ခက်တော့လည်း အခက်သား။ ကိုယ်ကလည်း မန်ယူကို ချစ်၊ ဦးသိန်းစိန်ကို ချစ်၊ ဒေါ်စုကို ချစ် (ဒေါ်စုကိုတော့ လေးစား၊ မြတ်နိုး၊ နားလည်၊ အထင်ကြီး၊ အားကိုး စသည် စသည် ပေါ့လေ၊ စုံလို့) တာကလွဲရင် ဦးဘူးလက်ကြီးကို လည်း မမုန်း၊ ဦးရဲထွဋ်ကိုလည်း မမုန်း၊ (တကယ်လို့ စစ်တပ်ထဲ စောစော စီး စီးရောက်မသွားရင် ဦးလှဆွေနဲ့ ဦးရဲထွဋ်က သူတော်ကောင်းကြီးတွေေ တာင် ဖြစ်ခွင့်ရမှာလို့ စတေးတပ် ရေးဖူးတယ်။)
ဦးဌေးဦးကိုတော့ မမုန်းပေမဲ့ လက်ရှိနေရာနဲ့ မတန်လှဘူး၊ ဦးသိန်းစိန် လူရွေးမှားတာလို့ ထင်တယ်။ (သူ့ကိုဆော်ထားတဲ့ ဆောင်းပါးလည်း နှစ်ခါ ဆို ထောင်ဂဏန်း ရှယ်ထားကြ) ဖြစ်နေတာ။
ဦးအောင်မင်းဆို သူ စင်္ကာပူကို မလာခင်လေးတင် ကပ်ပြီး "နေကြော်တဲ့ ပဲကြီးလှော်" ဆောင်းပါး ချစ်စနိုးရေးတင်လိုက်လို့ (အဲ့ ဆောင်းပါး ကလည်း ပေါက်တယ်) "ဇင်ဝေသော် ရေးထားသလို ကျနော်က တရုတ်ကြောက်တဲ့လူ မဟုတ်ပါဘူးလို့တောင် (မလုံမလဲ တရုတ်ပြည်ဖက် မျက်နှာလှည့်ကြည့်ရင်း) ပြောခဲ့သေးတယ်။
ကဲ ဘယ်သူ့ကို ဘာအတွက် မုန်းနေရမှာတုန်း။
ဓမ္မဂင်္ဂါစကားနဲ့ပြောတော့ ဘဝက တိုတိုလေး၊ အလွမ်းက အရှည်ကြီး။
Post a Comment