ပေါက်တတ်ကရ အင်တာဗျူး (၇)


မေး။ ။ ဘုန်းဘုန်းဘုရား၊ ဖေ့စ်ဘုတ်သုံးစွဲခြင်းဟာ စာပေနဲ့ ကိုက်ညီပါသလား
ဖြေ။ ။ ကိုက်ညီပါတယ်ကွယ်။ ပါဠိစာပေမှာ "အဒိဋ္ဌပုဗ္ဗသဟာယက" ဆိုတာ ရှိပါတယ်၊ အဓိပ္ပါယ်က လူချင်းမတွေ့ဘူးပဲ မိတ်ဆွေတွေဖြစ်နေကြတယ်ဆိုတာပါ။ ဖေ့စ်ဘုတ်ဖရင့်ဆိုတာ တချို့က အဒိဋ္ဌပုဗ္ဗသဟာယက တွေပါ။

မေး။ ။ နောက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ပို့စ်အဟောင်းတွေ ထပ်ထပ်တင်တာဟာ စာပေကျမ်းဂန်နဲ့ ညီညွတ်ပါသလားဘုရား။
ဖြေ။ ။ ညီညွတ်ပါတယ်ကွယ်။
မေး။ ။ အထောက်အထား ရက်ဖရင့်လေး လုပ်ပါအုံးဘုရား။
ဖြေ။ ။ အများကြီးပါကွယ်။ ဆရာတော်တွေ ကထိန်တရားဟောရင် ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်ကနေ ရှောင်ဟောလို့ မရပါဘူး။ အဲဒီ ပို့စ်ဆိုရင် အကြိမ်ရေ ၂၅၀၀ ကျော် ထပ်တင်ပြီးသားပါ။ နောက်လည်း တင်နေကြရဦးမှာပဲကွယ့်။

Post a Comment