အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရ ဒကာကြီးက ထောင်ထဲမှာ လွန်နေတဲ့ ရောဂါတွေ နဲ့ ဒီကိုလာ ဆေးကု၊ မကြာမီမှာပဲ စင်္ကာပူတင် ဆုံးပါး။
ဦးတင်မောင်ဝင်းက ဖုန်းဆက်တယ် (သူလည်း အဝါကတ်နဲ့)
"အရှင်ဘုရား ကြွအုံးမှဖြစ်မယ်၊ နိုင်ငံရေးကြောင့် ဘုန်းကြီးပင့်ရ ခက်နေလို့"
"ပင့်ရင် လာရမှာပေါ့၊ ဗုဒ္ဓဘာသာတစ်ယောက်သေတာ သရဂုံတင်မယ့်
ဘုန်းကြီး မရှိလို့တော့ ဘယ်ရမလဲ"
ဒါနဲ့ အခု နယူးဇီလန်ရောက် ဦးသီရိဓမ္မကို ဖုန်းဆက်၊ မင်းသွားရင် လိုက်မှာပေါ့ ဆိုတာနဲ့ သွားကြ။
ဟိုမှာ အဂန္တုတစ်ပါးလည်း ထပ်တွေ့ရတယ်။
ရှင်းရှင်းပဲ။ ဈာပန တရားကို ဒီမိုကရေစီနဲ့ နွှယ်ပြီးဟောလိုက်တယ်။
အဖွဲ့ချုပ်ကဖြစ်နေလို့ လိုက်တာလား။ မဟုတ်ရပါဘူး။ မပြောကောင်း မဆိုကောင်း ဗိုလ်ချုပ်ကြီးတစ်ယောက်ဆုံးလို့ လာပင့်၊ အဖမ်းခံရမယ် ဆိုရင်တောင် အသုဘရှုတော့ လိုက်ရမှာပါပဲ (ဗိုလ်ချုပ်ကြီး မဟုတ်ပေမဲ့ ပင့်လို့ လိုက်ခဲ့တာတွေ ရှိခဲ့)။
ဒါက ဘာသာရေး ခေါင်းဆောင်နဲ့ ဘာသာဝင်တွေကြားက ဆက်ဆံရေး၊ တာဝန်၊ ဝတ္တရားပါ။ နိုင်ငံရေး အရောင် မကွဲစေရဘူး။
ပါးစပ်ရာဇဝင်ပေမဲ့ ဒါက တကယ်ဖြစ်ခဲ့တဲ့ ရာဇဝင်လေးပါ။
(ပုံကို U Kttitharra Tant Ze ရဲ့ ပို့စ်ကို ရှယ်ထားတဲ့ Santa GoneYee ရဲ့ ဝေါပေါ်က ယူထားတာပါ။ ဒါပေမဲ့ ပုံမပါရင်ရင်တောင် ပေးချင်တဲ့ မက်ဆေ့ဂ်ျက မပျက်ပါဘူး)
သီဟနာဒ
Post a Comment