အတ္တဆင်ခြေလျှောလမ်း


မစ္စတာဒေးဗစ်ကော်ပါဖီး
ငါစီးမဲ့ရထားကို ဖျောက်ပစ်တဲ့နေ့က
ငါ့ကိုမွေးခဲ့တယ်။
အဲဒီအလွမ်းတွေပေါ့
ကျောကုန်းမှာ ကြာပွတ်ရာတွေနဲ့တောင်
ကဗျာတစ်ပုဒ် ပြီးအောင် စပ်လိုက်ချင်သတဲ့။
မပြောလိုက်ချင်ဘူး
နေပါစေတော့ကွယ်။





လက်ဆောင်ရတဲ့ ပင်နယ်တီတိုင်းကို
(သူငယ်ချင်း မောင်သစ်ဝေ(မြင်းခြံ)ရဲ့ စကားအတိုင်း)
ငါ့ရင်ဘတ်ကြီး ရောင်ကိုင်းသည်အထိ
ခပ်ရိုင်းရိုင်း ရင်ခုန်ပစ်လိုက်မယ်။

ရေတွေ ဘယ်ကိုပဲစီးစီး
ငါ့ဝိုင်ခွက်ထဲမရောက်ရင် ပြီးတာပဲ။
ကဲ - ၀ိုင်ခွက်ကြီး ရေထဲမျောသွားပေါ့။



သင်္ကေတတွေနဲ့ မျက်လှည့်ပြ
ငါ့ကို ရယ်အောင် မလုပ်ကြနဲ့တော့
နှုတ်ခမ်းတို့ သံချေးတက်ခဲ့ပြီ။




ဒီလိုနဲ့ပဲ
အတ္တဆင်ခြေလျှောလမ်းတစ်လျှောက်မှာ
မြစ်တစ်စင်းရဲ့ ခြေထောက်တွေကို ငှားပြီး
(ကောင်မစုတ်လေးရေ)
ငါတော့ ရဲရဲကြီး ပျံနေဆဲပဲကွယ့်။




ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment