အရပ် ငါးပေ လေးလက်မသာရှိသော ဆရာတစ်ယောက်အတွက် အရပ် ငါးပေ ကိုးလက်မရှိသော တပည့်တစ်ယောက်ကို ကျန်းမာရေး၊ ဖွံ့ဖြိုးမှု၊ အာဟာရမျှတစွာ စားသုံးမှုနှင့်ပတ်သက်သည့် ဆုံးမစကားပြောရန် အခက်တွေ့နေနိုင်သလို အာဏာရှင်တစ်ယောက်အတွက် ဒီမိုကရေစီအကြောင်း လူထုကိုပြောပြရန်လည်း အခက်တွေ့နေနိုင်သည်။ ဘာဖြစ်ဖြစ်ကွာဆိုပြီး မျက်စေ့မှိတ် ပြေနေကြရဟန် တူပါသည်။
Home » All posts
အခက်တွေ့နေနိုင်
in
Politics,
ဇင်ဝေသော်
- on 8/24/2015
- No comments
အရပ် ငါးပေ လေးလက်မသာရှိသော ဆရာတစ်ယောက်အတွက် အရပ် ငါးပေ ကိုးလက်မရှိသော တပည့်တစ်ယောက်ကို ကျန်းမာရေး၊ ဖွံ့ဖြိုးမှု၊ အာဟာရမျှတစွာ စားသုံးမှုနှင့်ပတ်သက်သည့် ဆုံးမစကားပြောရန် အခက်တွေ့နေနိုင်သလို အာဏာရှင်တစ်ယောက်အတွက် ဒီမိုကရေစီအကြောင်း လူထုကိုပြောပြရန်လည်း အခက်တွေ့နေနိုင်သည်။ ဘာဖြစ်ဖြစ်ကွာဆိုပြီး မျက်စေ့မှိတ် ပြေနေကြရဟန် တူပါသည်။
စင်္ကာပူမှာ မဲပေးဖို့ ဖောင်ဖြည့်သူ တကယ်ပဲ ရှစ်ထောင်ထဲ ဆိုရင်တော့
in
Politics,
ဇင်ဝေသော်
- on 8/24/2015
- No comments
စင်္ကာပူမှာ မဲပေးဖို့ ဖောင်ဖြည့်သူ တကယ်ပဲ ရှစ်ထောင်ထဲ ဆိုရင်တော့ တော်တော်နည်းတာပဲ၊ ဖြစ်နိုင်တဲ့ အကြောင်းများစွာတွေထဲက တစ်ကြောင်းကတော့ ဘုန်းကြီးတွေ မဲပေးခွင့်မရှိတာပဲ။ မဲပေးခွင့်ရှိလို့ ဘယ်ဆရာတော် ဘယ်နေ့က ကြွလာပြီး ဖောင်ဖြည့်တယ် ဘာညာဆိုရင် သူ့နီးစပ်ရာတွေလည်း သေချာပေါက်ပါလာမှာ။ သတင်းလည်း ပိုလှုပ်မယ်။
မိဘပြည်သူကြီးက တောင်းဆိုရင်တော့
in
ဇင်ဝေသော်,
ပေါ့ပေါ့ပါးပါး
- on 8/23/2015
- No comments
မိဘပြည်သူကြီးက တောင်းဆိုရင်တော့ သတ်ပုံသတ်ညွှန်းလေးတွေ ဂုစိုက်အုန်မဘာ။
ပြောသာပြောရတာ ကွကိုပြန်ဖတ်တော့ အမှား မရှိ၊ ပကတိ စင်းလုံးချောနေတာ။
လူ့ယဉ်ကျေးမှု ပထမတွဲ စာမူကြမ်းတွေ အဖတ်ခိုင်းတော့ ဦးတင်မောင်ဝင်းဆီက မှတ်ချက်နဲ့ ပြန်လာတယ်၊ "ဘာကို ဆိုလိုမှန်း မသိ၊ ပြန်ရေးပါ" တဲ့။
သူ့တွေ့မှ ပြောဖြစ်တယ်၊ "ခင်ဗျားကသာ ဘာဆိုလိုမှန်း မသိတာ၊ ကျုပ်ဘာသာကျုပ် ဖတ်တော့ ချောနေတာပဲ၊ ဝါကျကသာရှည်တာ အဓိပ္ပါယ်က ရှင်းနေတာပဲလို့တောင် ကိုယ့်ကိုယ်ကို ပြောမိသေးတယ်" ဆိုတာ့ တဟားဟားနဲ့ ရယ်ပါလေရော။
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ၊
in
3D ဘာသာရေး,
ဇင်ဝေသော်
- on 8/22/2015
- No comments
Dhamma can be realized by the wises individually.
ဒီလိုဆိုတော့ ဗုဒ္ဓဘာသာက အင်ဒီဗီကျူယယ်လစ်ဇင်ပဲ။
မြန်မာပြည်မှာလည်း ကောင်းကွက်တွေ အများကြီးပါ
in
ဇင်ဝေသော်,
ပေါ့ပေါ့ပါးပါး
- on 8/22/2015
- No comments
ကိုယ်က နောက်ကျနေရင် ကားလမ်းပိတ်နေလို့ ပြောလိုက်။
တစ်ခုခု အကြောင်းပြန်ဖို့ နောက်ကျနေရင် မီးပျက်နေလို့၊ အင်တာနက် မကောင်းလို့ ပြောလိုက်။
ရွာဖက်မှာဆို ဖုန်းလိုင်း မမိဘူး ပြောလိုက်၊ ပြီးရော၊ လွယ်လွယ်လေး။
(ကိုယ်တိုင် ဒီလိုပဲ လုပ်ခဲ့တာ)