ကန်ပါ့ ဖလား


မအားဘဲ ကစားနေရတဲ့ ပရိသတ်ကြီးခင်များ....
လောလောဆယ်အနေအထားမှာတော့ "(ဦး)ဝီရသူ" ဖဘက တိုက်စစ်၊ ခံစစ်၊ ကွင်းလယ်ကစားကွက်၊ အချက်အလက်ညီညီ၊ ပညာပါပါနဲ့ "(ဦ သို့ အူ)သာသနာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ"ဖဘကို တရကြမ်း တိုက်စစ်ဆင်နေတာကို တွေ့ရပါတယ် ခင်ဗျား၊
"(အူ)သာသနာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ"အသင်းရဲ့ အဓိက အားနည်းချက်က မောင်အံ့ရဲ့ ခံစစ်ဖြစ်နေပြီး ရုပ်ပျက်ဆင်းပျက် အလူးအလဲ ဖျက်ထုတ်နေရပါတယ်။ "မောင်အံ့ အောက်တ်" "မောင်အံ့ အောက်တ်" ဆိုတဲ့ ကြွေးကြော်သံတွေ ကြားရသလို "သူခိုး သူခိုး" ဆိုတဲ့အသံတွေလည်း ကြားရပါတယ်။ မောင်အံ့ကလည်း နည်းပြအားကိုးနဲ့ တိုင်ချင်တဲ့ရုံးသွားတိုင် မထွက်ဘူးလုပ်နေပါတယ်။

ဒီပွဲမတိုင်မီ "ဝိဘဇ္ဈာဝါဒသစ္စာ့ဝါဒီ" ဖလားမှာ သီတဂူဆရာတော်ကြီးက ၆ ဂိုး၊ အံ့မဟန ယူနိုက်တက်အသင်းက ဂိုးမရှိနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ခြေအရ ဒီထက် ဂိုးပြတ်သင့်တယ်လို့ တက်ခေါက်သူတွေလည်း ရှိနေပါတယ်။
ဒီပွဲတွေဟာ အလွန် အရေးကြီးပါတယ် ခင်ဗျား။

ပထမ ကွာတားဖိုင်နယ်မှာ သာသနာပြု ယူနိုက်တက်အသင်းနဲ့ သာသနာဖျက် ရန်ကုန်စီးတီးအသင်း။
ဒုတိယ ကွာတားဖိုင်နယ်မှာ သစ္စာဝါဒီနဲ့ မုသာဝါဒီအသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။
တတိယ ကွာတားဖိုင်နယ်မှာတော့ ကုသိုလ်က နှုတ်ထွက်သွားလို့(သေသွားလို့) အကုသိုလ်အသင်းက တိုက်ရိုက်ဆီမီးတက်လာပြီး
စတုတ္တကွာတားဖိုင်နယ်မှာတော့ ရေငုံနှုတ်ပိတ်အသင်းနဲ့ အွန်လိုင်းယူနိုက် တက်တို့ တွေ့ကြမှာပါ။
ဆက်လက်အားပေးကြပါအုံးခင်ဗျား။


နိဗ္ဗာန်သို့သွားရာ တစ်ကြောင်းတည်းသောလမ်း (ဖားအောက်တောရ ဆရာတော်ကြီး)


ဖားအောက်ဆရာတော်ကြီးတို့များ နိုင်ငံတော်အကြီးအကဲရဲ့အရိပ်အာဝါသလည်း မရ
မဟနရဲ့ အပယ်ခံ၊ ထုတ်ဝေခွင့် အပိတ်ပင်ခံရဘဝနဲ့ ပြည်ပမှာ ရေးသား ထုတ်ဝေတော်မူလိုက်တာဆရာအံ့ထက် နှစ်ဆကြီး၊ နှစ်ဆထူသွားပါရောလား။ ခိုးယူးထားတယ်လို့ ပြောစရာလည်း မရှိ။ ပိဋကတ်တော်နဲ့ အတိ။
စွမ်းသူကို ဝိုင်းပယ်၊ ဖားသူကို ဝိုင်းဆယ်။
ရင်မောမိပါရဲ့
ခေတ်စောလို့(အင်္ဂလိပ်ခေတ်၊ ကျွန်ခေတ်)ကံကောင်းသွားတော်မူတဲ့ လယ်တီဆရာတော်ကြီး ဘုရား။



မောင်အံ့(မဟာဝိဇ္ဇာ၊ ဘုံဘေ)ရဲ့ ကျေးဇူးရှင်


 (ဘူကြီးလည်း တိဝူး)

ဖလားဆိုလို့သာ ဖလားရတယ်နဲ့ အုပ်စု (ဂ) ပွတ်တိုက်မှု


(ဘာသာပြန်နည်း)

ကမ္ဘာ့ခွက်လုပွဲ မကြည့်ဖြစ်ပေမဲ့ နည်းနည်းတော့ ရေးဦးမှ။
ရွာက ကိုရင်ကြီးသင်ပေးလိုက်တဲ့ အင်္ဂလိပ်ထဲမှာ "cup" က ခွက်။ "gas" က ထည့်သည် ပါ။
ဒါနဲ့ ပုံကြည့်ပြန်တော့လည်း မြန်မာတွေ သိတဲ့ ရေဖလား၊ ရွှေဖလား၊ ငွေဖလား
မျိုးလည်း မဟုတ်ဘူး။ ရှည်ရှည်ကြီး။
ဒါပေမဲ့ ကမ္ဘာ့ခွက်လုပွဲကြီးလို့ဆိုရင်းလည်း ကျောင်းလုတာလောက်ပဲ သိတဲ့ လူတွေက လက်ခံမှာ မဟုတ်။
ဒီတော့ ဖလားဆိုလည်း ဖလားပေါ့။ ထားတော့ ဒါနဲ့
သတင်းစာကောက်လှန်တော့ Group C clash ဆိုတာကိုတွေ့တယ်။
သမ္မကြီးလေသံအတိုင်း ဘာသာပြန်ကြည့်လိုက်တော့ အုပ်စု (ဂ) ပွတ်တိုက်မှု။ မိုက်တယ်။
ပြည်တွင်းမှာတော့ အုပ်စု (ဃ) ပွတ်တိုက်မှုဖြစ်နေတယ်။ အရှေ့တိုင်းမို့ တစ်ရက်စောတာနေမှာ။

ဦးသိန်းစိန် ဂျင်မီကာတာ ဖြစ်လာနိုင်ဦးမလား(၃)


ဒီမိုကရေစီ သွေးသားက နုနု
အတ္တတွေက ရင့်ရင့်
ဒီမိုကရေစီအစိုးရသက်တန်းက နုနု
စိန်ခေါ်မှုတွေက ရင့်ရင့်
ဟူး...............

နိုင်ငံရေးသိက္ခာ

လတ်တလောဖြစ်ပွားနေတဲ့ မဟာသန္တိသုခကိစ္စဟာ ဦးသိန်းစိန်အစိုးရ ရဲ့ နိုင်ငံရေးသိက္ခာကို ပြည်တွင်း၊ ပြည်ပမှာ အကြီးအကျယ် ထိခိုက်မှုရှိနေပါပြီ။ ဒီကျောင်းကို ဘယ်သူပိုင်ဆိုင်တယ်ဆိုတဲ့ အငြင်းပွားမှုကြောင့် မဟုတ်ပါဘူး။
၁။ ဦးအံ့မောင် သမ္မတအကြံပေး ဟုတ်၊ မဟုတ်
၂။ ဒီအချိန်မှာ ဘာသာရေးပြသနာ အဖြစ်ခံသင့်၊ မခံသင့်ကြောင့် ဖြစ်ပါတယ်။

ရှောင်မရတဲ့ မီဒီယာကနေ မနေ့ကအထိ သိလိုက်ရတာက ဦးအံ့မောင်က သူ့ ကိုယ်သူ သမ္မတရုံးအကြံပေးလို့ ဝန်ခံပြီး သမ္မတရုံးက ဒါကို ငြင်းဆန်တယ်။ တကယ်လို့ မဟုတ်ရင် သမ္မတအာဏာကို အလွဲသုံးစားပြုရာ ရောက်မနေဘူး လား။ မဟာသန္တိသုခကိစ္စက သမ္မတနဲ့ တိုက်ရိုက်မဆိုင်ဘူး၊ ဝင်ရောက်ဖြေ ရှင်းပေးမှာ မဟုတ်ဘူးဆိုတာက(နိုင်ငံရေးနဲ့ဘာသာရေး မတူဘူး လေဆိုပြီး) လက်ခံထားလို့ရပေမဲ့ သမ္မတအာဏာကို အလွဲသုံးစားပြုတာကတော့ သမ္မတနဲ့ မဆိုင်ဘူး ပြောလို့မရနိုင်တော့ဘူး။
အရေးယူရမယ်။ သမ္မတရုံးကထွက်လာတဲ့ ငြင်းချက်ရဲ့နောက်မှာ စစ်ဆေးအရေး ယူမယ်ဆိုတာ ပါမလာဘူး။ ပါတယ်ဆိုရင် မိမိရဲ့ မနှံ့စပ်ကြောင့်မို့ တောင်းပန် ပါတယ်။
ဒါက ဘာလဲ။ ဦးအံ့မောင်က ဘယ်သူလဲ။ သမ္မတရုံးကထွက်လာတဲ့တုန့်ပြန်မှုက အဖြေထက် မေးခွန်းပဲ ပေးခဲ့တယ်။ ဦးအံ့မောင်ဟာ နိုင်ငံတော်သမ္မတက မထိ ရဲလောက်အောင် ကြီးနေသူလား။ ဘာကြောင့်လဲ။


တစ်ကမ္ဘာလုံး ဘာသာရေးက ဆတ်ဆတ်ထိမခံဖြစ်နေချိန် ဒီမိုကရေစီသွေး သားနုနုနဲ့ ဒီနိုင်ငံမှာ ဘာကြောင့် ဒီလိုကိစ္စမျိုး အဖြစ်ခံရသလဲ။ သမ္မတက ဝင်မရှင်းလို့ ပြသနာရှင်းသွားပါ့မလား။ စိုးရိမ်စရာပဲ။

အခုဆို အနည်းဆုံး သုံးအုပ်စု ကွဲနေတယ်။
၁။ ဦးအံ့မောင်နဲ့ မဟန အတိုက်အခံအုပ်စု
၂။ ဦးအံ့မောင်နဲ့ မဟန အုပ်စု(အသံ မထွက်လှပေမဲ့ အချုပ်အချာအာဏာဆိုတဲ့ စကားလုံးကြီးကို သုံးလိုက်ရင် အားမသေးလှဘူး)
၃။ လူတွေ လမ်းပေါ်ရောက်လာမှာ စိုးရိမ်တဲ့အုပ်စု။

မဟာသန္တိသုခက သင်တန်းသားအသစ်တွေ ခေါ်ယူဖို့ လုပ်နေပြီ၊ အခုနေ တားမြစ်ရမယ်။ အခု မတားမြစ်လို့ သင်တန်းသားအသစ်တွေ ရောက်လာရင် ဒီထက်ရှင်းရခက်မယ်။ ဒီလိုလား။
တကယ်လို့ အကျိုးအကြောင်းညီညီနဲ့ ပီနန်ဆရာတော်ကြီး မပိုင်ဘူးဆိုတာ ခိုင်မာရင် နောက် ၅ နှစ်၊ ၁၀ နှစ်ကြာပြီး နိုင်ငံရေးတည်ငြိမ်မ်မှ ဖြေရှင်းရင်ကော မရနိုင်ဘူးလား။ ဘာပဲဖြစ်ဖြစ် လူအများစုကတော့ လမ်းပေါ်ကို ရဟန်းတွေ၊ လူတွေတက်လာမှာ၊ မဖြစ်လို့ လမ်းပေါ်တက်လိုက်ရမှာကို ကြောက်နေကြတယ်။ လမ်းပေါ်လူတွေတက်လာရင် ဘယ်လိုလုပ်မှာလဲ။ အကြမ်းမဖက်နည်းလား၊ ဓာတ်ပြားဟောင်း ကျည်ဆန်လား၊ မျက်ရည်ယို ဗုံးလား။

အရေးအခင်းဖြစ်တဲ့အကြိမ် ထိုင်းလောက်မများပေမဲ့ တကယ်ဖြစ်ရင် ပမာဏက ထိုင်းထက်အများကြီး ပိုကြီးနေတတ်တယ်။

မရတော့ဘူးဆိုရင်တော့ အချုပ်အချာအာဏာဆိုတဲ့ စကားလုံးကြီးကို ကိုင်ပြီး အစိုးရက လုပ်မှာပဲ(လုပ်လည်းလုပ်ရမှာပဲ)။ ဒီခေတ်မှာ နိုင်ငံရေးအတွက် အသေခံရဲသူထက် ဘာသာရေးအတွက် အသေခံရဲသူ ပိုများတယ်လို့ ကမ္ဘာက သက်သေပြနေပါတယ်။ ဒီလို မဖြစ်အောင် မတားမြစ်နိုင်ဘူးလား။

အနည်းဆုံး ဦးအံ့မောင်ကို(သူ့ရှေ့က ဆိုင်းဘုတ်ကြီးမမှန်ဘူး ဆိုရင်) သမ္မတ အာဏာ အလွဲသုံးစားမှုတပ်ပြီး တရားစွဲလိုက်၊ စံပြ အပြစ်ပေးလိုက်။ လူထု ရာနှုန်းပြည့် သာဓုခေါ်မယ့် ကိစ္စ။ သမ္မတအပေါ်လည်း ယုံကြည်မှု ပိုလာမယ်။ အစိုရအကြံပေး အဖွဲ့လည်း အနည်းဆုံး စုန်းပြူးတစ်ယောက် ရှင်းသွားမယ်။
ဘာသာရေး အဓိကရုဏ်းကို ဘာသာရေးလက်ထဲ လွှဲပေးလိုက်။

ဒီလိုမဟုတ်ရင် ပြည်တွင်းမှာရော ပြည်ပမှာပါ နိုင်ငံရေးသိက္ခာ ဆက်ကျနေ လိမ့်မယ်။
ဒီလောက်အထိ ရေးမှတော့ ဒါဟာ စစ်အစိုးရက အာဏာပြန်သိမ်းချင် လို့ ထောက်ခြောက်ဆင်နေတယ်ဆိုတဲ့စကားကို မယုံကြည်လို့ပေါ့။

မဟာသန္တိသုခ ဘယ်လောက်ကြီးကြီး နိုင်ငံတော်နဲ့ ယှဉ်ရင် ဘုန်းကြီးကျောင်း တစ်ကျောင်းမျှသာပါ။
ဘုန်းကြီးကျောင်း တစ်ကျောင်းမျှသာလို့ဆိုပေမဲ့ ဒီကျောင်းရဲ့ ကွန်ယက်နဲ့ ဂယက်က အကြီးကြီး။

ဒီမိုကရေစီ သွေးသားက နုနု
အတ္တတွေက ရင့်ရင့်
ဒီမိုကရေစီ အစိုးရသက်တန်းက နုနု
စိန်ခေါ်မှုတွေက ရင့်ရင့်
ဟူး.............................