politically correct (နိုင်ငံရေးဘာသာဗေဒအားဖြင့် အသံထွက်မှန်ကန်မှု)


"တကယ်လို့ "မဘသ" အဖွဲ့ကမထုတ်ပြန်ရသေးဘူးဆိုရင် မေးခွန်းနှစ်ခု တက် လာပါတယ်။
၁။ လက်ရှိအဖြစ်အပျက်ဟာ တရားမျှတတယ်လို့ သူတို့ခံယူပါသလား
၂။ မတရားဘူးဆိုတာသိပေမဲ့ ပါတီကြီးတစ်ခုရဲ့ ကြိုးကိုင်မှုကို ခံနေရလို့လား ဆိုတာတွေဖြစ်ပါတယ်"
****************************************************************************
မနေ့က ဖေ့ဘုတ်မိတ်ဆွေတွေ ရှယ်သမျှတွေထဲမှာ လတ်တလောအကြမ်း ဖက်မှု နဲ့ ပတ်သက်လို့ ကန့်ကွက်ရှုတ်ချတဲ့ထုတ်ပြန်လွှာ သုံးဆောင်တွေ့ရှိရပါတယ်။ အဖွဲ့ချုပ်၊ ပွင့်လင်းနဲ့ ကဗျာဆရာသမဂ္ဂတို့ဆီက ဖြစ်ပါတယ်။
ဒီအထဲမှာမှာ အဖွဲ့ချုပ်ကသာနိုင်ငံရေးပါတီဖြစ်ပြီး ကျန်တဲ့အဖွဲ့နှစ်ဖွဲ့က ပါတီစွဲမရှိတဲ့ အဖွဲ့တွေဖြစ်ကြပါတယ်။ သူတို့ထုတ်ပန်ချက်နဲ့ပတ်သက်ပြီး
၁။ ဒီအမှုဟာ လုံးဝမတရားဘူးလို့ သူတို့ယုံကြည်မှု
၂။ သူတို့ဟာ ဘယ်ပါတီရဲ့ လက်ကိုင်ဒုတ်မှ မဟုတ်ဆိုတာကို ပြသလိုမှုလို့ ယူ ဆနိုင်ပါတယ်။
ဒီလို မတရားမှု(လို့ ယုံကြည်ရတဲ့) ကိစ္စတွေပေါ်လာတိုင်း လက်ရှိအာဏာရ အစိုး ရကို တည့်မတ်ပေးဖို့ ဒီလိုအဖွဲ့အစည်းတွေ လိုအပ်ပါတယ်။

မနေ့ကပဲ "မဘသ" အဖွဲ့က အဲသလိုစာမျိုးထုတ်ပြန်ရင် ပြကြပါဦးဆိုတဲ့ ကွန်မင့် မျိုးတွေလည်း ဖတ်လိုက်ရပြန်ပါတယ်။ ဒါဆို "မဘသ" အဖွဲ့က မထုတ်ပြန်ရသေး တာလား။
(ကိုယ်တိုင် တိတိကျကျ မသိပါ၊ ထုတ်ပြန်ပြီးဆိုရင် ဒီကရှေ့မှာ ဆွေးနွေးမယ့် အကြောင်းနဲ့ မသက်ဆိုင်တော့ပါ)
တကယ်လို့ "မဘသ" အဖွဲ့ကမထုတ်ပြန်ရသေးဘူးဆိုရင် မေးခွန်းနှစ်ခု တက် လာပါတယ်။
၁။ လက်ရှိအဖြစ်အပျက်ဟာ တရားမျှတတယ်လို့ သူတို့ခံယူပါသလား
၂။ မတရားဘူးဆိုတာသိပေမဲ့ ပါတီကြီးတစ်ခုရဲ့ ကြိုးကိုင်မှုကို ခံနေရလို့လား ဆိုတာတွေဖြစ်ပါတယ်။

တကယ်လို့ သူတို့အဖွဲ့က တရားမျှတတယ်လို့ ခံယူထားရင် ဒီစာမျိုး မထုတ်ပြန် လည်း "politically correct" ဖြစ်ပါတယ်။
တရားမျှတမှု မရှိဘူးလို့ ခံယူထားပါလျက် မထုတ်ပြန်တာဆိုရင်တော့ "politically incorrect" ဖြစ်သွားပါတယ်၊ မှားသွားပါတယ်။
ဘာကြောင့်လဲဆိုရင် "မဘသ" အဖွဲ့ကို လက်ရှိအစိုးရက အကြီးအကျယ် လွှမ်းမိုး (ချုပ်ကိုင်???)" ထားတယ်လို့ တချို့က ယုံကြည်ထားလို့ပါ။ ဒီလို အခြေအနေမှာ ဒီလိုထုတ်ပြန်လိုက်ရင် အထက်ပါသံသယကို အလိုလိုချေဖျက်ပြီးသားဖြစ်သွားပါ တယ်။ ဒါ့ကြောင့် အဖွဲ့အစည်းအနေနဲ့ "politically correct" ဖြစ်သွားတယ်၊ လူထုရဲ့ အားထားမှုကို ပေးဆပ်ရာရောက်တယ်။

ဒီလိုမလုပ်ဘဲ "politically correct" ဖြစ်နိုင်တဲ့နည်းကတော့ ဒီအဖွဲ့ဟာ (လက်ရှိ အစိုးရရဲ့ လွှမ်းမိုး(ချုပ်ကိုင်???") ခြင်း ခံထားရတဲ့အဖွဲ့လို့ တရားဝင် ကြေငြာခြင်း ပဲဖြစ်ပါတယ်။

ဒီစာမျိုးဟာ တရားမျှတမှုကိုတောင်းဆိုမှုသာဖြစ်တယ်၊ သမ္မတဆင်းပေး ဖို့ အော် တာမဟုတ်တဲ့အတွက် မိမိတို့ရပ်တည်ချက်ကို ထုတ်ပြန်မှုကြောင့် ဘယ်သူ့ အကျိုးစီးပွားမှ ထိခိုက်မယ်မဟုတ်ပါ။

မပြောသင့်တာကို မပြောမှ "politically correct" ဖြစ်တယ်လို့ မဆိုနိုင်ပါ၊ ပြောသင့်တာကို ပြောတာလည်း "politically correct"သာဖြစ်ပါ တယ်။
(မဆီမဆိုင်ကွန်မင့်များရေးလာရင် ဖျက်ပစ်၊ ဘန်းပစ်မှာပါ၊ ဒီပေ့ဂ်ျဟာ အဖွဲ့ အစည်းပိုင်မဟုတ်၊ တစ်ဦးတည်းပိုင်ဖြစ်ပါတယ်)

Post a Comment