အမေရိကတိုက်ရောက် တရုတ်ပြဿနာ


"သဘောတူထားခဲ့တာက လက်ရှိသမ္မတလုပ်နေတဲ့ မာ့က်စ်ဝါဒီ၊ ပြောက်ကြား သူပုန်ဟောင်း Daniel Ortega ဆိုသူပါ"

တရုတ်စီးပွားရေး အမေရိကန်ကိုစိန်ခေါ်ရာမှာ မြန်မာက ဓားစာခံဖြစ်နေစရာ မလိုဘူး။
တရုတ်စီးပွားရေးက ကမ္ဘာနဲ့အနှံ့၊ ဒါပေမဲ့ ဆင်းရဲတဲ့နိုင်ငံ၊ ခပ်ညံ့ညံ့ အစိုးရရှိတဲ့ နိုင်ငံတွေမှာ အငြင်းပွားစရာတွေ ပိုများနေတယ်။
ဒါက အခုတလော နီကာရာဂွာ (အမေရိကတိုက်က အဆင်းရဲဆုံးone of the poorest countries in the Americas) မှာဖြစ်တဲ့ ဒေသခံတွေနဲ့ တရုတ်နောက် ခံကုမ္ပဏီရဲ့ တူးမြောင်းပြသနာပါ။

ဒီတူးမြောင်းရဲ့ ရည်ရွယ်ချက်က ၁၉၉၉ ခုနှစ်တိုင်အောင် အမေရိကန်ရဲ့ ထိမ်းချုပ်အောက်မှာရှိနေခဲ့တဲ့ ပနားမားတူးမြောင်းကို စိန်ခေါ်ဖို့လို့ ယူဆကြပါ တယ်။ ဘီလီယံ ၅၀ ပရောဂျက်။
၁၇၂ မိုင်ရှည်လျားတဲ့ ပနားမားတူးမြောင်းရဲ့ သုံးဆ ရှည်မယ်။

ပြသနာက ဒီပရောဂျက်ကို သတင်းအချက်အလက် တိတိကျကျမထုတ်ပြန်ဘဲ ဝါးတားတား သဘောတူထားတာက လက်ရှိသမ္မတလုပ်နေတဲ့ မာ့က်စ်ဝါဒီ၊ ပြောက်ကြားသူပုန်ဟောင်း Daniel Ortega ဆိုသူပါ။

ကဲ မြန်မာပြည်နဲ့ ဘယ်လောက်များ တိုက်ဆိုင်လိုက်သလဲ။
သောက်ရေအခက်အခဲ ကြုံလာရနိုင်မှု၊ ဒေသခံတွေ သဘောမတူမှု၊ ဒီပရောဂျက် ကို ထောက်ပံ့မှာဘယ်သူလဲ တိတိကျကျမသိမှုစတဲ့ ပြသနာစုံတက်နေတယ်။

ဒီပုံကတော့ မကျေနပ်သူ ဒေသခံတွေက ပနာမေရိကန်အဝေးပြေး (Pan-American Highway) လမ်းပေါ်မှာ မီးရှို့ဆန္ဒပြနေပုံပါ။
တရုတ်စီးပွားရေး သောင်းကြမ်းပုံနဲ့ ခပ်ချာချာအစိုးရတွေ့တိုင်း အဖြေဆိုတာ လူသေမှုလား၊ မီးရှို့မှုလား၊ တစ်ခုခုပါပဲ။

Ref: Reuters, December 22, 2014, MANAGUA

Post a Comment