မောနင်း ပို့စ်


၁၊ ၂။ အစိုးရက ပြည်သူနဲ့ယှဉ်တော့ နာမည်ပိုပျက်မယ့်ကိန်းပဲ။ ရေဘေး သင့် ပြည်သူအများစုက စေတနာရှင်ပြည်သူလူထုရှိတယ် အစိုးရကို အားမကိုး တဲ့။
ရက်ရောတဲ့ နိုင်ငံတွေစာရင်းမှာ အမေရိကန်နဲ့အတူ ထိပ်ကရှိနေပေမဲ့ လူထုရဲ့ တစ်ရက်ဝင်ငွေ (အနည်းဆုံး) သုံးဒေါ်လာပဲရှိတဲ့ နိုင်ငံမွဲရဲ့ စေတနာက အမှတ် ပိုရတာပေါ့။
၃။ ဦးသိန်းစိန်က ပါလီမန် မဝင်၊ ဒါပေမဲ့ အဖွဲ့ချုပ်က ဒေါ်စု သမ္မတမဖြစ်နိုင်မှု၊ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲပြိုင်ပွဲဝင်စာရင်း ထုတ်ပြန်ရာမှာ အငြင်းပွားစရာတွေ ရှိနေမှုနဲ့ နာမည်ကြီး အစိတ်သားကိစ္စကြောင့် ဦးသိန်းစိန်ရဲ့ ဒုတိယ သက်တမ်း ဖြစ်မလာနိုင်ဘူးလို့ ပြောမရကြောင်း အဆုံးသတ်ထားလေရဲ့။






ကြက်တူရွေး သုံးကောင်


ကြက်တူရွေးဆိုင်မှာ ဈေးသုံးမျိုးတင်ထားတဲ့ ကြက်တူရွေး သုံးကောင်ရှိတယ် တဲ့။
မေးကြည့်တော့ အရောင်းစာရေးလေးက.....
"ဒီဖက်က ကြက်တူရွေးက ဘာသာစကား နှစ်မျိုးပြောနိုင်တယ်၊ သူက ဒေါ်လာ တစ်ထောင်၊ ဟိုဖက်က ကြက်တူရွေးက ဘာသာစကား သုံးမျိုးအထိ ပြောနိုင် တယ်၊ သူက နှစ်ထောင်၊ အလယ်ခေါင်က ကြက်တူရွေးကတော့ ဒေါ်လာ သုံးထောင်ပါ။ သူက ဘာစကားမှတော့ မပြောဘူး"
"ဘာစကားမှ မပြောတတ်ဘဲနဲ့ သူက ဘာလို့ ဈေးကြီးနေတာလဲ"
"ဒါတော့ ကျနော်လည်း ကောင်းကောင်းမသိဘူး၊ ဟို နှစ်ကောင်က သူ့ကို အဘ ခေါ်လို့တော့ ဖြစ်နိုင်တာပဲ"
(၁၉၉၁၊ ဧပြီ၊ ရီးဒါးဒိုင်ဂျက်ကို မှီးပါတယ်)


ဘယ်လိုသောက်ရမလဲ

စလုံးဒကာ၊ ဒကာမတွေကလည်း လီကွမ်းယုမြန်မာပြန်ကို တောင်းသဗျ



မြန်မာလိုတစ်လုံးမှ မဖတ်တတ်တဲ့ စလုံးဒကာ၊ ဒကာမတွေကလည်း လီကွမ်းယုမြန်မာပြန်ကို တောင်းသဗျ။
မျက်နှာဖုံးကြည့်ပြီး Cool! လို့က ပြောသေးတယ်။ ဂုဏ်ယူကြတာလေ။ စိတ်ကူးချိုချိုရဲ့ စာအုပ်အပြင်အဆင်ကလည်း အဆင့်မြင့်ပါတယ်၊ စံ ဝင်တယ်ပေါ့။
တချို့က သိမ်းထားဖို့ တဲ့၊ တချို့ကတော့ လုပ်ဖော်ကိုင်ဖက် မြန်မာကို ပေးဖို့တဲ့။
မဖတ်နိုင်ဘဲတောင်းတာဆို တစ်အုပ်ကို ဒေါ်လာတစ်ရာနဲ့မှ ပေးမှာဆိုရင် အခုနေ သူဌေးဖြစ်ပြီ။

ဦးရဲထွဋ် ညွှန်းမယ်ဆို ညွှန်းလောက်ပါတယ်


ဦးရဲထွဋ် ညွှန်းမယ်ဆို ညွှန်းလောက်ပါတယ်။ တေလာက ဦးနေဝင်းအပေါ် အကောင်းမြင်တာတွေရှိတယ်။ စာအုပ်လက်ဆောင်ပေးသွားတဲ့ ပါမောက္ခ ကတော့ "တေလာက အကောင်းမြင်တာများလွန်းတယ်၊ ဖတ်ပြီးရင် အမြင်ပြောပြပါအုံး၊ ဆွေးနွေးကြည့်ရအောင်" မှာထားခဲ့တယ်။
မစ္စတာချိုင်းနား မပြတ်သေးလို့ သေသေချာချာ မကိုင်နိုင်သေးပါဘူး။ ထူထဲ လွန်းတာကြောင့် ဘာသာပြန်ဖို့ထက် ထုတ်နှုတ် ဝေဖန်ဖို့ကောင်းမယ့် စာအုပ်မျိုးဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ဦးနေဝင်း ငယ်ဘဝအကြောင်းနဲ့ပတ်သက်လို့ ရေရာတဲ့ အထောက်အထား ဘာမှ မရှိခြင်းပဲ။ တစ်မျိုးစီ ဆော်နေကြတယ်။