ဘကြီးမိုးပြောတဲ့ မိုက်ကယ်အဲရစ်အကြောင်း (မဟာဂန္ဓာရုံ ရောက်ဖူးချင်တယ်၊ စုကိုပြောပေးပါ)


ဒါကိုမပြောခင် အနည်းငယ်တော့ ခြေဆင်းပျိုးမှ လိပ်ပတ်လည်မယ်ထင်ပါတယ်။ မနှစ်ကနှစ်ဦးပိုင်းမှာ လီကွမ်းယုစာအုပ်ကော်ပီရိုက်ရဖို့ စကားပြောစဉ် စထရိတ် တိုင်းမ် အိတ်ဇက်ကူးတစ်ဒါရိုက်တာ ရှယ်လီက "လီကွမ်းယုစာအုပ်ကို မြန်မာတွေဖတ်ဖို့ ဘာသာပြန်ရင် ငါတို့ဖတ်ဖို့ အောင်ဆန်း စုကြည်အကြောင်းလည်း မင်းရေးပေးသင့်တယ်၊ ငါတို့ထုတ်ဝေမယ်"
"အင်္ဂလိပ်လို အောင်ဆန်းစုကြည်အကြောင်းစာအုပ်တွေအများကြီးပဲ"
"မြန်မာလူမျိုးတစ်ယောက်ရေးတာဆိုရင် ပိုပြီးအတွင်းကျမယ်၊ ဥပမာ အောင်ဆန်း စုကြည်;What other people say ဆိုတာမျိုးပေါ့"

ဒါနဲ့ ကြိုးစားကြည့်မယ်ဆိုတဲ့ နှုတ်ကတိလောက်ပဲပေးပြီး ချဉ်းကပ်ကြည့်ခဲ့ပါတယ်။ အရေးအခင်းကာလနဲ့နောက်ပိုင်းကာလတွေအတွင်း ဒေါ်စုနဲ့အထိုက်အလျောက် အနီးကပ်ရှိနေခဲ့တဲ့ ရှေ့မီနောက်မီလူတချို့နဲ့လည်းတွေ့ဖြစ်၊ မေးမြန်းဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာ ဦးမိုးသူ (ဘကြီးမိုး) လည်းပါဝင်ခဲ့ပါတယ်။ ပေါ့တော့တော့ လုပ်မရတဲ့ အလုပ်၊ ကိုယ့်ဖက်က အချိန်မပေးနိုင်မှု(စာရေးတာက အားတဲ့အချိန်လေး ဝဋ်ကြွေးမို့ရေးနေရတာပါ)ကြောင့် ကျေနပ်လောက်တဲ့အဆင့်အထိ မရောက်ခဲ့၊ မပြင်ဆင်နိုင်ခဲ့ပါဘူး။
ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေကြောင့် ဒီနေ့ အနေအထားမှာ ဒေါ်စု အကြောင်းကို စထရိတ်တိုင်းမ်က စိတ်ကောဝင်စားသေးရဲ့လားဆိုတာကပင် မရေရာတော့ပါ။ ဘယ်လိုပဲဖြစ်စေ...
"ဒါလေးတော့ မပါပါအောင် ရေးပေးပါ"
ဆိုတဲ့ ဘကြီးမိုးစကားကို ကြားယောင်မိ ရင်း ...........
မကျေနိုင်ခဲ့တဲ့တာဝန်အတွက် ဘကြီးမိုးကို တောင်းပန်စကားဆိုရင်း..............
**************************************************************************

"မိုက်ကယ်အဲရစ်ကလည်း မြန်မာပြည်ရောက်နေခိုက်၊ ဒေါ်စုကလည်း အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်ထွက်ဖို့ရှိတဲ့အချိန်ပေါ့။ မိုက်ကယ်အဲရစ်က ဒီခရီးစဉ်မှာ သူလည်းလိုက်ချင်တယ်၊ သူလိုက်ချင်တဲ့အကြောင်းက အမရပူရ၊ မဟာဂန္ဓာရုံကျောင်းကို ရောက်ဖူးချင်လို့ပါ။ ဒေါ်စုကလည်း သူပါလာရင် သူ့အ တွက်ရော အားလုံးအတွက်ပါ ကောင်းကျိုးမဖြစ်နိုင်လို့ သူလိုက်ချင်တယ်ပြော တိုင်း " နိုး" ပဲဖြေတယ်။
ကျွန်တော်နဲ့ဒေါ်စု ရင်းနှီးမှုရှိတာရယ်၊ ကျွန်တော်ပြောရင် ရနိုင်တယ် ထင်တာ ရယ်ကြောင့် သူ့မိန်းမကို ရအောင်ပြောပေးဖို့ ကျွန်တော့်ကို အပူကပ်ပါတယ်။ "ဘကြီးမိုးရယ်၊ သူမပါစေချင်တဲ့ နိုင်ငံရေးထဲကို ကျွန်တော်လုံးဝမပါပါဘူး၊ နိုင် ငံရေးနဲ့ပတ်သက်လို့ စကားတစ်ခွန်းမှတောင် မဟမိဖို့ ကတိပေးပါတယ်၊ မြန် မာပြည်ရောက်တုန်း မဟာဂန္ဓာရုံကျောင်းကိုတော့ ရောက်ဖူးချင်လို့ပါ "
.........................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................
(နိုင်ငံရေးကိစ္စတွေကို ချန်ထားခဲ့ပါမယ်)



တိုတိုပြောရရင်တော့ သူမသေခင် မဟာဂန္ဓာရုံကျောင်းကိုရောက်ဖူး သွားခဲ့ တယ်ပေါ့ဗျာ။ မိန်းမကိုချစ်သလို အဲသလောက်လည်း လူကြီးလူကောင်းဆန်တဲ့ ပုဂ္ဂိုလ်ပါ။ ဘယ်တော့မှ နိုင်ထက်စီးနင်း မလုပ်၊ မပြောတဲ့ လူ။ ဒေါ်စု တစ်ခုခု ဆိုရင် အဲသလောက်နားလည်မှုရှိ၊ အဲသလောက်ချစ်တဲ့ ခင်ပွန်းရှိနေတာလည်း အကြောင်းတစ်ရပ်ဆိုတာ ပေါ်လွင်အောင် ရေးပေးပါ" တဲ့။

တောင်းပန်ပါတယ် ဘကြီးမိုး။ ကျနော်ဟာ တာဝန်မကျေတဲ့ အညံ့စား လူတစ်ယောက်ပါ။

(ဘကြီးမိုးက "မစု" ဆိုတာထက် ဒေါ်စု ဆိုတဲ့ဝေါဟာရကို ဂရုတစိုက် သုံးစွဲသွား ခဲ့ပါတယ်။)

အစစအဆင်ပြေအောင် စီစဉ်ပေးခဲ့တဲ့ ကဗျာဆရာ မောင်စိမ်းနီ၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ်ကို ကျေးဇူးစကားပြောဖို့ ကျန်နေရစ်ခဲ့ပါတယ်။



Post a Comment