ယုံကြည်မှုအကြောင်း ပြောရအောင်


၁။ တစ်ခါက ရွာတစ်ရွာမှာ မိုးခေါင်လွန်းလို့ မိုးရွာအောင် ရွာသားတွေ စုပေါင်းပြီး ဝတ်ရွတ်ပွဲလုပ်ကြတယ်။
အဲဒီ ဝတ်ရွတ်ပွဲကိုလာတဲ့သူတွေထဲမှာ လူငယ်လေးတစ်ယောက်ပဲ ထီး ယူ လာခဲ့တယ်။
သူ့ယုံကြည်မှုကို အင်္ဂလိပ်လို "FAITH!" လို့ ခေါ်တယ်တဲ့။

၂။ ခင်ဗျားဇနီးလက်ထဲက ကလေးကိုယူလိုက်ပြီး ခင်ဗျားက လေထဲ ကို မျှောက်လိုက်တယ်။ ဒါပေမဲ့ ဒါကိုကြည့်ပြီး ခင်ဗျားဇနီးက ရယ်မောနေ တယ်။
သူမက ခင်ဗျားအပေါ်ထားရှိတဲ့ သဘောတရားကိုတော့ အင်္ဂလိပ်လို "TRUST!" လို့ ခေါ်တယ်တဲ့။

၃။ နောက်နေ့မနက်မှာ အသက်ရှင်လျက်ရှိနေဦးမလားဆိုတာ သေသေ ချာ ချာ မသိဘဲ ကျနော်တို့ အိပ်ယာဝင်ကြတယ်။ ဒါသာဖြစ်တယ် ကျနော်တို့ က နှိုးစက်တွေ ဘာတွေတောင် ချလို့။
ဒါကိုတော့ အင်္ဂလိပ်လို "HOPE!" လို့ ခေါ်ပါသတဲ့။

၎။ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ သိ ထားတာက သုည ပါ။ ဒါသာဖြစ်တယ် ကျနော်တို့ က အနာဂတ်စီမံကိန်း ကြီးတွေ ရေးဆွဲလို့။
ဒီ စိတ်ဓာတ်ကိုတော့ အင်္ဂလိပ်လို "CONFIDENCE!" လို့ ခေါ်ပါသတဲ့။

၅။ ဒုက္ခတွေနဲ့ ရှေ့က ကမ္ဘာကြီးကို မျက်မြင်ကိုယ်တွေ့ တွေ့နေကြတယ်။ ဒါသာဖြစ်တယ် လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်မြဲ လက် ထပ်နေကြဆဲပဲ။
သဘောမတူရင်နေပေါ့။ ဒါကိုတော့ အင်္ဂလိပ်လို "OVER CONFIDENCE!!" လို့ ခေါ်တယ် တဲ့။

06/11/2013

Post a Comment