နိုင်ငံတကာမှာ စာအုပ်ရေးတာက အမြီးကြွားတာမဟုတ်ဘူး


ကလောင်အမည် (သို့) နာမည်ရင်းဆို ရပါပြီ။
သူဘာကောင်လဲဆိုတာကို သူဘာရေးထားတာလဲ ဆိုတာနဲ့ဆုံးဖြတ်တယ်။
ဟင်နရီ ကစ်ဆင်းဂျား၊ ဆမ် ဟန်တင်တန်၊ ဖရန်စစ် ဖူကူယားမား၊ လီကွမ်းယု၊ ရပါပြီ။
အခု ဂျင်နရယ်နေဝင်း ရေသူကလည်း အနှောင့်မှာ တေလာ ပဲ။ တေလာဆို ရနေပြီ။

ဗမာပြည်သည် တို့ပြည်ကို အင်္ဂလိပ်လိုရေးတော့ အဲလို ဖြစ်သွားရော ဟဲ ဟဲ


*****

နယူးဇီလန် ပရော်ဖက်ဆာသားအဖက ပေးထားခဲ့တဲ့ စာအုပ်


မနေ့ကမှ ထွက်တာဆိုပဲ။ လက်ရှိစာအုပ်တွေက လက်စ မပြတ်သေး။


မရွေးခဲ့မိသည့် လမ်း


ထမံသီမှာ တောင်တန်းသာသနာပြုတာဝန်ကျစဉ် မန္တလေးပြန်ရောက်ခိုက် သိန်းသန်းဆရာတော် ဦးပဏ္ဍိစ္စာဘိဝံသ မိန့်ကြားခဲ့သည့် စကားတော်(သို့) ပေးခဲ့သည့် အခွင့်အရေးတို့ကို သတိရမိသည်။
"ထမံသီလို ရွာမှာတော့ မလွယ်ဘူးကွ မောင်ရ၊ ဟုမ္မလင်းမြို့လို ခန္တီးမြို့လိုနေရာမှာ နှစ်လမ်းသွား ပညာရေးကျောင်း ထောင်ပါလား။ ဒါကလည်း သီးသန့်လုပ်မှ ရမှာ၊ သာသနာရေးဝန်ကြီးဌာနနဲ့ တွဲလိုက်ရင်တော့ ပျက်ကုန်မှာ၊ တို့မှာ ရဟန်းဒကာကြီး၊ ရဟန်းဒကာမကြီးတွေက အမွေပေးထားခဲ့တဲ့ အိမ် ၂၆ လမ်းမှာရှိတယ်။ အဲဒီအိမ်ကို ကပ္ပိရင် မင်းလိုတဲ့ငွေ ရနိုင်တယ်။ မင်းလုပ်ရမှာက ကလေးတွေမွေး၊ လောကီအားသန်တဲ့ ကလေးတွေကို လောကီစာသင်၊ လောကုတ္တရာ အားသန်တဲ့ကလေးတွေကို တို့ဆီပို့ဖို့ပဲ၊ တို့က ဉာဏ်ကောင်းတဲ့ ကလေးတွေကို သာမဏေကျော်လိုင်း တင်ပေးမယ်။ ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့နော်"
"တင်ပါး၊ မပြောပါဘုရား၊ ဒါပေမဲ့ တပည့်တော်ကို စဉ်းစားချိန် ပေးပါဘုရား"
"အေး မင်း စဉ်းစားပြီးရင် တို့ဆီကို အကြောင်းပြန်"
၁၉၉၈ ဝန်းကျင်ကဆိုတော့ ကြာခဲ့ပြီကော၊ ဆရာတော်၏ မွန်မြတ်သောကမ်းလှမ်းမှုကို မယူခဲ့မိ။ သို့သော် စွန့်လွှတ်ရဲသော၊ ခေတ်အမြင်ရှိသော ဆရာတော်ကိုမူ ပို၍ ကြည်ညိုမိ၏။
ခွင့်လွှတ်ပါဘုရား၊ မည်သူ့ကိုမှ မပြောဖြစ်သော်လည်း လူမှုကွန်ယက်ပေါ်မှာတော့ ရေးလိုက်မိပြီ။

သီဟနာဒ

ဂျင်းရိုင်းမြစ်နှင့် သင်္ဘောပင်ငယ်


လွန်ခဲ့သော ခြောက်လခန့်က ခြံအလုပ်သမားနှင့်အတူ ဤသင်္ဘောပင်လေးကို စိုက်ပျိုးခဲ့ပါသည်။ ထိုနေရာမှာ အရင်က တံတိုင်းကာရံသည့် သဘောဖြင့် စိုက်ထားသည့် ဂျင်းအနွယ်ဝင်အပင်များ ရှိခဲ့ဖူးသည်။ ဘာပင်ခေါ်သလဲ မသိပါ၊ သိသည်က စိုက်လိုက်မိလျှင် အမြစ်ပြတ်အောင်သတ်ဖို့ အလွန်ခက်ခဲသော အပင်ဖြစ်သည်ဆိုတာပဲ ဖြစ်ပါသည်။
ထို အပင်များမရှိတော့သော်လည်း သူတို့အမြစ်များက ရှိနေဆဲပင်။ ဆိုလိုသည် မှာ စိုက်သာစိုက်ခဲ့ရသော်လည်း သင်္ဘောပင်လေးနှင့် ပတ်သက်သည့် မျှော် လင့်ချက် ကြီးကြီးမားမား ကျနော့်ဆီမှာ မရှိဆိုတာသာဖြစ်ပါသည်။

သို့သော် မြေကိုအနည်းငယ် ပြင်ပြီးမှ စိုက်ပျိုးခြင်းဖြစ်သဖြင့် တစ်လနှစ်လ အတွင်းလောက်မှာတော့ အရွက်တဖားဖား၊ လက်တံ တကားကားနဲ့ တက် လာခဲ့သည်။ ထိုအခါ သီးများသီးလေဦးမလားဟု သင်္ဘောပင်လေးအပေါ် မျှော် လင့်ချက်ပြန်ထားလာမိသည်။

သို့သော် တစ်လနှစ်လလွန်သည့်အခါမှာတော့ အလွန်ခက်မာလှသည့် ဂျင်းရိုင်းအမြစ်ဒဏ်ကို သူ ခံရရှာတော့သည်။ ကျနော်တို့ မြေဩဇာကျွေးလျင် ဂျင်းရိုင်းမြစ်တွေက စားသုံးသွားသည်၊ ရေလောင်းလျင်လည်း ဂျင်းရိုင်းမြစ်တွေ က သောက်သုံးသွားသည်။ သို့ဖြင့် ယခုပုံအတိုင်း ဖြစ်နေရှာတော့သည်။



တစ်နေ့က ခြံအလုပ်သမား ဂေါဝိန္ဒက
"ခုတ်ပစ်ရအောင်လား၊ သီးမှာ မဟုတ်တော့ဘူး" ဟု ဆိုလာသည်။
"မခုတ်ပါနဲ့၊ သူစွမ်းသရွေ့ ရှင်နေပါစေ၊ ဒါပေမဲ့ ဂျင်းရိုင်းမြစ်တွေရဲ့ဒဏ်ကို သူ ကြာကြာခံနိုင်မှာတော့မဟုတ်ဘူး" ဟု ပြန်ပြောမိပါသည်။

အမှန်မူ ဂျင်းရိုင်းမြစ်များရှိသည့်နေရာမှာ သူတို့ထက် စွမ်းအားကောင်းသည့် အုန်းပင်လိုမျိုး စိုက်ပျိုးနိုင်မှ ရှင်သန် သီးပွင့်နိုင်ပေမည်။
ဤ သင်္ဘောပင်လေးက သီးပွင့်လာလေဦးမလားဆိုသည့် သံသယဆန် ဆန်မျှော်လင့်ချက် ယခု ကျနော့်ဆီမှာ မရှိတော့ပါ။

ကိုယ်ကျင့်တရား ပျက်မှု၊ အတ္တထူပြောမှုနှင့် ငတေမာပြီးရော စိတ်ဓာတ်တို့သည် ဂျင်းရိုင်းမြစ်များနှင့် တူသည်ဟု မနေ့က စာတစ်ပုဒ်ထဲမှာ
ဖတ်လိုက်ရသည်................................။