❖ ဘုရားဆေးနဲ့ဝေးတဲ့ရဟန်း ❖


၁။ ဝက်နဲ့သင်္ဘောသီး
မြန်မာတွေမရောက်ခင်က သင်္ဘောသီးစားရမှန်း နာဂတွေမသိကြသေးဘှုး၊
အများအားဖြင့်ဝက်တွေကို ခုတ်ပြီး ကျွေးကြတာ၊
မြန်မာတွေက သင်္ဘောသီးမှည့်သွားတောင်းရင်
ဝက်ကျွေးဖို့လားလို့ မေးတတ်ကြသတဲ့။
စားလို့ရမှန်းလည်းသိရော အလကားသွားတောင်းလို့ မရတော့တဲ့အပြင်
သူတို့ပါ လိုက်စားလာကြတော့ ဝက်တွေသင်္ဘောသီး သိပ်မစားရတော့ဘူး။  ။

၂။ ပဲငါးပိနဲ့ ဆော်ယာဘီးမစ်(လ်ခ်)
ရွာမှာတုန်းက နွားတွေအလုပ်များပြီးပင်ပမ်းတဲ့ရက်တွေဆိုရင်
ပဲငါးပိတို့ ပဲစင်းငုံတို့ကို ရေစိမ်ပြီး နွားတွေကိုအားရှိအောင် တိုက်ကြတယ်၊
အခုပဲငါးပိစိမ်ရည်ဖြစ်တဲ့ ဆော်ယားဘီးနို့တွေကို နိုင်ငံခြားကလူတွေ
အမြတ်တနိုးကြီးသောက်နေကြတာ တွေ့ရတယ်။
အဲဒီနောက် ဈေးကြီးလွန်းလို့ ရွာက လူတွေတောင်
ပဲငါးပိတို့ ပဲစင်းငုံတို့ စားဖို့မလွယ်တော့ဘူး တဲ့။  ။

၃။ နွားကျင်ငယ်ရေနဲ့ ဖန်းခါးသီး
ဘုရားပေးတဲ့ဆေးဖြစ်တဲ့ နွားကျင်ငယ်ရေနဲ့စိမ်တဲ့ ဖန်းခါးသီးကို
ဒီနေ့အထိဘုန်းပေးဆဲ ဆရာတော်ကြီးတစ်ပါးရှိတယ်၊
ဘုရားပေးတဲ့ဆေးမို့သာ အနံ့အသက်ကတော့ တော်တော်ကိုပြင်းတယ်။
တစ်ခါက ဆရာတော်ကြီးရဲ့ တပည့်တစ်ပါးနဲ့ တစ်ခန်းထဲ နေခဲ့ရဖူးတယ်၊
သူက အဲဒီဆေးကို တစ်ခါဘုန်းပေးလိုက်ရင် လှောင်နေတဲ့အခန်းထဲ
အနံ့တွေစွဲကျန်ရစ်တာ တော်တော်နဲ့ မပျောက်တော့ဘူး၊
သူက စမ်းကြည့်ပါလားဆိုတော့ ဘုရားဆေးနဲ့ဝေးတဲ့ရဟန်းမို့
အနံ့ကို မခံနိုင်ဘူး၊ ဖြစ်ပုံက၊ အနံ့ပဲသောက်ခဲ့ရတော့တယ်။
အနံ့ပဲသောက်ရတာကကိုမလွယ်ဘူး။

ဒါနဲ့ပဲ  ဘုရားဆေးနဲ့ ဒီခေတ်ရဟန်းကလည်း
ဝက်နဲ့သင်္ဘောသီး၊ နွားနဲ့ ပဲငါးပိတို့ပဲစင်းငုံတိုလိုဖြစ်လို့။  ။






သီဟနာဒ
 















Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment