ်ကို ရေးသားခဲ့သည်။ ယင်းစာအုပ် (၂)အုပ်သည် ယနေ့ထက်တိုင်မြန်မာ တရားရေးဌာနတွင် လက်သုံး (Manual) အဖြစ် အသုံပြုနေဆဲဟု သိရပါ သည်။
ဗြိတိသျှအစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခေတ်မီမြို့တော်ပြု လုပ်ခဲ့ရာ အကွက်ရိုက်ပြီး အိမ်ရာတိုက်တာများ ဆောက်လုပ်ခဲ့ပါသည်။ ထိုစဉ်က ယခု သိမ်ကြီးဈေးနေရာတွင်ဆူးလေစေတီလောက်ကြီးသော“ကျိုက်မြတ်သံချို”
စေတီတစ်ဆူ ရှိခဲ့သည်ကို လမ်းနှင့်မလွတ်၍ဖြိုဖျက်ပစ်ခဲ့ပါသည်။ ရန်ကုန်မြို့ ရှိ ဘုန်းတော်ကြီးကျောင်း အားလုံးနီးပါးကို အကွက်များ ချရာတွင်မလွတ် ဆိုပြီး ယခုလမ်းမတော်မြို့နယ် ကျုံးကြီးလမ်း သရက်တောဥယျာဉ်အတွင်း စုပေါင်း၍ရွှေ့ပြောင်းခဲ့သည်။ (ယနေ့တိုင် သရက်တော ကျောင်းဝင်းအတွင်း ထိုစဉ်ကအမည်အတိုင်း ဘုန်းကြီးကျောင်း မြောက်များစွာ ရှိနေပါသေးသည်။)

ဒုတိယအကြိမ် လမ်းများတိုးချဲ့ရာတွင် လမ်းမလွတ်ဟုဆိုပြီး ဆူးလေစေတီ ကို ယခုနေရာမှ အခြားနေရာသို့ ရွှေ့ပြောင်းရန် အစည်းအဝေးပြုလုပ်ပြီး
ဆွေးနွေးခဲ့ကြပါသည်။ ထိုစဉ်က ဗြိတိသျှအရာရှိများ တင်ပြချက်တွင် နောက် အနှစ် (၅၀-၁၀၀) အတွင်း ရန်ကုန်မြိုကြီးသည် ကမ္ဘာ့အဆင့်မီ မြို့တော်ကြီး တစ်မြို့ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည်ဝိုင်းရံလျက် ရှိသော မိုးထိမြင့် မား သည့် တိုက်တာ အဆောက်အအုံများ၏ အောက် ရောက်နေမည် ဖြစ်ပါ၍ မသင့်လျော်ဟု အကြောင်းပြခဲ့ပါသည်။ မြန်မာလူမျိုးများစိတ်ကြိုက် သင့်လျော်သော နေရာတစ်ခုသို့ ရွေး၍ ပုံတူဆောက်လုပ်ပေးမည်ဟု အကြောင်းပြခဲ့ပါသည်။ ယင်းကိစ္စကို အင်္ဂလိပ်အရာရှိများ အပါအ၀င် မြန်မာ အရာရှိများက ကန့်ကွက်သူမရှိ သဘောတူခဲ့ပါသည်။

ဦးချန်ထွန်းတစ်ယောက်သာ အကြီးအကျယ် ဒေါသူပုန်ထပြီး ကန့်ကွက် ပါတော့သည်။ အင်္ဂလိပ်ခေတ်တွင် အထက်မှချမှတ်သော အမိန့်တစ်ခုကို လုပ်သင့်သည် ဖြစ်စေ၊ မလုပ်သင့်သည်ဖြစ်စေ မပြောရဲသောခေတ် ဖြစ်ပါ သည်။ အလုပ်ပြုတ်မှာ ကြောက်သည်က တစ်ကြောင်းကြောင့် မည်သူမျှ ဦးချန်ထွန်းဖက်မှ မားမားမတ်မတ်ရပ်၍ ပြောမည့်သူ မရှိခဲ့ပါ။ ဦးချန်ထွန်း စကား လုံးဝအရာမရောက်ခဲ့ပါ။ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း ဖျက်ခြင်း ပြုလုပ်ရိုးထုံးစံမရှိဟု တင်ပြခဲ့ ပါသည်။



အလားတူ အင်္ဂလန်ကိုခေတ်မီမြို့ဆောက်လုပ်စဉ်ကလည်း Square Building အ၀ိုင်းကိုရှေးဟောင်းအဆောက်အအုံ တစ်ခုအနေဖြင့် “ဘာကြောင့်ချန်ထားခဲ့သလဲ”
လို့ အရေးဆိုခဲ့ပါသေးသည်။ ဦးချန်ထွန်း ကန့်ကွက်ချက်များသည် လုံးဝ အရာမရောက်ခဲ့၍ စနေထောင့်မှစ၍ ဆူးလေစေတီကို ဖျက်ပါတော့သည်။

ဦးချန်ထွန်းကအာဂသတ္တိရှင်တစ်ဦး ဖြစ်သည်။ လုပ်ရဲသောသတ္တိရှိသည်။ အလုပ်ပြုတ်ချင် ပြုတ်ပါစေ။ သူ လုံးဝနောက်မဆုတ်ခဲ့ပါ။ သူ့ကို ရွှေတံဆိပ် ဆု ပေးထားသော ၀ိတိုရိယဘုရင်မကို ချက်ချင်း သတိရလာသည်။ မကြာ ပါ။ ကြေးနန်းရိုက်ပြီး၊ စာတစ်စောင်လည်း ဘုရင်မထံ အကျိုးအကြောင်း ရေး သားပေးပို့လိုက်ပါသည်။
ဦချန်ထွန်း၏ကျေးဇူး၊ ၀ိတိုရိယဘုရင်မကြီး၏ အမိန့်ကြောင့် ယနေ့မြန်မာ လူ မျိုးတို့ ဆူးလေစေတီကို ရန်ကုန်မြို့လယ်တွင် တွေ့နေရခြင်း ဖြစ်ပါသည်။
ဦးချန်ထွန်း၏ ကျေးဇူးကားအလွန်ကြီးမားပါသည်။ ဆပ်၍ကုန်နိုင်မည် မ ဟုတ်ပါ။ ဆူးလေစေတီကို ဖူးတွေ့ရတိုင်း ဦးချန်ထွန်းကို သတိရသင့်ပါသည်။

{အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများမှ ကောက်နုတ်ရေးသားပါသည်။}
ဦးသိန်းဝေ။

ဝက်သေတစ်ခု အရင်းပြု(အီးမေးသတင်း)


အမေရိက၊ ကနေဒါ၊ ယူကေနဲ့ အောစတေးလျနဲ့ (တစ်ကမ္ဘာလုံး)က လူတွေ စပိန်တွေဆီက သင်္ခန်းစာယူသင့်တယ်။ စပိန်နိုင်ငံ Seville မြို့ကလူထုဟာ သူတို့မြေပေါ် ဗလီအသစ်ထပ်ဆောက်မှာကို ဘယ်လိုတားဆီးရမယ်ဆိုတာ သိသွားကြပြီ။ ဗလီဆောက်မယ့်မြေမှာ ဝက်သေကိုမြှုပ်၊ ဒေသတွင်း မီဒီယာ ကနေတဆင့် ဝက်သေမြှုပ်ထားတဲ့မြေဖြစ်ကြောင်း သတင်းဖြန့်လိုက် တဲ့။

အစ္စလမ်မစ်ဥပဒေက ဝက်သေမြှုပ်ထားတဲ့မြေပေါ်မှာ ဗလီမဆောက်ရလို့ တားမြစ်ထားတယ်။ ဒီအကြောင်း သိတာနဲ့ ဗလီပဆောက်မယ့် ပရောဂျက်ကို မွတ်စလင်တွေက ချက်ချင်း ဖျက်သိမ်းသွားပါ သတဲ့။
တကယ်တော့ အဲဒီမြေကို အစိုးရက မွတ်စလင်တွေကို ရောင်းထားတာပါ။ လူထုက လမ်းပေါ်တက် ဆန္ဒပြမနေဘဲ ဝက်သေမြှုပ်လိုက်ကြတယ်။ အလုပ်ဖြစ်သတဲ့။

လူဝင်မှုနှင့် ဦးစော (၂ ) - မောင်သန့် 

(အီးမေးထဲက စာ။ နည်းနည်းတော့ ရှည်တယ်)

၁၉၃၅ ခုနှစ်မှာ သြဂုတ်လမှာ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက်ဥပဒေ (၉၁ ဌာန အုပ်ချုပ်ရေး) ကို ထုတ်ပြန်ခဲ့တယ်။ စက်တင်ဘာလမှာ အိန္ဒိယအစိုးရ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ စတင်အာ ဏာ တည်တာကတော့ ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ဖြစ်ပါတယ်။

ဒီအချိန်ကစပြီး မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခု မဟုတ်တော့ ဘဲ ဗြိတိသျှ အင်ပါယာအတွင်းက သီးခြားနိုင်ငံတစ်ခု ဖြစ်လာတယ်ပေါ့။ ၉၁ ဌာန အုပ်ချုပ်ရေးလို့ ခေါ်ရခြင်း ကတော့ ဌာနပေါင်း ၉၈ ခုရှိရာမှာ ဘုရင်ခံက ၇ ခုကိုကိုင်ပြီး ကျန်တဲ့ ၉၁ ခုကို ပြည်သူ့ ကိုယ်စားလှယ် အမတ်တွေလက်ထဲ ထည့်တယ်ဆိုတဲ့ သဘောပါ။

ဒါကလည်း အမည်ခံ ဟန်ပြ သက်သက်လို့ပဲ ဆိုရမှာပါပဲ။ ဘုရင်ခံလက်ထဲမှာ ဗီတိုအာဏာကို ကိုင်ထားပြီး လွှတ်တော်ကိုလည်း ရုတ်သိမ်းနိုင်တယ်၊ ကက် ဘိနက်ကိုလည်း ဖြုတ်ပစ်နိုင် ပါတယ်။ ဒီ ၉၁ ဌာန အုပ်ချုပ်ရေးကိုတော့ တို့ဗ မာ အစည်းအရုံးကြီးနဲ့ ကျောင်းသားသမဂ္ဂတွေက အပြင်းအထန် ကန့်ကွက်ခဲ့ တာပေါ့။ နိုင်ငံရေးအင်အားစုတွေ အတွင်းမှာလည်း ပူးသတ်မယ်တို့၊ ခွာသတ် မယ်တို့ အယူအဆ အမျိုးမျိုးဖြစ်ပြီး ကွဲကြတာပါပဲ။

ဒါကြောင့် ၁၉၃၈ ဒုတိယ ကုလား-ဗမာ အဓိကရုဏ်း ဖြစ်ချိန်ဟာ ၉၁ ဌာန အုပ်ချုပ်ရေးကာလမှာ ဖြစ်တယ်လို့ ဆိုရမှာပေါ့။ ဒါတင်မက ရေနံမြေသပိတ်နဲ့ တတိယ ကျောင်းသားသပိတ်ကြီးဟာလည်း ဒီကာလမှာ ဖြစ်တာပါပဲ။ ရေ နံမြေသပိတ်ကို အာရုံလွှဲလို၍ ကုလား-ဗမာ အဓိကရုဏ်း ဖန်တီးတယ်လို့ လည်း အဆိုရှိပါတယ်။

၁၉၃၇ ဧပြီ ၁ ရက်နေ့မှာ ဒီစနစ်ကို စတင်ကျင့်သုံးဖို့အတွက် အောက်လွှတ်ေ တာ် ရွေးကောက်ပွဲ ကိုတော့ ၁၉၃၆ ခုနှစ် နိုဝင်ဘာမှာလုပ်ခဲ့တယ်။ ၁၉၃၇ မတ်လ ၁၁ ရက်နေ့မှာတော့ အစိုးရအဖွဲ့ စာရင်းကို အတည်ပြုတယ်။
ဒီ အုပ်ချုပ်ရေးစနစ်မှာ ပထမဆုံး အမတ်ချုပ် (နန်းရင်းဝန်) ကတော့ ဒေါက် တာ ဘမော်ပေါ့။ ပြောရဦးမယ် ကျုပ်တို့ လူမျိုးတွေအကြောင်း။ အစိုးရအဖွဲ့ အတည်ပြုပြီး နောက်တစ်နေ့မှာပဲ ဦးဘဘေတို့ ငါးပွင့်ဆိုင်အဖွဲ့က ညွန်ေ ပါင်း အစိုးရတစ်ဖွဲ့လုံးကို အယုံအကြည်မရှိ အဆိုတင်သွင်းပါလေရောဗျာ။ လွှတ်တော်ဥက္ကဋ္ဌ ဦးချစ်လှိုင်က ဧပြီ ၁ ရက်နေ့မှ စတင် တာဝန် ထမ်းဆောင် ရမှာဖြစ်လို့ ဘောင်မဝင်ဘူးဆိုပြီး ပယ်ချခဲ့တယ်။ ဖြစ်ပုံ ပြောပါတယ် အစိုးရ တာဝန်ဖြင့် မယူရသေးဘူး အယုံအကြည်မရှိအဆိုက စတင်တော့တာပဲ။

ဒါတင်လားဗျာ ဒီကြားထဲမှာ သူတစ်ပြန် ငါတစ်ပြန် အယုံအကြည်မရှိ အဆို တင် ပြီး ဖြုတ်ချ နေလိုက်ကြတာ ဖေဖော်ဝါရီ ၁၉၃၉ မှာတော့ နန်းရင်း ဝန် ဒေါက်တာဘမော် အစိုးရပြုတ်ကျပြီး နန်းရင်းဝန်ဦးပု ဦးဆောင်တဲ့အစိုးရ တက်၊ နောက်တစ်ခါ ၁၉၄၀ စက်တင်ဘာမှာ နန်းရင်းဝန် ဦးပုအစိုးရ ပြုတ် ကျပြီး နန်းရင်းဝန်ဂဠုန်ဦးစော ဦးဆောင်တဲ့ အစိုးရတက်ပေါ့။ (ဘုရင်ခံကြီး ခမျာတော့ လွှတ်တော်ကိုကြည့်ပြီး သဘောတွေကျနေမှာပဲဗျာ။)

အစိုးရတစ်ရပ်ကို ဖြုတ်ချဖို့ဆိုတာလည်း လုံလောက်တဲ့ ပြဿနာတွေ ဖန် တီးနိုင်ဦးမှကိုး။ ဒါပေမယ့် ဒီနေရာမှာ ပြဿနာကို ဖန်တီးသူလို့ မစွပ်စွဲလိုပါ။ ဆက်စပ်၍သာ စဉ်းစားကြ ပါလေ။ မြန်မာပြည်မှာ ပြဿနာဖြစ်စေမယ့်ေ လာင်စာတွေက အဆင်သင့်ပါ သောက်လက်စ ဆေးလိပ်တိုလေးကို တစ် ချက်တောက်လိုက်ရုံနဲ့ မီးဟုန်းဟုန်းထတောက်မယ့် ကောက်ရိုးပုံ တွေက အများသားလားဗျာ။
ကုလား-ဗမာ အဓိကရုဏ်း အပြီးမှာ ဒေါက်တာဘမော် အစိုးရကို ဖြုတ်ချ ဖို့ လုပ်တယ်။ ဒါပေမယ့် ထောက်ခံမဲ ၆၁ မဲ၊ ကန့်ကွက်မဲ ၆၆ မဲနဲ့ မအောင်မြင် ခဲ့ဘူး။

အလုပ်သမားသပိတ်တွေ ကျောင်းသားသပိတ်တွေ ဖြစ်တယ်။ ဗိုလ်အောင်ကျော်ကျတယ်။
ဒါနဲ့ ဒေါက်တာဘမော်အစိုးရကို ထပ်ဖြုတ်ချတယ်။ ဒီတစ်ခါတော့ ထောက်ခံမဲ ၇၀ မဲ၊ ကန့်ကွက်မဲ ၃၇ မဲနဲ့ ဒေါက်တာ ဘမော် အစိုးရ ပြုတ်ကျတယ်။ ဦးပု အစိုးရတက်တယ်။ ဦးပု အစိုးရကိုလည်း အကြိမ် ကြိမ်ဖြုတ်ချကြတာပဲ။
ဒီကြားထဲ မြန်မာပြည်နိုင်ငံရေး အခင်းအကျင်း တွေတော့ မပြောတော့ ပါ ဘူး။ နောက်ဆုံး ဦးပုအစိုးရလည်း ထောက်ခံမဲ ၈၁ မဲ၊ ကန့်ကွက်မဲ ၃၂ မဲ နဲ့ ပြုတ်ကြတာပဲ။ ဦးစောအစိုးရ တက်တယ်။ ဦးစောအစိုးရကိုလည်း ဖြုတ် ချဖို့လုပ်တာပဲ။

၉၁ ဌာနခေတ် လွှတ်တော်တွင်းက အိန္ဒိယအမျိုးသားတွေနဲ့ဆိုင်တဲ့ ဥပဒေ ကြမ်းတွေအကြောင်း မပြောခင် ဒိုင်အာခီခေတ်က ဥပဒေကြမ်းလေးနှစ်ခု အကြောင်း ပြောဦးမယ်။ ဘာလို့လဲဆို အဲဒီဥပဒေကြမ်းနှစ်ခုကလည်း အိန္ဒိ ယ အမျိုးသားတွေကြားမှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားလို့ပါ။ အဲဒါက ပင်လယ်ရေကြောင်း ခရီးသည်များအပေါ် အခွန်ကောက်ခံရေး ဥပေ ဒကြမ်းနဲ့ ပြစ်မှုကျူးလွန်သူများ ပြည်နှင်ဒဏ်ပေးရေး ဥပဒေကြမ်းတို့ပဲ ဖြစ် ပါ တယ်။ ဒီဥပဒေကြမ်းနှစ်ခု ဥပဒေပြုကောင်စီမှာ တင်တယ်ကြားရင်ပဲ အိန္ဒိယ အမျိုးသားတွေဟာ ကုလားသိုက် ကျားဝင်ကိုက် ဆိုသလို ပွက်လောရိုက် ကုန်တာပေါ့။

ပထမ ဥပဒေကြမ်းဟာ ၁၉၂၂ မတ်လမှာ တင်တာပါ။ ပင်လယ်ရေကြောင်း မှ မြန်မာပြည်ကို ဝင်လာသူတိုင်း တစ်ဦးလျှင် အခွန်တော်ငွေ ငါးကျပ် ပေးေ ဆာင်စေဖို့ပါ။ (ငါးကျပ်ကတော့ များတာပေါ့နော် အခုတောင် မှတ်ပုံတင် က ခြောက်ကျပ်ပဲ ရှိတာ။)
ဥပဒေနှစ်ခုလုံးကို အိန္ဒိယ အမျိုးသားတွေက အကြီးအကျယ် ကန့်ကွက် ကြ တာပေါ့။ နောက်ဆုံး ဥပဒေပြုကောင်စီက အတည်ပြုပေမယ့် အခွန်ကောက် ယူမယ့် ဥပဒေကို ဘုရင်ခံက ဗီတိုအာဏာသုံးပြီး ပယ်ချ လိုက်ပါတော့တယ် ။ ပြည်နှင်ဒဏ်ဥပဒေဟာလည်း သြဇာရှိတဲ့ အိန္ဒိယ ကုန်သည်ကြီးများနဲ့ အိန္ဒိ ယ အမတ်တွေက သူတို့လိုချင်သလို ပြင်ဆင်ပြီးမှ ၁၉၂၆ ခုနှစ်မှာမှ ဥပဒေ အဖြစ် ထွက်လာ ပါတော့တယ်။

၉၁ ဌာန အုပ်ချုပ်ရေးခေတ်ဟာ ငါးနှစ်တောင်မခံပါဘူး။ တိတိကျကျပြော မယ်ဆိုရင် လေးနှစ် ရှစ်လနဲ့ ခုနစ်ရက်လို့ ပြောလို့ရပါတယ်။
ဒီနောက်ပိုင်း ဂျပန်ဝင်တာပေါ့လေ။ ဒီကြားထဲ လွှတ်တော်ထဲ တင်သွင်းတဲ့ ဥပဒေကြမ်းတွေမှာ ခေါင်းစဉ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲအဓိက ပြော ပါမယ်။

ပထမ ပြောချင်တဲ့ ဥပဒေကြမ်းက နေထိုင်မှု ဥပဒေကြမ်းပေါ့။ ၁၉၃၇ ခုနှစ် သြဂုတ်လ ဥပဒေပြု လွှတ်တော်မှာ ဦးဘဖေက မြန်မာပြည်တွင် နေထိုင်မှု ဥပဒေကြမ်းကို တင်သွင်းတယ်။

ဒီဥပဒေအရ မြန်မာပြည်တွင်နေထိုင်သော နိုင်ငံခြားသားများ၏ အခြေအနေ အရပ်ရပ် ခွဲခြမ်း စီစစ်ရန်နှင့် မြန်မာပြည်တွင် နေထိုင်ခွင့်အတွက် အခကြေးေ ငွပေးရန် ဖြစ်ပါတယ်။
ဒီဥပဒေဟာ အိန္ဒိယ အမျိုးသားများ အစိုးရအမှုထမ်းခွင့်နဲ့ အခြား အခွင့် အရေးတွေကိုတော့ ကန့်သတ်တာ မရှိပါဘူး။ ဒါကြောင့်လည်း အိန္ဒိယ အမတ် တော်တော်များများက လက်ခံကြပါတယ်။

ဒါပေမယ့် ဒါကို အပြင်းအထန်ကန့်ကွက်သူကတော့ အိန္ဒိယအမျိုးသား မူဆ လင်အမတ် အက်စ်အင် ဟာဂျီပေါ့။ သူက “၁၉၃၅ ခုနှစ် ဥပဒေအရ အမျိုး မျိုးသော လူနည်းစု အမျိုးသားများ၏ (အဲဒီ လူနည်းစု လူနည်းစုနဲ့ပဲ အခု အချိန်အထိ လုပ်စားနေတုန်းပဲ) လုံခြုံမှုကို အကာအကွယ် ပေးထားချက်များ လုံးဝပျက်စီးသွားစေမည့် ဥပဒေဖြစ်သည်။

မကောင်းဆိုးဝါးများ ဆက်ကာ ဆက်ကာ လာစေရန် သန္ဓေတည်ခြင်း သြာ ဖစ်သည်။ ၁၉၃၅ ခုနှစ် ဥပဒေကို ချိုးဖျက်သည့် ဥပဒေဖြစ်၍ ဤ လွှတ်တော် က အတည်မပြုနိုင်။
ဘိလပ် ပါလီမန်ကသာ အတည်ပြုနိုင် သည်” ဆိုပြီး ပြောပါတော့တယ်။

ဒါ့ပြင် အမတ်ဖြစ်တဲ့ လွယ်အိပ်ကြီး ဦးဘလှိုင်ကိုလည်း ပုတ်ခတ်ပြောဆိုတဲ့ အတွက် ဦးဘလှိုင်က “အိန္ဒိယသားတို့သည် မြန်မာပြည်သို့လည်း လာေ ရာက်ငွေရှာသေးသည်။မြန်မာ့အရေးအခင်း များတွင် ဝင်ရောက်စွက်ဖက် ရန်လည်း ဘယ်တော့မှ လက်မနှေး။ ဒီလိုသာ ဆက်လုပ်နေဦးမည် ဆိုလျှင် အဓိကရုဏ်းများဖြစ်၍ ဆုံးမည်မဟုတ်ကြောင်း သတိပေးပါသည်။
အကယ်၍ အဓိကရုဏ်းသာ စတင်ဖြစ်ပွားမည် ဆိုလျှင် တစ်တိုင်းပြည်လုံး အုပ်ထိန်းမရ ငရဲပြည်ကဲ့သို့ တစ်ပြည်လုံး ပျံ့နှံ့သွားပေလိမ့်မည်” ဆိုပြီး ပြန် လည် ချေပပြောဆိုပါတယ်တဲ့။ ဦးဘလှိုင် သတိပေးပြီး တစ်နှစ်မပြည်မီမှာပဲ ဒုတိယ ကုလား-ဗမာ အဓိကရုဏ်းကြီး ဖြစ်ခဲ့တာပါပဲ။

ထူးခြားတာက ဟာဂျီရဲ့ ပြောဆိုချက်ကို အဲဒီအချိန်က လွှတ်တော်ဥက္ကဋ္ဌ ဦးချစ်လှိုင်က လက်ခံခဲ့တယ်တဲ့။ ဘာကြောင့်လက်ခံလည်း ဆိုတာတော့ မသိပါ။ ဒီဥပဒေကြမ်းကတော့ ချောင်ထိုး ခံလိုက်ရတော့တာပါပဲ။

လွှတ်တော်ပြင်ပမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ အားကောင်းနေတုန်း လွှတ်ေ တ်ာတွင်းမှာလည်း အစိုးရကို အားစမ်းတဲ့နည်းကတော့ ဥပဒေကြမ်းတွေ တင် သွင်းတာပေါ့ ဦးစောဟာ လယ်ယာမြေ ဥပဒေကြမ်းတွေ တင်ခဲ့တယ်။ သူ့ကိုထောက်ခံသူတွေကတော့ ငါးပွင့်ဆိုင် အမတ်တွေပေါ့။ ဦးစောက မျိုး ချစ် ပါတီကို ၁၉၃၇ သြဂုတ် ၁၄ မှာ တည်ထောင်ခဲ့တာ။ ရွေးကောက်ပွဲ လုပ် တုန်းက မျိုးချစ်ပါတီ မရှိသေးဘူး။
ဒီနေရာမှာ ငါးပွင့်ဆိုင်ဆိုတာဘာလဲ ဆိုတာ တစ်ချို့ မသိတဲ့လူလည်း ရှိမှာ မို့ ပြောပါ့မယ်။
(လိုရင်းကို မရောက်နိုင်တော့ဘူးနော်။ သည်းခံပါဗျာ။)

ငါးပွင့်ဆိုင်အဖွဲ့ဆိုတာ အဖွဲ့ငါးဖွဲ့ ပေါင်းထားတဲ့ အဖွဲ့ပါ။ ၁၉၃၆ ခုနှစ် ဧပြီ ၃၀ ကနေ မေ ၂ ရက်ထိ မန္တလေးမှာ ညီညွတ်ရေး အစည်းအဝေး ကျင်းပတဲ့ အခါ နိုင်ငံရေးအဖွဲ့ တွေဖြစ်တဲ့ ပြည်သူပြည်သားအဖွဲ့၊ အမ်အေမောင်ကြီး ဦးစီးတဲ့ ခွဲခွာရေးအသင်းကြီးကို အမည် ပြောင်းထားတဲ့ မြန်မာပြည် လွတ် လပ်ရေးအဖွဲ့ (Free Burma)၊ ရေဦးဆရာတော် ကြီးမှုးတဲ့ ဗဟို ဂျီစီဘီအေ အဖွဲ့၊ ဦးဘစီ ဦးစီးတဲ့ သပိတ်မှောက် ဂျီစီဘီအေအဖွဲ့၊ ဦးဘဦး ဦးစီးတဲ့ မန္တလေး ၂၁ ဦး အဖွဲ့တွေကိုပေါင်းပြီး ညီညွတ်ရေး မူလဂျီစီဘီအေ အဖွဲ့ချုပ် ဆိုပြီး ဖွဲ့ထားတာပါ။

Five Flowers Party လို့လည်း ခေါ်ပါတယ်။ အဖွဲ့တွေကလည်း အများ သားနော်။ အလျဉ်းသင့် ရင်တော့ ဒီအကြောင်းတွေ သတ်သတ်ရေးပေး ပါ့ မယ်။
ဒီအဖွဲ့ကြီးရဲ့ အကြီးအမှူးကတော့ ရေဦးဆရာတော် ဦးသြဘာသပါ။
ဥက္ကဋ္ဌကတော့ မက္ခရာမင်းသားနဲ့ ဒေါ်ခင်လေးတို့ရဲ့ သားငယ် ထိပ်တင်ဝ မင်းသားပေါ့။ ရွေးကောက်ပွဲမှာလည်း ဒီအဖွဲ့ကြီးက အမတ်နေရာ ၄၆ နေ ရာနဲ့ အများဆုံးနိုင်ထားတာပါ။

ခုနကပြောခဲ့တဲ့ လွှတ်တော်တွင်း အားစမ်းတဲ့ လယ်ယာမြေ ဥပဒေတွေထဲက တစ်ခုကတော့ ၁၉၃၇ ခုနှစ်မှာ ဦးစောတင်သွင်းတဲ့ လယ်ယာမြေ ဥပဒေ ကြမ်းပေါ့။ ဒီဥပဒေကြမ်းအရ လယ်ယာမြေအားလုံးကို နိုင်ငံတော်ပိုင် ကြေ ညာပြီး လယ်လုပ်သူများကို လယ်ယာမြေများ ဝေခြမ်းပေးရန် ဖြစ်ပါတယ်။ လယ်လုပ်သူသာ လယ်ပိုင်ရမည်ဆိုတဲ့ စနစ်ပေါ့နော်။ အဲဒီမှာ အပြင်းအထန် ကန့်ကွက်သူကတော့ ဘယ်သူရှိမလဲ ချစ်တီးကိုယ်စားလှယ် ဗယ်လယန် ချစ်တီးယားပေါ့။ ဒေါက်တာဘမော် အစိုးရကလည်း ဒီဥပဒေကြမ်းကို ပယ်ချ ခဲ့ ပါတယ်။
အကြောင်းပြချက်ကတော့ ၁၉၃၅ ခုနှစ် ဥပဒေနဲ့ လွန်စွာ ဆန့်ကျင်နေလို့ပါတဲ့။

ဒါကိုမကျေနပ်တဲ့ ဦးစောက နောက်တစ်ခါ သီးစားခ ထိန်းသိမ်းရေး ဥပဒေ ကြမ်းကို နောက်ထပ် တင်ပြန်ပါတယ်။
(တောင်သူလယ်သမားအရေး အကျိုးတော်ဆောင်ကြီးပေါ့ဗျာ။)
ဒီဥပဒေကြမ်းအရ လယ်တစ်ကွက်မှ ထွက်ရှိတဲ့ စပါးရဲ့ လေးပုံတစ်ပုံကိုသာ လယ်ခအဖြစ် ပိုင်ရှင်ကိုပေးရန် ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကိုလက်ခံဆွေးနွေး ဖို့လည်း လက်မခံပါဘူး။
မကျေနပ်လို့ ၁၉၃၇ စက်တင်ဘာမှာ လွှတ်တော်ကို ထပ်တင်ပြန်ပါတယ်။ ဒီ တစ်ခါတော့ လယ်ရှင်ကြီးတွေရဲ့ ကိုယ်စားလှယ် အမတ်တွေက အပြင်း အထန် ကန့်ကွက်ကြပါတော့တယ်။
ဘယ်လောက်ထိလဲ ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အိန္ဒိယကုန်သည်ကြီးများ အသင်းက ဘိလပ် အစိုးရ မြန်မာပြည်ဆိုင်ရာ အတွင်းဝန်ထံကို စာရေးသား ကန့်ကွက်တဲ့ အထိပါပဲ။

အမတ်ဟာဂျီကလည်း ဒီဥပဒေကြမ်း တင်သွင်းတာဟာ ဦးစောအနေနဲ့ ကိုယ် ကျိုးအတွက် စတန့်ထွင်တာဆိုပြီး ပြောဆိုတိုက်ခိုက် တာပေါ့။ ဦးစော က လည်း ဒီဥပဒေကြမ်းကို မရုတ်သိမ်းပေးနိုင်တဲ့အပြင် အိန္ဒိယအမျိုးသား အ သင်း အဖွဲ့မှာ ဟာဂျီလိုလူမျိုး ခေါင်းဆောင် မလုပ်သင့်ကြောင်း၊ ဟာဂျီေ ကြာင့် ဒီတိုင်းပြည်တွင်းမှာ အပြန်အလှန် ရန်ငြှိုးထား မုန်းတီးမှုတွေ ဖြစ် လာနိုင်တယ်ပေါ့။ ဘိလပ်သား အမတ်တွေကိုလည်း လိုတစ်မျိုး မလိုတစ်မျိုး လုပ်တဲ့ သူတွေလို့ ပြောပြီး လွှတ်တော် ထဲမှာ အပြန်အလှန် ဖြဲကြတာပေါ့ဗျာ။
(မျိုးချစ် ခေါင်းဆောင်ကြီးပေကိုး။)

အစိုးရအနေနဲ့လည်း ၁၉၃၈ သီးစားချထားရေး ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ ပါသေးတယ်။
ဒါကိုလည်း ချစ်တီးတွေနဲ့ နတ်တူကွတ်တိုင် ချစ်တီးယားအသင်းက အပြင်း အထန်ကန့်ကွက်ပြီး ဟိုက်ကုတ် တရားလွှတ်တော်ကို လျှောက်ထားကြရာမှာ တရားလွှတ်တော်က ငွေမျက်နှာ ကြည့်ပြီး မြေရှင်တွေကို အနိုင်ပေးလိုက် တယ်တဲ့ဗျား။

ဒီလောက်ဆိုတော်ပါပြီ။ ခေါင်းစဉ်နဲ့လည်း တော်တော်လွဲသွားပြီလားမသိ။
ပြောချင်တာက ၉၁ ဌာန အုပ်ချုပ်ရေးခေတ်က နိုင်ငံရေးအားပြိုင်မှုတွေမှာ ဘာကို အသုံးချလည်းဆိုတာ နည်းနည်းလောက် သိစေချင်လို့ပါ။ အဓိကက လူမျိုးရေး၊ ဘာသာရေးပြဿနာ ကောက်ရိုးပုံ၊လယ်ယာမြေပြဿနာ ကော က်ရိုးပုံ၊ အလုပ်သမားပြဿနာ ကောက်ရိုးပုံ၊ ကျောင်း သား ပြဿနာေ ကာက် ရိုးပုံတွေပါပဲ။
ဒီပြဿနာတွေကို မီးထိုးပေးတာကတော့ သတင်းစာတွေ ပေါ့ဗျာ။ အဲဒီအချိန်က ဦးစောဟာ သူရိယ သတင်းစာကြီးရဲ့ အယ်ဒီတာချုပ် ဖြစ်သလို အခြား နိုင်ငံရေး အဖွဲ့အစည်းတွေမှာလည်း လက်ကိုင်တုတ် သတင်းစာတွေ အသီးသီး ရှိကြပါတယ်။ ဒီအကြောင်းတွေကိုလည်း နုတ်သပ်သပ် ရေးပါဦးမယ်။ (ခုခေတ်နဲ့ ဘာ ကွာ လဲဟင်၊ ကျုပ်ကတော့ မသိ။)

ကဲ အခုတော့ လိုရင်းကို သွားကြရအောင်။ နေဦးဗျ တစ်ခုတော့ ပြော ချင်သေးတယ်။
အခု ခေတ်စားနေတဲ့ မျိုးစောင့်ဥပဒေ ဆိုတာကိုပါ။ အဲဒါလေးလည်း ထည့်ပြောဦးမှပေါ့နော်။

နားဦးမယ်ဗျာ။
နောက်တစ်ပုဒ်ဆိုရင်တော့ ပြီးပါပြီ။

မောင်သန့် 