ဦးသိန်းစိန်ကို ရည်ညွှန်းကြောင်း


ဦးသိန်းလို့ခေါ်ကြည့်။ ဦးသိန်းစိန်ကို ရည်ညွှန်းကြောင်း ဘယ်သူမှ မသိဘူး။
ဒေါ်စုလို့ခေါ်ရင် ဒေါ်အောင်ဆန်းစုကြည်လို့ ချက်ချင်းသိကြတယ်။ အစပိုင်း အစိုးရက ဒေါ်စုကြည်လို့ သုံးကြည့်သေးတယ်။ မတွင်ကျယ်ဘူး။ ဒါကလည်း
လုပ်ယူလို့ မရတာတွေထဲက တစ်ခုပဲ။

Today cartoon I like the most! (Shin Thitsar)

ဦးရဲထွဋ်တို့ ပြန်ကြားရေးဌာနအနေနဲ့ အတုယူသင့် ယူရတာပေါ


ဖိလစ်ပိုင် အစိုးရကတော့ ပြည်ပရောက် အိမ်ဖော်တွေနဲ့ အဆက်အသွယ် မပြတ် ရှိနေဖို့ ဖရင်လုပ်ထားလိုသတဲ့။
ဖေ့စ်ဘုတ်အကောင့် မရှိတဲ့အေးဂျင့်တွေ အိမ်ဖော်ပို့ခွင့် ပိတ်မတဲ့။
မခံနိုင်တော့လို့ ထွက်ပြေးမှဆိုရင် သိပ်နောက်ကျနေပြီ။ ဒါ့ကြောင့် ဖေ့စ်ဘုတ် ကတဆင့် သူတို့ အခြေအနေကို ကြိုတင် သိရှိနိုင်ဖို့လို့ ဆိုပါတယ်။
လက်တွေ့ကျပြီး အကျိုးရှိတဲ့ အစီအစဉ်လို့ ယူဆပါတယ်။ အနည်းဆုံးတော့ အခြေအနေအမှန်ကို သိရတာပေါ့။

အရှတိုက်တွင် ညာလက်ဖြင့်စတင်ပြီး


မေး။ ။ အစာကြေချက်ခြင်း စစ်စတန်ကို ရှင်းပြပါ။

ဖြေ။ ။ အရှတိုက်တွင် ညာလက်ဖြင့်စတင်ပြီး ဘယ်လက်ဖြင့် အဆုံးသတ်ပေးရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပါ သည်။(အခြား တိုက်တွေမှာတော့မသိပါ)

ကွန်စတီကျူးရှင်းဟူသည် ပြင်လို့ရ၏


ဘာသာရေး၊ နိုင်ငံရေး နယ်ပယ်မတူသော်လည်း အနည်းငယ်ရေးကြည့်ချင် သည်။ ယခု သီဟနာဒကျောင်းထိုင်ဘုန်းကြီးလုပ်နေသည့် မင်္ဂလ ဝိဟာ ရကျောင်းမှာ ယခင်က ရှိသည့် ကွန်စတီကျူးရှင်းအရဆိုလျှင် သီရိလင်္ကာဘုန်း ကြီး မဟုတ်ပါက ကျောင်းထိုင်းဘုန်းကြီး ဖြစ်ခွင့်မရှိပေ။ ၂၀၀၈၊ ၂၀၀၉ ဝန်းကျင်က ဤကိစ္စကြုံတွေ့ခဲ့ရသည်။ ကော်မတီအနေနဲ့ ကျောင်းထိုင်တင်လို
သည့်ရဟန်းက သီဟနာဒဖြစ်နေပြီး သီဟနာဒက မြန်မာရဟန်းဖြစ်နေသည်။

အကျိုးအမြတ်ရမည်ထင်လျင် စလုံးတို့က ပြောင်းလဲဖို့ လက်မတွန့်ကြ။ ပြောင်း လဲရေးဆွဲကြ၏၊ သို့ဖြင့် သီဟနာဒလည်း ကျောင်းထိုင်းဘုန်းကြီး ဖြစ်ခွင့် ရသွားတော့ သည်။ သီဟိုဠ်သံဃာထုကို အားနာစရာတော့ ကောင်းသည်။ သို့သော် ကျောင်းဒကာ၊ ဒကာမများနဲ့ ကော်မတီများကတော့ ဤ ကိစ္စအတွက် နောင်တရကြဟန် မတူပါ။

သီဟနာဒ ကျောင်းထိုင်ဖြစ်ပြီး တရုတ်မင်ဒရင်းလိုသင်မည့် ဘာသာရေး သင် တန်းများကို (ကိုယ်က တရုတ်စာမတတ်စေဦး) အားတက်သရော အားပေးခဲ့ သည်။ ထိုသင်တန်းများ အောင်မြင်သည်ဟု ထင်ပါသည်။
အကယ်၍ သီရိလင်္ကာဘုန်းကြီး ကျောင်းထိုင်ပါက ဤသင်တန်းမျိုးတွေ ခွင့်မှ ပြုပါ့မလားဆိုသည့်အတွေး စလုံးတွေဆီမှာ သေချာပေါက်ရှိနေနိုင်သည်။ ကျွန်ုပ်အနေနဲ့ကတော့ ဘာမှ မှတ်ချက်မပေးအပ်ပါ။

ထိုစဉ် သီဟနာဒ၏မူက ဘယ်ဘာသာစကားနဲ့ပဲ သင်သင် ထေရဝါဒ အဆုံး အမဖြစ်လျင် လက်ကမ်းကြိုဆိုရမည်ဟုဖြစ်သည်။ ထိုမူ အတည်ဖြစ်သွားသည့် အခါ မြန်မာလို ဗုဒ္ဓဘာသာသင်တန်းများလည်း သင်ခွင့်ရသွားတော့သည်။ အရွှေ့ မှန်သွားသည်ဟု ဆိုရပါမည်။ ကျောင်းက ပို၍စည်ကားလာ၏။

နောက်ပြီး လူမှုအဖွဲ့အစည်းတိုင်းမှာ အပျော့၊ အမာ ပါဝါရှိပါသည်။ ဒါက နိုင်ငံရေးစကားသာ မဟုတ်၊ လူမှုရေး စကားလည်း ဖြစ်ပါသည်။ နိုင် ငံရေးအရဆိုလျင် အစိုးရဆီမှာ အမာ ပါဝါရှိပြီး ဘာသာရေးခေါင်းဆောင်တွေ ဆီမှာ အပျော့ပါဝါရှိသည်။ ဤမင်္ဂလဝိဟာရကျောင်းဆိုလျင် ကော်မတီဆီမှာ အမာ ပါဝါရှိနေပြီး သီဟနာဒဆီမှာ အပျော့ပါဝါရှိနေသည်။ ထိုနှစ်ခု ဟန်ချက် မျှနေဖို့လိုသည်။ ငါတကော ကောလို့မရ။ ငါ ဘုန်းကြီးပဲ၊ ငါ ဥက္ကဋ္ဌပဲ မဖြစ်သင့်။ ဥက္ကဋ္ဌက ဘုန်းကြီးကို မောင်းထုတ်နိုင်သလို (စင်္ကပူဥပဒေအရ) ဘုန်းကြီးက လည်း ဥက္ကဋ္ဌကို လွင့်သွားအောင် အပျော့ပါဝါသုံးနိုင်သည်။ အကြောင်းက လူထုနဲ့ တိုက်ရိုက်ဆက်ဆံနေသည်က ကျောင်းထိုင် ဘုန်းကြီးဖြစ်နေသောေ ကြာင့်ပင်။

ဤ၌ အကျိုးတူပူးပေါင်းရေး ( နိုင်ငံရေးစကား) ဆရာဒကာလက်တွဲညီရေး (ဘာသာရေးစကား) ကိစ္စက အရေးပါလာတော့သည်။ ယင်းအတွက် အရေးအပါဆုံး မဟာဗျူဟာက အာဏာခွဲဝေမှုဆိုသည့် မူကို စနစ်တကျ လိုက်နာခြင်းသာဖြစ်သည်။ ထို့ကြောင့် ဘာသာရေး ပုံသဏ္ဍာန် အကူးအပြောင်း ကာလကို မြန်မာပြည် ရင်မဆိုင်ရသေးဟု မနေ့က စတေးတပ်အတို တင်လိုက်ရခြင်းဖြစ်ပါသည်။

မည်သို့ဖြစ်စေ ယနေ့မနက်ပြောလိုသည့်စကားက အကျိုးရှိမည်ထင်လျင် ကွန်စတီးကျူးရှင်းကို ပြင်သင့်၏ ဆိုတာသာ ဖြစ်ပါသည်။

သီဟနာဒ