¤°.¸¸.·´¯`» တိုင်းမ် ဖလိုင်းစ်

အချိန်တွေ ကုန်လွယ်တဲ့အခါ
တိုင်းဟာ ဖလိုင်းစ် တဲ့ အခါ
ဘဝဟာ ရေစီးသာ လို့ပါ။

အကျပ်အတည်းကြားက အစာအိမ်များ
ပိုက် တန်းလန်းနဲ့ လူနာကုတင်များ
သံတိုင်ကြားက နှလုံးသားများ
ထို များ များ များ... တို့ အတွက်
တိုင်းမ် ဟာ မဖလိုင်းဘူး။

သင့်ချစ်သူ ရဲ့လက်ကို ကိုင်ထားတဲ့အခါ
ချိုသာတဲ့ သူ့စကား နားထောင်တဲ့အခါ
ဣဿာ မစ္ဆရိယ နာရီလက်တံတွေ
ဆယ့်ခြောက်ဆ မြန်အောင် ပြေးနေပေမယ့်

ရင်ခုန်သံ လွဲတဲ့ ဘဝတွေထဲမတော့
ကရုဏာ မုဒိတာ နာရီလက်တံတွေက
လော်ကယ်ရထားအိုကြီးလို
ဆယ့်ခြောက်ဆ ပိုနှေးနေတတ်တယ်။

ဘာရယ် လို့ မဟုတ်ဘူး
တိုင်းမ် ဖလိုင်းစ် လို့ ထင်မိတိုင်း
မဖလိုင်းစ် တဲ့ တိုင်းမ် တစ်ချို့ကို....။ ။


ဇင်ဝေသော်









Copyright © 2012 ကမ်းလက်. All rights reserved.

1 comments:

၂၀၁၂ ကတည်းက အတိအကျမဟုတ်တောင် မှတ်မှတ်ရရရှိခဲ့တဲ့ စာတွေထဲက တပုဒ် ....
ပျံသန်းနေတဲ့နာရီ ပုံနဲ့တကွ ကိုယ်ပိုင်နုတ်စ်မှာ သိမ်းခဲ့ဖူး ...
ငြိတုန်း ... ။

Reply

Post a Comment