Hell to hell is free


ငရဲပြည်မှာရောက်နေတဲ့ အဘကြီးကြီးတစ်ယောက်က နေပြည်တော်ကို ဖုန်းဆက်ချင်လို့ ငရဲသားဆိုင်ကနေသွားပြီး ဖုန်းဆက်တယ်။ ဖုန်းဆက်ပြီးတဲ့နောက် ဖုန်းခပေးဖို့ ဘယ်လောက်ကျသလဲ မေးလိုက်တော့ ငရဲသားက
"ပေးစရာ မလိုပါဘူး။ Hell to hell is free" လို့ ဖြေလိုက်တယ် တဲ့။




(ဒါလည်း အွန်လိုင်း ဂျုတ်ပဲ)

ဘယ်စာအုပ်က အကျိုးကျေဇူး အများဆုံးလို့ထင်ပါသလဲ


စာအုပ်ဆိုင်ထဲ ဝင်လာတဲ့ အမျိုးသမီးကို သုတေသနလုပ်နေတဲ့ကျောင်းသား က မေးတယ်
"အမရဲ့ဘဝအတွက် ဘယ်စာအုပ်က အကျိုးကျေဇူး အများဆုံးလို့ထင်ပါသလဲ"
သူမက...
"အမ အမျိုးသားရဲ့ (ဘဏ်)ချက်စာအုပ်ပေါ့"

အမျိုးသားတစ်ယောက် စာအုပ်ဆိုင်ထဲဝင်လာပြီး အရောင်းစာရေးမလေး ကို မေးတယ်
"Husband - The Master of The House ဆိုတဲ့စာအုပ် ရချင်လို့ပါ"
အရောင်းစာရေးမလေးက...
"စိတ်ကူးယဉ်ဝတ္ထုတွေနဲ့ ဟာသစာအုပ်တွေကို အပေါ်ထပ်မှာပဲ ရောင်းပါ တယ်ရှင်"



(အီးမေး ဂျုတ်)

ဝါးရင်းတုတ်သမားတွေအတွက် စဉ်းစားစရာ


မြန်မာက သမိုင်းထဲမှာပဲ ဝါးရင်းတုတ်ရှိတာ။ တရုတ်က အခုထိ ခေါက်ဆွဲစား တူ ရှိသေးတယ်။ ကိုယ်ကမှားရင်တော့ တရုတ်မကလို့ လာအိုဆိုလည်း တောင်းပန်ရမှာပဲ။
ဘယ်သူ့လက်ချက်လည်း အဖြေပေါ်ဖို့က ပိုအရေးကြီးပါတယ်။

ဒုတိယပုံကတော့ ဝါးရင်းတုတ်သမားတွေအတွက် စဉ်းစားစရာပါ။ လက်နက်တင်ပို့ရောင်းချမှုမှာ တရုတ်က ဂျာမဏီကိုတောင် ကျော်တက်သွားပြီး နံပတ် ၃ အဆင့်ကို ရောက်သွားပါသတဲ့။


အရမ်းရယ်ရတဲ့ နိုင်ငံရေးပျက်လုံး


Posted by Zin Wai Thaw · March 16 at 8:34pm · 

ပန်းသီးစီအီးအို


ဒါကတော့ ဘယ်နှကြိမ်မြောက် ဖော်ပြကြလည်း မသိဘူး။ ပန်းသီးစီအီးအိုလေ။ ရေးသူက ဇင်ဝေသော် တဲ့။