ကြာပါပြီ။ မန္တလေး၊ ၂၆ လမ်းမှာပါ။ ဆွမ်းခံကိုရင်လေးကို မြင်းလှည်းမှာကထားတဲ့ မြင်းက နှုတ်သီးနဲ့ လှမ်း ဟပ်လိုက်တော့ ကိုရင်လေးလက်ထဲက သပိတ်လွတ်ကျပြီး ဆွမ်းတွေ၊ ဟင်းတွေ မှောက်ကုန်ရော။
ဒီတော့ ကိုရင်လေးက ဘာလုပ်လဲ သိလား၊ သပိတ်ကို မြေကြီးပေါ်ချ၊
သင်္ကန်းရုံဖျက်၊ မြင်းဇက်ကြိုးကနေကိုင်ပြီး မြင်းနှုတ်သီးကို လက်သီးနဲ့ ထိုးပါလေရော။
မြင်းလှည်းဆရာရော ဘေးကလူတွေပါ ခဏတော့ ကြောင်ပြီး ကြည့်နေကြ တယ်။ နောက်မှ တချို့က ပြုံးစိစိ၊ အသံထွက်လည်း မရယ်ရဲဘူး။ မြင်းလှည်း ဆရာက ဆင်းပြီးတောင်းပန်ရတယ်။
"မလုပ်ပါနဲ့ ကိုရင်ရဲ့၊ မြင်းက ဘာမှ သိတတ်တာ မဟုတ်ပါဘူး၊ တိရစ္ဆာန်ပါ" ပြောလည်းမရ။ နောက်ဆုံး
"တော်ပါတော့ ကိုရင်ရယ်၊ ရှိကြီး ခိုးပါရဲ့ ဘုရား" ဆိုတော့မှ ကိုရင်က
"တကယ်လား၊ ဒါဆို ဒကာကြီး ကိုရင့်ကို ဦးသုံးကြိမ်ချ" လို့ပြောတယ်။
၂၆ လမ်းမ၊ ပလက်ဖောင်းပေါ်မှာ မြင်းလှည်းဆရာက ဦးသုံးကြိမ် ချပြီး တောင်းပန်လိုက်တော့မှ ကိုရင်ပေါက်စက ခပ်တည်တည်နဲ့ သင်္ကန်းရုံ၊ သပိတ်ကောက်ပွေ့ ထွက်သွားလေရဲ့။
ဒီတော့မှ မြင်းလှည်းဆရာရော ဘေးကလူတွေပါ တရားဝင် ရယ်ရဲကြတော့ တာ။
(ဟိုတွေးဒီတွေး မတွေးကြေး)
(img source)
Post a Comment