ဓမ္မဂင်္ဂါနဲ့ ဇင်ဝေသော်


ဗိုလ်ချုပ်နှစ် ၁၀၀၊ ရှေ့ဆုံးအတန်းက အဟမ်း အဟမ်း ဓမ္မဂင်္ဂါနဲ့ ဇင်ဝေသော်
(ပေးပို့သူ Hnin Net)



အမှတ်ပေးနေတဲ့ သစ္စာနီက ဒီမှာ။ ဆောရီးပဲ။ အခုမှ ဖုန်းထဲကတွေ့ရ။
 

ဟဲဟဲ။ လုပ်ပေါက်ကတော့။


 
သြော် ၊
ဖြစ်မှဖြစ်ရလေ။

ဒါဟာ ရန်ကုန်တက္ကသိုလ် တဲ့ ။

ဂျပန်တက္ကသိုလ်နဲ့မပေါင်းခင် စာလုံးပေါင်းမှန်အောင်ပေါင်းကြပါဗျာ။ ။
 
 
 

ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ 


မြတ်ဗုဒ္ဓဟောကြားခဲ့သော အဘိဓမ္မာ ဒေသနာတော်များကို လွယ်ကူစွာ လေ့လာနိုင်စေရန်နှင့် ဓမ္မသဘာဝကို ရှင်းလင်းစွာ သိရှိပြီး မိမိတို့ ၏ နေ့ စဉ်ဘ၀များတွင် အသုံးချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆရာတော် ဦးစက္ကပါလမှ အဘိဓမ္မာသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း သင်ကြားပို့ ချပေးသွားမည်ဖြစ်ပါသည်။

ထို့ ကြောင့် စင်္ကာပူနိုင်ငံတွင် နေထိုင်ကြသော ဓမ္မမိတ်ဆွေ သူတော်စင်များအနေဖြင့် ဗုဒ္ဓ၏ အဘိဓမ္မာ ဒေသနာတော်များကို သင်တန်းတက်ရောက် သင်ယူနိုင်ကြစေရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

သင်တန်းပို့ ချမည့်ဆရာတော် = ဦးစက္ကပါလ (မင်္ဂလ၀ိဟာရကျောင်း)

စတင်ဖွင့်လှစ်မည့်ရက် = ၂၀၁၅ ခုနှစ်၊ မတ်လ ၁ ရက်၊ တနင်္ဂနွေနေ့ 

အချိန်နှင့်နေ့ ရက် = ညနေ ၆ နာရီ မှ ၇း၃၀ နာရီထိ
(အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း)

သင်တန်းနေရာ = မင်္ဂလ၀ိဟာရကျောင်း (စင်္ကာပူ)၊
ဒုတိယထပ် (Chew Quee Neo hall)
30 Jalan Eunos,
Singapore 419415

သင်တန်းလမ်းညွှန် = Eunos MRT
Bus 7, 15, 21, 60, 67, 93, 854

ဓမ္မမိတ်ဆွေများအနေဖြင့် အောက်ပါဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာသို့ လည်း ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြပါကြောင်း အသိပေး တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်။ ။ ၉၁၆၃၁၅၂၉၊ ၈၁၉၁၀၈၂၂

အီးမေးလ်လိပ်စာ။ ။mingalarmaungme@gmail.com

မှတ်ချက်။ ။သင်တန်းသည် ဓမ္မဒါနအဖြစ် သင်ကြားပေးသော အခမဲ့ သင်တန်းဖြစ်ပါသည်။

မနက်ဖြန် ညနေ ၆နာရီအချိန် သင်တန်းမစတင်မှီ ကျောင်းသို့ လာရောက်ပြီး registration counter တွင် စာရင်းပေးသွင်းခြင်းဖြင့်  သင်တန်းတက်ရောက်နိုင်ကြပါသည်။

ကိုပေါနဲ့ ကျွန်တော်


မေ့လျော့မနေခဲ့ဘူးဆိုလျင် ၂၈ ရက်နေ့တိုင်းမှာ ကမ်းလက် လပတ်လည် အဖြစ် အမှတ်တရစာလေးများ ရေးမိတတ်ပါသည်။ အခု ကိုပေါနဲ့ ကျွန်တော် အကြောင်းကို ရေးချင်ပါသည်။
ကိုပေါသည် လွမ်းမိုးသီချင်းထဲက ကိုပေါမဟုတ်၊ နွားကျောင်းသား မဟုတ်၊ ကျနော့် ရွာသားမဟုတ်ပါ။ သို့သော် ကျနော်လိုပဲ ထောင့်သိပ်မကျိုးသူတစ်ယောက်တော့ ဖြစ်ပါသည်။ (ဒါက ကျနော့် သတ်မှတ်ချက်သာ ဖြစ်ပါသည်)

ကိုပေါနဲ့ကျနော် နောက်ဆုံးတွေ့ဖြစ်သည်က မန္တလေး ကျုံးဘေးမှာဖြစ်သည်၊ ထိုစဉ် သူ့ဇနီးဖြစ်လာမည့် ဂျပန်မလေးလည်း ဘေးမှာရှိသည် (သူမနာမည်ကို ကျနော်မသိပါ (သို့) မမှတ်မိပါ)။ သူတို့က (ဂျပန် ဗီဇာနဲ့ပတ်သက်ပြီး) အကြံ ဉာဏ်တောင်းသဖြင့် ကျနော်သိသလောက် ခပ်တည်တည်ပြောပြခဲ့ပါသေး သည်၊ သို့သော် ကျနော်ပေးသည့် အကြံဉာဏ်များက အလုပ်ဖြစ်လှမည် မဟုတ်ကြောင်း ယခု သဘောပေါက်မိသည်။ ကိုပေါနဲ့ကျနော်ကြားမှာ ဘုံ ယဉ်ကျေးမှု တော်တော်များများရှိပြီး ယခု ပြောပြချင်သည့်အချက်သည် ထို အထဲမှ တစ်ခုသာဖြစ်ပါသည်။ တိုတိုဆိုရလျင် ထို ဂျပန်မလေးနဲ့လက်ထပ်ပြီး ကိုပေါ ဂျပန်ကိုလိုက်သွားသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ကျနော့်မိတ်ဆွေတ်ယောက် (သူနဲ့ကိုပေါလည်း သိကြ၊ ရင်းနှီးကြပါသည်) ဂျပန်ရောက်သွားပြီး ကိုပေါနဲ့ တွေ့ဖြစ်ခဲ့သည်။ ကျနော့် မိတ်ဆွေစကားအရ ဇင်ဝေသော်ကိုလည်း ဂျပန်ရောက်ဖူးအောင် အလည်ခေါ်သင့်ကြောင်း သူက ကိုပေါကို အကြံပေးသည်။
ထိုအခါ ကိုပေါက
"ငါက ဘာအတွက် သူ့ကို အလည်ခေါ်နေရမှာလဲ၊ သူလာချင်ရင် သူဘာသာ လာလို့ ရနေတာပဲ။ ရောက်လာလို့ ငါ့ကို ဆက်သွယ်ရင် ငါလုပ်ပေးစရာရှိတာ လုပ်ပေးမှာပေါ့" (ဤ အဓိပ္ပါယ်မျိုးရှိသည့်စကား) ဟု ပြောလိုက်သည်။
ထိုအခါ ကျနော့်မိတ်ဆွေက ကျနော့်အစား ကိုပေါအပေါ် အနည်းငယ် အောင့်သက်သက်ဖြစ်ဟန်တူပါသည်။ ဒီအတိုင်းလည်း ကျနော့် ကို ပြန်ပြောပြသည်။
သို့သော် ကျနော်ကတော့ ကိုပေါကို ပိုလေးစား၊ ပိုချစ်သွားသည်။
"ကိုပေါ မပြောင်းလဲသေးပါလား"
***********************************************************************

မန္တလေးမှာကတည်းက ကျနော်တို့ဆက်ဆံရေးက ဒီအတိုင်းပဲ ရှိနေခဲ့ကြ သည်။ အတူ ထွက်သွားလို့ အတူပြန်ဝင်လာရမယ်ဆိုတာမျိုး မရှိ။ သူ့လမ်း သူသွား။ ကိုယ့်လမ်း ကိုယ်သွားဖြစ်သည်။
ကိုပေါပြောတာ မှန်ပါသည်။ တစ်ချိန်က နိုင်ငံခြားသွားဖို့ အဓိက အခက်အခဲက ဗီဇာနဲ့ ငွေဖြစ်သော်လည်း ယနေ့ ဒါတွေက သိပ်မခက်တော့ပါ။ အခု အခက် အခဲက သွားလိုစိတ်နဲ့ အချိန်သာဖြစ်ပါသည်။ ကျနော့်မိတ်ဆွေက မကျေ မနပ်ဖြင့် ပြောပြနေချိန်
"မဟုတ်ဘူးဟ၊ ဒါက ကိုပေါနဲ့ငါနဲ့ကြားက နားလည်မှု၊ ငါရောက်သွားရင် သူတတ်နိုင်တာ အကုန်လုပ်ပေးမှာ၊ ငါ့ကိုတော့ တကူးတကခေါ်နေ မယ့်ကောင် မဟုတ်ဘူး" လို့ ခပ်ပြုံးပြုံးရှင်းပြမိသည်။

အခု ကိုပေါပြောလို့သိရတာက သူ့မှာ သမီးလေးရှိသည်၊ သူမ အသက် ၁၄ နှစ်ရှိပြီ၊ သူ့သမီးလေးက သူနဲ့ ပိုတူသည် ဟုဖြစ်ပါသည်။
**********************************************************************

အကြောင်းတိုက်ဆိုင်လျင်တော့ ကိုပေါနဲ့အတူ သူနဲ့ ပိုတူသည်ဆိုသည့် သူ့သမီးလေးရော သူ့ဇနီးကိုပါ တွေ့ချင်ပါသေးသည်။ နေရာရွေးခွင့်ရလျှင် မန္တလေးတောင်ပေါ်၊ ဗျာဒိတ်ပေး ဘုရားဘေးက အအေးဆိုင်လေး တစ်ဆိုင် ကို ရွေးချင်ပါသည်။ အချိန်ပါ ရွေးခွင့်ရလျှင် နေဝင်ရီတရောကို ရွေးပါမည်။ သို့သော် တွေ့ခွင့် မရကြတောဘူးဆိုလျင်လည်း ပြသနာတော့ မဟုတ်လှပါ။ သူတို့ဘဝ အဆင်ပြေစေဖို့ဆန္ဒ ကျနော့်ဆီမှာ ရှိနေပါသည်။ ။

ဇင်ဝေသော်

လူငယ်ခြေကျ (စိုင်းထီးဆိုင်)

မိုက်တယ်ဟ။ နားထောင်ကြည့်။ စိုင်းခန်းလိတ်၊ စိုင်းထီးဆိုင် ငယ်မူငယ်သွေး။
တကယ် ရယ်သံ၊ ရှိုက်သံ အုပ်အုပ်နဲ့ သရော်၊ ဆော်ထားတာ။