ကမ္ဘာ့သမိုင်း မမှားဘူးဆိုရင်ပေါ့လေ


မြန်မာပြည်က နိုင်ငံရေး၊ စီးပွားရေး ကူးပြောင်းဆဲ (ထရန်ဇစ်ရှင်း) ကာလထဲမှာ။
လူမှုရေး၊ ဘာသာရေး အကူးအပြောင်းကို ရင်မဆိုင်ရသေးဘူး။
နိုင်ငံရေး၊ စီးပွားရေး အကူးအပြောင်းအောင်မြင်သွားရင် ပထမဆုံး
တွန့်ကနဲဖြစ်သွားမှာက ဘာသာရေးပုံသဏ္ဍာန် အကူးအပြောင်းဖြစ်မယ်။
(ကမ္ဘာ့သမိုင်း မမှားဘူးဆိုရင်ပေါ့လေ)

အရှင်စက္ကပါလနဲ့ ပွဲဦးထွက် မင်္ဂလာမောင်မယ်အသင်းတို့ရဲ့ အဘိဓမ္မာသင်တန်း


အရှင်စက္ကပါလနဲ့ ပွဲဦးထွက် မင်္ဂလာမောင်မယ်အသင်းတို့ရဲ့ အဘိဓမ္မာသင်တန်း။
(အဘိဓမ္မာအသင်းကြီး (စင်္ကာပူ) နဲ့ ပညာပါရမီအသင်းတို့ရဲ့ ပံ့ပိုးမှုနဲ့အတူ)
ကျောင်းသား ၁၆၀ ကျော် တက်ရောက်ကြ။



ရှေးဟောင်းမင်္ဂလာများနဲ့ ခေတ်သစ် လူမှုဒိုင်မင်းရှင်း (၃)


တကယ်တော့ မတူတာကို အတင်းဆွဲညှိနေခြင်း အားဖြင့် တန်ဖိုးမတက် လာတဲ့ အပြင် တန်ဖိုးတောင် ကျနိုင်ပါတယ်။
ဘာကြောင့် ဒီလိုပြောရသလဲ?
သိပ္ပံဟာ ဘာသာရေးဆန်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့လို့ပါ။ ဒါဆိုရင် ဘာသာရေးကလည်း သိပ္ပံဆန်ဖို့ ကြိုးစားမနေသင့်တော့ပါဘူး။ သူတို့အတိုင်း၊ သူတို့ တန်ဖိုးနဲ့ သူတို့ရှိနေကြရင် တစ်ခါတစ်ခါ သမ္ပယုတ္တပစ္စည်း၊ တစ်ခါတစ်ခါ ၀ိပ္ပယုတ္တပစ္စည်းမို့ အဓိပ္ပါယ်ပိုရှိပါတယ်။

ဘယ်ဟာက တန်ဖိုးပိုရှိသလဲ?
တူညီတဲ့ အဖြေဟာ ဘယ်တော့မှ မရနိုင်ပါ။ သိပ္ပံက ထမင်းနဲ့လူနေမှု အဆင့် အတန်းကိုပေးပြီး ဘာသာရေးက စိတ်ကျေနပ်ကြည်နူးမှုကို ပေးပါတယ်။ (နိဗ္ဗာန်နဲ့ ထာဝရကောင်းကင်ဘုံ ဆိုတာတွေက အဆုံးသတ်အောင်မြင် မှုတွေပေါ့။)

ဘာသာရေး အားသန်သူ (ဘာသာရေးစည်းရုံးသူ) က သိပ္ပံမဆန်လို့ ဒီ တစ် ဘ၀ပဲ ဆင်းရဲမယ်၊ ဘာသာရေး မဆန်ရင် တစ်သံသရာလုံး ဆင်းရဲမယ် လို့ ဖြေပါလိမ့်မယ်။ သိပ္ပံဆန်သွားသူကလည်း ဒီဘ၀မှ လူမွှေးလူတောင် မပြောင်တဲ့လူက အခုပြောတဲ့ သံသရာမှာ (ရှိခဲ့တယ်ဆိုရင်တောင်) ဘယ်လိုလုပ် ချမ်းသာ ဦးမှာလဲလို့ (မေးခွန်းပြန်မထုတ်ရင်တောင်) ယုံကြည်ထားပါတယ်။
ဒီတော့ "သိပ္ပံနဲ့ ကိုးကွယ်မှု" "Fact နဲ့ Belief" ကို တစ်ခြားစီထာ၊ သူတို့ခြင်း တိုက်ဆိုင်မှုတွေကို တိုက်ဆိုင်မှုအနေနဲ့ ထား၊ မတိုက်ဆိုင်မှုတွေကို ကွဲလွဲမှု အနေနဲ့ထားရင် လက်တွေ့ ပိုကျနိုင်ပါတယ်။

သိပ္ပံကလည်း ဘာသာရေးဆန်ဖို့ မကြိုးစားပါနဲ့ ။ ဒါတွေဟာတွေ့ရှိမှုကို သစ္စာဖောက်ခြင်းပါ။
ဘာသာရေးကလည်း သိပ္ပံဆန်ဖို့ (အလွန်အမင်း) မကြိုးစားပါနဲ့ ၊ ဒါဟာ ရယ်စရာကောင်းပါတယ်။
ခေတ်သစ်ကမ္ဘာမှာ သိပ္ပံရဲ့တိုးဝင်လာမှုကြောင့် အရာခပ်သိမ်း ပြောင်းလဲ လာနေပါတယ်။ ဒီအထဲမှာ လူထုကြားက ဆက်ဆံရေး၊ ဘ၀ကို ပုံဖော်ဖို့ တန်ဖိုး သတ်မှတ်ချက်တွေလည်း ပါဝင်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ကောက်ချက်ချကြတာကတော့ အပိတ်ဒေသနာ တချို့ကို ယုံကြည်မှု (Belief) ထဲမှာထားခဲ့ပြီး အဖွင့်ဒေသနာတွေကို လက်ရှိဘ၀ထဲ ပေါင်းစပ်ကြည့်နိုင်ပါတယ်ဆိုတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အဖွင့် ဒေသနာလို့ ယုံကြည်တဲ့ မင်္ဂလသုတ်ဆီ ဒုတိယမ္ပိ ခြေဦး လှည့်လိုက်မိပါတယ်။
(မောင်ငယ်ရင်သွေး နာဘိသေးလော့ - ဆိုတဲ့ ခေါင်းစဉ် ၊ စောနေလတ် (မဟာသန္တိသုခ) ဆိုတဲ့ ကလောင်နဲ့ ဘာသာသွေးမဂ္ဂဇင်းမှာ အခန်းဆက်ရေးပြီး သက္ကရာဇ် (၂၀၀၀) ကျော်စက စာအုပ်လေးတစ်အုပ် ထုတ်ခဲ့ဖူးပါတယ်။)

ဆက်ရန်
ဇင်ဝေသော် 

ဓမ္မဂင်္ဂါနဲ့ ဇင်ဝေသော်


ဗိုလ်ချုပ်နှစ် ၁၀၀၊ ရှေ့ဆုံးအတန်းက အဟမ်း အဟမ်း ဓမ္မဂင်္ဂါနဲ့ ဇင်ဝေသော်
(ပေးပို့သူ Hnin Net)



အမှတ်ပေးနေတဲ့ သစ္စာနီက ဒီမှာ။ ဆောရီးပဲ။ အခုမှ ဖုန်းထဲကတွေ့ရ။
 

ဟဲဟဲ။ လုပ်ပေါက်ကတော့။


 
သြော် ၊
ဖြစ်မှဖြစ်ရလေ။

ဒါဟာ ရန်ကုန်တက္ကသိုလ် တဲ့ ။

ဂျပန်တက္ကသိုလ်နဲ့မပေါင်းခင် စာလုံးပေါင်းမှန်အောင်ပေါင်းကြပါဗျာ။ ။