ဆရာမနဲ့ လီလီ

ဆရာမ။ ။ နေ့ ၇ နေ့ထဲမှာ အင်္ဂလိပ်လို 'T' နဲ့စတဲ့ နေ့နှစ်နေ့က ဘာတွေလဲ
လီလီ ။ ။ လွယ်လွယ်လေး ဆရာမကလည်း၊ today နဲ့ tomorrow။
(ဆရာမလေး အသံခဏတိတ်သွားတယ်)

ဆရာမ။ ။ တစ်နှစ်မှာ စက္ကန့် (second) ဘယ်လောက်ရှိသလဲ။
လီလီ ။ ။ ၁၂ စက္ကန့်။
ဆရာမ။ ။ ဟင်၊ ဘာလို့လဲ သမီးရဲ့။
လီလီ ။ ။ January second, February second လေ၊ ၁၂ လဆိုတော့ ၁၂ စက္ကန့်ပေါ့ ဆရာမရဲ့။
(ဆရာမလေး အသံတော်တော်ကြာကြာတိတ်သွားတယ်)

ဒီလောက်တော်တဲ့ လီလီကိုမေးရမယ်၊ အင်္ဂလိပ်သင်ပုန်းကြီးမှာ 'S' ပြီးမှ 'T' လာပြီး မြန်မာသမိုင်းမှာ ဘာဖြစ်လို့ 'T' ပြီး 'S' 'T' ပြီး 'S' ဖြစ်နေရတာလဲလို့။

ရန်ငြိုးပြေချိန်

သုဓမ္မာနဲ့ ရွှေကျင်

မန္တလေး စာသင်သား သာမဏေဘဝက ရွှေကျင်ဂိုဏ်း၊ သုဓမ္မာဂိုဏ်း အယူ အဆပြင်းပြင်းထန်ထန်ရှိခဲ့သည်။ ယနေ့ အဲသလောက်မရှိတော့ဟု သင်္ကန်း ဝတ်ရုံသောအရောင်ကို ကြည့်ပြီး မှတ်ချက်ချကြည့်မိသည်။ ထို ရွှေကျင် ဂိုဏ်း၊ သုဓမ္မာဂိုဏ်း အယူအဆက မိမိမှာသာမက မိမိတို့နှင့် ခေတ်ပြိုင် သာ မဏေတိုင်းမှာလိုလို ရှိကြပါသည်။ ပြုံးရွှင်စဖွှယ် ဥပမာတစ်ခု ပြောချင်ပါ သည်။ သာမဏေငယ်တွေပဲဟူသည့် ယောနိသော မနသိကာရဖြင့် ဖတ်ရှု ကြစေလိုပါ၏။
သုဓမ္မာဂိုဏ်း စာသင်တိုက်အများစုက ပညာရေးကို ဦးစားပေးသည်။ ကျက် မှတ်ရမည့်စာရလျှင် လွတ်လပ်သွားပြီဖြစ်သည်။ ထို့အတူ ဥပုသ်နေ့များတွင် ဆရာတော်ကို လျှောက်ထာပြီး အပြင်ထွက်ခွင့်လည်းရှိသည်။ဥပုသ်နေ့များ တွင် ကျွန်ုပ်တို့ သွားတတ်သည်က ဦးပိန်တံတားကိုဖြတ်ပြီး ထိုထိုကျေးရွာ များရှိ ဘောလုံးကွင်းများဆီသို့ဖြစ်သည်။ နှစ်သင်းခွဲပြီး ဘောလုံးကန်ကြသည်။ ပြောရပါဦးမည်။ အမရပူရမြို့သို့သွားသည့်အခါ ကျွန်ုပ်တို့ သာမဏေအဖွဲ့က သင်္ကန်းအညိုရောင်များကိုသာ ဝတ်ကြသည်။ အဓိပ္ပါယ်က ဘောလုံးကန်နေကြသည့် သာမဏေများသည် မဟာဂန္ဓာရုံေ ကျာင်းတိုက်က သာမဏေများဟု ထင်စေလိုသောကြောင့်ဖြစ်သည်။
အဘယ့်ကြောင့် ဤသို့ ပြုလုပ်ကြသနည်းဆိုလျင် ရွှေကျင်ဂိုဏ်းမှ သာမဏေ များကလည်း မြို့ထဲလာလျင် သူတို့သင်္ကန်းအရောင်ဖြစ်သည့် အညိုရောင်ကို မဝတ်ဘဲ သုဓမ္မာသင်္ကန်းအရောင်ဖြစ်သည့် နီညိုရွှေရောင်ကို ဝတ်ကြသည် ဟု ကြားသိရသောကြောင့် ဖြစ်သည်။ ဤကိစ္စ မှန် မမှန်မသိပါ။ သို့သော်ကျွန်ုပ်တို့ကတော့ ဦးပိန်တံတားသွားတိုင်း အညိုရောင်လေး များနှင့်ဖြစ်သည်။

မသိမသာ ရွှေကျင်မုန်းတီးရေးစိတ်ရှိခဲ့သည်။ သို့သော် ရဟန်းဖြစ်ပြီး မန္တလေး သာသနာတက္ကသိုလ်ရောက်သည်မှစ၍ ဤ ရွှေကျင်မုန်းတီးရေးစိတ်ဓာတ် လုံးဝပျောက်ခဲ့တော့သည်။ သာသနာတက္ကသိုလ်ဆိုသည့် ခေါင်းစဉ်အောက်မှာ ရွှေကျင်၊ သုဓမ္မာ မရှိေ တာ့ပါ။ ထိုမျှမက မိမိနှင့် အရင်းနှီဆုံး၊ သဘောထား အတိုက်ဆိုင်ဆုံး ရဟန်း မိတ်ဆွေများတွင် ရွှေကျင်ကျောင်းထွက်က ပိုများနေသည်ကိုတွေ့မြင်လာရ သည်။ ထိုအခါ ငယ်စဉ်ကအကြောင်းများကို ပြန်ပြောရင်း ရယ်မောကြရပါ၏။

သီရိလင်္ကာအရောင်နဲ့ မြန်မာအရောင်

သင်္ကန်းအရောင်နှင့် ပတ်သက်သည့် နောက်တစ်ခု ကို ပြောပြချင်ပါသေး သည်။ စကာင်္ပူရောက်စ နှစ်များမှာ တခါတခါ သီရိလင်္ကာဆရာတော် တစ် ပါးနှင့်အတူ၊ တခါတခါ တစ်ပါးတည်းသီတင်းသုံးရသည့်ကာလ တော်တော် များများ ရှိခဲ့သည်။ စကာင်္ပူမှာက နေရာတကာ စီစီတီဗွီများနှင့်၊ အနေ အထိုင်လည်း အတော်ကြီးပင် ဂရုစိုက်ရသည်။ ကိုယ့်အတွက်ဆိုသည်ထက် ကိုယ့်နောက်မှာရှိသည့် မြန်မာသံဃာထုနှင့် ဒကာ၊ ဒကာမတိုအတွက် ဟုဆို က ပိုမှန်ပါလိမ့်မည်။
ဤကိစ္စဖြစ်လာခဲ့သည်။ အတူနေ သီရိလင်္ကာဆရာတော်က (ဆရာတော်က ရာမည၊ အမရပူရ ဂိုဏ်းမှ မဟုတ်ပါ) သင်္ကန်းအရောင်နှစ်မျိုးဝတ်တတ်သည်။ သီရိလင်္ကာအရောင်နှင့် မြန်မာအရောင်ဖြစ်သည်။ ထူးထူးချားချား သတိထား မိသည်က ပွဲသဘင်များတွင် သီရိလင်္ကာအရောင်ကို ဝတ်ရုံတတ်ပြီး သာမန်အပြင်ထွက်သောအခါများတွင် မြန်မာအရောင်ကို ဝတ်ရုံတတ်သည်။ သီရိလင်္ကာဆရာတော်ကတော့ ဘာရည်ရွယ်ချက်မှ ရှိဟန်မတူပါ၊ နောင် တွင် ဘာရည်ရွယ်ချက်မှ မရှိဟုလည်း ဖွင့်ပြောပါသည်။ ဤကိစ္စကို ကိုယ် တိုင်လုံးဝသဘောမကျမိပါ။ တရားဟော၊ ပရိတ်ရွတ်ကြွတော့ သီရိလင်္ကာ အရောင်၊ ရှော့ပင်းထွက်တော့ မြန်မာအရောင်ဖြစ်နေသည်။
အချိန်ကြာကြာ ငြိမ်မနေတတ်သည့်အကျင့်က ရှိနေတော့ ဤကိစ္စနှင့်ပတ် သက်ပြီး အကြီးအကျယ် ဆွေးနွေးခဲ့ရသည်။ မြန်မာသံဃာထုကို လေးစားေ သာ အားဖြင့် ဘယ်နေရာပဲ သွားသွား ကိုယ့်အရောင်ကိုပဲ ဝတ်ပေးပါ ၊ နိုင် ငံခြားသား ဗုဒ္ဓဘာသာများက သင်္ကန်းအရောင်ကိုကြည့်ကာ သီရိလင်္ကာ ရဟန်း၊ မြန်မာရဟန်း၊ ထိုင်းရဟန်းဟု ခွဲခြားတတ်ကြသည်ဟု ပြောရာ ဆရာတော်က လက်ခံသည်။ ဘာမှ မဖြစ်လောက်သည့်ကိစ္စဟု ပြောလို ကပြောနိုင်သည်။ သို့သော် ငယ်စဉ်က ခံစားချက် ခိုးဝင်လာသောကြောင့် လားမသိ၊ သိပ်ပြီးသဘောမတွေ့ခဲ့ပါ။
ထို တစ်ကြိမ်သာ အကြီးအကျယ်ဆွေးနွေးလိုက်ရပြီး ထိုဆရာတော်နှင့် ယနေ့တိုင် ချစ်ချစ်ခင်ခင် ရှိကြသည်။ ပို၍ပင် နားလည်လာသလို ခံစား ရပါသည်။

လူမျိုးရေး မုန်းတီးစိတ်

မန္တလေးမှာနေ၊ စာတွေဖတ်ရင်း ငယ်စဉ်ကပါလာသည့် နောက်ထပ် အမုန်း တရားက တရုတ်မုန်းတီးရေးဖြစ်သည်။ သူတို့ ချမ်းသာတာကို မုန်းတီးခြင်းဟု ထင်ပါသည်။ စကာင်္ပူရောက်ခြင်းက ဤ လူမျိုးစွဲအမုန်းကို ချေဖျက်ဖို့ ဖြစ်လာ ဟန် တူပါသည်။
ဘုမသိဘသိဖြင့် ရာနှူံးပြည့် တရုတ်ဗုဒ္ဓဘာသာများကြား ရောက်ရှိနေ လျက်ဖြစ်နေသည်။ သူတို့ စီးပွားရေးဇောကြီးပုံ၊ ဘာသာရေးကိုင်းရှိုင်းပုံ၊ စီးပွားရေးက စီးပွားရေး၊ ဘာသာရေးက ဘာသာရေး သီးသန့်ရှိနေပုံ တို့ ကို တွေ့ရှိလာရသည်။ လူမျိုးမစွဲ၊ ရဟန်းမစွဲ၊ ထေရဝါဒဆို အတူတူပဲဟု ပါး စပ်ကသာမက လက်တွေ့ တန်းတူကိုးကွယ်ကြသည်။ ကြွားသည်မထင်စေ လိုပါ။ သီရိလင်္ကာကျောင်းမှာ မြန်မာရဟန်းလူကြီးတင်ခြင်းကို တရုတ်ဗုဒ္ဓဘာ သာများသာလုပ်နိုင်ပါလိမ့်မည်။ မြန်မာဆရာတော်တစ်ပါးတည်ထောင် သည့် ကျောင်းမှာ သီရိလင်္ကာဆရာတော်တစ်ပါးကိုသာ ကျောင်းထိုင် တင် လိုက်မည်ဆိုလျင် မြန်မာတွေ ဘယ်လိုတုန့်ပြန်လာလေမလဲ ဟုလည်း တွေး မိသည်။

မိမိမျက်စေ့ထဲမှာ စီးပွားရေးဆန်လွန်းသည်ဟု ထင်မှတ်မိသော ဒကာကြီး တစ်ယောက်က ရွာကိုရောက်စဉ် ဒီလိုနေရာရောက်ပြီး ငါ့ ပစ္စည်းတွေကို စင်္ကာပူပြန်ယူလာဦးမယ်ဆိုရင် ငါ့ကိုယ်ငါ ဗုဒ္ဓဘာသာလို့ ပြောရမှာ ရှက်စရာ ဟုဆိုကာ သူယူလာမျှ အကောင်းစားအဝတ်အစားများနှင့် ရွာသားများ အသုံးပြုလို့ရသမျှ နာရီပါမချန် ပေးထားခဲ့လေသည်။
ထိုမှနောက် တရုတ်ဆို မြင်မြင်သမျှမုန်းခဲ့မိသည့် မိမိ၏အကုသိုလ်စိတ်ကို ရှက်ရှက်နှင့် ပြန်ကြည့်ခွင့်ရလေတော့သည်။
တချို့အမုန်းတရားတို့က ဘာကြောင့်ဟု မယ်မယ်ရရအကြောင်းမရှိတတ်ဘဲ လူပြောသူပြော၊ ကြားဖူးနားဝဖြင့် မုန်းတီးနေတတ်ခြင်း ဖြစ်နေတတ်သည်။
နှစ်ဖက်နာ နာ၏။

ဆိုရှယ် မဟာဗျူဟာ

လူချမ်းသာရုပ်ပေါက်နေတဲ့ လူတစ်ယောက် လမ်းလျှောက်လာစဉ်မှာ ညစ် ပတ်ပေရေနေတဲ့ လူတစ်ယောက်က အနားကပ်ပြီး ထမင်းဖိုး ပိုက်ဆံတော င်းနေတယ်။ လူချမ်းသာကြီးက ချက်ချင်းတော့မပေးပါဘူး။ တောင်းသူ မျက်နှာကို သေသေ ချာချာ စိုက်ကြည့်တယ်။ လက်ကတော့ ပိုက်ဆံအိပ်ဆီ ကို လှမ်းလို့ပေါ့။
ခဏနေတော့မှ ငွေစက္ကူတချို့ကိုထုတ်ပြီး ပေးမလိုဟန်ပြင်ရင်း မပေးသေး ဘဲ မေးတယ်

"ငါက ပိုက်ဆံတွေပေးလိုက်ရင် မင်းက အရက်ဆိုင်သွားပြီး အရက်သွားေ သာက်မှာ မဟုတ်လား"
"မသောက်ပါဘူးဗျာ၊ အရက်ဖြတ်ထားတာ ကြာပါပြီ။ ထမင်းပဲ ဝယ်စားမှာပါ"
"အရက်မသောက်ရင်တောင် ဒီငွေနဲ့ တိုးအောင်ပွားအောင်ဆိုပြီး လောင်းက စား လုပ်ချင် လုပ်နေမှာ"
"မလုပ်ပါဘူးဗျာ၊ အသက်ရှင်ဖို့ စားစရာတောင် မလုံမလောက်နဲ့"
"လောင်းကစား မလုပ်တောင် ရှိတဲ့ ပိုက်ဆံလေးနဲ့ ကွန်ပျူတာဆိုင်သွားပြီး အွန်လိုင်း တက်ချင် တက်နေမှာ"
"တကယ်ပါ၊ စိတ်ကူးထဲတောင် မရှိပါဘူးဗျာ၊ ပေးတဲ့ပိုက်ဆံနဲ့ ထမင်း တကယ် ဝယ်စားမှာပါ"
"အွန်လိုင်းမတက်ဘူး ဆိုရင်တောင် မကောင်းတဲ့ မိန်းမတွေဆီတော့ ပိုက်ဆံလေးကပ်တုံးဆိုပြီး မင်းရောက်သွားမှာပါ"
"မသွားပါဘူးဗျာ၊ စားစရာမှ မရှိရတဲ့အထဲ ဘာလို့ ရောဂါဝယ်ယူနေမှာလဲ"

မေးလည်းပြီးရော အဲဒီလူကြီးက ပေးမလို့ ထုတ်ထားတဲ့ပိုက်ဆံတွေကို သူ့ ပိုက်ဆံအိပ်ထဲပြန်ထည့်လိုက်ပြီး

"ဒါဆို မင်းကိုပိုက်ဆံမပေးတော့ဘူး၊ ငါ့အိမ်ကို ခေါ်သွားပြီး ညနေစာ စပယ် ရှယ်ကျွေးလိုက်မယ်၊ ငါ့ မိန်းမကိုယ်တိုင် ချက်တာ"
"ဟာ မလုပ်ပါနဲ့ဗျာ၊ ပိုက်ဆံပဲ ပေးခဲ့ပါ။ ကျနော်က စုတ်ပြတ်နေရုံတင်မကဘူး နံစော်နေမှာလည်း သေချာပါတယ်"
"ကိစ္စမရှိပါဘူး၊ အိမ်သာလိုက်ခဲ့။ ဒါမှ သုံးယောက်စလုံးအကျိုးရှိမှာ"
"ဗျာ ဘာဖြစ်လို့လဲ"
"အရက်မသောက်၊ လောင်းကစားမလုပ်၊ အွန်လိုင်း မတက်၊ မိန်းမ မလိုက် စားတဲ့ ယောင်္ကျားဆိုတာ မင်းလိုလူမျိုးလို့ ငါ့ မိန်းမကို ပြချင်လို့" တဲ့။

(ပုံပြင်ရဲ့ မော်ရယ်က သုံးတတ်ရင် ဘယ်သူမဆို သူ့နေရာနဲသူ အသုံးတည့် တယ် တဲ့)
Ref: RD, Aug, 2011

စပ်ဆိုမိတဲ့ ပီယာနိုတစ်ပုဒ် (ကဗျာမဟုတ်)

သူမ အကျဉ်းကျစဉ် ဒမ်မီယံ ရိုက်စ်က ပီယာနိုတစ်ခု လက်ဆောင်နဲ့
Unplayed Piano ဆိုတဲ့ သီချင်းတစ်ပုဒ် စပ်ဆို ဂုဏ်ပြုခဲ့တယ်။
တိတ်ဆိတ် ပီယာနိုလို့ပဲ ခေါ်ရမလား။
အဲဒီအချိန်တုံးက ပီယာနိုကို တိတ်ဆိတ်စေခဲ့တာက စစ်အစိုးရ။
အခု ဒီ..ပီယာနို တိတ်ဆိတ်နေရပြန်ပြီ။

သူမရင်ဘတ်ထဲက ဘာသံစဉ်မျိုးကိုမှ
တီးခတ် မရဲလောက်အောင်ပဲ တိတ်ဆိတ်နေရရှာတယ်။
သူမသံစဉ်နဲ့ လူထုရဲ့ စည်းဝါးက သိပ် 'ဟ' နေတာလား။
လူထုလား၊ လူတစ်စုလား။
သူမလည်း ရသလောက် လျှော့ညှိနေတာပါပဲ။

မြန်မာ့ရာဇဝင်မှာတော့
ထောင်ထဲက ထမ်းထုတ်ပြီး ကယ်တင်ဖို့ ကြိုးစားမိတာတောင်
"ငါ့ကို လာခိုးပြီ" လို့ ဟိုလူက အော်လို့
ကယ်တင်ရှင်က စိတ်ပျက်ပြီး
"ခွေးသေဝက်သေ သေရစ်ပေတော့" ရင်နာနာနဲ့ ပစ်ချထားခဲ့လေရော တဲ့။


ကိုယ့်လူတို့
ကမ္ဘာကို လက်ညှိုးထိုးပြစရာ တူတူတန်တန်ဆိုလို့
တို့မှာ ဒီ..ပီယာနိုလေး တစ်လုံးပဲ ရှိတာ နော။
ကမ္ဘာက နားယဉ်တဲ့ ဒီ..ပီယာနို အသံတိတ်နေလို့ မဖြစ်ဘူး။
သူမ တီးခတ်နေပါစေ။

တော်တော်နောက်တဲ့ လန်ဒန် မြို့တော်ဝန်

အခုရက်တွေမှာ မလေးရှားနဲ့ ရေစက်ဆုံနေတယ်။ မတတ်နိုင်ဘူး။ မလေးမလေးတွေ တက္ကသိုလ်များများတက်တော့ ယောင်္ကျားကောင်းကောင်း ရှာလို့ရတာပေါ့ လို့ ကွန်ဖရင့်လိုနေရာမှာများ မြို့တော်ဝန်က ပြောရတယ်လို့။
လန်ဒန်မှာ ကျင်းပတဲ့ World Islamic Economic Forum မှာပြောတာ တဲ့။ သူ့ဘေးမှာထိုင်နေတာက မလေးရှားဝန်ကြီးချုပ် နီဂျပ်၊ မွတ်စလင်လူ့အဖွဲ့အစည်းမှာ အမျိုးသမီတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ အမေးကို ဖြေစဉ်
" ဒီမလာခင်မှာပဲ သူတို့ပေးလိုက်တဲ့ အချက်အလက်တွေအရ မလေးရှားလို မွတ်စလင်နိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်သွင်းတဲ့ မိန်းကလေး ဦးရေ ၆၈ ရာခိုင်နှူံးရှိတယ်...... "

သူ့စကာမဆုံးမီ လန်ဒန် မြို့တော်ဝန် ဘိုရစ် ဂျွန်ဆင်က
"........they got to find men to marry" လို့ ဝင်နှောက်လိုက်တော့ အရှိန် ပျက်သွားတာပေါ့။ သူကနောက်တာ၊ ဒါပေမဲ့ အပြောခံရသူက နာတာပေါ့။

ရိုဟင်ဂျာပြည်နယ် ရယ်လို့


အင်္ဂလိပ်တွေ လုပ်လိုက်ရင် အသည်းအသန်ချည်းပဲ။ ဘီဘီစီ သတင်းဌာန ကိုကြည့်ဦး။
"၂၀၁၂၊ ဇွန်လက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ မတိုင်မီကလည်း ရခိုင်ပြည် နယ်ကို ရိုဟင်ဂျာပြည်နယ်ဟု မှားယွင်းဖော်ပြခဲ့ဖူးသည်" တဲ့။

ကျနော် ရေးခဲ့ဖူးပါတယ်။ လူမှားပြီး အင်တာဗျူးနေတာကို ကမ္ဘာကို လွှင့်ဖူး တဲ့ သတင်းဌာနတစ်ခုပဲ။ သူလျှောက်တဲ့အလုပ်နဲ့ မေးနေတဲ့ မေးခွန်းတွေက ဘာမှမဆိုင်တော့ အမေးခံရသူက ဘာတွေလာမေးနေပါလိမ့် ဖြစ်နေရှာတယ် တဲ့။ အင်တာဗျူးကြည့်နေမိသူတွေလည်း အူကြောင်ကြောင်ဖြစ်နေမှာပဲ။

ဒီ ရိုဟင်ဂျာပြည်နယ် ဆိုတာကတော့ နောက်တာမဟုတ်နိုင်ဘူး၊ မှားတာပဲ။ ဒါမှမဟုတ် မြန်မာတွေကို အကဲစမ်းတာ နေမှာ။ ဘာရမလဲ။ အင်္ဂလိပ်လို မရေးတတ်လို့သာ၊ မြန်မာလိုကတော့ ပွက်လော ညံ သွားမယ်။
ဒီနေ့တော့ ခပ်ပါးပါးပဲ။