**ကွန်ပြူတာရဲ့ ဆေးစာ**

လူတစ်ယောက်က သူ့ ညာဖက် လက်မောင်းနာနေလို့ ဆရာဝန်နဲ့ ပြ ကြည့် မယ်ဆိုတော့ သူ့ သူငယ်ချင်းက အလကား ပိုက်ဆံကုန်အောင်ကွာ၊ ကွန်ပြူ တာစက်ကို "ဆီး" အစစ်ခိုင်းပြီး ရောဂါရှာလိုက်ရင် ဆယ်စက္ကန့်အတွင်း သိရ မယ်၊ ပြီးတော့ ဆယ်ဒေါ်လာပဲ ကုန်မယ် ဆိုလို့ စိတ်ဝင်တစား ဖြစ်မိ တာ နဲ့ ဆေးခန်းရှေ့ကကွန်ပြူတာစက်ဆီကို ရောက်သွားမိတယ်။ ရောက်ရောက်ချင်း ကွန်ပြူတာထဲ ဆယ်ဒေါ်လာထည့်လိုက်တော့ ကွန်ပြူတာက ဆီး ထည့်ဖို့ ပုလင်းထုတ်ပေးတယ်။ ဆီးတွေကို ကွန်ပြူတာနဲ့ ချိတ်ထားတဲ့ ခွက် ထဲလောင်းထည့်လိုက်ပြီး ဆယ်စက္ကန့် အကြာမှာ ကွန်ပြူတာက ဆေး အညွှန်းစာရွက် ထုတ်ပေးတယ်။

"သင့် လက်မောင်းနာနေတယ်၊ စိုးရိမ်စရာ မရှိ။ ရေနွေးနွေးနဲ့ ကြပ်ပူတိုက်ပေး ပါ။
အလေးအပင် မ မပါနဲ့။ တစ်ပတ်အတွင်း ကောင်းသွားမှာပါ" တဲ့။



ဆေးစာကိုကြည့်ပြီး သူတော်တော်အံ့ဩသွားတယ်။ ကွန်ပြူတာ ကို တော်ေ တ်ာလေးလည်း အထင်ကြီးသွားတယ်။ အိမ်ပြန်ရောက်တော့ ကွန်ပြူတာ ကို အရူးလုပ်ချင်စိတ်လည်း ပေါက်သွားတယ် တဲ့။ ဒါနဲ ဆီး ထည့်တဲ့ ပုလင်းထဲကို
၁။ ရေပိုက်ထဲက ရေ နည်းနည်း
၂။ ခွေးဆီက
၃။ သမီးဆီက
၎။ ဇနီးဆီက ဆီး နည်းနည်းစီ ရောထည့်
၅။ သူ့ဆီး ကိုတော့ ကွန်ပြူတာက သိပြီးသားဖြစ်နေတော့ (ကန်တော့ပါရဲ့) မာစတာဘိတ်လုပ်ပြီး သူ့ရဲ့ သုက် အနည်းအငယ် ပေါင်းထည့်ပြီး ကွန်ပြူ တာဆီ သူပြန်သွားတယ်။
အရင်အတိုင်းပဲ ဆယ်ဒေါ်လာထည့်လိုက်တော့ ကွန်ပြူတာက စစ်ဆေးတော့တာပဲ။ အဲ ဆယ် စက္ကန့်နဲ့တော့ မပြီးဘူး ဖြစ်နေသတဲ့၊ ကွန်ပြူတာ ခေါင်း နည်းနည်း စားသွားတယ်။ အတော်လေးကြာမှ ဆေးစာ ထုတ်ပေးတယ်။

"သင် သိလိုတဲ့ အဖြေအားလုံးကို သိရဖို့ ဒေါ်လာ ၄၀ ထပ်ထည့်ပါ" တဲ့။

ဟုတ်တယ်လေ၊ သူ့ဟာက ငါး မျိုးဖြစ်နေတာကိုး။
ဒေါ်လာ ၄၀ လည်း ထည့်လိုက်ရော ဆေးစာ အပြည့်အစုံထွက်လာတယ်။ ဒီလို......

၁။ သင့်ရေပိုက်ခေါင်းက သံချေးတွေ တက်နေပြီး ရေ က နံနေတယ်၊ ဒီရေကို သုံးစွဲရန် မသင့်၊ ရေပိုက်ခေါင်း အသစ် အမြန်လဲပါ။
၂။ သင့်ခွေးမှာ ဝဲပေါက်နေတယ်၊ လူကို မကူးစက်ခင် ဝဲ ပြောက်ဆေး လူးပြီး ရေချိုးပေးပါ။
၃။ သင့် သမီးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးစွဲနေတယ်၊ ဆရာဝန်နဲ့ အမြန် ပြပြီး ဆေးဖြတ်ပေးပါ၊ AIDS ဖြစ်လာနိုင်ခြေ ရှိတယ်။
၎။ သင့် ဇနီးမှာ ကိုယ်ဝန်ရှိနေပြီ၊ မိန်းကလေး အမွှာပူး၊ သင်နဲ့ ရတာမဟုတ်။ ကွာရှင်းဖို့ ရှေ့နေတစ်ယောက် အမြန်ရှာထားပါ။
၅။ အဲသလိုသာ လက်ကမျင်းနေရင် ညာဖက် လက်မောင်းနာတာ ဘယ်တော့မှ မပျောက်ဘူး မှတ်ပါ တဲ့။

အဲဒီလူ ဖြုံသွားတယ်။ နောက် မစ ရဲတော့ဘူး။

(06/08/2013 11:51)

ဒီနေ့ ကြည်နူးမိတဲ့ ဓာတ်ပုံ သုံပုံ


(တစ်)
ထိုင်းနိုင်ငံက စစ်တပ်အရာရှိ(ကြည်း၊ ရေ)တွေနဲ့ ရဲအရာရှိ အမျိုးသမီး ၂၀၀၊ ဗုဒ္ဓဂယာ၊ မဟာဗောဓိမှာ စုပေါင်းသီလရှင်ဝတ်ကြတာ တဲ့။



(နှစ်)
နွားလေးက လေးနှစ်ကြာကွဲကွာနေတဲ့ ဆရာသမားကို ဦးချနေတာ၊ နည်းနည်း ထပ်ပြောရရင် လည်လှီးသတ်မယ့်် သေဘေးကနေ အကာအကွယ်ပေးဖို့ တောင်း ပန်တာလို့လည်း အဓိပ္ပါယ် ဖော်ကြပါသတဲ့။ ဆရာတော်ဘွဲ့က အေ၊ အာနန္ဒ၊ စင်္ကာပူ၊ သီရိလင်္ကာရာမာယကျောင်းမှာ ၁၉၉၆ ခု ဝန်းကျင်က ကျောင်းထိုင်သွား ခဲ့တဲ့ ဘုန်းတော်ကြီးပါ။





(သုံး)
တရားဝင် တတိယအကြိမ်(တရားမဝင် စတုတ္ထအကြိမ်)ရောက်မှပဲ စာအုပ်နဲ့ ကမ်းလက်လိုဂို တွဲလိုက်နိုင်ပါတော့တယ်။

ပြောင်းလာတဲ့ နှုတ်ခွန်းဆက်သံများ


( R.D, Oct, 2011 )

အသက် ၄၀ ကျော်စ အိမ်ထောင်မရှိ အမျိုးသမီး ( အပျိုကြီးလို့ခေါ်ရင် ရက် စက်လွန်းလေမလား ) တစ်ယောက်ရဲ့ ရင်ဖွင့်ထားတဲ့ စာတိုလေးတစ်ပုဒ် ဖတ်လိုက်ရတယ်။
သူမကတော့ ပေါ့ပေါ့ပါးပါးပဲ ပြောသွားတာပါ။

ကျမ ဆယ်ကျော်သက် ဘဝတုန်းက ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက ကျမ ကိုတွေ့ရင်
" ဒီအပတ် တနင်္ဂနွေမှာ ဘယ်သူနဲ့ အပြင်ထွက်မှာလဲ ဟေ့ " လို့ မေးကြတယ်။



ကျမအသက် နှစ်ဆယ်ကျော်လာတဲ့ အခါမှာတော့ သူငယ်ချင်းတွေက
" မပြောလည်းသိပါတယ်နော်၊ အဆင်ပြေကြတယ် မဟုတ်လား " လို့ ပြောင်းပြီး မေးကြတယ်။

ကျမအသက် သုံးဆယ်ကျော်လာတော့
" စောင့်နေရတာ ကြာပြီနော်၊ ဘယ်တော့ စားရမှာလဲ " မေးကြပြန်တယ်။

အခု ကျမအသက်က လေးဆယ်ကျော်ဆိုတော့
" ဟယ် နင့်လက်ကိုင်အိပ်လေးက လှလိုက်တာ၊ ဘယ်ဆိုင်က ဝယ်တာလဲ၊ ဝတ်ထားတဲ့ ဖက်ရှင်နဲ့ အရမ်းလိုက်တာပဲ " တဲ့။
ပြောင်းလဲလာတဲ့ နှုတ်ခွန်းဆက်သံတွေကို နားထောင်ရင်း ကျမတော့ပြုံးနေ မိတယ်။

သုံးယာကတော့ သုံးယာ


အစာအိမ်မကောင်းလှသေးတဲ့အချိန်မှာ ကွမ်းဖြတ်လိုက်ပါ။ မဖြတ်ရင်တောင် တစ်ရက်ကို သုံးယာလောက်ပဲ စားပါလို့ လျှောက်ထားသူ တိုက်တိုက်ဆိုင်ဆိုင် ဇနီးမောင်နှံ နှစ်တွဲရှိပါသည်။ လျှောက်ရာမှာလည်း ဒကာကြီးများက ကိုယ်တိုင် မလျောက်ဘဲ ဒကာမကြီးများကနေ တဆင့်"နင်လျောက်လိုက်" လို့ အင်အားသုံးပြီး ဇနီးများကို စေခိုင်းခြင်းမျိုး ဖြစ်ကြပါသည်။(မတရားလှပါ)
ဒကာမများက ထိုထိုကိစ္စများကို အထူးပါးနပ်စွာ ကိုင်တွယ်တတ်ကြလေသည်။
သို့သော် သူတို့လျောက်ထားသည့် ကွမ်းသုံးယာ ကိစ္စကြားတိုင်း ဤရဟန်းအာရုံမှာတော့ ဤ ပုံက ပေါ်ပေါ်လာတတ်လေသည်။
သုံးယာကတော့ သုံးယာပင်။

ရေးဟန်လားမသိ


ဒီခေတ်မှာ ဒီလို ရေးဟန်တွေ တွေ့ရပါတယ်။
"တာမွေတရားရုံး အမှုရင်ဆိုင်တဲ့နေ့ မှာ "ရွှေည၀ါ၊ ၀ီရသူနဲ့  ပါမောက္ခတို့ " အစီအမံနဲ့  သန္တိသုခအရေး အဓိက တရားခံဖြစ်သူဟု သူတို့  စွပ်စွဲကြတဲ့ "အံ့မောင်" ကို အပြစ်ပေးရန် ကြွေးကြော်သံများ အော်ဟစ်၊ ဗီနိုင်းချပ် ပိုစတာများ ထောင်ပြတာတွေကို ထုတ်ဖော်ပြုလုပ်ကြပါတယ်။"

ရွှေညဝါက(ဆရာတော်)၊ ဝီရသူက ကလောင်နာမည်(သို့)လှုပ်ရှားမှုနာမည်၊ ပါမောက္ခက ဦး(သို့)မကွေးဆရာတော် ဖြစ်ပါလိမ့်မယ်။

"ကာယကံရှင်ဖြစ်တဲ့ (ပီနန်ဘုန်းကြီး)ကလည်း ကျောင်းချိတ်ပိတ်ပြီး ဘုန်းကြီးများ အဖမ်းခံရတဲ့ကိစ္စရဲ့ လက်သည်ဟာ အံ့မောင်လို့ သာ"
(ဆရာတော်တွေကိုယ်တိုင်က "ဘုန်းကြီး"လို့ သူတို့ကိုသူတို့ သုံးတတ်ပေမဲ့ ဘေး လူက ရေးရင်၊ ပြောရင်တော့ ဘုန်းကြီးလို့သုံးတာ သိပ်မတွေ့ရတတ်ပါဘူး။ ဥပမာ တိပိဋကမြင်းခြံဆရာတော်၊ ယောဆရာတော်၊ပီနန်ဆရာတော်၊ သီတဂူဆရာတော်)
သာသနာရေးဝန်ကြီး "ဗိုလ်ဆန်းဆင့်"ကို သမ္မတအမိန့် နဲ့  တာဝန်က ဖယ်ရှားပြီးနောက်ပိုင်းမှ ဆက်တိုက် ပေါ်လာတာပါ။
ဒီသတင်း ပြန့် နှံ့ သွားစေချင်တာမှာ သမ္မတ "ဗိုလ်သိန်းစိန်" တယောက် ထိပ်ဆုံးက ပါနေပါတယ်။
ဗကပ ၀က်ဘ်ဆိုက်ကနေ ပေတလွှာစာတရွက် ရေးဖွဲ့ ရတဲ့အထိ "ဗိုလ်အောင်မင်း" တောင်းပန်စာဟာ ရိုးပုံရရဲ့ လားလို့ သံသယ၀င်မိတယ်။

အင်္ဂလိပ်စာ သိပ်ကောင်းပုံရတဲ့ ဒေါက်တာရဲ့ အင်္ဂလိပ်ရေးဟန် သိပ်လွှမ်း တဲ့ မြန်မာစာရေးထုံးလို့ပဲ ယူဆလိုက်ရပါတယ်။
"ရွှေည၀ါ၊ ၀ီရသူနဲ့  ပါမောက္ခတို့ " တဲ့။