Get back to normal.





ဗောဓိပင်ဘက်တောင် ၃/၄ ရက် မရာက်ဖြစ်ခဲ့ဘူး။
နာဂ (သို့) နာဂကေသရ (သို့) ကံ့ကော်ပန်းတွေတောင် ပွင့်ပြန်၊ ကြွေနေပြန်ပါရောလား။
ဒါနဲ့ "ဒီမိုကရေစီ ဆောင်းဦးပေါက် ဒိုင်ယာလော့ဂ်"
(ကျနော့်ကို ကျနော် အင်တာဗျူးကြည့်ခြင်း) စာအုပ် စတင်ရေးသားနေလို့ ပို့စ်တွေ အရင်လို မတက်တော့ပါ။ တစ်ခါတစ်ခါ ဖုန်းတောင် မိမိအနား ရှိမနေတတ်ပါ။ အလုပ်ပျက်လို့။
ဓမ္မဘေရီဆရာတော်ကြီးကို အာမခံထားတဲ့ "အရပ်သား နားလည်မယ့် ဒီမိုကရေစီအကြောင်း" ဆိုတာ တကယ် စတင်ခဲ့ပါပြီဆိုတာ အသိပေးအပ်ပါတယ်။
ဇင်ဝေသော်

ထမင်းဆိုင်


အမှန်တရား ဟူသည်
လိုက်ပွဲမရသော
ထမင်းဆိုင်ဖြစ်သည်။
သို့သော်
လောကဓံကို ခံတွင်းတွေ့လျင်
လိုက်ပွဲများစွာ တောင်းယူနိုင်သည်။
ယင်းဆိုင်က
တစ်ခါတစ်ခါ မုသားကို
သွားကြားထိုးတံအဖြစ်လည်း
ဧည့်ခံတတ်သေး၏။
ထူးခြားသည်ကား
ဆိုင်၏နာမည်
သတ်ပုံလွဲမှားနေပါစေ
အမှန်တရား၏အရသာက
ပြောင်းလဲမသွားပါ။
ဇင်ဝေသော်

တတိယလှိုင်း


ရှေ့လဆန်းရင် ထွက်နိုင်ပြီလို့ သိရပါတယ်။ ပထမပတ် (သို့) အလွန်ဆုံး ဒုတိယပတ်ထဲ ဖြစ်ပါလိမ့်မယ်။ ထွက်ရင် ထပ်ပြောမယ်လေ😜😜


😜


ဒေါ်စုက အစိုးရနဲ့တပ်မတော် သွေးမခွဲပါ။




၁) ဒေါ်စုက အစိုးရနဲ့တပ်မတော် သွေးမခွဲပါ။
လက်ရှိအခြေအနေအားလုံး ခေါင်းခံတယ်၊ တာဝန်ယူတယ်၊ မွတ်စလင်ကမ္ဘာရဲ့ အဆဲအဆို၊ အကြိမ်းအမောင်းကို ခံယူတယ်။ အနောက်ကမ္ဘာရဲ့ ဝေဖန်သံတွေ အားလုံးကို တုန့်ပြန်တယ်။
လက်ရှိ တရုတ်ကြီးရဲ့ထောက်ခံမှု အတိအလင်းရတယ်။ အိန္ဒိယနဲ့ ရုရှားရဲ့ ထောက်ခံမှုလည်း ရနိုင်တယ်လို့ ကြိုတင်မှန်းဆကြည့်နိုင်ပါတယ်။ အနောက်က အတိအလင်း ထောက်ခံလို့ မရဘူး။ 
မွတ်စလင်ကမ္ဘာနဲ့ လူ့အခွင့်အရေး အုပ်စုကတော့ သိကြတဲ့အတိုင်းပဲ နေပါလိမ့်မယ်။
ဒါပေမဲ့ မွတ်စလင်ကမ္ဘာက ခေါင်းဖြတ်ဖို့ ကြုံးဝါးနေသူတွေ၊ လူ့အခွင့်အရေးသမားတွေက ခေါင်းအဖြတ်ခံရရင် ဝမ်းနည်းပါတယ်၊ ဒါကို ရှုံ့ချပါတယ်ဆိုတဲ့ ရုံးစာမျိုး ထုတ်ပြန်ပေးမယ့်သူတွေ။
အဆိုးထဲက အကောင်း။ အယ်လ်ခိုက်ဒါရဲ့ ခြိမ်းခြောက်သံကြောင့် အမေရိကန်နဲ့ အနောက်ကမ္ဘာရဲ့ နောက်ကွယ်က ထောက်ခံမှုတွေတောင် ရလာနိုင်ခြေ ပိုများလာပါတယ်။
သူမရဲ့ ၁၉ ရက်နေ့မိန့်ခွန်းဟာ မြန်မာပြည်သူတွေကို ပြောတယ်ဆိုတာထက် ကမ္ဘာကိုပြောပြနေတဲ့ မိန့်ခွန်းမျိုး ပိုဖြစ်နိုင်ပါလိမ့်မယ်။ မလွတ်တမ်း နားထောင်၊ လိုက်နာသင့်တဲ့ မိန့်ခွန်းဖြစ်နေပါလိမ့်မယ်။
သွေးကြောင်တာလည်း မကောင်းပါဘူး
သွေးအေးလွန်းရင်လည်း မကောင်းဘူး
အလားတူပဲ သွေးဆူလွန်ရင်လည်း မကောင်းပါဘူး။
၂) စင်္ကာပူရဲ့ နိုင်ငံရေးနောက်ခံ၊ လက်ရှိအခြေအနေကို မသိဘဲ အမျိုးသမီး မလေးလူမျိုးသမ္မတနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေဟာ လမ်းဘေးစကားမျှသာပါ။
သမ္မတဖြစ်ပြီးတဲ့နောက် သမ္မတအိမ်ကို ပြောင်းမနေဘဲ သူမရဲ့ မူလ တန်ဖိုးနည်းအိမ်လေးမှာပဲ ဆက်နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ (အထူးသဖြင့်) အမျိုးသမီးထုရဲ့ နှလုံးသားတွေကို ညွတ်နူးစေပါလိမ့်မယ်။ Politically corrected အရွှေ့လေးပါပဲ။ တစ်ချိန်ထဲမှာ မိခင်စိတ်ကိုလည်း လှစ်ပြလိုက်သလိုပဲ။ လူမျိုးတွေ၊ ဘာသာရေးတွေကို ဖယ်ကြည့်လိုက်ရင် သိပ်လှတယ်၊ လေးစားစရာလည်း ကောင်းတယ်။
ဇင်ဝေသော်


နိုင်ငံ့ခေါင်းဆောင်တွေရဲ့ လှည့်ကွက်ကို ဖေ့စ်ဘုတ်ဆယ်လီက မလိုက်နိုင်ဘူး


ဒါကတော့ သဘာဝပါပဲ။

၁) လက်ရှိအခြေအနေမှာ အစိုးရက စစ်တပ်အပေါ် ရာနှုန်းပြည့် မထိန်းချုပ်နိုင်ဘူး ဆိုတဲ့အမြင်ဟာ နိုင်ငံတော်အတွက် သိပ်ကောင်းတယ်။ အမှိုက်ရှင်းနေရတဲ့အချိန်မို့။ အဲ့ဒီအမြင်က ဒေါ်စုနဲ့ လက်ရှိအစိုးရအပေါ် ဖိအားတွေ မသိမသာ လျော့ကျစေတယ်။
မယုံရင် အင်္ဂလိပ်မီဒီယာပေါ်က အသံတချို့ကို နားထောင်ကြည်နိုင်ပါတယ်။ 
ဒီကိစ္စလည်း လူတတ်လုပ်ပြီး အကျယ်မရေးသင့်ဘူး။
ဆိုလိုတာက ဒေါ်စုအပေါ်တင်မယ့် အပြစ်တချို့ ကာချုပ်နဲ့ စစ်တပ်ဆီရောက်သွားတယ်။

၂) သမိုင်းမှာ အရှေ့အလယ်ပိုင်း အစွန်းရောက်မွတ်စလင်တွေက အိန္ဒိယအစိုးရကို ဂျီဟပ်လုပ်ဖို့ပြောတော့ အိန္ဒိယမွတ်စလင်တွေက အရေးမစိုက်ဘူး၊ သူတို့နဲ့ အိန္ဒိယလူထု၊ အစိုးရတို့ သဟဇာတဖြစ်ဖို့ပဲ ကြိုးစားနေထိုင်ကြတယ်။ ဒါဟာ ဖြစ်သင့်၊ ဖြစ်ရမယ့် သဘောတရားပါပဲ။ 
အိန္ဒိယရဲ့စစ်အင်အားက တောင့်တင်းလို့လား၊ အိန္ဒိယမွတ်စလင်တွေကိုယ်တိုင်က အလယ်အလတ်ကျလို့လား။ ဘာပဲဖြစ်ဖြစ် ဒါဟာ နှစ်ဖက်အကျိုးရှိတယ်။ 
မြန်မာပြည်တွင်းက မွတ်စလင်တွေ လိုက်ရမယ့်လမ်းကလည်း ဒီလမ်းပဲ ဖြစ်နေသင့်တယ်။

၃) မွတ်စလင်မြင်တိုင်း မုန်းနေတာက သဘာဝမကျသလို လက်ရှိအစိုးရကို ထောက်ခံချင်ရုံနဲ့ မွတ်စလင် အဖွဲ့အစည်းတွေက ပေးလာနိုင်တဲ့အန္တရာယ်ကို မသိချင်ယောင်ဆောင်တာလည်း သဘာဝမကျဘူး။ လူမိုက်စကားနဲ့ဆိုရင် ဓားသွေးတာက အပြစ်မရှိဘူး၊ သံသယနဲ့ ဝင်ခုတ်တာကတော့ အပြစ်ဖြစ်တယ်။ 
မွတ်စလင်အဝတ်အစားနဲ့ဆိုရင် သံသယနဲ့ကြည့်တာ၊ အရာရှိက သူတို့ကို ပိုပြီးစစ်ဆေးတာက အမေရိကနဲ့ ဥရောပ အပါအဝင် တစ်ကမ္ဘာလုံးဆိုင်ရာကိစ္စ။ ဒါကို မွတ်စလင်တွေကလည်း လက်ခံရလိမ့်မယ်။ ဒါက အရှိအမှန်တရားပဲ။

၎) Politically Correct ဆိုတာ အမှန်တရားကို ပါးပါးနပ်နပ် ရှောင်ပြီးစကားလှသုံးတာမျိုးပါ။ ဒီနေ့ကိစ္စဟာ ဘာသာရေး၊ လူမျိုးရေးအခြေခံ ပြသနာဆိုတာ လူတိုင်းသိတယ်။ နိုင်ငံရေးခေါင်းဆောင်မဟုတ်ရင် ဒါကို အတိအလင်း ပြောခွင့်ရှိတယ်။ နိုင်ငံရေးခေါင်းဆောင်က မပြောရပါဘူး။ 
ဒီအတွက် အားမလိုအားမရ ဖြစ်ပြီး ဆဲဆိုကြိမ်းမောင်းနေတာတွေက မှားပါတယ်။ အကင်းမပါးရာ ရောက်ပါတယ်။

၅) မိုးထဲရေထဲ ပါတီကွဲနေသူဟာ နိုင်ငံတော်ကို ချစ်တာလား၊ နှစ်တာလား။
မေးခွန်းများစွာ။ ။
ဇင်ဝေသော်