သီတဂူဆရာတော် သုတ္တန်၊ အဘိဓမ္မာတရားဟောရင် (ဘုရားဟောကို ရှင်းလင်းအောင် ဟောပြတတ်လို့) နာတတ်ပါတယ်၊ ဒါပေမဲ့ လူမှုရေး၊ နိုင်ငံရေးတရားတွေကိုတော့ ပုထုဇဉ်ဟာ (ဆရာတော်ဖြစ်ဖြစ်၊ ဟားဘတ် ပါမောက္ခဖြစ်ဖြစ်) နယ်ပယ်နှစ်ခုကို ပညာရှင်ဆန်စွာ မနိုင်နင်းဘူး ယုံကြည်လို့ တခုတ်တရ မနာဖြစ်ပါ။ တရားနာမယ့်အစား ဟန်တင်တန်၊ ကစ်ဆင်းဂျား၊ ဖူကူယားမားတို့ စာအုပ် တွေကိုပဲ ဖတ်ပါတယ်။ ကြည်ညိုပါတယ်။ မဆဲကြေး။
Home » All posts
သီတဂူဆရာတော်
in
Politics,
ဇင်ဝေသော်
- on 10/04/2015
- No comments
သီတဂူဆရာတော် သုတ္တန်၊ အဘိဓမ္မာတရားဟောရင် (ဘုရားဟောကို ရှင်းလင်းအောင် ဟောပြတတ်လို့) နာတတ်ပါတယ်၊ ဒါပေမဲ့ လူမှုရေး၊ နိုင်ငံရေးတရားတွေကိုတော့ ပုထုဇဉ်ဟာ (ဆရာတော်ဖြစ်ဖြစ်၊ ဟားဘတ် ပါမောက္ခဖြစ်ဖြစ်) နယ်ပယ်နှစ်ခုကို ပညာရှင်ဆန်စွာ မနိုင်နင်းဘူး ယုံကြည်လို့ တခုတ်တရ မနာဖြစ်ပါ။ တရားနာမယ့်အစား ဟန်တင်တန်၊ ကစ်ဆင်းဂျား၊ ဖူကူယားမားတို့ စာအုပ် တွေကိုပဲ ဖတ်ပါတယ်။ ကြည်ညိုပါတယ်။ မဆဲကြေး။
ခက်တော့လည်း အခက်သား
in
Politics,
ဇင်ဝေသော်
- on 10/04/2015
- No comments
ခက်တော့လည်း အခက်သား။ ကိုယ်ကလည်း မန်ယူကို ချစ်၊ ဦးသိန်းစိန်ကို ချစ်၊ ဒေါ်စုကို ချစ် (ဒေါ်စုကိုတော့ လေးစား၊ မြတ်နိုး၊ နားလည်၊ အထင်ကြီး၊ အားကိုး စသည် စသည် ပေါ့လေ၊ စုံလို့) တာကလွဲရင် ဦးဘူးလက်ကြီးကို လည်း မမုန်း၊ ဦးရဲထွဋ်ကိုလည်း မမုန်း၊ (တကယ်လို့ စစ်တပ်ထဲ စောစော စီး စီးရောက်မသွားရင် ဦးလှဆွေနဲ့ ဦးရဲထွဋ်က သူတော်ကောင်းကြီးတွေေ တာင် ဖြစ်ခွင့်ရမှာလို့ စတေးတပ် ရေးဖူးတယ်။)
ဦးဌေးဦးကိုတော့ မမုန်းပေမဲ့ လက်ရှိနေရာနဲ့ မတန်လှဘူး၊ ဦးသိန်းစိန် လူရွေးမှားတာလို့ ထင်တယ်။ (သူ့ကိုဆော်ထားတဲ့ ဆောင်းပါးလည်း နှစ်ခါ ဆို ထောင်ဂဏန်း ရှယ်ထားကြ) ဖြစ်နေတာ။
ဦးအောင်မင်းဆို သူ စင်္ကာပူကို မလာခင်လေးတင် ကပ်ပြီး "နေကြော်တဲ့ ပဲကြီးလှော်" ဆောင်းပါး ချစ်စနိုးရေးတင်လိုက်လို့ (အဲ့ ဆောင်းပါး ကလည်း ပေါက်တယ်) "ဇင်ဝေသော် ရေးထားသလို ကျနော်က တရုတ်ကြောက်တဲ့လူ မဟုတ်ပါဘူးလို့တောင် (မလုံမလဲ တရုတ်ပြည်ဖက် မျက်နှာလှည့်ကြည့်ရင်း) ပြောခဲ့သေးတယ်။
ကဲ ဘယ်သူ့ကို ဘာအတွက် မုန်းနေရမှာတုန်း။
ဓမ္မဂင်္ဂါစကားနဲ့ပြောတော့ ဘဝက တိုတိုလေး၊ အလွမ်းက အရှည်ကြီး။
ဒါက တို့ အနာဂတ်လေ
in
ဇင်ဝေသော်,
အမျိုးသားရေး
- on 10/04/2015
- No comments
မဘသကို ထောက်ခံပေမဲ့ စာလည်းဖတ်၊ အစွန်းလည်းမရောက်၊ သိမ်မွေ့စွာ ကွဲလွဲတတ်တဲ့ ညီငယ်ရဟန်းတွေနဲ့ ဖရင့်ဖြစ်ခွင့်ရတာ.....
ရိုးသား၊ ကြိုးစား၊ မသိတာရှိရင် ရဲရဲဝန့်ဝန့်မေး၊ အကြံတောင်း၊ သူတို့ သဘော မတူတဲ့ စတေးတပ်တင်ရင် ငြိမ်ငြိမ်လေး ရှောင်သွားတတ်တဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေရဲ့ သားသမီးတွေနဲ့ ဖရင့်ဖြစ်ခွင့်ရတာ.....ကို ဝမ်းသာမိတယ်။
အထူးသဖြင့် နိုင်ငံတော်အတွက် ပိုဝမ်းသာတယ်။ ဒါက တို့ အနာဂတ်လေ။
လူငယ်တွေရဲ့ ရင်ဘတ်ထဲက
in
ဇင်ဝေသော်,
ပြန်လည်မျှဝေခြင်း
- on 10/04/2015
- No comments
ကမ်းလက် shared Zarni Htike's video.
လူငယ်တွေရဲ့ ရင်ဘတ်ထဲကလှိုက် လှိုက်တက်လာတဲ့
အမေစု အမေစု ဆိုတဲ့ အမေ ဝေါဟာရကြီးကို
အလွယ်တကူတော့ ဒလိတ် လုပ်လို့ရမယ် မဟုတ်ဘူး။
NLD အနိုင်ရပြီးလို့ အစိုးရဖွဲ့နိုင်ခဲ့ရင် အစိုးရအဖွဲ့ကို သူမကပဲ ဦးဆောင်မယ်လို့ အမေကြေငြာလိုက်ပါပြီ။သမ္မတမဖြစ်နိုင်ပေမယ့်လည်း လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရပြီး အစိုးရဖွဲ့ရင် အစိုးရအဖွဲ့ကို သူမကပဲ ဦးဆောင်ပဲ့ကိုင်မှာပါလို့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့မိုးကောင်းမြို့မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။Video: Saw Phoe Kwar (SPK Channel)
Posted by Zarni Htike on Saturday, October 3, 2015
ဆန္ဒမဲ
in
ဇင်ဝေသော်,
ပြန်လည်မျှဝေခြင်း
- on 10/04/2015
- No comments
ကမ်းလက် shared Grace Thaw's post.
ရိုးသားဖြောင့်မတ်သူတစ်ယောက်ရဲ့ ဆန္ဒမဲကိုဝယ်ယူနိုင်လောက်တဲ့အထိ
စကြာဝဠာကြီးက ချမ်းသာကြွယ်ဝမှာ မဟုတ်ပါဘူး
စကြာဝဠာကြီးက ချမ်းသာကြွယ်ဝမှာ မဟုတ်ပါဘူး